Friday 9 August 2024

ဆေးစစ်အ​ဖြေလွှာပေါ်က အတိုကောက်စာလုံးများ

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ (နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ) > EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ @ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ ) > Urine RE - ဆီးစစ်တာ @ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ ) >Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ ) >FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ @ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ (အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ) > Alkaline Phosphates - အသည်းစစ်တာ >AFP - အသည်းကင်ဆာစစ်တာ @ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် ) > Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ > BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ @ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် ) > Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ >Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ > HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ > LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို စစ်တာ @ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ) > CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ @ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ >HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ >Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ > Anti HCV - C ပိုးစစ်တာ @( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ) (Chest X-ray) ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ @ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ @ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ > T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ @> HIV - HIV ပိုးစစ်တာ @> VDRL - ကာလသားရောဂါ ပိုး စစ်တာ @> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ @>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ @> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ @> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် ) အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ စတဲ့သူတွေကို စစ်တာ @>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ စစ်ဆေးတာ @> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ @> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ @> AFP - အသည်းကင်ဆာ စစ်တာ @> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ @> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ @> CRP ( C Reactive Protein) - သွေးကြောရောင် ်ကိုင်းတာကို စစ်တာ . ခဏခဏလာမေးလို့ တင်ပေးလိုက်တာပါ အားနည်းချက်အများကြီးနဲ့ မပြည့်စုံတာတွေကို တစ်ဖြည်း၂နဲ့ ပြန်ပီးပြင်ဆင် ဖြည့်စွက်ပေးပါ့မယ် (ဗဟုသုတအဖြစ်သာ) ကိုကိုကြီး

No comments: