Friday 6 September 2024

yourdictionary.com

ဒီတစ်ခေါက် ညွှန်းပေးချင်တဲ့ reference ရတနာသိုက်တစ်ခုကတော့ yourdictionary.com ဖြစ်ပါတယ်။ တကယ်အဓိကညွှန်ပေးချင်တာက အဲဒီ အဘိဓာန် website မဟုတ်ပါဘူး။ အဲဒီ website ကိုသွားလိုက်ရင် သူ့ရဲ့ ပင်မ page ရဲ့ tool bar မှာ Dictionary, Thesaurus, Sentences, Examples စသည်ဖြင့် ပြထားတာတွေ့ရလိမ့်မယ်။ အဲဒီအထဲက Examples ဆိုတာကို နှိပ်ကြည့်ပါ။ အဲဒီ Examples ကိုသွားပြီးရင် search လုပ်ဖို့ပေးထားတဲ့နေရာကိုတွေ့ပါလိမ့်မယ်။ https://examples.yourdictionary.com/ အဲဒီမှာ ကိုယ်သိချင်၊ ဖတ်ချင်တဲ့ topic နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ နမူနာတွေကို ရှာပြီး စာဖတ်နိုင်ပါတယ်။ ကဗျာစပ်နည်း လေ့လာနေသူ ကာရံတွေ rhyme တွေ လေ့လာချင်သလား၊ Academic writing လေ့လာချင်သလား၊ အကုန်ရှိပါတယ်။ အင်္ဂလိပ်စာနဲ့စကားကို self-study လေ့လာနေသူများ၊ ဆရာ ဆရာမများပါ ကုန်ကြမ်း၊ class materials၊ မှတ်စု၊ ဆောင်းပါး မျိုးစုံ ရှာဖွေနိုင်ပါတယ်။ ဥပမာ၊ အင်္ဂလိပ်လို speaking မှာ congratulations ဘယ်လိုပြောမလို လေ့လာချင်ရင် search bar မှာ congratulations လို့ရိုက်ထည့်ကြည့်ပါ။ နမူနာဝါကျတွေ၊ ဖတ်စရာတွေ အများကြီး တွေ့ပါလိမ့်မယ်။ စမ်းသပ်တဲ့အနေနဲ့ search မှာmusic လို့ ရိုက်ထည့်ကြည့်ပါ။ Speaking lessons လို့ ရိုက်ထည့်ကြည့်ပါ။ Burma လို့ ရိုက်ထည့်ကြည့်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ရှာရခက်လှတဲ့ reading materials တွေ၊ အခု လူငယ်တွေအတွက်ကတော့ at their finger tips ပါပဲ။ #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း

No comments: