Friday 26 April 2024

မီးခဏခဏပျက်နေလို့အိမ်မှာ solar တပ်ဆင်တော့မည် ဆိုလျှင်

မီးခဏခဏပျက်နေလို့အိမ်မှာ solar တပ်ဆင်တော့မည် ဆိုပါစို့ ။ ဒီနေရာမှာ အထူးသတိရှိဖို့က Solar စနစ်ကို အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲ သုံးမှာလား။ လျှပ်စစ်မီတာ ချွေတာရေးအတွက် သုံးမှာလား ။ ဘာပဲဖြစ်ဖြစ် solar စနစ်တပ်ဆင်ပြီးဆိုရင်တော့ မီတာခ သက်သာရအောင် Solar စနစ်ကိုပဲ အထူးပြုသုံးမယ်လို့ ရည်ရွယ်တာဖြစ်နိုင်တာလဲရှိမယ် ။ ဘာလို့ဒါကို အဓိကထားပြောနေရလဲ သုံးမည့် load နှင့် သုံးမည့် နာရီကြာချိန်သည် တိုက်ရိုက်ပတ်သက်နေလို့ပဲ ဖြစ်ပါတယ် ။ ကုန်ကျစာရိတ်ကလည်း တိုက်ရိုက်ကို ထူးစွာကွာသွားမှာဖြစ်ပါတယ် ။စနစ်တွေလည်း ကွာသွားပါမယ် ။ လျှပ်စစ်၏ သဘောသဘာဝက သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစာရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည့်ဆိုရင်တော့ ကုန်ကျစရိတ်က လာပါပြီ ။ ကဲလေ့လာကြည့်ရအောင်ပါ။ သာမာန်အိမ်တစ်အိမ်ဖြစ်လို့ စုစုပေါင်း ၆၀၀၀ Watts (၆ KW) ရှိမယ် ။ ဒီနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း တစ်ခုချင်းဆီ၏ အသုံးပြုမည့် ကြာချိန်နာရီကို သိဖို့လိုအပ်ပါတယ် ။ဥပမာ - အဲကွန်း ၁ ကောင်တစ်လုံးသုံးမယ် ဘယ်နှစ်နာရီသုံးနိုင်တယ် ။ မီးဖိုချောင် ထမင်း ဟင်းချက်တာ လျှပ်စစ် ဘယ်နှစ်နာရီသုံးနိုင်ခြေရှိတယ် စသည်များပေါ့ ။ (အသေးစိတ် အကြမ်း ရေးထားတာနော် (1)Air con - 1.5 * 746 = 1119 * 1.5 = 1700 watts Air con 1700 watts * 10 hr = 17000 watts (2)မီးဖိုချောင် 2200 watts x 2.5hr = 5500 watts (3)မီးသီး ၄ လုံး x 15 w x 8 hr = 160 watts (4)Socket - 50 watts x 2 he = 100 watts (5)ရခေဲသတ်ေတာ 75 watts x 24 hr = 1800 watts (6)ရေတင်စက်-၁ ကောင်- 2 လုံး x 746 x 1.5hr x 1.5 = 3357 watts (7)အထွေထွေ - 2000 watts per day စုစုပေါင်း - 29917 ~30000 watts per day တစ်ရက်လုံး အသုံးပြုခြင်းသည် - 30 k Watts ဖြစ်မည်။) ခုတော့ စုစုပေါင်း ၆ K-Watts ကို တစ်နေကုန်လုံးမှာ ၅ နာရီ သုံးနိင်ခြေရှိသည်ဟု တွက်သွားပါမယ် ။အသေးစိတ် တွက်ထားတာလဲ အပေါ်မှာပြပေးထားတယ် ။ ရွေးချယ်သည့်အခါ သိသင့်သည့် solar စနစ်တွေကိုတော့ အပိုင်း (၃)ပိုင်းတွေ့ရပါမယ် (၁) on-grid system (grid-tied system) (၂) grid-tied with battery backup system (၃) off grid system (၁)On grid system ဆိုတာက ရိုးရိုးရှင်းရှင်းပဲပြောရရင် နေ့လည်ပိုင်း solar ကနေ ပါဝါရနေချိန် solar ကနေ တိုက်ရိုက် မီးကို ယူသုံးမယ် ။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲ ယူသုံးမယ် ။ တစ်ခုအရေးကြီးတာက ဒီနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPC မီးပျက်ရင် အလိုအလျောက် စနစ်လည်း သုံးမရပါဘူး ဒါကြောင့် on-grid ဟုခေါ်ပါသည် ။မီတာခ သက်သာရအောင် အစားထိုးသုံးသည့် အထူးစနစ်ဖြစ်ပါတယ် ။ (ဥပမာ - ရေတင်တာတို့ ၊ မော်တာတို့ ၊ စက်ရုံတို့လိုနေရာမျိုး တွေ သင့်တော်ပါတယ် ။) (၂) grid-tied with battery backup system ဆိုတာက solar ကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမယ် ။ ပြီးရင် inverter ကနေ AC ထုတ်သုံးပါမယ် ။ ဒီနေရာမှာ လိုချင်သည့် grid ကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့ EPC မီးပျက်လည်း သုံးနေနိုင်မှာဖြစ်ပါတယ် ။grid-tied လို့ပြောသည့်အခါ DC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ် ။ ပုံမှန်အသေးစားအတွက် DC coupling system က budget အဆင်ပြေစေမှာဖြစ်ပြီး load ကြီးများလာလေ AC coupling ကပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ် ။ ဒီနေရာမှာ ခုခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့ ပြောနိုင်ပါမယ် ။hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်ပါတယ် ။ ပြောချင်တာက inverter ကနေ ဖြတ်ပြီ battery ဆီကို DC အနေနဲ့ဝင်တယ် ပြီးရင် battery မှ inverter ဆီ ချိတ်ထားတယ် AC output ထွက်မယ် ။ပုံမှာလည်း လေ့လာကြည့်ပါ ။ (၃) Off grid system ဒီစနစ်သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်ပါတယ် ။off grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲ ဖြစ်ပါတယ် ။ပြောချင်တာက မီးလုံးဝမရသည့်နေရာတွေ ၊ ရသလိုလိုနဲ့ မီးမရပါဘူး ပြောရမည့်နေရာတွေမှာ သုံးပါတယ် ။ပြီးရင်တော့ Generator မီးစက်တို့နှင့် ချိတ်ဆက်ထားတာမျိုးပါ ဒါကို စနစ်လိုခေါ်တော့ Grid tied with generator ပေါ့ ။ စနစ်အကြောင်း တီးခေါက်မိပြီဆိုရင် အခြေခံ တွက်ချက်မှုလေး စမယ်နော် ။ 🏘️အချက်(၁) solar panels အရေအတွက် ( slope - 15-20’) 🏘️အချက်(၂) inverter size 🏘️အချက် (၃) Battery size 🏘️အချက် (၄) controller size 🏘️အချက် (၅) Main cable size အချက် (၁) Solar panel တွက်ပြီဆိုရင် သူ၏ ဆိုဒ်က တစ်နေကုန် အသုံးကို အလုံးအရင်း အားရှိအောင် ဖန်တီးရမှာပါ ။ အိမ်သုံးအနေနဲ့ ၆ KiloWatts စုပေါင်း တစ်နေကုန်အသုံးသည် ၃၀ Kilowatts ဖြစ်တယ် ။အထက်မှာ ဖော်ပြခဲ့ပြီးနော် ။ Solar panel - 550 watts တစ်ချက်မှာ တနေ့အားအဝင် ဘယ်လောက်ရှိမလဲ ကြည့်ရအောင် တစ်နေ့ကုန် နေ၏ အပူကို ရယူနိုင်မည့် ကြာချိန်သည် မနက် ၁၀ နာရီမှ - မွန်လွဲ ၃ နာရီထိဟုသတ်မှတ်ရင် ၅ နာရီရပါမယ် ။ ဒါကြောင့် - ၅၅၀ x ၅ နာရီ = ၂၇၅၀ watts Mono type ကိုသုံးမည်မို့ ၈၀% အသာတင်ရမည်ဆိုလျှင် ၊ ၂၇၅၀ x ၀.၈ = ၂၂၀၀ watts ရပါမယ် တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၃၀၀၀၀ watts = ၃၀၀၀၀ / ၂၂၀၀ = ၁၃.၆ ~ ၁၄ ချပ် သုံးရပါမည် ။ (အမြန်နည်းဆိုရင် - AC- DC အချိုးလေးက ၁.၂ ပါ ဒါ့ကြောင့် ၆၀၀၀ x ၁.၂ = ၇၂၀၀ watts , ၅၅၀ solar panel -13 ချပ် ) လက်ရှိ မြန်မာပြည်မှာ သုံးနေကြတာများတာက စုစုပေါင်း load ၏ ၃ နာရရီ ပျမ်းမျှ ယူတွက်လေ့ရှိပါတယ် ။ ကျနော်က ၅ နာရီအသုံး တွက်ပြထားပါတယ် ။ အသေးစိတ် အပေါ်မှာ ပြသလိုတွက်ထားရင် ပိုကောင်းပါတယ် အကောင်းဆုံးပါ ။ အပိုင်း(၁) ပြီး၏ မှတ်ရတာတွေ များတော့မယ် နောက်ရက်မှ ဆက်ရေးမယ် စိတ်ဝင်စားရင် Yes ဟုမန့်ခဲ့ပေး Myat Min Soe Freewill Engineering Training

Tuesday 16 April 2024

ဆောက်လုပ်ရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)

ဆောက်လုပ်ရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀) 1. Peg out -ပန္နက် 2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင် 3. Pole/Column -တိုင် 4. Concrete Pole-ကွန်ကရစ်တိုင် 5. Pillar -ဖောင်းအလှတိုင် 6. Wall -နံရံ 7. Beam -ထုတ်/ယက်မ 8. Floor -ကြမ်းခင်း /ကြမ်းပြင် 9. Balcony Floor -လသာဆောင်ကြမ်းခင်း 10. Toilet Floor - အိမ်သာကြမ်းခင်း 11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင် 12. Brick - အုတ် 13. Lime -ထုံး 14. Sand lime brick -သဲအုတ် 15. Paving brick -လမ်းခင်းအုတ် 16. Ventilation brick -ပန်းအုတ် 17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်) 18. Joint -နှာ(အုတ္စီ) 19. Raking back -နောက်ဆုတ်အုတ်စီနည်း 20. Stretcher -အုတ်လျား 21. Plinth level -အုတ်ခုံမျက်နှာ 22. Cement -ဘိလပ်မြေ 23. Water -ရေ 24. Sand -သဲ 25. Sand Coarse-သဲကြမ်း 26 . Sand fine -သဲနု 27. Gravel -ကျောက်စရစ် 28. Stone chipping -ကျောက်ဆန်ကွဲ 29. Marble -စကျင်ကျောက် 30. Shingle -ကျောက်စရစ် 31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ 32. Steel Round Bar -ပြောင်ချောသံချောင်း 33. Steel plate -သံပြား 34. Steel flat bar -သံပြားအရှည် 35. Steel wire rod -သွတ်ကြိုး 36. Angle steel bar -ကျင်တွယ်သံချောင်း 37. Welded panels -သံဇကာ 38. Welded net -သံဇကာအသေး 39. Iron nail -သံမှို 40. Concrete nail -စတီးသံမှို 41. Bamboo -ဝါး 42. Timber -သစ် 43. Plastic rope-ပလတ်စတစ်ကြိုး 44. Nylon rope -နိုင်လွန်ကြိုး 45. Hardwood Squares -ပျဉ်(သစ္မာ) 46. Plywood -သစ်သားပြား 47. Lumber -သစ်ပွ 48. Earth -မြေကြီး 49. Dig earth -မြေကြီးတူး 50. Earth leveling construction-မြေကြီးညှိ 51. Cement earth -ဘိလပ်မြေညှိ(မျဉ်းတိုက်) 52. Construction site clearing -နေရာဌာနရှင်းလင်း 53. Hall -ဟောခန်း 54. Bedroom -အိပ်ခန်း 55. Living room -ဧည့်ခန်း 56. Shrine /Buddha room -ဘုရားခန်း 57. Dinning room -ထမင်းစားခန်း 58. Kitchen -မီးဖိူချောင် 59. Pantry -စားနပ်ရိပ်ခါထားရာအခန်း 60. Bathroom -ရေချိုးခန်း 61. Lounge room/sitting room-အပန်းဖြေခန်း 62. Basement -မြေအောက်ခန်း 63. Garage -ကား ထားရန် 64. Study -စာကြည့်ခန်း 65. Balcony -လသာဆောင် 66. Verandah -ဝရန်တာ 67. Path -လျှောက်လမ်း 68.Roof -အမိုး 69. Ceiling -မျက်နှာကျက် 70. Sheds -အဖီများ 71. Gate -ဝိုင်းဝင်တံခါး 72. Fence - ခြံစည်းရိုး 73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး 74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ 75. Ditch - ရေမြောင်း 76. Water tank -ရေလှောင်ကန် 77. Wattle -ဝါးကပ် 78. Metal -သတ်တု 79. Brass -ကြေးဝါ 80.Aggreate -ရောစာ 81. Marble tile -စကျင်ကျောက်ပြား 82. Marble chipping-စကျင်ကျောက်ဆန်ကွဲ 83. Abutment wall -မြေကာနံရံ 84. Chimney -မီးဖိုခေါင်းတိုင် 85. Gypsum - စကျင် သလင်းကျောက် 86. Lodedtone -သံလိုက်ကျောက် 87. Bismuth(cast iron) -သံကြွပ် 88. Chowket /door&window frame -ကျည်းဘောင် 89. Formwork -ကျောက်ပုံး 90. Flooring tile- ကျောက်ပြား 91. Span -ခန်းဖွင့်အကျယ် 92. ridge -ခေါင်ရိုး 93. ridge piece-ခေါင်ချုပ် 94. Folding door -ခေါက်တံခါး 95. Hollw brick -ခေါင်းပွအုတ် 96. Pudlog -ငြမ်းဆင့် 97. Puglog hole-ငြမ်းဆင့်ထိုးပေါက် 98. Scaffolding -ငြမ်းဆင်ခြင်း 99. Binder -ထိန်းချုပ်ဆေး 100. Ledged&battened door-ပျဉ်ထောင်တံခါး 101. Putty -ထေးဆေး 102.Turpentine -ထင်းရူးဆီ 103.Tallow -အမဲဆီ 104.Angle bracket -ထောင့်ချိုးသံပြား 105.Angle -ထောင့်မှန်ချိုး 106.Corner -ထောင့်ချိုး 107.Header-ထိပ္စီကျောက် 108.Lime concrete -ထုံးကွန်ကရစ် 109. Binder/stirrup -ထိန်းကွင်း 110.Collar truss -ဒိုင်းငယ် 111.Truss -ဒိုင်းငယ် 112.Cavity tie -နံရံချုပ် 113.Gutter -ရေတလျှောက် 114.Parapet gutter -နံရံကပ်ရေတလျှောက် 115.Valley -ရေလိမ် 116.Valley rafter -ရေလိမ်ဒိုင်း 117.Valley gutter -ရေလိမ်ရေတံလျှောက် 118.Flat or flush pointing -နှာပြည့် 119.Nosing -နှာစွန်း 120.Coping -နံရံထိပ်စီး 121.Batter -နံရံစောင်း 122.Layout plan - ပန္နက်ရိုက်ပုံစံ 123. Bond - ကွန်ကရစ်သိပ်သည်း 124.Stencil -ပုံဖော်ပြား 125.Eave board -ပန်းဆွဲ 126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း 127.Formwork -ပုံစံခွက် 128.Plastic emulsion paint -ပလပ္စတစ္ဆီဆေး 129.Main rod-ပင်မသံချောင်း 130.Cleat -ဖားတုံး 131.Mixing -ဖျော်စပ်ခြင်း 132.Gable -မြင့်မိုရ် 133.Glazed door -မှန်တံခါး 134.Glazed window -မှန်ကွက်ပြတင်း 135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက် 136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက် 137.Barbed wire -သံဆူးကြိုး 138.Mortar -သရိုး 139.Plaster -သရွတ် 140.Plastering -သရွတ်ကျံခြင်း 141.Metal lath -သံဇကာဘိလပ်မြေ 142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ 143.Slow setting cement -အအိပ်နှေးဘိလပ်မြေ 144.Rapid hardening cement -အမာမြန်ဘိလပ်မြေ 145. Reinforcement rod -အားကူသံချောင်း 146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း 147.Plywood -အထပ်သား 148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန် 149. Balanced cantilever -အစွန်းထွက်ယက်မ 150. ballast - အောက်ခံကျောက်များ 151. base line -အခြေခံမျဉ်း 152. base plate -တိုင်အောင်ခံပြား 153. batten or reeper -အုတ်ကြွပ်တန်း 154. bed of pier -တိုင်ခြေ 155. bedding plate- ခံဆောင်ပြားများ 156. bond -အုတ်စီနည်း 157. bonder -တွဲဆက်ကျောက် 158.cement motar -ဘိလပ်မြေသရွတ် 159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း 160.column footings -တိုင်ဖိနပ် 161. combined footing -တွဲဖိနပ် 162. commode step -ကမုဒ်အနင်း 163. copings -ထိပ်အုပ် 164. corble -အစွန်းထွက် 165. cornices -ပန်းကလပ် 166. corrosive -သတ္တုစားခြင်း 167. cross hair -ကန့်လန့်ဖြတ်အမှတ် 168. cross -section -ကန့်လန့်ဖြတ်အပိုင်း 169. Curved roofs -အမိုးခုံး 170. efflorescence -ဆားပွင့်ခြင်း 171. Filter bed -ရေစစ်ကန် 172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန် 173. fine aggregate -ရောစာနု 174. flag stone -ကျောက်ပြား 175. flange -ဖလန်းပြား 176. flat arch -ခုံးပြား 177. flight -လှေကားပြေး 178. Gypsum -ဂျစ်ပဆန်ကျောက် 179. Precast -ကြိုတင်သွန်းလောင်းခြင်း 180. rain water pipe -မိုးရေပိုက် 181.septic tank -မိလ္လာကန် 182. service reservior -ရေဝေကန် 183. setting tank -အနည်ထိုင်ကန် 184. sump -ရေစုကန် 185. spill way -ရေပိုလွှဲ 186. surplus works -ရေပိုလွှဲပိုက် 187. waste pipe -စွန့်ပစ်ရေလွှဲပိုက် 188. waste weir -ရေလွှဲဆည် 189. water seal -ရေခံ 190. wearing course-အပွန်းခံလွှာ 191. vent pipet -လေထွက်ပိုက် 192. filter bed -ရေစစ်ကန် 193.fish plate -ပိုးပြား 194. flag -stone ကျောက်ပြား 195. sun shade -နေကာမိုး 196. super -structure အထက်ပိုင်းအဆောက်အအုံ 197. support beam -ထောက်ရက်မ 198. surveying -မြေတိုင်းပညာ 199. suspended floor -အလွတ်ကြမ်းခင်း 200. suspended span -ဆိုင်းထား ခန်းဖွင့် crd to original writter #ENSAEEA