Friday 29 November 2019
ပုံတွေ၊ ဗွီဒီယိုတွေ ထဲက စာတွေကို အလွယ်တကူ ကော်ပီကူးနည်း
ဒီတစ်ခုကတော့ ခင်ဗျားတို့ ကျွန်တော့ကို အမှန်အကန် ကျေးဇူးတင်မှာ..
ကျွန်တော်တို့ Copy တွေကူးတဲ့အခါ Webpage တွေတို့ Social Media တို့မှာ တင်ထားတဲ့ စာ‌ေတွကို Copy ကူးရတာ လွယ်သလောက် .. ပုံပေါ်ကစာတွေတို့ Video ထဲကစာတွေတို့ကျ Mouse ထောက်မရတော့ ဘယ်လိုမှ ကူးမရဘူး.. အဲ့ကျ ပုံပေါ်က စာကို လိုချင်တယ်ဆိုရင် ကြည့်ပြီး တစ်လုံးချင်း ပြန်ရိုက်ထည့်ရရော၊ Video ဆိုလည်း အဲလိုပဲ။
အခု ကျွန်တော် ပြောပြမယ့် Tool တွေကတော့ ပုံပေါ်ကစာတွေ၊ Video ထဲကစာတွေကို ကော်ပီကူးရုံတင်မကဘူး၊ Translate လုပ်တာတို့ Real-time ဖျောက်ပစ်တာတို့ပါ လုပ်လို့ရတဲ့ Tool အလန်းစားတွေပါ။ Tool ၂ ခုပြောပြမှာဖြစ်ပြီး ၂ ခုလုံးသည် Browser Extension/Addon တွေဖြစ်ပါတယ်။
Project Naptha
ဒီလို Tool အလန်းတွေရှိကြောင်း စသိခဲ့တာက Project Naptha ကြောင့်ပါ။ သူ့ရဲ့ အဓိက ကောင်းကွက်က ပုံတွေ ပေါ်က စာတ‌ွေကို ကော်ပီကူးပြီး Paste ပြန်ချလို့ ရသလို၊ Real-time Translation, စာကိုဖျောက်တဲ့ Erase Text, စာကိုပြောင်းပစ်တဲ့ Reprint, စတဲ့ Feature တွေ Free သုံးလို့ရတာပါပဲ။ သိပ်မကောင်းတာကတော့ Chrome Extension တစ်ခုပဲ ရသေးတာပါပဲ။ Video ကို လုပ်လို့ရမရတော့ တခါမှမစမ်းဖူးလို့ မသိသေးဘူး။
သူ့ကိုဒေါင်းမယ်ဆိုရင် Chrome Extension ကို ဒေါင်းပြီး သုံးလို့ရပါတယ်။
Web >> https://projectnaptha.com/
Chrome >> http://bit.ly/napthachrome
Copyfish
ဒီ Tool ကတော့ Project Naptha အစား သုံးလို့ရတဲ့ Tool တစ်ခု ဖြစ်ပါတယ်။ သူကကျ Chrome နဲ့ Firefox အပြင် Opera တွေဘာတွေ အတွက်ပါ ရှိတော့ ပိုအဆင်ပြေတယ်။ ပြီးတော့ သူက Video တွေပေါ်က စာတ‌ွေကိုပါ ကူးလို့ရတာဆိုတော့ ပိုမိုက်တယ်။ သိပ်မကောင်းတာက Basic Feature တွေပဲ Free ရတယ်။ ပိုကောင်းတဲ့ Translate တို့၊ ပိုတိကျတဲ့ လက်ရေးတွေကိုပါ ကူးလို့ရတဲ့ Feature တွေကျ ပိုက်ဆံတောင်းတယ်။ Basic လည်း ဆိုးတော့ မဆိုးပါဘူး။
Web >> https://ocr.space/copyfish
Chrome >> http://bit.ly/copyfishchrome
Firefox >> http://bit.ly/copyfishff
ဆိုတော့ ခင်ဗျားတို့ဘဝ နည်းနည်းပိုလွယ်ကူသွားပြီနဲ့ ထင်တယ်။ ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် Share ပေးပါဦး။ ကျေးဇူးတင်ပါတယ်။
[Zawgyi]ပုံတွေ၊ ဗွီဒီယိုတွေ ထဲက စာတွေကို အလွယ်တကူ ကော်ပီကူးနည်း
#ToolsThursday
ကျွန်တော်တို့ Copy တွေကူးတဲ့အခါ Webpage တွေတို့ Social Media တို့မှာ တင်ထားတဲ့ စာ‌တွေကို Copy ကူးရတာ လွယ်သလောက် .. ပုံပေါ်ကစာတွေတို့ Video ထဲကစာတွေတို့ကျ Mouse ထောက်မရတော့ ဘယ်လိုမှ ကူးမရဘူး.. အဲ့ကျ ပုံပေါ်က စာကို လိုချင်တယ်ဆိုရင် ကြည့်ပြီး တစ်လုံးချင်း ပြန်ရိုက်ထည့်ရရော၊ Video ဆိုလည်း အဲလိုပဲ။
Project Naptha
Copyfish
ကိုအေ
No comments: