အကြောင်းရာလေးကတော့ ဒီလောက်ပါပဲ။ စာရေးသူရဲ့ အဓိကပေးချင်တဲ့ မက်ဆေ့က မေတ္တာတရားကို ခြုံထည်တစ်ခုလို့ ခြံလွှမ်းလာတဲ့ လူတွေအကြောင်းပါ။ လူတစ်ချို့ ဟာ သိပ်ပြည့်စုံလာတဲ့အခါ ရုပ်ဝတ္ထုတွေပိုင်ဆိုင်မှု့ကြောင့် လူရာဝင်တဲ့ အခြေနေကနေ စိတ်ပိုင်းဆိုင်ရာအရပါ လူရာဝင်ချင်လာကြပါတယ်။ အဲဒီတော့ သူတို့ဟာ လူတွေအထင်ကြီးမယ့်၊ အလေးမြတ်ပြုခံရမယ့် လူသားချင်းစာနာတဲ့ အလုပ်အကိုင်တွေဖက်ကို လှည့်လာကြပါတယ်။ ဒီအလုပ်တွေဟာ အမှန်တော့ မေတ္တာဂရုဏာကို အခြေပြုပြီးလုပ်ကိုင်ရတာပါ။ ရင်ထဲမှာ မေတ္တာတရားတွေ သစ်ပင်တစ်ပင်လို့ အမြစ်တွယ်နေတဲ့သူတွေ၊ မြစ်တစ်စင်းလိုစီးဆင်းနေတဲ့သူတွေသာ ဘ၀တစ်ခုလုံးကို မြုတ်နှံပြီးလုပ်နိုင်ကြပါတယ်။ သူတို့ရဲ့ပေးဆပ်အနစ်နာခံမှု့ကြောင့် လူ့အသိုင်းဝိုင်းမှာ အင်မတန်လေးစားအပ်တဲ့ လူတွေအဖြစ်ထင်ပေါ်လာကြတယ်။ သူတို့ကိုယ်တိုင် ထင်ပေါ်မှု့ကိုအလိုမရှိပေမယ့် ပတ်ဝန်းကျင်က အသိအမှတ်မပြုပဲနေလို့မရလောက်အောင်ကိုဖြစ်လာတယ်။ ဒါပေမယ့် အထက်ကအကြောင်းရာလေးလို့ ရင်ထဲကပေါက်ဖွားရှင်သန်လာတဲ့ မေတ္တာကြောင့်မဟုတ်ပဲ အဆောင်ယောင်တစ်ခုလောက်ပဲ ဦးတည်ပြီးသွားနေတဲ့ သူတွေလည်းရှိပါတယ်။ နာရေးကျင်းပတဲ့ ကောင်လေးလိုပေါ့။ အနီးစပ်ဆုံး ဥပမာပေးချင်ပါတယ်။ အယ်ဂျီးနီးယားအနွယ်ဖွား ခရစ်ယန်သီလရှင်ကြီး မာသာထရီဇာကို လူတိုင်းတော့သိမယ်မထင်ပါဘူး။ ဒါပေမယ့် အင်္ဂလန်က ချားမင်းသားရဲ့ ဇနီးဟောင်း ဒိုင်ယာနာကိုတော့ မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ သူတို့နှစ်ယောက်ဟာ လူမှု့ရေးအလုပ်တွေကို အားကျိုးမာန်တကိလုပ်ကိုင်ဆောင်ရွက်တဲ့ဖက်မှာ ထင်ပေါ်ကျော်ကြားပါတယ်။ အခုတော့ နှစ်ယောက်စလုံးမရှိကြတော့ပါဘူး။ ကွာခြားတာကတော့ မာသာထရီဇာဟာ သူ့ဘ၀တစ်ခုလုံးကို လူမှု့ရေ့းအလုပ်တွေမှာပဲ မြုတ်နှံခဲ့ပြီး နေရာဒေသမရွေး အခက်ခဲပေါင်းစုံကို ရင်ဆိုင်ပြီး စေတနာ့ဝန်ထမ်းအလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရုပ်သံတွေ ဓာတ်ပုံတွေမှာ မြင်ရတဲ့မာသာထရီဇာရဲ့ အလုပ်တွေဟာ သူတကယ်လုပ်ခဲ့တာရဲ့ အစိတ်အပိုင်းလေးတစုပဲရှိပါသေးတယ်။ ဒိုင်ယာနာကတော့ လှုမှု့ရေးအလုပ်တွေကို လုပ်ခဲ့တယ်ဆိုပေမယ့် မာသာထရီဇာနဲ့မတူပါဘူး။ မာသာထရီဇာလို မွေးရာပါနှလုံးသားထဲက အမြစ်တွယ်ပေါက်ဖွားလာတာမဟုတ်ပဲ အိမ်ထောင်ကွဲပြီးနောက်ပိုင်းမှ စိတ်ထွက်ပေါက်တစ်ခုအနေန့ လူသားခြင်းစာနာမှု့ ဇာတ်ခုံပေါ်မှာ ပေါ်လာတာ သတိထားမိကြမှာပါ။ ပြီးတော့ သူအလုပ်လုပ်တဲ့ နေရာအများစုဟာ ကမ္ဘာ့သတင်းဋ္ဌာနပေါင်းစုံက ကင်မရာတွေ ၀ိုင်းနေတဲ့ နေရာတွေများပါတယ်။ မာသာထရီဇာလို ဘယ်သူမှမသွားရဲတဲ့ မိုင်းတွင်းတွေ၊ ငတ်ပြတ်နေပြီး ရာဇ၀တ်မှု့ထူပြောတဲ့နေရာမျိုးတွေကို မသွားရဲခဲ့ပါဘူး။ တဖက်မှာလည်း အတူနေရည်းစား မူဆလင်ဘာသာဝင် ဒိုဒီနဲ့ အပန်းဖြေခရီးထွက်တာများတဲ့အတွက် အချိန်ပြည့်လူမှု့ရေးအလုပ်တွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။ မာသာထရီဇာနဲ့ ဒိုင်ယာနာဟာ အချိန်သိပ်မကွာပဲ ကွယ်လွန်ခဲ့ကြတာပါ။ မာသာထရီဇာက လူမှု့ရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့အတွက် လူကြီးရောဂါနဲ့ဆုံးပါးခဲ့ပေမယ့် ဒိုင်ယာနာကတော့ ရည်းစားနဲ့ အတူသွားနေချိန် ပါပရာဇီတွေရဲ့ နှောက်ယှက်မှု့ကြောင့် ကားမှောက်ပြီးကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒိုင်ယာနာကွယ်လွန်ချိန်မှာ ၀မ်းနည်းစာပေါင်းများစွာ၊ the candle with the wind (လေထဲကဖရောင်းတိုင်) ဆို့တဲ့သီချင်း တွေနဲ့ ဂုဏ်ပြုပြီး နာရေးကျင်းပခဲ့ပေမယ့် မာသာထရီဇာ ကွယ်လွန်တာကိုတော့ သိတဲ့လူ သိပ်မများခဲ့ဘူးထင်ပါတယ်။ ဒါပေမယ့် မာသာထရီဇာကို နိုင်ငံတော်အဆင့်အနေနဲ့ နာရေးကျင်းပခဲ့ပါတယ်။ သူ့ရဲ့ မေတ္တာ လွှမ်းခြုံခံခဲ့ရတဲ့ ကမ္ဘာနိုင်ငံပေါင်းစုံက လူတွေရဲ့ ရင်ထဲမှာတော့ မိခင်တစ်ယောက်လို့ အခုထိရှင်သန်နေဆဲပဲလို့သိရပါတယ်။ မာသာထရီဇာ ကွယ်လွန်တဲ့နှစ်ပတ်လည်ရောက်တိုင်း အထိမ်အမှတ်ဆုတောင်းပွဲတွေ ကမ္ဘာအနှံကျင်းပကြတယ်။ ဒိုင်ယာနာကတော့ သေဆုံးချိန်မှာ သီချင်းတွေစပ်ဆို လွမ်းချင်းတွေဖွဲ့နဲ့ ရေပန်းစားခဲ့ပေမယ့် ခုချိန်မှာတော့ ဘယ်သူမှ အရေးတယူ မလုပ်ကြတော့ပါဘူး။ အဲဒါဟာ မေတ္တာဂရုဏာ တွေကောင်းကင်တစ်ခုလိုကျယ်ပြောခဲ့တဲ့သူနဲ့ လျှပ်ပျက်သလိုလေး တောက်ပခဲ့သူ ကွာခြားချက်ပါပဲ။ မပေါက်ကွဲသေးတဲ့ မြေမြုတ်မိုင်းတွေ အများကြီးကြားထဲမှာ ကိုယ့်အသက်ကို ထည့်မတွက်ပဲ ကယ်ဆယ်ရေးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု့ တွေတက်တက်ကြွကြွလုပ်ခဲ့တဲ့ အမျိုးသမီးကြီးနဲ့ ဇိမ်ခံရွက်လှေစီး ရည်းစားနဲ့ ချစ်တင်းနှောရင်း ကင်မရာတွေ ရှေ့ မှာပဲ လူမှု့ ရေးတွေ တက်ကြွနေတတ်တဲ့ အမျိုးသမီး ဘယ်လိုမှ ယှဉ်လို့ရမှာမဟုတ်ပါဘူး။ မာသာထရီဇာဟာ သူဘ၀တစ်ခုလုံး အများအကျိုးအတွက် ပေးဆပ်ပျော်ဝင်ခဲ့သူပါ။ သူ့ဘ၀မှာ နောက်ဆုံးအချိန်ထိ အကျိုးမရှိ အချိန်ဖြန်းတဲ့ အလုပ်ဘာတစ်ခုမှ လုပ်ခဲ့တာမတွေ့ရပါဘူ။ ခရစ်ယန်ဘာသာဝင် သီလရှင်ကြီးဆိုပေမယ့် ဘာသာပေါင်းစုံက လေးစားရတဲ့အမျိုးသမီးကြီးပါ။ ကျွန်တော်တို့လည်း လူမှု့ရေးအလုပ်တွေလုပ်တဲ့အခါ မာသာထရီဇာလို ရင်ထဲက ဖြစ်တဲ့ စေတနာလား ဒိုင်ယာနာလို့ ပေါ်ပင်လုပ်တာလားဆိုတာ သေချာကွဲပြားအောင် ကိုယ့်ကိုကိုယ် သတိပြုသုံးသတ်သင့်တယ်လို့ ယူဆမိတဲ့အတွက် တွေးမိရေးမိတာလေးပါ။
Showing posts with label ကိုယ်တိုင်ရေးဆောင်းပါး. Show all posts

Saturday, 8 October 2011
မာသာထရီဇာနဲ့ ဒိုင်ယာနာ

ဖတ်ဖူးသောစာအုပ်များနှင့်ကိုယ်ပိုင်အတွေးများ
“ကောင်းတာလုပ်တိုင်းသာ ကောင်းတာဖြစ်ကြေးဆိုရင် ဘုရားကဒုက္ခသစ္စာ လို့ဘယ်ဟောမလဲ။”
ခေတ်သစ်တစ်ခု၏အစ အဓိပ္ပါယ်တစ်ခု၏အဆုံးဆိုတဲ့စာအုပ်ထဲကပါ။ ကျွန်တော်တို့တွေ သတိမမူမိတာလေးကို ထောက်ပြထားတာ။ တစ်ခါတစ်လေ အဆင်မပြေတာလေးတွေ၊ ပြသနာလေးတွေရှိတဲ့အခါ စိတ်ပျက်တတ်ကြ တယ်။ ဗုဒ္ဒဘာသာဝင်ဖြစ်ရက်နဲ့ အော်ငါရောက်နေတာ ဒုက္ခဘုံကြီးပါလားဆိုတာကို မေနေ့တတ်တယ်ဗျ။ အမြဲနှလုံးသွင်းဖို့ကောင်းတဲ့ စာသားလေးပေါ့။
“ ဒုက္ခအကြောင်းကိုတွေးပြီး ငိုယိုညည်းတွားနေသူဟာ လူညံ့ဖြစ်တယ်။ ဒုက္ခရှိနေတာသိရက်နဲ့ ကိုယ့်ကို
ကိုယ် ထူထောင်နိုင်ဖို့ကြိုးစားသူဟာ လူတော်ဖြစ်တယ်။ မျက်ရည်နဲ့မျက်ခွက် ဗီဒီယိုတွေ၊ ၀ထ္ထုစာအုပ်တွေဟာ
လူတွေကို လူညံ့ဖြစ်အောင်မြူဆွယ်နေတာပဲ။ ကိုယ်ကိုကိုယ် ထူထောင်ချင်တဲ့စိတ်ထက် ‘လူအသနားခံရတဲ့ မင်းသား၊ မင်းသမီးဖြစ်ရတာပိုကောင်းတယ်’ ဆိုတဲ့လူညွန့်တုံးစိတ်ကို ပိုအမွှန်းတင်ရာရောက် နေလေရဲ့။ ကျွန်တော်တို့ရဲ့ကလေးတွေကို အဲဒီလို ဗီဒီယို၊ ရုပ်ရှင်၊ ၀ထ္ထုတွေနဲ့ မယဉ်ပါးပါစေနဲ့ လူ့ဘ၀ကို အရှိအရှိအတိုင်း မြင်တတ်တဲ့ သတ္တိရှိတဲ့ လူစစ်စစ်တွေဖြစ်မလာပဲ လောကထဲမှာ ပြဇတ်လို၊ ရုပ်ရှင်လို (စိတ်ကူးကြောင်၊ အမူရာကြောင်တွေနဲ့) အချည်းနှီးဟန်များနေတဲ့ မောင်အိုက်တင်၊ မယ်အိုက်တင်လေးတွေ ဖြစ်လာမှာစိုးလို့ပါ။”
ဒါကတော့လူငယ်တွေကို စေတနာအပြည့်နဲ့တိုက်တဲ့ အားဆေးတစ်ခွက်ပါပဲ။ ဒီစာအတွက်သူလည်း ဝေဖန်မှုတွေ နဲ့ လွတ်မယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုဖောက်ထွက်တင်ပြရဲတဲ့ စေတနာကိုတော့ အသိအမှတ် ပြုရမှာပါပဲ။
“သူများရဲ့ ထင်မြင်ချက်ပေါ် အလေးထားလွန်းရာက ဖြစ်လာတဲ့စိတ်ဒုက္ခဟာ ဘယ်သူ့အတွက်မှ ကောင်းကျိုး မဖြစ်ထွန်းစေနိုင်ပါဘူး။ လောကကြီးဟာ ပြဇာတ်တစ်ခုမဟုတ်တဲ့အတွက် ခင်ဗျားဟာ ဇာတ်လိုက်တစ်ယောက် မဟုတ်သလို တခြားသူတွေလည်း ဘာမှမဟုတ်ပါဘူး။”
“တန်ဖိုးမရှိဘူးလို့ ခင်ဗျားထင်တဲ့အရာတွေဟာ အခြေနေတစ်ခုပြောင်းသွားရင် ခင်ဗျားဘ၀တစ်ခုလုံးကို ပေးပြီး ၀ယ်ရလောက်အောင် တန်ဖိုးရှိနေတာတွေ့ရလိမ့်မယ်။” (ဒီစာသားကိုကျောင်းသားဘ၀ထဲကကြားဖူးတယ် အရမ်းကြိုက်ခဲ့တဲ့ စာသားလေးပေါ့)
ဆရာတာရာမင်းဝေစာအုပ်ထဲက စာသားလေးတစ်ခုရှိတယ်ဗျ “လေပြေကိုချည်းပဲ သိပ်မျှော်လင့်မနေနဲ့တဲ့ မုန်တိုင်းမှာလည်း အောက်စီဂျင်ပါတယ်” ဆိုပဲ။ ဘ၀မှာအကြောင်းအမျိုးမျိုးကြောင့် လဲကျသွားတဲ့အခါမျိုးမှာ စိတ်မပျက်အောင် အားပေးတဲ့စာသားလေးပေါ့ဗျာ။
ပြသနာဆိုတဲ့ကောင်ဟာ လာရင်ဘယ်တော့မှတစ်ကောင်တည်းမလာတတ်ဘူးလေ။ အဖော်အပေါင်းနဲ့ကိုလာတာ။ အဆင်မပြေတာတစ်ခု ကြုံပြီဟေ့ဆိုရင် နောက်ထပ် အဆင်မပြေတာတွေလည်း တန်းစီနေတတ်တယ်။ ဒီကောင်တော့ဘယ်အချိန်လဲပြိုသွားမလဲဆိုပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်တော့တာပဲ။ ကျွန်တော်တို့ လည်းနည်းမျိုးစုံနဲ့ခုခံရတာပဲ။ တစ်ခါတစ်လေ စစ်ကူလာရင်တော့အဆင်ပြေတာပေါ့ဗျာ။ အများသောအားဖြင့် တစ်ကိုယ်တော်တိုက်ရတာတွေများပါတယ်။ ကဲခင်ဗျားမှာ တစ်ခုခုအဆင်မပြေဘူးလား လက်ကျန်အင်အားတွေပြင်ထားပေတော့။ အထက်မှာရေးထားတဲ့စာသားမျိုးပေါ့ အားဆေးတွေလည်း ဆောင်ထား ရရာလက်နက်ကိုင်ပြီးနောက်လာမယ့်ကောင်တွေကိုရှင်းတော့ဗျို့။
နောက်တစ်ခုက ကျွန်တော့အမြင်လေးပါ။ ပကတိသဘောတရားဆိုတာလေး…။ ဆရာဖေမြင့်ရဲ့ စာအုပ်ထဲက “ဒါလည်းပြီးသွားမှာပါ” ဆိုတဲ့ စာကြောင်းလေးနဲ့ဆပ်စပ်ပြီးတွေးဖြစ်တာလေးပါ။ ဆရာဖေမြင့်ပြောတဲ့သဘောက တော့ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဘာမှကြာရှည်မခံဘူး ပြီးသွားမှာပါဆိုတဲ့သဘောလေး၊ ပကတိ အမှန်တရားမဟုတ်ဘူးပေါ့။ ပကတိအမှန်တရားဆိုရင် ကျွန်တော်တို့ကောင်းကျိုးတွေခံစားရတယ်ပေါ့၊ ကောင်းကောင်းနေရမယ် ကောင်းကောင်းစားရမယ် စိတ်ချမ်းသာစရာတွေချည်းပဲဆိုပါတော့။ တစ်သက်လုံးတည်မြဲနေရမယ်လေ။ အဲလိုပဲ မကောင်းတဲ့အရာတွေ၊ စိတ်ညစ်စရာတွေ ကြုံရတယ်ဆိုပါတော့ ကျွန်တော်တို့တသက်လုံး စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေချည်းပဲ ကြုံနေရတာမျိုးမဟုတ်ပါဘူး။ ဒီလိုပဲ ရယ်တစ်လှည့် ငိုတစ်လှည့် ဘ၀ကိုဖြတ်သန်းကြရတာချည်းပါပဲ။ ကြာရှည်တည်မြဲတဲ့သဘောမဟုတ်ပါဘူး။ ဆရာ ဖေမြင့်ပြောတဲ့သဘောက ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလွန်းအမင်းခံစားနေဖို့ မလိုဘူးဆိုတဲ့ သဘောပါ။ ပကတိတည်မြဲတဲ့အရာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် လောကမှာ ကျွန်တော်တို့ သေတဲ့အချိန်လောက်ထိတော့ ပကတိတည်မြဲပြီး အမြဲတမ်း သတိပြုရမှာတွေတော့ရှိသေးတယ်ဗျ။ ဥပမာ သစ္စာတရား ၊ မိဘမေတ္တာ၊ ကိုယ်ကျင့်တည်ကြည်စောင့်စည်းမှု့၊ရိုးသားမှု့စတာမျိုးတွေပေါ့။ အဲဒါတွေကတော့ သူတို့ကိုလေးစားတန်ဖိုးထားရင် ထားသလို၊ တန်ဖိုးမထားရင်မထားသလို တသတ်မှတ်တည်း အကျိုးသက်ရောက်တယ်ဗျ။ သူတို့ကတော့ ပကတိမပြောင်းလဲပဲတည်ရှိနေတဲ့ အကျိုးတရားတွေပေါ့။ ကျွန်တော်တို့အများစုက ပေါ်လိုက်ပျောက်လိုက်ခံစားချက်တွေပေါ်မှာပဲ ဦးစားပေးနေတတ်ပြီး မပြောင်းလဲတဲ့ တစ်သတ်မှတ်တည်းသော အရာတွေကို စဉ်းစားဆင်ခြင်ဖို့မေ့နေတတ်တယ်ဗျ။ တစ်ခါတစ်လေ ၀မ်းနည်းစရာကြုံလို့ ငိုရတယ်ဆိုပါတော့။ တစ်သက်လုံးငိုနေမလားဟေ့ ဆိုတော့လည်းမဟုတ်ပြန်ဘူး။ ဘာမှမစားမသောက်ပဲ အကြာကြီးလည်းဘယ်သူမှမငိုနိုင်ပါဘူး။ ခဏလေးဖြစ်တဲ့စိတ်အပေါ်မှာ အရမ်းနှစ်ပြီး ခံစားလိုက်တဲ့အခါ တစ်သက်လုံးပဲခံစားရတော့မလို၊ ဖြေလို့ပဲမပြေနိုင်တော့သလို ထင်တတ်ကြတယ်။ နောက်တော့လည်းပြီးသွားတာပါပဲ။ အဲတော့ ကျွန်တော်တို့က လတ်တလောအခြေနေကိုကျော်ပြီးတော့ ပကတိအခြေနေကို သတိထားကြည့်တတ်မယ်ဆို ပိုပြီးတောမှန်မှန်ကန်ကန် နေထိုင်ရှင်သန်နေနိုင်မယ်ထင်ပါတယ်။ ကျွန်တော်တို့က သူတော်စင်တွေမဟုတ်ကြတော့ စိတ်ခံစားမှု့အားလုံးကို ထိန်းချုပ်နိုင်ဖို့တော့မလွယ်ပါဘူး။ ဒါပေမယ် ကျွန်တော်တို့ လုပ်နိုင်တာရှိပါတယ်။ အခြေနေတစ်ခုကို ကျော်ပြီးစဉ်းစားဖို့ပေါ့။ ဒီဟာကဘယ်လောက်ထိကြာရှည်နိုင်မလဲ၊ ဒါပြီးရင်ဘာဖြစ်လာနိုင်မလဲ ဆိုတာမျိုးပေါ့။ အခြေနေမှန်နဲ့ လက်တွေ့ကျမှု့ကိုပိုနီးစပ်မယ်လို့ ထင်ပါတယ်။
စာအုပ်တွေဖတ်ပြီး ပြန်တွေးဖြစ်တဲ့အတွေးတွေပါ။ဝေဖန်ဖို့နဲ့ စဉ်းစားဆင်ခြင်ဖို့အတွက်ဝေငှလိုက်ပါတယ်။
အိတ်ထဲကကျောက်ခဲတွေ
အနောက်တိုင်းက ပညာရှင်တစ်ယောက်ပြောဖူးတာရှိတယ်
။ နာမည်တော့ ကျွန်တော်လည်းမမှတ်မိတော့ပါဘူး။ ” လက်ကိုဆန့်ထုတ်လိုက်ရင် ပေးဝေဖို့အတွက်ပဲဖြစ်ရမယ်။ တောင်းခံဖို့အတွက် မဖြစ်ရဘူး “
တော်တော်လေးကောင်းတဲ့ စကားလေးဗျ။ ဟုတ်တယ်လေ လူအများစုက တောင်းတတ်မှပဲ လူရည်လည်သလို ပေးတယ်ဆိုတာ မတတ်သာမှလို့ပဲ ယူဆထားကြတာကလား။ ကျွန်တော်လည်း အထိုက် အလျှောက်တော့ပါ
ပါတယ်။ အဲ တောင်းတယ်ဆိုလို့ လမ်းဘေးမှာ တောင်းရမ်းနေတဲ့သူတွေချည်းပဲ ပြေးမမြင်လိုက်နဲ့ဦးဗျို့။ ဘွဲ့တွေတစ်သီကြီးကိုင် ဇိမ်ခံကားကြီးစီးပြီး တောင်းရမ်းနေတဲ့သူတွေ အများကြီးရှိပါသော်ကောဗျာ။
လုပ်ငန်းပါမစ်အတွက်သော်လည်းကောင်း၊ ရာထူးနေရာအတွက်သော်လည်းကောင်း၊ မိသားစုရှေ့ရေးအတွက်သော်လည်းကောင်း အမျိုးမျိုးပေါ့ဗျာ ဆိုင်ရာဆိုင်ရာ လူကြီးမင်းများဆီက တောင်းရမ်းနေကြရတာ။
အဲဒီတော့ဘာဖြစ်လာသလဲဆိုတော့ များများတောင်းနိုင်တဲ့ လူက လူရည်လည်တယ် အကွက်မြင်တယ်ဆိုပြီးဖြစ်လာရောဗျို့။ သူ့ကိုပဲစံပြထာ့းရမလို၊ သူ့ဆီမှာပဲ သွားတပည့်ခံရမလို ဆိုတာမျိုးတွေဖြစ်လာတယ်။
ပေးကမ်းခြင်းဘက်ကျတော့ တောင်းရမ်းခြင်းထက်စာရင် ခက်ခဲတာတွေရှိတော့ လူတွေကသိပ်မလုပ်ချင်ဘူးဗျ။ အများစုက ပေးကမ်းတယ်ဆိုတာနဲ့ပဲ ငွေကြေးတွေ၊ အသုံးအဆောင်တွေ ကိုတွဲ မြင်ကြတာ။
မဟုတ်ပါဘူး ကျွန်တော်တို့ အားလုံးမှာ ပေးနိုင်တာတွေအများကြီး ရှိပါတယ်။ အေးမြတဲ့ အပြုံးလေးတစ်ပွင့်ဖြစ်ဖြစ်၊ နွေထွေးတဲ့ စကားလေးတစ်ခွန်းဖြစ်ဖြစ် အနည်းဆုံးတော့ နေ့တိုင်းကျွှန်တော်တို့ ပေးနိုင်ကြတာပဲ။
chicken soup ထဲကဖတ်ဖူးတာလေးရှိတယ်ဗျ။ သူငယ်ချင်းနှစ်ယောက်လမ်းလျှောက်လာရင်းနဲ့ မျက်နှာချင်းဆိုင်မှာ ရုပ်ဆိုးဆိုးမိန်းမတစ်ယောက်ကိုတွေ့တယ်ဆိုပဲ။ အနီးလည်းရောက်ရော တစ်ယောက်က
အဲဒီိမိန်းမကိုသေသေချာချာ ကြည့်ပြီးပြုံးပြလိုက်တယ်။ တစ်ဖက်က မိန်းမလည်း ရုတ်တရက် အံ့အားသင့်သွားပေမယ် ၀မ်းသာတဲ့အရိပ်အယောင်က သိသိသာသာပေါ်လွင်သွားတယ်။ အဲဒါနဲ ကျန်တဲ့သူငယ်ချင်းက
မင်းကွာ ဒီလောက်လှတပတလေးတွေ တွေ့နေရက်နဲ့ ဒီလိုရုပ်ဆိုးတဲ့မိန်းမကိုများ သွားပြုံးပြရတယ်လို့ ဆိုပြီး အပြစ်တင်တာပေါ့။ အပြောခံရတဲ့သူငယ်ချင်းကတော့ခပ်အေးအေးပါပဲ။ ဒီလိုရှိတယ်ကွတဲ့ မင်းပြောတဲ့
လှတယ်ဆိုတဲ့ကောင်မလေးတွေကို ပြုံးပြရယ်ပြမယ့်လူတွေ ကအများကြီးရှိမှာပဲ။ သူတို့အတွက် ငါ့ဆီကအပြုံးကိုတစ်ကူးတစ်က မလိုလောက်ပါဘူး။ ခုနက အမျိုးသမီးအတွက်တော့ အဲလိုအပြုံးမျိုးပေးမယ့်လူ
ရှားလိမ့်မယ်ကွတဲ့။ တစ်ကယ့်ကို လူသားဆန်တဲ့အတွေးအခေါ်နဲ့အပြုအမူလေးပါပဲ။အပြုံးလေးတစ်ပွင့်တည်းနဲ့ လူတစ်ယောက်ကို စိတ်ချမ်းသာမှု့၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု့တွေ တိုးပွားလာအေင် ဖြည့်ဆည်းပေးလိုက်တာပါပဲ။ အများသောအားဖြင့် ကျွန်တော်တို့က ကိုယ့်မှာ ငွေကြေးထက်တန်ဖိုးရှိတာတွေ အများကြီးပိုင်ဆိုင်ထားတယ်ဆိုတာမေ့နေ
တတ်တယ်ဗျ။ ပိုဆိုးတာက အဲဒီတန်ဖိုးတွေကို အလဟသဖြုန်းတီးပစ်တတ်တာပါပဲ။ စဉ်းစားကြည့်မိတယ် ကိုယ့်အတွက်လည်းပိုနေသားနဲ့ သူများကိုလည်းမပေးကမ်းမိပဲ ဟိုအရင်က ငါဒါတွေကိုထမ်းပိုးထားရပါလား
လို့ပေါ့။ ကျောက်ခဲတွေအိတ်ထဲ အပြည့်ထည့်ပြီးတောင်တက်နေတဲ့လူလိုပေါ့ဗျာ။ သူအတွက် ကျေက်ခဲတွေကမလိုအပ်ဖူးလေ။ အဲဒီကျေက်ခဲတွေကို တောင်တက်လမ်းကမညီညာတဲ့နေရာတွေမှာ ဖို့ခဲ့မယ်ဆိုရင်
သူ့အတွက်လည်းဝန်ပေါ့သလို နောက်လူတွေအတွက်လည်း သွားလာရဆင်ပြေတာပေါ့။ အခုတော့သူ့အတွက်လည်း ပင်ပန်းပြီး ခရီးမတွင် နောက်လူအတွက်လည်း အကျိုးမဖြစ်ထွန်းဘူးလေ။ ကျွန်တော်ကိုယ်တိုင်
လည်း အိတ်ထဲကကျောက်ခဲတွေကို ပစ်ချဖို့ ကြိုးစားနေရတုန်းပါ။ သူငယ်ချင်းတို့ရော ပြန်စစ်ကြည့်ပါဦး ကိုယ့်အိတ်ထဲမှာ ကျေက်ခဲဘယ်နှစ်တုံးများ ဖြစ်နေပြီလဲလို့လေ။

Subscribe to:
Posts (Atom)