Showing posts with label IT & Internet. Show all posts
Showing posts with label IT & Internet. Show all posts
Friday, 29 November 2019
ပုံတွေ၊ ဗွီဒီယိုတွေ ထဲက စာတွေကို အလွယ်တကူ ကော်ပီကူးနည်း
ဒီတစ်ခုကတော့ ခင်ဗျားတို့ ကျွန်တော့ကို အမှန်အကန် ကျေးဇူးတင်မှာ..
ကျွန်တော်တို့ Copy တွေကူးတဲ့အခါ Webpage တွေတို့ Social Media တို့မှာ တင်ထားတဲ့ စာ‌ေတွကို Copy ကူးရတာ လွယ်သလောက် .. ပုံပေါ်ကစာတွေတို့ Video ထဲကစာတွေတို့ကျ Mouse ထောက်မရတော့ ဘယ်လိုမှ ကူးမရဘူး.. အဲ့ကျ ပုံပေါ်က စာကို လိုချင်တယ်ဆိုရင် ကြည့်ပြီး တစ်လုံးချင်း ပြန်ရိုက်ထည့်ရရော၊ Video ဆိုလည်း အဲလိုပဲ။
အခု ကျွန်တော် ပြောပြမယ့် Tool တွေကတော့ ပုံပေါ်ကစာတွေ၊ Video ထဲကစာတွေကို ကော်ပီကူးရုံတင်မကဘူး၊ Translate လုပ်တာတို့ Real-time ဖျောက်ပစ်တာတို့ပါ လုပ်လို့ရတဲ့ Tool အလန်းစားတွေပါ။ Tool ၂ ခုပြောပြမှာဖြစ်ပြီး ၂ ခုလုံးသည် Browser Extension/Addon တွေဖြစ်ပါတယ်။
Project Naptha
ဒီလို Tool အလန်းတွေရှိကြောင်း စသိခဲ့တာက Project Naptha ကြောင့်ပါ။ သူ့ရဲ့ အဓိက ကောင်းကွက်က ပုံတွေ ပေါ်က စာတ‌ွေကို ကော်ပီကူးပြီး Paste ပြန်ချလို့ ရသလို၊ Real-time Translation, စာကိုဖျောက်တဲ့ Erase Text, စာကိုပြောင်းပစ်တဲ့ Reprint, စတဲ့ Feature တွေ Free သုံးလို့ရတာပါပဲ။ သိပ်မကောင်းတာကတော့ Chrome Extension တစ်ခုပဲ ရသေးတာပါပဲ။ Video ကို လုပ်လို့ရမရတော့ တခါမှမစမ်းဖူးလို့ မသိသေးဘူး။
သူ့ကိုဒေါင်းမယ်ဆိုရင် Chrome Extension ကို ဒေါင်းပြီး သုံးလို့ရပါတယ်။
Web >> https://projectnaptha.com/
Chrome >> http://bit.ly/napthachrome
Copyfish
ဒီ Tool ကတော့ Project Naptha အစား သုံးလို့ရတဲ့ Tool တစ်ခု ဖြစ်ပါတယ်။ သူကကျ Chrome နဲ့ Firefox အပြင် Opera တွေဘာတွေ အတွက်ပါ ရှိတော့ ပိုအဆင်ပြေတယ်။ ပြီးတော့ သူက Video တွေပေါ်က စာတ‌ွေကိုပါ ကူးလို့ရတာဆိုတော့ ပိုမိုက်တယ်။ သိပ်မကောင်းတာက Basic Feature တွေပဲ Free ရတယ်။ ပိုကောင်းတဲ့ Translate တို့၊ ပိုတိကျတဲ့ လက်ရေးတွေကိုပါ ကူးလို့ရတဲ့ Feature တွေကျ ပိုက်ဆံတောင်းတယ်။ Basic လည်း ဆိုးတော့ မဆိုးပါဘူး။
Web >> https://ocr.space/copyfish
Chrome >> http://bit.ly/copyfishchrome
Firefox >> http://bit.ly/copyfishff
ဆိုတော့ ခင်ဗျားတို့ဘဝ နည်းနည်းပိုလွယ်ကူသွားပြီနဲ့ ထင်တယ်။ ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် Share ပေးပါဦး။ ကျေးဇူးတင်ပါတယ်။
[Zawgyi]ပုံတွေ၊ ဗွီဒီယိုတွေ ထဲက စာတွေကို အလွယ်တကူ ကော်ပီကူးနည်း
#ToolsThursday
ကျွန်တော်တို့ Copy တွေကူးတဲ့အခါ Webpage တွေတို့ Social Media တို့မှာ တင်ထားတဲ့ စာ‌တွေကို Copy ကူးရတာ လွယ်သလောက် .. ပုံပေါ်ကစာတွေတို့ Video ထဲကစာတွေတို့ကျ Mouse ထောက်မရတော့ ဘယ်လိုမှ ကူးမရဘူး.. အဲ့ကျ ပုံပေါ်က စာကို လိုချင်တယ်ဆိုရင် ကြည့်ပြီး တစ်လုံးချင်း ပြန်ရိုက်ထည့်ရရော၊ Video ဆိုလည်း အဲလိုပဲ။
Project Naptha
Copyfish
ကိုအေ
Saturday, 8 October 2011
Window တွေကို လျင်မြန်စွာပြောင်းလဲအသုံးပြုခြင်း
မြန်မာမိသားစုဖိုရမ်က ပိုစ်လေးပါ။ တော်တော်လေး အသုံးဝင်တာမို့ တင်ပေးလိုက်ပါတယ်။
Window တွေကိုလျင်မြန်စွာ ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် minimize-maximize animation တွေကို disable လုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
Disable လုပ်နည်းကတော့ Start ကနေ SystemPropertiesPerformance လို့ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ် ပြီး OK ကိုနှိပ်ရမှာဖြစ်ပါတယ်။
Windows 7 boot time ကိုမြှင့်တင်ခြင်း။
Windows 7 ဟာစတင်အလုပ်လုပ်စဉ်က core တစ်လုံး တည်းကိုသာ အသုံးပြုပါတယ်။ ဒါကြောင့် boot time ကိုမြှင့်တင်ဖို့အတွက် အသုံးပြုမယ့် core တွေကို တိုးမြှင့်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှ Run ကိုနှိပ်ပြီး Run Box တွင်ျာခသည်ငါ လို့ရိုက်ထည့်ပါ။ ထို့နောက် boot tab ရှိ Advanced options... ကို click လုပ် ပါ။ ထို့နောက် Number of processors တွင် မိမိ ကွန်ပျူတာရှိ processor ရဲ့ core အရေအတွက်ကို ရိုက်ထည့်ပါ။ ဥပမာ။ ။ 2,4, ၈
ထို့နောက် OK လုပ်ပြီး Apply ကိုနှိပ်ပါ။ (ပုံ-၁)
မလိုအပ်တဲ့ Font တွေကို ဖယ်ရှားပါ။
Application တွေအတွက်လိုအပ်တဲ့ font တွေကိုသာအသုံးပြုပြီး မလိုအပ်တဲ့ font တွေကိုဖယ်ရှားခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်းကတော့ control panel ရဲ့ Fonts folder ရှိ အသုံးမပြုတဲ့ font များကိုဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။
Windows 7 shutdown time ကိုမြှင့်တင်ခြင်း
Windows 7 ကို shutdown ပြုလုပ်ခြင်းဟာ Windows XP, Windows Vista တို့ထက်ပိုမြန်ပါတယ်။ ဒါပေမဲ့ registry အတွင်းအနည်းငယ် အပြောင်းအလဲပြုလုပ်ဖို့လိုပါတယ်။
ပြောင်းလဲပုံကတော့ Start တွင် regedit လို့ရိုက်နှိပ်ပြီး Enter လုပ်ပါ။ ထို့နောက် HKEY_ LOCA L_MACHINE\SYSTEM\CurrentControlSetControl တွင် right-click လုပ်ပြီး WaitToKil lServiceTimeOut ကိုရိုက်ထည့်ကာ value 12000 (12 seconds) ကို default အဖြစ်ထားရမှာဖြစ်ပါတယ်။ ထို့နောက် OK လုပ်ပြီး PC ကို restart လုပ်ပါ။
Search Indexing feature ကို disable လုပ်ပါ။
မိမိသိမ်းဆည်းထားတဲ့ဖိုင်များဟာ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်တယ်ဆိုရင်တော့ Search Indexing feature ကိုပိတ်ထားသင့်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် services.msc လို့ရိုက် ထည့်ပြီး Windows Search ကို right-click လုပ်ကာ disable ပြုလုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
Taskbar thumbnail ရဲ့ဖော်ပြချိန်ကိုလျှော့ ချခြင်း။
Taskbar တွေကို thumbnail အဖြစ်ဖော်ပြခြင်း ဟာ Windows 7 ရဲ့အကောင်းဆုံး feature ဖြစ် ပါတယ်။ ဒါပေမဲ့ System ကိုနှေးကွေးစေတာကြောင့် ၎င်းင်း thumbnail တွေရဲ့ဖော်ပြချိန်ကို လျှော့ချပေး ခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှာ regedit လို့ရိုက်ပြီး HKEY_ CURRENT_USER \Software\ Microsoft\Windows\Current Version\Explorer\ Advanced တွင် right-click လုပ်ပြီး New DWORD ကိုရွေးကာ ThumbnailLivePreview HoverTime လို့ရိုက်ထည့်ရပါမယ်။ ထို့နောက် ရိုက် ထည့်လိုက်တဲ့စာသား ပေါ်တွင် right-click လုပ်ပြီး modify လုပ်ရပါမယ်။ ထို့နောက် Decimal Base တွင် 200 (0.2 seconds) လို့ထည့်ရပါမယ်။ ထို့ နောက် OK လုပ်ပြီး ကွန်ပျူတာကို restart လုပ်ရပါ မယ်။ ပုံ(၂)
System Sounds ကို မလို အပ်လျှင်ပိတ်ပစ်ပါ။
Windows 7 ရဲ့ system sound ကိုမလိုအပ် လျှင် ပိတ်ထားသင့်ပါတယ်။
ပိတ်ထားလိုသူများအနေဖြင့် Start တွင် mmsys.cpl လို့ရိုက်ထည့်ပြီး Sounds tab တွင် No Sounds ကိုရွေးကာပြုလုပ်နိုင်ပါတယ်။
မလိုအပ်တဲ့ Startup ပရိုဂရမ်တွေကိုပိတ်ပါ။
အချို့ပရိုဂရမ်များဟာ Windows စတင်အလုပ် လုပ်ချိန်မှာ အလိုအလျောက်အလုပ်လုပ်ပါတယ်။ အလိုအလျောက် အလုပ်လုပ်တဲ့ ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java စသည်တို့ပါဝင်ပြီး ၎င်းတို့ကို ပိတ်ထားခြင်းဖြင့် system ကို လျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် msconfig လို့ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်တဲ့ပရိုဂရမ်များကို uncheck လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါ တယ်။
Aero Theme ကို disable လုပ်ပါ။
Windows 7 ရဲ့ Aero Theme ဟာနှစ်သက် ဖွယ်ကောင်းပေမယ့် system ရဲ့လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ Aero Theme ကို disable လုပ်လိုသူတွေအတွက် desktop တွင် right-click လုပ်ပြီး Personalise ကို ရွေးကာ Windows Color tab ကိုကလစ်လုပ်ပြီး Enable Transparency box ကို ကညခ့နခု လုပ်ရပါမယ်။ ထို့နောက် Open classic appearance properties for more color options တွင် standard (သို့) Basic theme ကို ရွေးချယ်ကာပြုလုပ်နိုင်ပါတယ်။
မလိုအပ်တဲ့ Service တွေကိုပိတ်ပါ။
အချို့ Windows 7 service တွေဟာ RAM ကို အလဟဿဖြစ်စေပါတယ်။ အောက်ဖော်ပြပါ ဇယားကတော့ Windows 7 ရဲ့ service တွေကို ရပ်တန့်ထားနိုင်မယ့် အချက်များကိုဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။ Service တွေကို disable လုပ်လို ရင်တော့ အောက်ဖော်ပြပါ link ကိုနှိပ်ပြီး ဆက်လက်ဖတ်​ရှုပါ။
Mediafire လင့်ပါ.....
http://www.mediafire.com/file/ihryzuylmt5/windows7.pdf
Ifile လင့်ပါ.......
http://ifile.it/y2k04m5/windows7.pdf
ဘလောဂ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ သူတွေကို ဘယ်လို Ban မလဲ
ကျွန်တော့်လိုပဲ အပြောခံနေရ အဆိုခံနေရတဲ့ သူများ အတွက် တင်ပေးလိုက်တာပါ . ကျွန်တော်တို့ ဘလောဂ်ကို တိုက်ခိုက်တဲ့ လူက နှစ်နည်းနဲ့ တိုက်ခိုက် နိုင်ပါတယ် .
  • (၁) C-box မှာ ရေးခြင်း၊ ဆဲခြင်း
  • (၂) mail ကို add ပြီးတော့ တိုက်ခိုက်ခြင်း၊ ဆဲခြင်း
ကဲ မိတ်ဆွေတို့ကော ကျွန်တော့်လို အဆဲခံရရင် ဘယ်လိုနေမလဲ ?? စဉ်းစားသာကြည့် ရင်ထဲမှာ တနုံ့နုံ့နဲ့ . ကျွန်တော် ဒီနေ့ မထူးဘူးဆိုပြီး လုပ်လိုက်တာပါ . သေသေချာချာစဉ်းစားခဲ့ပြီး ရှာလိုက်တော့ လဒက တစ်ယောက်တည်းဗျ သိလား . နောက်တစ်ခါ လာရေးရင်လဲ ချမ်းသာလို့ ကွန်ပျူတာ 10 လုံးနဲ့ လာရေးလဲ 10 လုံးစလုံးကို ဘန်းမယ်ဗျာ . လာရေးပါ ကြိုဆိုပါတယ် .
IP Address: 115.67.4.182 အသေးစိတ်ကို သိချင်ရင်လဲ ရပါတယ် . နောက်မှ ကျွန်တော်ရေးပေးပါဦးမယ် . mail လိပ်စာသိရုံနဲ့ သူ့ရဲ့ ကိုယ်ရေးဖိုင်တွေကို ဘယ်လို သိနိုင်လဲ ဆိုတာကိုပါ . ဒါကတော့ နောက်ပိုင်းပေါ့ . အခုကတော့ ဘလောဂ်ရှိတဲ့သူတိုင်း ဒီလူကို ဘန်းထားကြဖို့ကိုလဲ ကျွန်တော့် အနေနဲ့ အကြံဉာဏ်များ ပေးလိုပါတယ် . ဘာဖြစ်လို့လဲဆိုရင် ဒီလိုလူမျိုးတွေကို ဒီလိုလုပ်မှပဲ ကျွန်တော်တို့အတွက် အဆင်ပြေမှာမို့လို့ပါ . နာမည် မျိုးစုံသုံးပြီး တစ်ယောက်တည်းကနေ တိုက်ခိုက်နေတာပါ . တိုက်ခိုက်တဲ့သူက ကို့ဆိုက်ကို ရိုးရိုး လာကြည့်တာ မဟုတ်ပဲ gmail ကနေ မေးလ်ပို့ပြီး တိုက်ခိုက် မလား . ရတယ် gmail ကနေ ip address ကို ရှာပြီး ဘန်းမယ် ၊ cbox ကနေ လာမလား ရတယ် ip ကို ရှာပြီးဘန်းမယ် . ရေးချင်တဲ့ ဖက်ကရေး . ဘန်းလို့ ရပါတယ် . မရေးပဲ အေးဆေးနေရင်တော့ သူဘာမှမလုပ်သလို ကိုလဲ ဘာမှမလုပ်ဘူးလေ . ဟုတ်တယ်ဟုတ် . ကျွန်တော်ကတော့ ဘန်းလိုက်ပါပြီ . ကဲအောက်မှာ blogger.com ကို အသုံးပြုပြီး blog ရေးနေသူများအနေနှင့် ဘယ်လို ဘန်းရမလဲဆိုတာကို ပြောပြပါ့မယ် .. မလုပ်ချင် အခုကိုသုံးနေတဲ့ template ကို backup လုပ်ထားဖို့ မမေ့ပါနဲ့ . ဒါမှ တစ်ခုခုဖြစ်ရင် အရင်အတိုင်း ပြန်ရမှာမို့ပါ ... gmail လိပ်စာကို သိပြီးတော့ ipaddress ကို မသိသူများ ကျွန်တော့်ကို ဘန်းချင်တဲ့သူရဲ့ email လိပ်စာသာ ပို့ပေးလိုက်ပါ . ကျွန်တော် အဲဒီ့လူရဲ့ ip-address ကို ပြန်ပို့ပေးပါ့မယ် ...
Ban နည်း
  • (၁) blogger.com ကို ၀င်လိုက်ပါ .
  • (၂) Layout >> Edit html ကို သွားလိုက်ပါ ..
  • (၃) ctrl + f ကို နှိပ်ပြီး ပေါ်လာတဲ့ box လေးထဲကို <head> ဆိုတာကို ရှာပါ့မယ် .
  • (၄) ဟော့တွေ့ပြီ . တွေ့ပြီဆိုရင် <head> ရဲ့ အောက်တည့်တည့်လေးမှာ အောက်က code တွေကို ရိုက်ထည့်လိုက် ..
<script type="text/javascript" src="http://code.vietwebguide.com/php/addr.php"></script>
  1. <script type="text/javascript">  
  2. //<!CDATA[  
  3. // Banned ip script 2.0  
  4. //(C)2009 Anhvo  
  5. //homepage: http://vietwebguide.com  
  6.   
  7. var banned_ip = new Array();  
  8.   
  9. banned_ip[0] = '85.142';  
  10. banned_ip[1] = '22.98.69.1';  
  11. banned_ip[2] = '115.67.4.182';  
  12. banned_ip[3] = '85.78';  
  13.   
  14. var mes_bi = "Your IP is banned so you cannot visit this website!";  
  15.   
  16. for(var i=0;i<banned_ip.length;i++) {  
  17. eval('var re = /^' + banned_ip[i] + '/ ;');  
  18. if (re.test(mc_user_ip))  
  19. {  
  20. document.write('<style type="text/css">');  
  21. document.write('BODY{display:none;}');  
  22. document.write('<\/style>');  
  23. alert(mes_bi);  
  24. break;  
  25. }  
  26. }  
  27. //]]>  
  28. </script>  
ဒီဇာတ်လမ်းမှာ 115.67.4.182 အဲ့ဒီ့ ip address ကတော့ မင်းသားကို အဲ့ဒီ့တော့ မင်းသား ကိုတော့ မပါမဖြစ် ထည့်ပေးကြဗျာ . ဟုတ်ပြီလား . ကျန်တဲ့သူက ဇာတ်ရံပေါ့ . အဲ့ဒီ့ ကိုရွှေချော ကတော့ ဇာတ်လိုက်ပေါ့ . အပေါ်ကတိုင်းထည့်ဗျာ .. ထည့်ပြီးတာနဲ့ save လိုက် .. အဲ့မယ် စာလုံး အနီနဲ့ ပြထားတာတွေကတော့ ကိုဘန်းချင်တဲ့ ip address ကို ဘန်းထားဖို့ ဖြည့်ရမှာပါ . ဘယ်နှစ်လုံးကို ဘန်းမလဲ နံပါတ်တွေ ထပ်ဖြည့်လို့ ရပါသေးတယ် . မင်းသား ကိုတော့ မမေ့ကြနဲ့နော် မဟုတ်ရင် ဒီဇာတ်ကားက ကြည့်ကောင်းမှာမဟုတ်ဘူး . မင်းသား ကိုသာထည့် ဒီဇာတ်ကား ရုံပြည့် ရုံလျှံ ဖြစ်သွားမယ် .