Saturday 6 July 2013

Business Letter Writing

ခေတ်စနစ်ကြီး အပြောင်းအလဲနဲ့ အတူ လတ်တလော အလှုပ်ခတ်ဆုံးက နိုင်ငံရေး နဲ့ စီးပွားရေး အခွင့်အလမ်းတွေပါပဲ။ နိုင်ငံတကာက ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ နဲ့အတူ ရင်းနှီးမြုတ်နှံမှု့တွေ၊ စီးပွားရေး အခွင့်အလမ်းတွေ၊ နိုင်ငံတကာ အဆင့်မီ ပညာရေးတွေ စီးဆင်းလာဖို့ကို မျှော်လင့်ထားကြပါတယ်။ လက်တစ်ကမ်းစာလောက် စီးပွားကုန်သွယ်မှု့ကနေ ဂလိုဘယ် စီးပွားရေး စနစ်ထဲ တိုးဝင်ဖို့ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အမြင်တွေနဲ့ ဟောကိန်းတွေထုတ်ကြ၊ ဗျူဟာတွေ ခင်းကြ၊ နိုင်ငံရေး စနစ်တွေနဲ့ ယှဉ်ထိုးကြနဲ့ အပတ်စဉ်ထုတ် ဂျာနယ်များမှာ ဖတ်မဆုံးအောင်ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဖတ်ကြည့်ပြီး အတော်များများကို ဥာဏ်မမှီကြောင်း ၀န်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့ ရှိသလောက်ဥာဏ်လေးနဲ့ စဉ်းစားကြည့်တာ အဆင့်မြင့် စီးပွားရေး နည်းဗျူဟာတွေကို အသာထား လူတစ်ယောက်နဲ့ တစ်ယောက်၊ အဖွဲ့ အစည်း တစ်ခုနဲ့ တစ်ခု၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်မယ်ဆိုရင်ဆက်သွယ်ပြောဆိုမှု့အဆင်ပြေပြေရှိဖို့နဲ့ အခြေခံ နိုင်ငံတစ်ကာကုန်သွယ်မှု့ လုပ်ထုံးလုပ်နည်းတွေကို နားလည်သဘောပေါက်ဖို့က အခြေခံအကျဆုံး လိုအပ်ချက်လို့ ယူဆပါတယ်။
ဂလိုဘယ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မယ်ဆိုရင်တော့ ဂလိုဘယ်သုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကို အသုံးပြုပြီး လုပ်ကိုင်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ စီးပွားရေးလုပ်ဖို့အတွက် အင်္ဂလိပ်စာကို ပညာရှင်တစ်ယောက်လို့ တတ်ကျွမ်းရမယ်လို့ မဆိုလိုပါဘူး။ လုပ်ငန်းအတွက် အကျိုးရှိအောင် ကြားခံအနေနဲ့ အသုံးပြုနိုင်ဖို့အတွက် လူရိုသေရှင်ရိုသေ အဆင်မီမီလေး ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ ဒေါ်လာသိန်းနဲ့ သန်းနဲ့ချီ အရောင်းအ၀ယ်လုပ်မယ့်ကိစ္စမှာ ပေးစာလေး တစ်စောင်တောင် ဖြောင့်အောင် မရေးနိုင်ရင် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းပိုင်းရော ဂုဏ်သိက္ခာပိုင်းပါ အင်မတန်ထိခိုက်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်မှာလည်း ပညာရှင်တစ်ဦးမဟုတ်ပါ။ လက်ရှိမှာလည်း လုပ်ငန်းတစ်ဖက်ဖြင့် လေ့လာသင်ယူနေသူတစ်ဦးဖြစ်ပါသည်။ ယင်းအတွက် ကျွန်တော် online မှာလက်ရှိ ရှာဖွေလေ့လာနေသော စီးပွားရေးဆိုင်ရာ များကို ဘလော့ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများ အလိုရှိကလေ့လာသုံးစွဲနိုင်ကြစေရန် ဝေငှပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီ Topic လေးကို စဖွင့်ဖြစ်ပါတယ်။

ယခု Business letter အတွက် အခြေခံ ပုံစံလေးတွေကို စတင်ဝေငှပေးပါမယ်။ အောက်ကလင့်မှာ ဒေါင်းလုပ်ဆွဲယူ လေ့လာကြပါခင်ဗျာ။

http://www.mediafire.com/download/gzjhayt4c73tq5l/business_mail_phrase.rar