Tuesday 17 September 2013

အနောက်တိုင်း ဟာသများ

အခုတစ်လော online မှာ ကျွန်တော် ရှာဖတ်ဖြစ်တဲ့ အင်္ဂလိပ်ဟာသလေးတွေကို မူရင်းအရသာပါ ခံစားလို့ရအောင် တွဲလျှက်ဘာသာပြန်ပြီး တင်ပေးမှာဖြစ်ပါတယ်။ အလည်လာတဲ့သူများကို အင်္ဂလိပ်စာဖတ် အလေ့အကျင့်လေးပါရစေပြီး ပျော်ရွှင်နှစ်သက်စေဖို့ရည်ရွယ်ပါတယ်။

Wife: Why do you wear your specs only when I come in.
Husband: The doctor has ordered me to wear my specs whenever I get a headache.

မိန်းမ          ။   ။  ဘာဖြစ်လို့ ကျွန်မ၀င်လာတော့မှပဲ ရှင်ကမျက်မှန်ကြီး ထုတ်ထုတ်တပ်ရတာလဲ။
ယောင်္ကျား ။     ။ ဆရာဝန်က မှာထားလို့ပါကွာ။ ခင်ဗျား ခေါင်းကိုက်တဲ့အခါတိုင်း မျက်မှန်ထုတ်တပ်ပါတဲ့။


Wife to her husband: Wake up. Some thieves have broken into our house. I think they are now eating the food I made last night.
Husband: Oh! Let"s better call the ambulance then.

မိန်းမ ဖြစ်သူမှ လင်ယောင်္ကျားကို ပြောသည်  "ထစမ်းပါဦး ကျွန်မတို့အိမ်ထဲကို သူခိုးတွေဝင်နေပြီ။ သူတို့ မနေ့ညက ကျွန်မ ချက်ထားတဲ့ဟင်းတွေ ယူစားနေကြပြီထင်တယ်။ "
ယောင်္ကျားဖြစ်သူမှပြန်ပြောသည်  "အော်....ဒါဆို လူနာတင်ယဉ်ခေါ်လိုက်တာ ပိုကောင်းမယ်ထင်တယ်ကွ  "


Husband: Do you know that John who lives next door has two girlfriends unknown to wife.
Wife: Who is the other one?
ယောင်္ကျား    ။     ။ မင်းသိလား ဟိုဖက်ခန်းက ဂျွန်ဆိုတဲ့ကောင်မှာ ရည်းစားနှစ်ယောက်တောင်ရှိတာ သူမိန်းမလုံးဝ မသိဘူးကွ။
မိန်းမ            ။     ။ နောက်တစ်ယောက်က ဘယ်သူလဲဟင်။


Girl 1: Oh I am doomed! That"s my husband coming with my lover!
Girl 2: I was about to say the same-thing too!
 အမျိုးသမီး ၁ ။    ။ ဒုက္ခပါပဲ!!!! ဟိုမှာလာနေတာ ကျွန်မယောင်္ကျားနဲ့ ကျွန်မတိတ်တိတ်ပုန်းချစ်သူရှင့်။
 အမျိုးသမီး ၂ ။    ။ ကျွန်မလည်း အဲဒါကိုပဲပြောမလို့ရှင့်။


there was a lady who was having a bath. someone knocked on the door. it was her sister. the lady wore her bath robe an went to open the door. her sister said crongratulate me i have a new baby. she said crongratulations.
she went back to have her bath. someone else knocked on the door it was a local player. she opened the door. the player said crongratulate me i won a match. she said congrats. she went back to bath. it was a blind man on the door. she thought no need to put my bath robe and opened the door. the blind man said crongratulate me i got my eyesite back.
အမျိုးသမီးတစ်ယောက် ရေချိုးနေစဉ် တံခါးခေါက်သံကြားလိုက်ရသည်။ သို့နှင့် မျက်နှာသုတ်ပ၀ါကို ကိုယ်တွင်ယာယီ ခြုံလိုက်ပြီး ကြည့်လိုက်ရာ သူမ၏ ညီမဖြစ်နေသည်။ ညီမဖြစ်သူမှာ ကလေးမီဖွားပြီး ဖြစ်ကြောင်း ပြောဆိုသဖြင့် ဂုဏ်ယူကြောင်းပြောလိုက်သည်။

ထို့နောက် ရေချိုးခန်းပြန်ဝင်ပြီး ထပ်မံရေချိုးနေစဉ် တံခါးခေါက်သံထပ်ကြားရသည်။ သို့နှင့် မျက်နှာသုတ်ပ၀ါကို ထပ်မံခြုံလိုက်ပြီး တံခါးဖွင့်ကြည့်ရာ ဒေသခံဘောလုံးသမားဖြစ်နေသည်။  ဘောလုံး သမားမှ သူအသင်းပြိုင်ပွဲတွင် အနိုင်ရရှိကြောင်း ပြောသဖြင့် ဂုဏ်ယူကြောင်း ပြောလိုက်သည်။

ထို့နောက်အမျိုးသမီးမှာ ရေချိုးခန်းသို့ဝင်ပြီး ရေပြန်ချိုးသည်။ ထိုစဉ် မျက်မမြင်တစ်ယောက်မှ တံခါးလာခေါက်သည်။ အမျိုးသမီးမှာစဉ်းစားသည် ထိုသူမှာ မျက်စိမမြင်သူဖြစ်သဖြင့် ခန္ဓာကိုယ်တွင် မျက်နှာသုတ်ပ၀ါမခြုံထားလည်း ပြဿနာမရှိဟု ယူဆပြီး ထိုအတိုင်း တံခါးဖွင့်လိုက်သည်။ မျက်မမြင်ဖြစ်သူမှ ပြောသည်။ "ကျွန်တော် ၀မ်းသာစရာစကားလာပြောတာဗျ၊ အခု ကျွန်တော့ မျက်လုံးတွေ ပြန်မြင်ရပြီလေ"

Friday 6 September 2013

ဒီလောကမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ အခမဲ့တွေဆိုတာ ယုံနိုင်မလား?

နေရောင်ခြည်...
အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ
အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့
နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။


လေ.... အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။
ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက်
တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့
လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။

မိသားစုသံယောဇဉ်..
အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။
ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ
“ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့
ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး
မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။
သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ်
လွှမ်းခြုံနေမှာဖြစ်တယ်။

သူငယ်ချင်းသံယောဇဉ်
.... အခမဲ့ဖြစ်တယ်။
ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊
ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊
ပုခုံးတစ်ဖက်ကို ငှားပေးသူ၊ ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ
သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို ငွေပေးချေစရာ မလိုခဲ့ပါဘူး။


ချစ်ခြင်းမေတ္တာ.... အခမဲ့ဖြစ်တယ်။ ပြင်းပြတဲ့ ခံစားချက်၊
တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ မိုးလေတမျှ သည်းထန်တဲ့ချစ်ခြင်း၊ အနှိုင်းမဲ့
တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက
ယုံကြည်ကိုးစားသူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူလို့ မရနိုင်ပါဘူး။
ဘာနဲ့မှလည်း အဖိုးမဖြတ်နိုင်ပါဘူး။

ပန်းတိုင်
 အခမဲ့ဖြစ်တယ်။
ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ဖြစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ်
ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ ပန်းတိုင်တွေထားခွင့်ရှိကြတယ်။
အဲဒီပန်းတိုင်က ကြီးမားမြင့်မြတ်နိုင်သလို
ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါ
တယ်။ ကိုယ်ဆန္ဒရှိသလို ပိုင်ဆိုင်နိုင်ပါတယ်။


နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်.... စတာတွေလည်း
ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင် အလိုရှိတဲ့အတိုင်း
ရနိုင်မှာဖြစ်တယ်။