Monday 25 November 2013
ရင်ကိုငြိသော ပုံရိပ်များ ၃
                               ထိုင်းမှာ ရေကြီးတုန်းကပါတဲ့
                               တောင်းစားတဲ့နေရာတောင် ဥာဏ်သုံးတတ်သူက တပန်းသာပါတယ်ဗျာ
                                     ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံး တိရိစ္ဆန်ပါတဲ့ဗျာ။ သြဇီဖက်မှာ                 အများအပြားတွေ့ရပါတယ်။
   တောင်ခြင်္သေ့ကိုရင်ဆိုင်တိုက်ခိုက်ပြီး ကလေးနှစ်ယောက်အသက်ကို ကယ်ခဲ့တဲ့ခွေးလေးပါ
တရုတ်မှာစက်ရုံပေါက်ကွဲမှု့ဖြစ်တုန်းက သတ္တ၀ါအချင်းချင်း ရိုင်းပင်းပုံလေးပါ
Wednesday 13 November 2013
ရင်ကိုငြိသော ပုံရိပ်များ ၂
                                    "ရော့..အင့်.. ဒီဖိနပ်ကို စီးသွားလိုက် ကလေး"
                         " သားဆီမှာက ရေပဲရှိလို့ပါဗျာ "
                             " ကဲ ကဲ ဖြေးဖြေးသွားကြပါ"
                                          "အမေပြန်လာပြီကွ "
                         "ကျွန်တော့ခွေးလေးက ရေမကူးတတ်သေးဘူးလေ"
Tuesday 17 September 2013
အနောက်တိုင်း ဟာသများ
အခုတစ်လော online မှာ ကျွန်တော် ရှာဖတ်ဖြစ်တဲ့ အင်္ဂလိပ်ဟာသလေးတွေကို မူရင်းအရသာပါ ခံစားလို့ရအောင် တွဲလျှက်ဘာသာပြန်ပြီး တင်ပေးမှာဖြစ်ပါတယ်။ အလည်လာတဲ့သူများကို အင်္ဂလိပ်စာဖတ် အလေ့အကျင့်လေးပါရစေပြီး ပျော်ရွှင်နှစ်သက်စေဖို့ရည်ရွယ်ပါတယ်။
Wife: Why do you wear your specs only when I come in.
Husband: The doctor has ordered me to wear my specs whenever I get a headache.
မိန်းမ          ။   ။  ဘာဖြစ်လို့ ကျွန်မ၀င်လာတော့မှပဲ ရှင်ကမျက်မှန်ကြီး ထုတ်ထုတ်တပ်ရတာလဲ။
ယောင်္ကျား ။     ။ ဆရာဝန်က မှာထားလို့ပါကွာ။ ခင်ဗျား ခေါင်းကိုက်တဲ့အခါတိုင်း မျက်မှန်ထုတ်တပ်ပါတဲ့။
Wife to her husband: Wake up. Some thieves have broken into our house. I think they are now eating the food I made last night.
Husband: Oh! Let"s better call the ambulance then.
မိန်းမ ဖြစ်သူမှ လင်ယောင်္ကျားကို ပြောသည်  "ထစမ်းပါဦး ကျွန်မတို့အိမ်ထဲကို သူခိုးတွေဝင်နေပြီ။ သူတို့ မနေ့ညက ကျွန်မ ချက်ထားတဲ့ဟင်းတွေ ယူစားနေကြပြီထင်တယ်။ "
ယောင်္ကျားဖြစ်သူမှပြန်ပြောသည်  "အော်....ဒါဆို လူနာတင်ယဉ်ခေါ်လိုက်တာ ပိုကောင်းမယ်ထင်တယ်ကွ  "
Husband: Do you know that John who lives next door has two girlfriends unknown to wife.
Wife: Who is the other one?
ယောင်္ကျား    ။     ။ မင်းသိလား ဟိုဖက်ခန်းက ဂျွန်ဆိုတဲ့ကောင်မှာ ရည်းစားနှစ်ယောက်တောင်ရှိတာ သူမိန်းမလုံးဝ မသိဘူးကွ။
မိန်းမ            ။     ။ နောက်တစ်ယောက်က ဘယ်သူလဲဟင်။
Girl 1: Oh I am doomed! That"s my husband coming with my lover!
Girl 2: I was about to say the same-thing too!
 အမျိုးသမီး ၁ ။    ။ ဒုက္ခပါပဲ!!!! ဟိုမှာလာနေတာ ကျွန်မယောင်္ကျားနဲ့ ကျွန်မတိတ်တိတ်ပုန်းချစ်သူရှင့်။
 အမျိုးသမီး ၂ ။    ။ ကျွန်မလည်း အဲဒါကိုပဲပြောမလို့ရှင့်။
there was a lady who was having a bath. someone knocked on the door. it was her sister. the lady wore her bath robe an went to open the door. her sister said crongratulate me i have a new baby. she said crongratulations.
she went back to have her bath. someone else knocked on the door it was a local player. she opened the door. the player said crongratulate me i won a match. she said congrats. she went back to bath. it was a blind man on the door. she thought no need to put my bath robe and opened the door. the blind man said crongratulate me i got my eyesite back.
အမျိုးသမီးတစ်ယောက် ရေချိုးနေစဉ် တံခါးခေါက်သံကြားလိုက်ရသည်။ သို့နှင့် မျက်နှာသုတ်ပ၀ါကို ကိုယ်တွင်ယာယီ ခြုံလိုက်ပြီး ကြည့်လိုက်ရာ သူမ၏ ညီမဖြစ်နေသည်။ ညီမဖြစ်သူမှာ ကလေးမီဖွားပြီး ဖြစ်ကြောင်း ပြောဆိုသဖြင့် ဂုဏ်ယူကြောင်းပြောလိုက်သည်။
ထို့နောက် ရေချိုးခန်းပြန်ဝင်ပြီး ထပ်မံရေချိုးနေစဉ် တံခါးခေါက်သံထပ်ကြားရသည်။ သို့နှင့် မျက်နှာသုတ်ပ၀ါကို ထပ်မံခြုံလိုက်ပြီး တံခါးဖွင့်ကြည့်ရာ ဒေသခံဘောလုံးသမားဖြစ်နေသည်။  ဘောလုံး သမားမှ သူအသင်းပြိုင်ပွဲတွင် အနိုင်ရရှိကြောင်း ပြောသဖြင့် ဂုဏ်ယူကြောင်း ပြောလိုက်သည်။
ထို့နောက်အမျိုးသမီးမှာ ရေချိုးခန်းသို့ဝင်ပြီး ရေပြန်ချိုးသည်။ ထိုစဉ် မျက်မမြင်တစ်ယောက်မှ တံခါးလာခေါက်သည်။ အမျိုးသမီးမှာစဉ်းစားသည် ထိုသူမှာ မျက်စိမမြင်သူဖြစ်သဖြင့် ခန္ဓာကိုယ်တွင် မျက်နှာသုတ်ပ၀ါမခြုံထားလည်း ပြဿနာမရှိဟု ယူဆပြီး ထိုအတိုင်း တံခါးဖွင့်လိုက်သည်။ မျက်မမြင်ဖြစ်သူမှ ပြောသည်။ "ကျွန်တော် ၀မ်းသာစရာစကားလာပြောတာဗျ၊ အခု ကျွန်တော့ မျက်လုံးတွေ ပြန်မြင်ရပြီလေ"
Friday 6 September 2013
ဒီလောကမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ အခမဲ့တွေဆိုတာ ယုံနိုင်မလား?
နေရောင်ခြည်...
အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ
အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့
နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။
လေ.... အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။
ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက်
တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့
လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။
မိသားစုသံယောဇဉ်..
အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။
ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ
“ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့
ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး
မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။
သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ်
လွှမ်းခြုံနေမှာဖြစ်တယ်။
သူငယ်ချင်းသံယောဇဉ်
.... အခမဲ့ဖြစ်တယ်။
ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊
ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊
ပုခုံးတစ်ဖက်ကို ငှားပေးသူ၊ ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ
သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို ငွေပေးချေစရာ မလိုခဲ့ပါဘူး။
ချစ်ခြင်းမေတ္တာ.... အခမဲ့ဖြစ်တယ်။ ပြင်းပြတဲ့ ခံစားချက်၊
တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ မိုးလေတမျှ သည်းထန်တဲ့ချစ်ခြင်း၊ အနှိုင်းမဲ့
တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက
ယုံကြည်ကိုးစားသူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူလို့ မရနိုင်ပါဘူး။
ဘာနဲ့မှလည်း အဖိုးမဖြတ်နိုင်ပါဘူး။
ပန်းတိုင်
 အခမဲ့ဖြစ်တယ်။
ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ဖြစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ်
ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ ပန်းတိုင်တွေထားခွင့်ရှိကြတယ်။
အဲဒီပန်းတိုင်က ကြီးမားမြင့်မြတ်နိုင်သလို
ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါ
တယ်။ ကိုယ်ဆန္ဒရှိသလို ပိုင်ဆိုင်နိုင်ပါတယ်။
နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်.... စတာတွေလည်း
ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင် အလိုရှိတဲ့အတိုင်း
ရနိုင်မှာဖြစ်တယ်။
Thursday 15 August 2013
ဆရာမင်းလူ ကောင်းရာသုဂတိ ရောက်ပါစေ
          စာရေးဆရာ မင်းလူ ခေါ် ဦးဉာဏ်ပေါ် အသက် ၅၉ နှစ် ဟာ ကင်ဆာရောဂါ နဲ့ သြဂုတ်လ ၁၄ ရက် ည ၁၁ နာရီ ခွဲ က ရန်ကုန် ဝိတိုရိယ ဆေးရုံကြီး မှာ ကွယ်လွန်သွားပါပြီ။
                             ကျွန်တော့ အကြိုက်ဆုံးစာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ ဖခင်နဲ့ အစ်ကိုဖြစ်သူများက ရုပ်ရှင်နယ်ပယ်မှာ ထူးချွန်သူများဖြစ်ပေမယ့် ဆရာတစ်ယောက်တည်း စာပေနယ်တစ်ခုတည်းကို တခုတ်တရ ဖက်တွယ်ခဲ့သူပါ။ လူပိန်းကြိုက် ရေပေါ်ဆီ စိတ်ကူးယဉ်စာပေတွေနဲ့ ပေါ်ပင်မလိုက်ပဲ သဘာဝကျကျစာပေတွေနဲ့ ကျွန်တော်တို့ လူငယ်ထုကို လမ်းညွှန်ခဲ့သူလည်းဖြစ်ပါတယ်။ ဆရာရဲ့ ဇတ်ကောင်တွေဟာ ငွေကြေးကျိကျိတက်မချမ်းသာတတ်ပါဘူး။ ပျိုတိုင်း ကျလောက်အောင်လည်း ရုပ်ရည်ရူပကာမရှိတတ်ပါဘူး။ အသိုင်းဝိုင်းထဲမှာ ဇာတ်လိုက်ဖြစ်လို့ တမူထူးခြားနေခြင်းမျိုးလည်းမရှိပါဘူး။ ဒါပေမယ့် ဆရာ့ဇတ်ကောင်တွေမှာ ယောက်ကျားဆန်မှု့၊ တရားမျှတမှု့၊ ရိုးသားဖြူစင်မှု့၊ နွေးထွေးကြင်နာမှု့တွေ အပြည့်နဲ့ လူ့သဘာဝကို လက်တွေ့ကျကျဖော်ညွှန်းလေ့ရှိပါတယ်။ ပန်းကျောင်း၊ ရေတမာ၊ သံယောဇဉ်အဖွဲ့ စတဲ့စာအုပ်တွေကတော့ ကျွန်တော့ တသက် မမေ့နိုင်ပါဘူး။ ဆရာ့ဇာတ်ကောင်တွေဟာ ကျွန်တော်တို့ လူငယ်ဘ၀မှာ ဘ၀လမ်းညွှန် စံပြတွေဖြစ်ခဲ့ပါတယ်။ ဆရာဇာတ်ကောင်တွေကို အားကျစိတ်နဲ့ ကျွန်တော်တို့လူငယ်ဘ၀မှာ ရိုးသားမှု့နဲ့ တရားမျှတမှု့ ခုံမင်ခဲ့ပြီး ဘ၀ထဲမှာ လက်တွေ့ဆန်ဆန်နေထိုင်ဖို့ အင်အားတွေ ဖြစ်ခဲ့ရပါတယ်။ ဆရာဇာတ်ကောင်တွေထဲမှာ ပြင်ပကမ္ဘာမှာမရှိနိုင်တဲ့ စိတ်ကူးယဉ် လူစွမ်းကောင်းတွေ မပါတတ်ပါဘူး။ သူ့ဇာတ်ကောင်တွေဟာ လူတွေထဲက သာမန်လူတွေပဲ ဖြစ်လေ့ရှိပါတယ်။ သာမာန်ရုပ်ရည်၊ သာမာန်အရည်အချင်းလောက်သာရှိတဲ့ ဇာတ်လိုက်တွေထဲက လူသားဆန်မှု့နဲ့ မေတ္တာတရားတွေကို စာဖတ်သူအသဲခိုက်အောင် ဆွဲထုတ်ဖန်တီးပြတတ်ပါတယ်။
                                 နောက်ဆုံးအချိန်မှာ လူတိုင်းနာမည်ကြားရုံနဲ့ ထိတ်လန့်တုန်လှုပ်တဲ့ ကင်ဆာရောဂါကိုတောင် ဟာသနဲ့ပျက်ရယ်ပြုခဲ့တဲ့ ဆရာရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု့ကိုလည်း လေးစားမိပါတယ်။
သေချာတာကတော့ ကျွန်တော်တို့ နောက်ဘယ်တော့မှ ဆရာရဲ့ တန်ဖိုးရှိတဲ့ စာအသစ်တွေကို ဖတ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ အသက် ၅၉ နှစ်ဆိုရာ ပညာရှင်တစ်ယောက်အတွက် အင်မတန်ကို စောလွန်းတယ်လို့ ခံစားမိတဲ့အတွက် အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ တန်ဖိုးရှိတဲ့ စာပေတွေနဲ့ လူငယ်တွေကို အကျိုးပြုခဲ့တဲ့ ဆရာမင်းလူ ကောင်းရာမွန်ရာ ဘုံဘ၀ကို ရောက်ရှိပါစေလို့သာ ဆုတောင်းပေးလိုက်ပါတယ်။
Saturday 6 July 2013
Business Letter Writing
ခေတ်စနစ်ကြီး အပြောင်းအလဲနဲ့ အတူ လတ်တလော အလှုပ်ခတ်ဆုံးက နိုင်ငံရေး နဲ့ စီးပွားရေး အခွင့်အလမ်းတွေပါပဲ။ နိုင်ငံတကာက ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ နဲ့အတူ ရင်းနှီးမြုတ်နှံမှု့တွေ၊ စီးပွားရေး အခွင့်အလမ်းတွေ၊ နိုင်ငံတကာ အဆင့်မီ ပညာရေးတွေ စီးဆင်းလာဖို့ကို မျှော်လင့်ထားကြပါတယ်။ လက်တစ်ကမ်းစာလောက် စီးပွားကုန်သွယ်မှု့ကနေ ဂလိုဘယ် စီးပွားရေး စနစ်ထဲ တိုးဝင်ဖို့ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အမြင်တွေနဲ့ ဟောကိန်းတွေထုတ်ကြ၊ ဗျူဟာတွေ ခင်းကြ၊ နိုင်ငံရေး စနစ်တွေနဲ့ ယှဉ်ထိုးကြနဲ့ အပတ်စဉ်ထုတ် ဂျာနယ်များမှာ ဖတ်မဆုံးအောင်ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဖတ်ကြည့်ပြီး အတော်များများကို ဥာဏ်မမှီကြောင်း ၀န်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့ ရှိသလောက်ဥာဏ်လေးနဲ့ စဉ်းစားကြည့်တာ အဆင့်မြင့် စီးပွားရေး နည်းဗျူဟာတွေကို အသာထား လူတစ်ယောက်နဲ့ တစ်ယောက်၊ အဖွဲ့ အစည်း တစ်ခုနဲ့ တစ်ခု၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်မယ်ဆိုရင်ဆက်သွယ်ပြောဆိုမှု့အဆင်ပြေပြေရှိဖို့နဲ့ အခြေခံ နိုင်ငံတစ်ကာကုန်သွယ်မှု့ လုပ်ထုံးလုပ်နည်းတွေကို နားလည်သဘောပေါက်ဖို့က အခြေခံအကျဆုံး လိုအပ်ချက်လို့ ယူဆပါတယ်။
ဂလိုဘယ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မယ်ဆိုရင်တော့ ဂလိုဘယ်သုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကို အသုံးပြုပြီး လုပ်ကိုင်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ စီးပွားရေးလုပ်ဖို့အတွက် အင်္ဂလိပ်စာကို ပညာရှင်တစ်ယောက်လို့ တတ်ကျွမ်းရမယ်လို့ မဆိုလိုပါဘူး။ လုပ်ငန်းအတွက် အကျိုးရှိအောင် ကြားခံအနေနဲ့ အသုံးပြုနိုင်ဖို့အတွက် လူရိုသေရှင်ရိုသေ အဆင်မီမီလေး ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ ဒေါ်လာသိန်းနဲ့ သန်းနဲ့ချီ အရောင်းအ၀ယ်လုပ်မယ့်ကိစ္စမှာ ပေးစာလေး တစ်စောင်တောင် ဖြောင့်အောင် မရေးနိုင်ရင် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းပိုင်းရော ဂုဏ်သိက္ခာပိုင်းပါ အင်မတန်ထိခိုက်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်မှာလည်း ပညာရှင်တစ်ဦးမဟုတ်ပါ။ လက်ရှိမှာလည်း လုပ်ငန်းတစ်ဖက်ဖြင့် လေ့လာသင်ယူနေသူတစ်ဦးဖြစ်ပါသည်။ ယင်းအတွက် ကျွန်တော် online မှာလက်ရှိ ရှာဖွေလေ့လာနေသော စီးပွားရေးဆိုင်ရာ များကို ဘလော့ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများ အလိုရှိကလေ့လာသုံးစွဲနိုင်ကြစေရန် ဝေငှပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီ Topic လေးကို စဖွင့်ဖြစ်ပါတယ်။
ယခု Business letter အတွက် အခြေခံ ပုံစံလေးတွေကို စတင်ဝေငှပေးပါမယ်။ အောက်ကလင့်မှာ ဒေါင်းလုပ်ဆွဲယူ လေ့လာကြပါခင်ဗျာ။
http://www.mediafire.com/download/gzjhayt4c73tq5l/business_mail_phrase.rar
Thursday 25 April 2013
လူသားဆန်မှု့
ဘလော့မှာ ပိုစ့်အသစ်မတင်ဖြစ်တာ အတော်လေးကြာနေပါပြီ။ ဒီနေ့မနက်ပဲ facebook မှာသတင်းတစ်ခု ဖတ်ရပါတယ်။ တောင်ဥက္ကလာဖက်မှာ ကားရပ်ပြီး လမ်းဘေးက ခွေးလေးတွေကို ပေါင်မုန့်ဆင်းကျွေး တဲ့လူတစ်ယောက်ကို အနားမှာရှိတဲ့ လူတစ်စုက လူစားတဲ့ပေါင်မုန့်ကို ခွေးကိုကျွေးရကောင်းလားဆိုပြီး ပြဿနာရှာ ရိုက်နှက်ကြတယ်။ အတော်လေး စိတ်မကောင်းစရာသတင်းပါပဲ။ လူတစ်ယောက်ရဲ့ စိတ်ကဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ်အရ ပြုလုပ်နေတဲ့ အလှူတစ်ခုကို ၀င်ရောက်ပြဿနာရှာဖျက်ဆီးတဲ့ အထိဖြစ်လာကြတဲ့ နိမ့်ကျတဲ့ စိတ်ထားတွေဟာ ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံအတွက် အင်မတန်စိုးရိမ်စရာပါ။ လတ်တစ်လောအခြေနေအရ လူတွေဟာ မွန်းကြပ်နေကြတယ်၊ တွေဝေနေကြတယ်၊ စိုးရိမ်ကြောက်ရွံနေကြတယ်၊ ဦးတည်ရာပျောက်နေကြတယ်။ အဲဒီလူတွေထဲက လူအများစုဟာ ထွက်ပေါက်အတွက် ပေါက်ကွဲတဲ့ ဖြစ်စဉ်တွေကို ရွေးချယ်ဖို့ပဲ အလိုအလျောက်တွန်းအားပေးခံကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေခံ လူမှု့ ဖွဲ့စည်းပုံက အင်မတန်သိမ်မွေ့ပါတယ်။ သွေးသားမတော်စပ်တဲ့ သူစိမ်းတစ်ယောက်ကိုတောင်မှ မိမိထက် အသက်ဝါကြီးရင် ဆင်းရဲချမ်းသာမရွေး ရိုသေလေးစားရမယ်ဆိုတာမျိုး ကလေးအရွယ်ကတည်းက သင်ကြားပေးခံထားရပြီးသားပါ။ ဒါပေမယ့် အသက်အရွယ်ကြီးရင့်လာတဲ့အခါ အမျိုးမျိုးသော လူမှု့ဆောင်တာ ပြဿနာတွေကြောင့် မွန်းကြပ်မှု့တွေကြားမှာ လူတွေဟာ စိတ်သက်သာရာအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပေါက်ရှာကြရင်း
လူတစ်ချို့ဟာ လူ့ကျင့်ဝတ်တွေ၊ စာနာမှု့တွေရဲ့ အပြင်ဖက်ကို ရောက်သွားတတ်ကြပါတယ်။ ဆရာတော်တစ်ပါး ဟောထားတာတစ်ခု အမှတ်ရမိပါတယ်။ ယားနာဝေဒနာ ခံစားနေရတဲ့လူတစ်ယောက်ဟာ မခံမရပ်နိုင်အောင်ယားယံနေတဲ့ ဝေဒနာသက်သာဖို့အတွက် ခွန်ထက်တဲ့အရာတွေနဲ့ မိမိအရေပြားကိုထိုးဆွပြီး အယားဖြေတယ်ဆိုပါတယ်။ ခဏတာအယားပြေပေမယ့် ထိုးဆွကုတ်ဖဲ့ဒဏ်ရာတွေကြောင့် အရေပြားတွေ စုတ်ပြဲ သွေးစို့နေတဲ့ယားနာဝေဒနာသည်ကို အမြင်မတော်တဲ့ လူတစ်ယောက်က ဆေးဆရာနဲ့ပြသပြီး ကောင်းမွန်တဲ့ ဆေးဝါးကုသမှု့ခံယူလိုက်တဲ့အခါမှ ကုတ်ဖဲ့ထိုးဆွပြီး အယားဖြေဖို့မလိုပဲ ယားနာဝေဒနာလုံးဝ ပျောက်ကင်းသွားပါတယ်။ ကျွန်တော်လက်ရှိမြင်နေရတာကတော့ ယားနာဝေဒနာသည်လိုပဲ လူတစ်ချို့ဟာ စိတ်ရဲ့ထွက်ပေါက်အတွက် ထိုးဆွကုတ်ဖဲ့ပြီး အယားဖြေနေသလို မြင်ရပါတယ်။ အထက် ပြဿနာမှာဆိုရင် ခွေးကို အစာကျွေးမိတဲ့လူကို ရန်ရှာတဲ့ လူတစ်စုဟာ အတော်လေးကို စိတ်ထားပိုင်း နိမ့်ကျနေပါပြီ။ ပိုဆိုးတဲ့ပြဿနာက သူတို့မှာ မိသားစု ဆိုတဲ့ အသိုင်းအ၀ိုင်းပတ်ဝန်းကျင်ဆိုတာရှိကြမှာပါပဲ။ အဲလိုနိမ့်ကျတဲ့ စိတ်ထားပိုင်းတွေဟာ သူတို့တင်မကပဲ သူတို့ရဲ့ မိသားစုအသိုင်းအ၀ိုင်း နောက်ပိုင်းသူတို့ရဲ့ မျိုးဆက်တွေအထိကူးစက်လာရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူမှု့အခြေခံစိတ်လေးဟာ လုံးဝပျောက်ပျက်သွားဖို့ရှိပါတယ်။ ကျွန်တော်တွေးမိတာလေးပါ အမှန်အမှားရှိနိုင်ပါတယ်။ အဲဒါလေးနဲ့ဆက်စပ်ပြီး လူသားဆန်မှု့နဲ့ပတ်သပ်တဲ့ ပုံလေးတစ်ချို့ online ကကျွန်တော်စုထားတဲ့ အထဲက တင်ပေးလိုက်ပါတယ်။ facebook နဲ့ google image ကစုဆောင်းထားတာဖြစ်လို့ မူရင်းတင်တဲ့သူများကို အသေးစိတ် credit မပေးလိုက်နိုင်ပါဘူး။
"မသန်စွမ်းမှု့ဆိုတာ ကိုယ်ခန္ဓာအတွက်ပဲ ဖြစ်ပါတယ်။ စိတ်နဲ့ မသက်ဆိုင်ပါဘူး"
Saturday 26 January 2013
အကောင်းဆုံး လက်ရာဖြစ်ပါစေ
                      Whatever your life's work is, do it well. A man should do his job so well that the living, the dead and the unborn could do it no better.
                      If it falls your lot to be a street sweeper, sweep streets like Micelangelo painted picture, like Shakespeare wrote poetry, like Beethoven composed music; sweep streets so well that all the hosts of heaven and earth will have to pause and say, " Here lived a great street sweeper, who swept his job well."
                  [Unicode]သည်ဘဝမှာ ဘာအလုပ်ကိုပဲ လုပ်ကိုင်နေသည်ဖြစ်စေ အဲသည်အလုပ်ကို ကောင်းအောင်လုပ်ပါ။ ဘယ်သူမဆို ကိုယ့်အလုပ်နဲ့ ပတ်သပ်လာရင် အခြားသက်ရှိလူတွေရော၊ ကွယ်လွန်ပြီးတဲ့ ပုဂ္ဂိုလ်များနဲ့ မမွေးဖွားသေးတဲ့သူများပါ ကိုယ်ထက့်ဘယ်လိုမှ မသာနိုင်အောင် အကောင်းဆုံးလုပ်ဆောင်သင့်တယ်။
                    အကြောင်းကြောင်းကြောင့် သင်ဟာလမ်းသန့်ရှင်းရေးသမားဖြစ်နေတယ်ပဲ ဆိုပါတော့။ တံမြက်စည်းလှဲတဲ့အလုပ်ကိုပဲ မိုက်ကယ်အိမ်ဂျယ်လို ပန်းချီကားတွေရေးဆွဲသလို၊ ရှိတ်စပီးယား ကဗျာလင်္ကာတွေရေးဖွဲ့သလို၊ ဗေထိုးဗင်ဂီတတေးသွားတွေ သီကုံးသလို လက်ရာအမြောက်ဆုံး လုပ်ကိုင်စမ်းပါ။ အဲဒီအခါကျတော့ လူပြည့်နေတဲ့လူတွေရော ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေပါ ရပ်ပြီး "ဟောဒီမှာကြည့်စမ်းဟေ့.....တကယ်ကိုထူးခြားတဲ့သန့်ရှင်းရေးသမား လမ်းတွေပြောင်အောင် ရှင်းအောင် လှည်းကျင်းထားလိုက်တာ" လို့ ချီးကျူးစကား ဆိုကြရလိမ့်မယ်၊ တဲ့။
***အမေရိကန်လူမည်းခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မာတင်လူသာကင်း (Mrtin Luther King.Jr.) (1929-68) ရဲ့ပြောကြားချက်ကို ဆရာဖေမြင့်က သူ့ရဲ့စာဖတ်သမား၏မှတ်စုများစာအုပ်ထဲမှာ ဘာသာပြန်ဖော်ပြထားတာလေး အင်မတန်သဘောကျမိလို့ ဝေငှပေးလိုက်ပါတယ်။
Friday 25 January 2013
နိုင်ငံတစ်ကာ ဟာသကာတွန်းများ ၆
                                  "ဒါလေးခဏယူထားစမ်းပါဗျာ၊ မိန်းမကိုသွားကယ်လိုက်ဦးမယ် "