Identifying People and Things
လူနှင့် အရာဝတ္ထု များကို ခွဲခြားပြောဆိုခြင်း
1. This is Minnie Rivers.
ဒါမီနီရေးဗာလေ
That is Mr. Lewis.
ဟိုဟာက မစ်စတာ လူးဝစ် ပေါ့
2. Minnie is a writer.
မီနီက စာရေးဆရာ
Mr. Lewis is a barber.
မစ်စတာ လူးဝစ်ကတော့ ဆံသဆရာ
Gail is an artist.
ဂေးလ် ကတော့ အနုပညာရှင်လေ
He is a photographer.
သူကဓာတ်ပုံ ဆရာ
She is a secretary.
သူမက အတွင်းရေးမှူး
He's a dentist.
သူက သွားဆရာဝန်
She's a doctor.
သူမက ဆရာဝန်
3. I am a computer programmer.
ကျွန်မက ကွန်ပြူတာ အစီအစဉ်ရေးသားသူ
I'm a businessman.
ကျွန်တော်က စီးပွားရေးသမား
I'm a businesswoman.
ကျွန်မက စီးပွားရေးသမား
I'm not a mechanic.
ကျွန်တော်က စက်ပြင်ဆရာ မဟုတ်ပါဘူး
4. We are writers.
ကျွန်မတို့က စာရေးဆရာတွေ
They are engineers.
သူတို့က အင်ဂျင်နီယာတွေ
You are a student.
မင်းက ကျောင်းသား
You are students.
မင်းကကျောင်းသား
5. This is an apple.
ဒါက ပန်းသီး
This is a banana.
ဒါက ငှက်ပျောသီး
That is an orange.
ဟိုဟာက လိမ္မော်သီး
That is not a tomato.
အဲဒါ ခရမ်းချဉ်သီးမဟုတ်ဘူး
It is a telephone.
အဲဒါ တယ်လီးဖုန်း တစ်လုံးပေါ့
It's a horse.
အဲဒါ မြင်းတစ်ကောင် မဟုတ်ဘူး
It's not an airplane.
အဲဒါ လေယဉ်ပျံ တစ်စီးလည်း မဟုတ်ဘူး
အသံဖိုင်လေးကို ဒီမှာဒေါင်းပါ။
Asking for Information
သတင်းအချက်အလက် မေးမြန်းခြင်း
1. What is this?
ဒါကဘာလဲ
This is a table.
ဒါက စားပွဲ
2. What is that?
ဟိုဟာက ဘာလဲ
That is a chair.
ဟိုဟာက ထိုင်ခုံ
3. What's this?
ဒါက ဘာလဲ
It's a pen.
အဲဒါ ဖောင်တိန်လေ
4. What's that?
ဟိုဟာ ဘာလဲ
It's an apple.
ဟိုဟာက ပန်သီးတစ်လုံး
5. What are these?
ဒီဟာ တွေကဘာလဲ (အများကိန်း)
These are pencils.
ဒီဟာတွေက ခံတံတွေလေ
6. What are those?
ဟိုဟာတွေက ဘာလဲ (အများကိန်း)
Those are books.
ဟိုဟာတွေက စာအုပ်တွေ
7. Where is Mr. King?
မစ်စတာ ကင်း ဘယ်မှာလဲ
He is over there.
သူက ဟိုမှာလေ
8. Where is Ms. Knight?
မစ် နိုက် ဘယ်မှာလဲ
She's (right) here.
သူမ ဒီမှာလေ
9. Where's Johnny?
ဂျွန်နီ ဘယ်မှာလဲ
He's in the house.
သူအိမ်ထဲမှာ
10. When's the movie?
ရုပ်ရှင်ဘယ်တော့ ပြမလဲ
It's at 9:00.
၉ နာရီ တိတိမှာ
11. When's lunch?
နေ့လည်စာ ဘယ်အချိန်လဲ
Lunch is at noon.
နေ့လည်စာက မွန်းတည့်ချိန်မှာ
12. How is the food?
အစားအသောက်က ဘယ်လိုနေလဲ
It's delicious.
အဲဒါ အရသာရှိတယ်
အသံဖိုင်လေးကိုဒီမှာဒေါင်းပါ
Giving Information
သတင်းအချက်အလက်ပေးခြင်း
1. Jeremy is from Ohio.
ဂျရယ်မီက အိုဟိုင်းအိုး ကလေ။
Oh really? What part of Ohio?
အော်..တကယ်၊ အိုဟိုင်းအိုး ဘယ်အပိုင်းကတုန်း၊
Columbus.
ကိုလံဘက်စ်
2. Kelly is a saleswoman.
ကယ်လီက အရောင်းဝန်ထမ်းလေ။
Is that right? What company?
တကယ်လား၊ ဘယ်ကုမ္ပဏီမှာလဲ။
Microsoft.
မိုက်ခရိုဆော့ဖ်
3. He's a university student.
သူက တက္ကသိုလ် ကျောင်းသားတစ်ယောက်လေ။
Oh. What university?
အော်...ဘယ်တက္ကသိုလ်ကလဲ။
Harvard.
ဟားဘတ်။
4. Ronda lives in Texas.
ရွန်ဒါ တက်စ်ဆက်မှာနေတယ်။
Really? What city (in Texas)?
တကယ်...ဘယ်မြို့မှာလဲ။
Dallas.
ဒါးလက်စ်။
5. I work at a restaurant.
ကျွန်မ စားသောက်ဆိုင်မှာ အလုပ်လုပ်တယ်။
Oh really? Which restaurant?
အော်..တကယ်။ ဘယ်စားသောက်ဆိုင်လဲ။
Angelo Meroni's
အန်ဂျလို မော်ရာရီစ်
6. I live in Florida.
ကျွန်တော် ဖလော်ရီဒါမှာနေတယ်။
Oh yeah? Where in Florida?
အော် ဟုတ်ကဲ့။ ဖလော်ရီဒါရဲ့ ဘယ်ဖက်မှာလဲ။
Orlando.
အော်လန်ဒိုမှာပါ။
8. Where are you from?
မင်း ဘယ်နေရာက လာတာလဲ။
I'm from Delaware.
ကျွန်တော် ဒါးလက်ဝဲယာကပါ
9. What is your occupation?
ခင်ဗျား ဘာအလုပ်လုပ်လဲ။
I'm a police officer.
ကျွန်မ ရဲအရာရှိတစ်ယောက်ပါ
အသံဖိုင်လေးကိုဒီမှာဒေါင်းပါ
Simple Sentences
ရိုးရှင်းသော ၀ါကျများ
1. I work in a post office.
ကျွန်မ စာတိုက်မှာ အလုပ်လုပ်တယ်။
Are you a letter carrier?
ခင်ဗျားက စာပို့တဲ့သူလား။
No, I'm a postal clerk.
မဟုတ်ပါဘူး။ ကျွန်မက စာတိုက်စာရေးမပါ။
2. Greg works in a bank.
ဂရက်ခ် ကဘဏ်မှာ အလုပ်လုပ်တယ်။
Is he a teller?
သူကငွေကိုင်လား။
Yes, he is.
အင်း ဟုတ်တယ်
3. They live in Washington.
သူတို့ ၀ါရှင်တန်မှာနေတယ်လေ။
Are they senators?
သူတို့က ပါလီမန်အမတ်တွေလား။
No, they aren't.
ဟင့်အင်း မဟုတ်ပါဘူး။
4. I eat breakfast at 8:00 a.m.
ကျွန်တော် မနက် ၈ နာရီမှာ မနက်စာစားတယ်။
What do you eat?
မင်းဘာတွေ စားတုန်း။
(I eat) eggs, bacon, and toast.
ကြက်ဥ၊ ၀က်ပေါင်ခြောက်နဲ့ ပေါင်မုန့်မီးကင်။
5. She goes to work at 9:00 a.m.
သူမ အလုပ်ကို မနက် ၉ နာရီသွားတယ်။
Where does she work?
သူမ ဘယ်နေရာမှာ အလုပ်လုပ်လဲ။
In the cafeteria.
ကော်ဖီ ဆိုင်မှာပါ။
6. Eddy plays basketball every Friday.
အက်တီ သောကြာနေ့တိုင်း ဘက်စကတ်ဘော ကစားတယ်။
Where does he play?
သူဘယ်မှာ ကစားလဲ။
At the gym.
အားကစားရုံမှာလေ။
7. Penny starts class at 10:00.
ပန်နီရဲ့ အတန်းက ၁၀ နာရီစတာလေ။
When does she finish?
ဘယ်အချိန်မှာသူမ အတန်းပြီးဆုံးလဲ။
At 11:00.
၁၁ နာရီတိတိ။
8. I don't drink beer.
ကျွန်မ ဘီယာမသောက်ဘူး။
Why (not)?
ဘာလို့တုန်း။
I don't like it.
ကျွန်မ အဲဒါကို မကြိုက်ဘူး
အသံဖိုင်လေးကိုဒီမှာဒေါင်းပါ
Number and Counting
ကိန်းဂဏန်းများနှင့် ရေတွက်ခြင်း
1. How many fingers do you have?
ရှင့်မှာ လက်ချောင်းဘယ်နှစ်ချောင်း ရှိလဲဟင်။
I have eight fingers.
ကျွန်တော့မှာ လက်ချောင်း ၈ ချောင်းရှိတယ်လေ။
2. You have eight fingers?
ရှင့်မှာ လက်ချောင်း ၈ ချောင်းပဲရှိတယ် ဟုတ်လား။
Eight fingers and two thumbs.
လက်ချောင်း ၈ ချောင်းနဲ့ လက်မ ၂ ချောင်းပါ။
3. How many brothers does Ryan have?
ရွိုင်ရန်မှာ ညီအကို ဘယ်နှစ်ယောက်ရှိလဲ။
He has four (brothers).
သူမှာ ညီအကို လေးယောက်ရှိတယ်လေ။
4. How many students in your class?
ရှင့်အတန်းမှာ ကျောင်းသား ဘယ်နှစ်ယောက်ရှိလဲ။
Thirty-five, including me.
ကျွန်တော်အပါအ၀င် ၃၅ ယောက်ပါ။
5. How old is your sister?
ရှင့်ညီမက အသက်ဘယ်လောက်ရှိပြီလဲ။
She is seventeen.
သူမက ၁၇ နှစ်။
6. How many hours do you work every day?
ရှင်တစ်နေ့ကို ဘယ်နှစ်နာရီ အလုပ်လုပ်သလဲ။
From nine to five. Eight hours.
၉ နာရီကနေ ၅ နာရီထိ၊ ၈ နာရီပေါ့။
7. How many people are in the group?
အဖွဲ့ထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ။
About seventy.
၇၀ လောက်ရှိပါတယ်။
8. How many cookies are left?
ကွတ်ကီး ဘယ်နှခု ကျန်သေးလဲ။
Five or six.
ငါးခု ဒါမှမဟုတ် ၆ ခု။
9. How many toothpicks are in the box?
ဗူးထဲမှာ သွားကြားထိုးတံ ဘယ်လောက်ကျန်သေးလဲ။
More than a hundred.
တရာကျော်လောက်ရှိပါသေးတယ်။
အသံဖိုင်လေးကိုဒီမှာဒေါင်းပါ
Talking about Family
မိသားစုအကြောင်း ပြောဆိုခြင်း
Introducing your family
မိသားစုများကို မိတ်ဆက်ခြင်း
This is my mother/mom.
ဒါက ကျွန်မ အမေလေ။
This is my father/dad.
ဒါက ကျွန်မ အဖေ။
(These are my parents)
ဒါဟာတွေကတော့ ကျွန်မမိဘတွေလေ။
This is my wife.
ဒါကျွန်တော့ အမျိုးသမီးပါ။
This is my husband.
ဒါက ကျွန်မ အမျိုးသားပါ။
There are five people in my family.
(My mother, my father, my older brother, my older sister, me, my younger brother.)
ကျွန်မတို့မိသားစုမှာ မိသားစုဝင် ၅ ဦးရှိပါတယ်။
I have two brothers.
One is older.
One brother is older (than me).
One is younger.
ကျွန်မမှာ မွေးချင်းနှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ကျွန်မထက်အသက်ကြီးတဲ့ အကိုဖြစ်ပြီး နောက်တစ်ယောက်ကတော့ ငယ်တဲ့ မောင် ဖြစ်ပါတယ်။
I have one sister.
ကျွန်မမှာ ညီမ တစ်ယောက်ရှိပါတယ်။
I'm number three.
ကျွန်မက သုံးယောက်မြောက်လေ။
Asking about family
မိသားစုဝင်များအကြောင်း မေးမြန်းခြင်း
How many brothers and sisters do you have?
ရှင့်မှာ မွေးချင်း ဘယ်နှစ်ယောက်ရှိလဲ။
What number are you?
ရှင်က ဘယ်နှစ်ယောက်မြောက်လဲ။
He's the oldest (of five children).
သူက ကလေး ၅ ဦးမှာ အကြီးဆုံးလေ။
She's the youngest.
သူမက အငယ်ဆုံးပါ။
Cindy doesn't have any brothers or sisters.
စင်ဒီမှာ မောင်နှမတွေ မရှိဘူးလေ။
Jared is an only child.
ဂျဲရက်က တစ်ဦးတည်းသော ကလေးပေါ့
How many children do you have?
ရှင်မှာ ကလေးဘယ်နှစ်ယောက်ရှိလဲ။
Do you have any kids?
ရှင့်မှာ ကလေးရှိလား။
No, I'm not married.
ဟင့်အင်း ကျွန်တော် အိမ်ထောင်မပြုရသေးပါဘူး။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Talking about Favourite Things
အနှစ်သက်ဆုံးအရာများအကြောင်း ပြောဆိုခြင်း
1. What is your favorite color?
ခင်ဗျားရဲ့ အကြိုက်ဆုံးအရောင်က ဘာအရောင်လဲ။
Purple.
ခရမ်းရောင်ပါ။
2. What's your favorite kind of music?
ခင်ဗျားရဲ့ အကြိုက်ဆုံးဂီတက ဘာဂီတလဲ။
I like pop music.
ကျွန်မ ပေါ့ဂီတကို ကြိုက်တယ်။
3. Favorite sport?
အကြိုက်ဆုံး အားကစားကရော။
Kung fu.
ကွန်ဖူးပါ။
4. Do you have a lucky number?
ခင်ဗျားမှာ ကံကောင်းစေတဲ့ နံပတ်ရှိလား။
Yes. It's eight.
ဟုတ်ကဲ့။ နံပတ် ၈ ပါ။
5. What kind of food do you like best?
ခင်ဗျား ဘယ်အစားအစာကို အကြိုက်ဆုံးလဲ။
I like Cantonese food.
ကျွန်မ ကန်တုံ အစားအစာကို ကြိုက်တယ်။
6. How about movies?
ရုပ်ရှင်ကျတော့ရော။
Action.
အက်ရှင်ကား။
7. Who is your favorite movie star?
ခင်ဗျားအကြိုက်ဆုံး ရုပ်ရှင်သရုပ်ဆောင်က ဘယ်သူလဲ။
Jackie Chan.
ဂျက်ကီချန်း။
8. What city do you like most?
ခင်ဗျား ဘယ်မြို့ကို အကြိုက်ဆုံးလဲ။
Hong Kong, of course!
ဟောင်ကောင်လေ။ အသေအချာပဲ။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Talking about here and now
လက်တလော အခြေနေအကြောင်း ပြောဆိုခြင်း
1. What is Ms. Chan doing?
မစ်ချန် ဘာလုပ်နေလဲ။
She is writing a letter.
သူမစာတစ်စောင်ရေးနေတယ်။
Oh. That's nice.
အော်...ကောင်းတာပေါ့။
2. What is he doing?
သူဘာလုပ်နေလဲ။
He's playing hockey.
သူ ဟော်ကီ ကစားနေတယ်။
That's interesting.
စိတ်ဝင်စားစရာပဲ။
3. What are you doing?
ရှင်ဘာလုပ်နေတာလဲ။
I'm reading a book.
ကျွန်တော် စာအုပ်တစ်အုပ် ဖတ်နေတယ်။
Is it interesting?
စိတ်ဝင်စားစရာ ကောင်းလား။
4. Who is singing that song?
အဲဒီသီချင်းကို ဘယ်သူဆိုနေတာလဲ။
Frank (is).
ဖရန့်လေ။
Oh. It sounds good.
အော် အသံကောင်းတယ်နော်။
5. Who is washing the dishes?
ပန်းကန်တွေကို ဘယ်သူဆေးလိုက်လဲ။
The children are.
ကလေးတွေလေ။
That's great.
ချီးကျူးစရာပဲ။
6. Where are you going now?
ခင်ဗျား အခု ဘယ်ကိုသွားမလို့လဲ။
I'm going to the library.
ကျွန်မ စာကြည့်တိုက်ကိုသွားမလို့။
Okay. Have fun.
ကောင်းပြီ။ ပျော်ရွင်ပါစေ။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Describing People
လူများအကြောင်း ဖော်ပြခြင်း
Personality and Appearance
စရိုက် နှင့် ပုံပန်း
1.Tell me about your father.
What kind of person is he?
ခင်ဗျားရဲ့ အဖေ အကြောင်း ပြောပြပါလား။ သူက ဘယ်လိုလူမျိုးလဲ။
Well, he's very friendly, smart and funny.
ရပါတယ်။ သူက အရမ်းဖော်ရွေတယ်။ စမတ်ကျတယ်။ ပျော်ပျော်နေတတ်တယ်။
2. What does he look like?
သူကဘယ်လိုပုံမျိုးလဲ။
He's young, short and handsome.
He has straight black hair and green eyes.
သူက ငယ်ရွယ်ပြီး အရပ်နည်းနည်းပုတယ်။ ရုပ်ဖြောင့်တယ်လေ။
သူ့မှာ နက်မှောင်ရှည်လျှားတဲ့ ဆံပင်တွေနဲ့ စိန်းဖန့်ဖန့်ရောင် မျက်လုံးတွေရှိတယ်။
3. What does your mother look like?
ခင်ဗျားရဲ့ အမေက ဘယ်လိုပုံမျိုးလဲ။
She's tall, thin and beautiful.
She has blonde hair and wears glasses.
သူမက အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးနဲ့ လှပချောမောတယ်။
သူမမှာ ရွေရောင်ဖျော့ဖျော့ ဆံနွယ်တွေရှိပြီး မျက်မှန်တပ်ဆင်ထားတယ်။
4. How about your little sister?
ခင်ဗျားရဲ့ ညီမလေး ကျတော့ရော။
She has curly red hair and a cute smile.
Everybody likes her.
သူမက အနီရောင် ဆံပင်ကောက်ကောက်လေးတွေနဲ့ ချစ်စရာ အပြုံးလေးတွေ ပိုင်ဆိုင်တယ်။
လူတိုင်းက သဘောကျကြတယ်။
Clothing
အ၀တ်အစား
5. What is your brother wearing?
ခင်ဗျား အကို ဘာဝတ်ထားလဲ။
He's wearing light brown pants and an orange t-shirt.
သူက အညိုရောင် ဖျော့ဖျော့ ဘောင်ဘီနဲ့ လိမ္မော်ရောင် တီရှပ်ကို ၀တ်ထားတယ်။
6. What kind of shoes does he have (on)?
သူဘာဖိနပ်အမျိုးအစားကို စီးထားလဲ။
Sneakers, and he's wearing white socks.
စနိတ်ကာလေ၊ ခြေအိတ်အဖြူကိုလည်း ၀တ်ထားသေးတယ်။
7. Is Susan wearing a dress?
ဆူဇန် ဂါဝန်ဝတ်ထားလား။
No. She's wearing a blue skirt and a yellow blouse.
ဟင့်အင်း သူမ အပြာရောင်စကတ်နဲ့ အ၀ါရောင် ဘလောက်စ် အင်္ကျီကို ၀တ်ထားတယ်။
8. Anything else?
နောက်ထပ်ရော။
Yes. She's wearing boots and carrying a purse.
ဟုတ်ကဲ့၊ သူမ ဘွတ်ဖိနပ်လည်း စီးထားပြီး ပိုက်ဆံအိတ်ကို လွယ်ထားတယ်။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Talking about Feelings/Health Issues
ခံစားချက်နှင့် ကျန်းမာရေး အခြေနေအကြောင်း ပြောဆိုခြင်း
How's the weather today?
ဒီနေ့ ရာသီဥတုအခြေနေဘယ်လိုလဲ။
It's really cold.
တကယ်ကိုအေးတာ
Let's stay inside.
အိမ်ထဲမှာပဲ နေကြတာပေါ့။
How do you feel?
မင်းဘယ်လို ခံစားရလဲ။
I'm fine.
ကျွန်မနေကောင်းပါတယ်။
That's good.
ကောင်းတာပေါ့။
How are you feeling?
မင်းနေကောင်းရဲ့လား။
Not too good.
သိပ်မကောင်းဘူး။
Sorry to hear that.
ကြားရတာ စိတ်မကောင်းပါဘူး။
Is everything okay?
အစစအရာရာ အဆင်ပြေရဲ့လား။
I feel sick.
ကျွန်မဖျားနေပြီ။
That's too bad.
ဆိုးလှချည်လား။
What's wrong?
ဘာဖြစ်လို့လဲ။
I have a headache.
ကျွန်တော် ခေါင်းကိုက်နေတယ်။
Here's some aspirin
ရော့ဒီမှာ အက်စပရင်ဆေးပြားယူလိုက်။
What's the matter?
ဘာတွေဖြစ်လို့လဲ။
My leg hurts.
ကျွန်မ ခြေထောက်နာတယ်။
Let me help you.
ကျွန်တော်ကူညီပါ့မယ်။
Are you all right?
ရှင်နေကောင်းရဲ့လား။
I cut my hand.
လက်ကို ပြတ်ရှသွားလို့။
That looks serious.
ကြည့်ရတာ ဒဏ်ရာပြင်းပုံပဲ။
What happened?
ဘာဖြစ်တာလဲ။
He broke his arm.
သူ့လက်မောင်းကျိုးသွားလို့။
Call 911!
၉၁၁ (အရေးပေါ်) ကိုဖုန်းခေါ်လေ။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Telling Time
It's seven o'clock.
အခု ၇ နာရီရှိပြီ။
It's seven p.m. / a.m.
အခု ညနေ/မနက် ၇ နာရီရှိပြီ
It's twelve o'clock.
အခု ၁၂ နာရီထိုးပြီ။
It's noon / midnight.
အခု နေ့ခင်း/ညသန်းခေါင် ၁၂ နာရီရှိပြီ။
It's three ten.
အခု သုံးနာရီထိုးပြီးလို့ ၁၀ မိနစ်ရှိပြီ။
It's ten (minutes) after three.
အခု သုံးနာရီထိုးပြီးလို့ ၁၀ မိနစ်ရှိပြီ။
It's seven fourteen.
အခု ၇ နာရီနဲ့ ၁၄ မိနစ်ရှိပြီ
It's fourteen after seven.
အခု ၇ နာရီထိုးပြီးလို့ ၁၄ မိနစ်ရှိပြီ။
It's nine fifteen.
အခု ၉ နာရီ ၁၅ မိနစ်ရှိပြီ။
It's (a) quarter after nine.
အခု ၉ နာရီထိုးပြီးလို့ ၁၅ မိနစ်ရှိပြီ
It's one twenty-one
အခု ၁ နာရီ ၂၁ မိနစ်ရှိပြီ။
It's twenty-one minutes past one.
အခု ၁ နာရီထိုးပြီးလို့ ၂၁ မိနစ်ရှိပြီ။
It's eleven oh five.
အခု ၁၁ နာရီ ၅ မိနစ်ရှိပြီ။
It's five after eleven.
အခု ၁၁ နာရီထိုးပြီးလို့ ၅ မိနစ်ရှိပြီ။
It's two oh nine.
အခု ၂ နာရီ ၉ မိနစ်ရှိပြီ။
It's nine minutes past two.
အခု ၂ နာရီထိုးပြီးလို့ ၉ မိနစ်ရှိပြီ။
It's six thirty.
အခု ၆ နာရီခွဲ။
It's half past six.
အခု ၆ နာရီနဲ့ မနစ် ၃၀ ရှိပြီ။
It's four fifty.
အခု ၄ နာရီ ၅၀ မိနစ်။
It's ten minutes to five.
အခု ၅ နာရီထိုးဖို့ ၁၀ မိနစ်ပဲလိုတယ်။
It's ten forty-five.
အခု ၁၀ နာရီ ၄၅ မိနစ်။
It's quarter to eleven.
အခု ၁၁ နာရီထိုးဖို့ ၁၅ မိနစ်လိုတယ်။
It's eight thirty-five.
အခု ၈ နာရီ ၃၅ မိနစ်။
It's twenty-five minutes to nine.
အခု ၉ နာရီထိုးဖို့ ၂၅ မိနစ်လိုတယ်။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Talking about Past Actions
အတိတ်ကာလမှ လုပ်ရပ်များအကြောင်း ပြောဆိုခြင်း
1. What did you do last Friday?
ပြီးခဲ့တဲ့ အပတ်သောကြာနေ့က ရှင်ဘာလုပ်ဖြစ်လဲ။
I went to a baseball game.
ကျွန်တော် ဘေစ်ဘော သွားကစားခဲ့တယ်။
2. Where did you go?
ခင်ဗျားဘယ်ကိုသွားခဲ့လဲ။
I went to Detroit.
ကျွန်မ ဒီထရွိုက်မြို့ကိုသွားခဲ့တယ်။
3. When did you get back?
ရှင်ဘယ်အချိန်က ပြန်ရောက်လဲ။
I got back on Saturday night.
ကျွန်တော် စနေနေ့ညက ပြန်ရောက်ပါတယ်။
4. Where did you stay?
ခင်ဗျားဘယ်မှာနေခဲ့လဲ။
I stayed with my parents.
ကျွန်မ မိဘတွေနဲ့ အတူနေထိုင်ခဲ့တယ်။
5. What did Sally have for lunch?
ဆယ်လီ နေ့လည်စာကို ဘာစားခဲ့လဲ။
She had soup and sandwiches.
သူမ စွတ်ပြုတ်နဲ့ အသားညှက်ပေါင်မုန့်စားခဲ့တယ်။
6. What did he eat last night?
မနေ့ညက သူဘာစားခဲ့လဲ။
He ate Chinese food.
သူတရုတ်အစားအစာ စားခဲ့တယ်။
7. How was the weather?
ရာသီဥတု ကဘယ်လိုအခြေနေရှိခဲ့လဲ။
It was wonderful.
အခြေနေကတော့ အံ့သြလောက်စရာပါပဲ။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Talking about the Future
အနာဂတ်ကာလအကြောင်း ပြောဆိုခြင်း
1. What will you do tomorrow?
ရှင်မနက်ဖြန် ဘာလုပ်ဖို့ရှိလဲ။
I'll help my mom with the housework.
ကျွန်တော့အမေကို အိမ်အလုပ်တွေ ကူလုပ်ပေးမလို့။
2. When will you finish?
ခင်ဗျားဘယ်အချိန် လက်စသတ်မလဲ။
In the afternoon.
နေ့ခင်းလောက်ပေါ့။
3. What will we do in class today?
ဒီနေ့ကျွန်မတို့ အတန်းထဲမှာဘာလုပ်ကြမလဲ။
We'll play some word games.
ကျွန်တော်တို့ စကားလုံးဆက်တမ်း ကစားကြမယ်လေ။
4. Where will they put the table?
သူတို့ စားပွဲကို ဘယ်မှာထားကြမလဲ။
They'll put it next to the window.
သူတို့ အဲဒါကို ပြူတင်းပေါက်ဘေးမှာ ထားကြလိမ့်မယ်။
5. When will Joe leave for New York?
ဂျိုးဘယ်တော့လောက် နယူးယော့ကို သွားမလဲ။
He'll leave right after dinner.
သူညစာစားပြီးရင်သွားလိမ့်မယ်။
6. How will he get there?
သူအဲဒီကို ဘယ်လိုသွားရောက်မလဲ။
He'll take the bus.
သူဘက်စ်ကားစီးသွားလိမ့်မယ်။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Talking about Life Events
ဘ၀ဖြတ်သန်းမှု့ ဖြစ်စဉ်အကြောင်းပြောဆိုခြင်း
1. When is your birthday?
ရှင့်ရဲ့ မွေးနေ့ဘယ်တော့လဲ။
December 29(th)
ဒီဇင်ဘာ ၂၉ လေ။
2. What year?
ဘယ်ခုနှစ်လဲ။
That's personal.
အဲဒါကတော့ ကိုယ်ရေးကိုယ်တာကိစ္စလေ။ (မပြောပြချင်)
3. Were you born and raised here?
ရှင်ကဒီမှာမွေးပြီး ဒီမှာကြီးတာလား။
No. I wasn't.
ဟင့်အင်း၊ မဟုတ်ပါဘူး။
4. Did Sam grow up here?
ဆမ်က ဒီမှာကြီးပြင်းတာလား။
Yes, he did.
အင်း သူက ဟုတ်တယ်။
5. Where did Lisa go to school?
လီဆာက ဘယ်မှာကျောင်းတက်တာလဲ။
In California.
ကယ်လီဖိုးနီးယားမှာလေ။
6. Which university did Rick go to?
ရစ်ခ်က ဘယ်တက္ကသိုလ်ကို တက်တာလဲ။
Princeton.
ပရင့်စတန်။
7. When will she graduate?
သူမဘယ်တော့ ဘွဲ့ရမလဲ။
Next April.
လာမယ့် ဧပရယ်မှာ။
8. When did they get married?
သူတို့ ဘယ်တုန်းက လက်ထပ်ခဲ့တာလဲ။
They got married in June.
သူတို့ ဂျွန်လက လက်ထပ်ခဲ့တာ။
9. When was your son born?
ရှင့်သားက ဘယ်တုန်းက မွေးတာလဲ။
Two months ago.
လွန်ခဲ့တဲ့ ၂ လကပါ။
10. What day is your wedding anniversary?
မင်းတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်က ဘယ်နေ့လဲ။
It's July 17th.
ဂျူလိုင် ၁၇ ပါ။
11. When did they move to Pittsburgh?
သူတို့ဘယ်တုန်းက ပစ်ဘက် ကိုပြောင်းခဲ့တာလဲ။
Last September.
ပြီးခဲ့တဲ့ စက်တင်ဘာကလေ။
12. When did his grandfather pass away/(die)?
သူ့ရဲ့ အဖိုးကဘယ်တုန်းက ဆုံးသွားတာလဲ။
Five years ago.
လွန်ခဲ့တဲ့ ၅ နှစ်ကပါ။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Expressing Likes and Dislikes
နှစ်သက်ခြင်းနှင့် မနှစ်သက်ခြင်းအကြောင်း ပြောဆိုခြင်း
1. I like fruit.
ကျွန်မ အသီးအနှံကြိုက်တယ်။
What kind?
ဘယ်လိုမျိုးအသီးတွေလဲ။
Oranges and bananas.
လိမ္မော်သီးတွေနဲ့ ငှက်ပျောသီးတွေလေ။
2. Helen likes sports.
ဟယ်လန်က အားကစားကို နှစ်သက်တယ်။
What kind of sports?
ဘယ်လိုအားကစားမျိုးလဲ။
Football and tennis.
ဘောလုံးနဲ့ တင်းနစ်လေ။
3. Ms. Cramer doesn't like coffee.
မ ခရင်မာက ကော်ဖီ မကြိုက်ဘူး။
Really? Does she like tea?
တကယ်လား။ လက်ဖက်ရည်ကော သူမ ကြိုက်သလား။
Yes, she does.
ဟုတ်ကဲ့။ သူမ ကြိုက်တယ်။
4. Tony does not like action movies.
တိုနီက အက်ရှင်ကားတွေ ကိုမကြိုက်ဘူး။
Oh. What kind does he like?
အော်..သူကဘယ်လိုမျိုးတွေ ကြိုက်တာလဲ။
(He likes) drama.
သူက အလွမ်းအဆွေးကားတွေ ကြိုက်တယ်။
5. Does Terry like swimming?
တယ်ရီက ရေကူးတာကို သဘောကျသလား။
Yes, he does.
ဟုတ်ကဲ့။ သူ သဘောကျတယ်။
6. Does Phil like soft drinks?
ဖီးလ် က အချိုရည်ကြိုက်သလား။
No, he doesn't.
ဟင့်အင်း။ သူမကြိုက်ဘူး။
7. Does Sheila like salad?
ရှီလာက ဆလပ်ရွက်ကြိုက်လား။
No, she does not.
ဟင့်အင်း။ သူမ မကြိုက်ဘူး
8. Do you like Chinese food?
ခင်ဗျား တရုတ်အစားအစာ နှစ်သက်လား။
Yes, I do.
ဟုတ်ကဲ့။ ကျွန်မ နှစ်သက်တယ်။
Do you like Chinese food?
ရှင်ရော တရုတ်အစားအစာ နှစ်သက်လား။
No, I don't.
ဟင့်အင်း။ ကျွန်တော် မနှစ်သက်ဘူး။
Do you like Chinese food?
ခင်ဗျား တရုတ်အစားအစာ နှစ်သက်လား။
A little.
နည်းနည်း ကြိုက်တယ်။
အသံဖိုင်ကို ဒီမှာဒေါင်းပါ
Situation: at a Store
အခြေအနေ: စတိုးဆိုင်တွင်
When you enter the store/start a conversation with the clerk:
စတိုးဆိုင်သို့သွားရောက်သောအခါ အရောင်းစာရေးနှင့်ပြောဆိုခြင်း
What a clerk might say:
အရောင်းစာရေးမှပြောနိုင်သည်:
What a customer might say:
ဝယ်သူမှ ပြောနိုင်သည်:
Excuse me. Do you work here?
ခွင့်ပြုပါ။ ဒီမှာ အလုပ်လုပ်ပါသလား
May I help you?
ကူညီပေးရမလား။
Can I ask you something?
ကျွန်တော် နည်းနည်းပေးလို့ရမလား။
Can I help you?
ကူညီပေးရမလား။
Can I help you find something?
ကူပီးရှာပေးရမလားဟင်။
What can I do for you?
ကျွန်မ ဘာများလုပ်ပေးရမလဲ ရှင်။
What a customer might respond:
ဝယ်သူမှ တန့်ပြန်နိုင်သော စကားအပြောဆိုများ။
Yes. I'm looking for ________________.
ဟုတ်ကဲ့ ကျွန်တော်ရှာနေတာက...........
Do you have any ___________ (s)?
ခင်ဗျား မှာရှိမလား.....................
Can you tell me where the ___________is/are?
ပြောပြနိုင်မလား ......................... ဘယ်နားမှာလဲဆိုတာ။
When you check out/leave the store:
စတိုးမှ ငွေရှင်းမည်/ ထွက်ခွာမည်ဆိုလျှင်:
Clerk:
စာရေး
Did you find everything you needed?
လိုအပ်တာတွေ ရှာလို့တွေ့ခဲ့ပါသလားရှင်။
Did you find what you were looking for?
ရှာဖွေတာတွေ တွေ့ခဲ့ပါသလားရှင်။
Did you find everything okay?
ရှာဖွေတာတွေအားလုံး အဆင်ပြေပါလားရှင်။
Will that be all (for today)?
ဒီနေ့အတွက်ဒါပဲလား ရှင်။
Is that everything?
ဒီလောက်ပဲလားရှင်။
(Will there be) anything else?
ထပ်ပြီးလိုအပ်တာများရှိပါသေးသလား။
Customer:
ဝယ်သူ
That's all for today.
ဒီနေ့တော့ ဒီလောက်ပါပဲ။
That's it. Thanks.
ဒီလောက်ပါပဲ။ ကျေးဇူးပါ။
အသံဖိုင်ကို mediafire မှဒေါင်းရန်
အသံဖိုင်ကို ifile မှဒေါင်းရန်