ဒီနေ့ အိပ်ရာက နိုးနိုးချင်း တွေးဖြစ်မိတယ်ဗျာ။ အော်..ဘာလိုလိုနဲ့ ကျွန်းပေါ်ရောက်တာ ၂ နှစ်ပြည့်တော့မှာပါလားလို့။ ဒီမရောက်ခင် လာဖို့ကြိုးစားနေတုန်းကတော့ မြန်မာစာရေးဆရာအများစု ရေးကြတဲ့ စင်္ကာပူရဲ့ ဘုန်းတော်ဘွဲ့ စာအုပ်တွေ ဆောင်းပါးတွေဖတ်ပြီး ကျွန်တော် မောင်ဇေကြီးလည်း စင်္ကာပူအိပ်မက်တွေ အတော်မက်ခဲ့ရတာကလား။ အလုပ်ကြိုးစားကြတဲ့ စင်္ကာပူနိုင်ငံသားတွေ၊ စာအရမ်းဖတ်ကြတဲ့ စင်္ကာပူနိုင်ငံသားတွေ၊ အင်္ဂလိပ်စကားပြောကြတဲ့ စင်္ကာပူနိုင်ငံသားတွေ နဲ့ ကြုံရဆုံရတော့မယ်ပေါ့ဗျာ။ စစရောက်ချင်းကို အလုပ်သိပ်ကြိုးစားတဲ့ ကျွန်းသားများကို တွေ့ရပါပြီကောဗျာ။ MRT station ထဲမှာ formal suit ကို အကျအန၀တ်ပြီး လက်တော့အိတ်ကို တဖက်ဆွဲလို့ တဖက်ကလည်း iphone ကို အဆက်မပြတ်ပြောပြီး အချိန်တစက္ကန့် နောက်ကျသွားရင်ဖြင့် ဘ၀ကြီးတစ်ခုလုံး ဆုံးရှုံးသွားမလောက် လူတွေကို တွန်းထိုးပြီးပြေးသွားနေကြသော ပုဂ္ဂိုလ်များပေါ့။ အဲ...ရုံးကိုရောက်သွားရင်တော့ အလုပ်ကို အဲဒီပုံစံမျိုးနဲ့များ သိပ်ပြီးကြိုးစားပန်းစားလုပ်သလားတော့ မေးနဲ့တော့ဗျို့။ ကျွန်းပေါ်မှာ ကျွန်တော့လိုပဲ အလုပ်နေကြသော တခြားမြန်မာ ဘလော့ဂါများကိုသာလက်တို့ကြည့်ကြပါတော့။ ကိုယ်တိုင်လည်း စာဖတ်ဝါသနာပါသမို့ စာသိပ်ဖတ်ကြတယ်ဆိုတဲ့ ကျွန်းသားများကိုတော့ လေးစားရင်းစွဲရှိသေးတာကိုးဗျ။ ကျွန်တော်တို့ ရွေပြည်ကြီးက (ကိုပီတာစကား ခဏငှားသုံးပါသည်) အထင်ကရစာရေးဆရာကြီးတစ်ဦးကလည်း ရေးဖူးတာကိုး ကျွန်းသားများ စာသိပ်ဖတ်ကြလို့ ရထားပေါ် ဘစ်ကားပေါ်တွေမှာ စာအုပ်ကိုယ်စီနဲ့ ဆိုပဲ။ ခုတော့ ကျွန်တော့ ရောင်းရင်းများလည်းသိတဲ့အတိုင်း စာဖတ်မဖတ်တော့မသိဘူး PSP တို့ iphone, ipad တို့နဲ့ ကမ္ဘာ ဂိမ်းပြိုင်ပွဲသာကျင်းပပေးမယ်ဆိုရင် ကျွန်းသားတို့ရဲ့ ဂိမ်းအရည်အသွေးကတော့ ထိပ်တန်းအဆင့်ထဲပါမယ်ထင်သဗျ။ ကဲပါ ကဲပါ ကျွန်တော် မောင်ဇေကြီးလည်း တကူးတက ပိုစ့်တင်ပြီး အတင်းပြောသလိုဖြစ်နေပါပြီ ဆိုလိုရင်းကို ဆက်ကြတာပေါ့။ ကျွန်တော့ အယူအဆလေးကတော့ အခုနည်းပညာပေါက်ကွဲမှု့ကြီး ဆိုကြတဲ့ခေတ်ကြီးမှာ information ဆိုတာ အဓိက ကိုင်ဆွဲရတဲ့လက်နက်တစ်ခုပါ။ ကျွန်တော်တို့ စတင်မယ့် ခြေလှမ်းတိုင်းကို အဲဒီလက်နက်ကို ကိုင်စွဲပြီးချီတက်ရတာပါပဲ။ လက်နက်အားကောင်းရင် ပိုခရီးရောက်ပေမယ့် လက်နက်အားနည်းရင်လည်း အထိနာတတ်တာပဲဗျ။ ကျွန်တော်တို့ ဆီက လူငယ်လေးတွေ ဒီလိုရေမြေခြားကို စွန့်စားပြီး အလုပ်လာရောက်လုပ်ကိုင်ဖို့အတွက် မနည်းလှတဲ့ ငွေကြေးတွေကို ပထမဆုံး စပြီးရင်းနှီးရတာပါ။ လိုအပ်တဲ့ အရည်အသွေးပိုင်းကိုလည်း ကိုယ့်နယ်ပယ်အလျှောက် ဖြည့်ဆည်းရတာပါပဲ။ ဘ၀ရဲ့ စစ်မြေပြင်ကို ထွက်မဲ့တပ်သားသစ်လေးတွေပါပဲ။ သူတို့အတွက် မှန်ကန်တဲ့ လက်တွေ့ကျတဲ့ သတင်းအချက်လက်တွေလိုအပ်ပါတယ်။ ဒါမှလည်း သူတို့အတွက်ဘာတွေလိုအပ်မလဲ ဘာတွေကြိုပြင်ဆင်ရမလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်မှာဖြစ်ပါတယ်။ စာရေးဆရာကြီးတစ်ဦးကတော့ ရေးဖူးပါတယ်။ ကျွန်သားတွေကို မြန်မာလူငယ်များ အားကျအတုယူနိုင်အောင် ရေးသားရခြင်းဖြစ်ပါတယ်တဲ့။ အနှီစာရေးဆရာကြီးများဟာ ပညာရှင်များဖြစ်တယ်ဆိုတာကို ကျွန်တော်မောင်ဇေကြီး ချွင်းချက်မရှိလက်ခံပါတယ်။ သို့ပေငြားလည်း ကျွန်းပေါ်က လက်တွေ့အခြေနဲ့ ဓလေ့စရိုက်တွေကိုတော့ ဒီမှာ နှစ်ပေါင်းများစွာ သူတို့နဲ့ထိတွေဆက်ဆံပြီး အလုပ်လုပ်ကိုင်နေတဲ့ ကျွန်တော့ ရောင်းရင်း ဘလောဂါကြီးများလောက် မသိနိုင်ပါဘူး။ တဆက်လည်း အလုပ်ကို ဖိစီးမှု့များစွာ၊ ပြဿနာများစွာနဲ့ လုံးထွေးလုပ်ကိုင်နေရတဲ့ကြားက ကျွန်းပေါ်က သတင်းအချက်အလက် များစွာကို ဘလော့မှတစ်ဆင့် ဖြန့်ဝေပေးနေကြတော့ ရောင်းရင်း ဘလော့ဂါများကိုလည်း ကျေးဇူးတင်လိုက်ပါတယ်။ တိုးတက် အောင်မြင်နေတဲ့ နိုင်ငံတစ်ခုကို ချည်းကပ်လေ့လာတဲ့အခါ ဘုန်းတော်ဘွဲ့တွေချည်းပဲဖွဲ့သီနေမယ်ဆိုရင် သွားရည်ကျစရာ ဆောင်းပါးတစ်ခု စာစုတစ်ခု ဖြစ်လာရုံရလွဲပြီး ထူးခြားမှု့သိပ်ရှိမယ်မထင်ပါဘူး။ သူတို့ကတော်တယ် မင်းတို့ကညံ့တယ် မင်းတို့သူတို့ကို အတုယူရမယ်ဆိုတဲ့ အခြေခံအချက်ကြီးကြီး လှပတဲ့ စာစုတွေနဲ့ နည်းမျိုးစုံ တန်ဆာဆင်ပြီး ရေးဖွဲ့နေကြရုံနဲ့ အလုပ်မဖြစ်လောက်ဘူးထင်ပါတယ်။ အသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာပြီး အဖြေကို ထိထိရောက်ချပြနိုင်တဲ့ စာစုမျိုးတွေ ဘလော့တွေမှာကလွဲလို့ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေမှာ အင်မတန်ရှားနေတယ်ထင်ပါတယ်။ စာရေးသူက စာဖတ်သူကို သူပြောတာ အတင်းလက်ခံခိုင်းတဲ့ စာစုတွေကများနေပါတယ်။ စာဖတ်သူက အစဆွဲထုတ်ပြီး ဖြန်ထွက်တွေးနိုင်တဲ့ ပုံစံအားနည်းတယ်ထင်ပါတယ်။
ဟုတ်ပြီ.... သူတို့ဘယ်လောက်ချမ်းသာကြလဲ။ ချမ်းသာအောင် ဘယ်လိုအလုပ်မျိုးလုပ်ကြသလဲ။ သူတို့ကိုယ်သူတို့ရော ချမ်းသာတယ်လို့ ခံယူကြလား။ ကျွန်တော်တို့က သူတို့ ငွေတွေဝင်တာသိကြတယ်။ သူတို့ ဘာတွေပြန်သုံးရတယ်။ သူတို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိတယ် မသိဘူး။
ကျွန်းပေါ်မှာရှိနေတဲ့ တက္ကသိုလ်တွေ ပေါ်လီကျောင်းတွေဟာ အဆင့်မြင့်ပညာတွေရဲ့ ပြယုတ်မဟုတ်ပါဘူး။
အဲဒီပညာတွေကို ကျွန်းသားတွေ ဘယ်လောက်တတ်မြောက်ပြီး၊ နိုင်ငံအတွက်ဘယ်လောက်အသုံးချနိုင်လဲဆိုတာက လိုရင်းဖြစ်ပါတယ်။ ကမ္ဘာကျော်မဂ္ဂဇင်းတွေက အမြဲလို ရွေးချယ်နေတဲ့ နယ်ပယ်အသီးသီးက ပညာရှင်စာရင်းမှာ အာရှအနေနဲ့ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နဲ့ ဂျပန်က ပုဂ္ဂိုလ်တွေ အလှည့်ကျလို ပါဝင်နေပေမယ့် ကျွန်းသားတွေ မတွေ့ရသလောက်ဖြစ်နေတာ သူတို့အဆင့်မြင့်ပညာတွေ တကယ်တတ်တယ်ဆိုတာကို အဆင့်မြင့်တည်ဆောက်ထားတဲ့ သူတို့ကျောင်းတွေကိုကြည့်ပြီး ကျွန်တော်တို့လက်ခံရမှာလား။ ဒီလို အဆင့်မြင့်ကျောင်းတွေရော အဲဒီကျောင်းက ဆင်းလာတဲ့ ကျောင်းဆင်းတွေရှိရဲ့သားနဲ့ နိုင်ငံရဲ့ အဓိက ပရောဂျက်တွေမှာ ဥရောပသား အဖြူတွေ ဘာကြောင့်ဦးဆောင်နေရသလဲ။ ကျွန်တော်တို့တွေ တတ်မြောက်နားလည်ထားတဲ့ ပညာနဲ့ ကျွန်းသားတွေရဲ့ ပညာအရည်အသွေး ခြားနားချက်နှုန်းဘယ်လောက်ရှိနိုင်မလဲ။
ဒါကတော့ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်ဖြစ်တဲ့ ငွေကြေးနဲ့ ပညာပိုင်းကိုပဲ အကြမ်းဖျင်း ချိန်ထိုးကြည့်တာပါ။
စိတ်ပိုင်းဆိုင်ရာရော.........
ကျွန်းသားတွေ သူတို့ရဲ့ လက်ရှိဘ၀ကို ကျေနပ်မှု့နှုန်းဘယ်လောက်ရှိလဲ၊ ကျွန်တော်တို့ကရောဘယ်လောက်ရှိလဲ။
ကျွန်းသားတွေက သူတို့ အသိုင်းအ၀ိုင်းအတွက် နွေးထွေးအေးချမ်းမှု့အတွက် ဘယ်လောက်အကျိုးပြုနေလဲ၊
ကျွန်တော်တို့ရဲ့ လူမှု့အသိုင်းအ၀ိုင်းကရော ဘယ်လောက် နွေးထွေးအေးချမ်းလဲ။
ကျွန်တော် ဥပမာအနေနဲ့ အကြမ်းဖျင်း လေ့လာသုံးသပ်မှု့လေးတစ်ခုပြောပြပါမယ်။ အိမ်ကနေ နည်းနည်းအလှမ်းဝေးတဲ့ နေရာလောက်ကို ၁ နာရီလောက် လမ်းလျှောက်ကြည့်ပါ။ ပြီးရင်တွေ့သမျှလူတိုင်းရဲ့ မျက်နှာကို စာဖတ်ကြည့်ပါ။ မှတ်သားပါ။ ရယ်မောနေတဲ့လူက ဘယ်နှစ်ယောက်၊ သုံမှုန်နေတဲ့လူက ဘယ်နှစ်ယောက်၊ ငြင်ခုန်နေတဲ့ လူက ဘယ်နှစ်ယေက်၊ တင်းမာခက်ထန်နေတာ ဘယ်နှစ်ယောက် စသည်ဖြင့်ပေါ့။ ပြီးရင် ကျွန်တော်တို့ နိုင်ငံမှာ လည်း အဲလိုလေ့လာသုံးသပ်မှု့တစ်ခု လုပ်ကြည့်ပြီး ချိန်ထိုးကြည့်ပါ။
ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေ အသုံးအဆောင်တွေ အဆင့်မြင့်ပြီး ပေါများဖူလုံအောင် ကြိုးစားနိုင်တာ အရည်အချင်းတစ်ခုပါ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကို အဆင့်မြင့်အောင် တည်ဆောက်ရတာကတော့ အဆများစွာပိုခက်ပါတယ်။
ကျွန်းပေါ်မှာတော့ ဘဘကြီး လီကွမ်ယု ရဲ့ အကွပ်အညှပ်ကောင်းမှု့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု့နဲ့ နေထိုင်မှု့အဆင်အတန်းတွေ နေ့ချင်းညချင်း တိုးတက်လာပေမယ့် စိတ်ပိုင်းဆိုင်ရာတွေ ရင့်ကျက်ပြည့်မီဖို့တော့ ဘကြီးလီလည်း အားလျှော့ခဲ့တယ်ထင်ပါရဲ့။
ကျွန်းသားတွေအနေနဲ့ တစ်ယောက်ယောက်ကိုသော်လည်းကောင်း အများသူငှာကိုလည်းကောင်း မထေမဲ့မြင်ပြုမူတာ၊ မရုမစိုက်တာဟာ အလေ့အထ တစ်ခုလိုလက်ခံလာပါပြီ။
ပုံလေးတွေကိုကြည့်ပါဦး
ထိုင်ခုံနေရာ ဦးထားတဲ့ အန်တီကြီးပေါ့
ကျွန်းပေါ်က အထင်ကရ မီဒီယာတစ်ခုဖြစ်တဲ့ channel 8 က ကားတစ်စီး စည်းကမ်းမဲ့ ရပ်နားထားပုံပါ။
ဒါကလည်း စည်းကမ်းမဲ့ ရပ်နားထားတဲ့ ကားပုံတွေ။ ကျွန်းသားတွေက ရဲနဲ့ ကင်မရာနဲ့ကလွဲရင် ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုကြတယ်။
နေ့လည်ခင်း စားသောက်ဆိုင်မှာ လူပြည့်ကြပ်နေချိန် စိတ်လွတ်ကိုယ်လွတ် အိပ်နေတဲ့ ကျွန်းသူတစ်ယောက်ပေါ့။
ဒီနေ့ အလုပ်ပိတ်ရက်မို့ အိပ်ရာက နိုးနိုးချင်း ဒီပိုစ့်ကိုရေးဖြစ်ပါတယ်။ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်တဲ့ ကျွန်တော်ရဲ့ အမြင်နဲ့ အယူအဆလေးတွေဖြစ်ပါတယ်။
" ကျွန်းသားတွေက ငွေကြေးချမ်းသာတယ်၊ ကျွန်တော်တို့ကဆင်းရဲတယ်"
ဟုတ်ပြီ.... သူတို့ဘယ်လောက်ချမ်းသာကြလဲ။ ချမ်းသာအောင် ဘယ်လိုအလုပ်မျိုးလုပ်ကြသလဲ။ သူတို့ကိုယ်သူတို့ရော ချမ်းသာတယ်လို့ ခံယူကြလား။ ကျွန်တော်တို့က သူတို့ ငွေတွေဝင်တာသိကြတယ်။ သူတို့ ဘာတွေပြန်သုံးရတယ်။ သူတို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိတယ် မသိဘူး။
"သူတို့က အဆင့်မြင့်ပညာတွေ တတ်ကြတယ်၊ ကျွန်တော်တို့က မတတ်ဘူး"