Friday 26 April 2024

မီးခဏခဏပျက်နေလို့အိမ်မှာ solar တပ်ဆင်တော့မည် ဆိုလျှင်

မီးခဏခဏပျက်နေလို့အိမ်မှာ solar တပ်ဆင်တော့မည် ဆိုပါစို့ ။ ဒီနေရာမှာ အထူးသတိရှိဖို့က Solar စနစ်ကို အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲ သုံးမှာလား။ လျှပ်စစ်မီတာ ချွေတာရေးအတွက် သုံးမှာလား ။ ဘာပဲဖြစ်ဖြစ် solar စနစ်တပ်ဆင်ပြီးဆိုရင်တော့ မီတာခ သက်သာရအောင် Solar စနစ်ကိုပဲ အထူးပြုသုံးမယ်လို့ ရည်ရွယ်တာဖြစ်နိုင်တာလဲရှိမယ် ။ ဘာလို့ဒါကို အဓိကထားပြောနေရလဲ သုံးမည့် load နှင့် သုံးမည့် နာရီကြာချိန်သည် တိုက်ရိုက်ပတ်သက်နေလို့ပဲ ဖြစ်ပါတယ် ။ ကုန်ကျစာရိတ်ကလည်း တိုက်ရိုက်ကို ထူးစွာကွာသွားမှာဖြစ်ပါတယ် ။စနစ်တွေလည်း ကွာသွားပါမယ် ။ လျှပ်စစ်၏ သဘောသဘာဝက သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစာရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည့်ဆိုရင်တော့ ကုန်ကျစရိတ်က လာပါပြီ ။ ကဲလေ့လာကြည့်ရအောင်ပါ။ သာမာန်အိမ်တစ်အိမ်ဖြစ်လို့ စုစုပေါင်း ၆၀၀၀ Watts (၆ KW) ရှိမယ် ။ ဒီနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း တစ်ခုချင်းဆီ၏ အသုံးပြုမည့် ကြာချိန်နာရီကို သိဖို့လိုအပ်ပါတယ် ။ဥပမာ - အဲကွန်း ၁ ကောင်တစ်လုံးသုံးမယ် ဘယ်နှစ်နာရီသုံးနိုင်တယ် ။ မီးဖိုချောင် ထမင်း ဟင်းချက်တာ လျှပ်စစ် ဘယ်နှစ်နာရီသုံးနိုင်ခြေရှိတယ် စသည်များပေါ့ ။ (အသေးစိတ် အကြမ်း ရေးထားတာနော် (1)Air con - 1.5 * 746 = 1119 * 1.5 = 1700 watts Air con 1700 watts * 10 hr = 17000 watts (2)မီးဖိုချောင် 2200 watts x 2.5hr = 5500 watts (3)မီးသီး ၄ လုံး x 15 w x 8 hr = 160 watts (4)Socket - 50 watts x 2 he = 100 watts (5)ရခေဲသတ်ေတာ 75 watts x 24 hr = 1800 watts (6)ရေတင်စက်-၁ ကောင်- 2 လုံး x 746 x 1.5hr x 1.5 = 3357 watts (7)အထွေထွေ - 2000 watts per day စုစုပေါင်း - 29917 ~30000 watts per day တစ်ရက်လုံး အသုံးပြုခြင်းသည် - 30 k Watts ဖြစ်မည်။) ခုတော့ စုစုပေါင်း ၆ K-Watts ကို တစ်နေကုန်လုံးမှာ ၅ နာရီ သုံးနိင်ခြေရှိသည်ဟု တွက်သွားပါမယ် ။အသေးစိတ် တွက်ထားတာလဲ အပေါ်မှာပြပေးထားတယ် ။ ရွေးချယ်သည့်အခါ သိသင့်သည့် solar စနစ်တွေကိုတော့ အပိုင်း (၃)ပိုင်းတွေ့ရပါမယ် (၁) on-grid system (grid-tied system) (၂) grid-tied with battery backup system (၃) off grid system (၁)On grid system ဆိုတာက ရိုးရိုးရှင်းရှင်းပဲပြောရရင် နေ့လည်ပိုင်း solar ကနေ ပါဝါရနေချိန် solar ကနေ တိုက်ရိုက် မီးကို ယူသုံးမယ် ။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲ ယူသုံးမယ် ။ တစ်ခုအရေးကြီးတာက ဒီနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPC မီးပျက်ရင် အလိုအလျောက် စနစ်လည်း သုံးမရပါဘူး ဒါကြောင့် on-grid ဟုခေါ်ပါသည် ။မီတာခ သက်သာရအောင် အစားထိုးသုံးသည့် အထူးစနစ်ဖြစ်ပါတယ် ။ (ဥပမာ - ရေတင်တာတို့ ၊ မော်တာတို့ ၊ စက်ရုံတို့လိုနေရာမျိုး တွေ သင့်တော်ပါတယ် ။) (၂) grid-tied with battery backup system ဆိုတာက solar ကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမယ် ။ ပြီးရင် inverter ကနေ AC ထုတ်သုံးပါမယ် ။ ဒီနေရာမှာ လိုချင်သည့် grid ကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့ EPC မီးပျက်လည်း သုံးနေနိုင်မှာဖြစ်ပါတယ် ။grid-tied လို့ပြောသည့်အခါ DC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ် ။ ပုံမှန်အသေးစားအတွက် DC coupling system က budget အဆင်ပြေစေမှာဖြစ်ပြီး load ကြီးများလာလေ AC coupling ကပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ် ။ ဒီနေရာမှာ ခုခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့ ပြောနိုင်ပါမယ် ။hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်ပါတယ် ။ ပြောချင်တာက inverter ကနေ ဖြတ်ပြီ battery ဆီကို DC အနေနဲ့ဝင်တယ် ပြီးရင် battery မှ inverter ဆီ ချိတ်ထားတယ် AC output ထွက်မယ် ။ပုံမှာလည်း လေ့လာကြည့်ပါ ။ (၃) Off grid system ဒီစနစ်သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်ပါတယ် ။off grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲ ဖြစ်ပါတယ် ။ပြောချင်တာက မီးလုံးဝမရသည့်နေရာတွေ ၊ ရသလိုလိုနဲ့ မီးမရပါဘူး ပြောရမည့်နေရာတွေမှာ သုံးပါတယ် ။ပြီးရင်တော့ Generator မီးစက်တို့နှင့် ချိတ်ဆက်ထားတာမျိုးပါ ဒါကို စနစ်လိုခေါ်တော့ Grid tied with generator ပေါ့ ။ စနစ်အကြောင်း တီးခေါက်မိပြီဆိုရင် အခြေခံ တွက်ချက်မှုလေး စမယ်နော် ။ 🏘️အချက်(၁) solar panels အရေအတွက် ( slope - 15-20’) 🏘️အချက်(၂) inverter size 🏘️အချက် (၃) Battery size 🏘️အချက် (၄) controller size 🏘️အချက် (၅) Main cable size အချက် (၁) Solar panel တွက်ပြီဆိုရင် သူ၏ ဆိုဒ်က တစ်နေကုန် အသုံးကို အလုံးအရင်း အားရှိအောင် ဖန်တီးရမှာပါ ။ အိမ်သုံးအနေနဲ့ ၆ KiloWatts စုပေါင်း တစ်နေကုန်အသုံးသည် ၃၀ Kilowatts ဖြစ်တယ် ။အထက်မှာ ဖော်ပြခဲ့ပြီးနော် ။ Solar panel - 550 watts တစ်ချက်မှာ တနေ့အားအဝင် ဘယ်လောက်ရှိမလဲ ကြည့်ရအောင် တစ်နေ့ကုန် နေ၏ အပူကို ရယူနိုင်မည့် ကြာချိန်သည် မနက် ၁၀ နာရီမှ - မွန်လွဲ ၃ နာရီထိဟုသတ်မှတ်ရင် ၅ နာရီရပါမယ် ။ ဒါကြောင့် - ၅၅၀ x ၅ နာရီ = ၂၇၅၀ watts Mono type ကိုသုံးမည်မို့ ၈၀% အသာတင်ရမည်ဆိုလျှင် ၊ ၂၇၅၀ x ၀.၈ = ၂၂၀၀ watts ရပါမယ် တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၃၀၀၀၀ watts = ၃၀၀၀၀ / ၂၂၀၀ = ၁၃.၆ ~ ၁၄ ချပ် သုံးရပါမည် ။ (အမြန်နည်းဆိုရင် - AC- DC အချိုးလေးက ၁.၂ ပါ ဒါ့ကြောင့် ၆၀၀၀ x ၁.၂ = ၇၂၀၀ watts , ၅၅၀ solar panel -13 ချပ် ) လက်ရှိ မြန်မာပြည်မှာ သုံးနေကြတာများတာက စုစုပေါင်း load ၏ ၃ နာရရီ ပျမ်းမျှ ယူတွက်လေ့ရှိပါတယ် ။ ကျနော်က ၅ နာရီအသုံး တွက်ပြထားပါတယ် ။ အသေးစိတ် အပေါ်မှာ ပြသလိုတွက်ထားရင် ပိုကောင်းပါတယ် အကောင်းဆုံးပါ ။ အပိုင်း(၁) ပြီး၏ မှတ်ရတာတွေ များတော့မယ် နောက်ရက်မှ ဆက်ရေးမယ် စိတ်ဝင်စားရင် Yes ဟုမန့်ခဲ့ပေး Myat Min Soe Freewill Engineering Training

No comments: