Showing posts with label ရေလုပ်ငန်း. Show all posts
Showing posts with label ရေလုပ်ငန်း. Show all posts

Thursday, 18 March 2021

"ကင်းပုစွန်( ခေါ်) ပကန်း "


 ကင်းပုစွန်များမှာ အခွံမာရေနေသတ္တဝါ (Crustaceans)အုပ်စုတွင် ပါဝင်ပါသည်။ ကင်းပုစွန်ကို အင်္ဂလိပ်နာမည် - Mantis Shrimp ဟုခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Harpiosquilla sp ဟု သိရသည်။မြိတ်ဒေသအခေါ်မှာ "ပကန်း"ဟုသိရပါ

သည်။
ကင်းနှင့်တူလို့ 'ကင်းပုစွန်' ဟု ခေါ်ဆိုကြပြီး "ကင်းမြီးကောက်၏အမြီးနှင့် တူသောအမြီး၊ ပုစွန်လက်မနှင့်တူသောလက်မသဏ္ဍာန် ရှိသည့်ကင်း" ဟူ၍ သိရပါသည်။
ကမ္ဘာပေါ်တွင် ကင်းပုစွန်မျိုးစိတ်ပေါင်း (၄၅၀)ကျော်ခန့် ရှိကြသည်ကို မှတ်တမ်းများအရ
သိရပါသည်။ မြန်မာနိုင်ငံတွင် ကင်းပုစွန်(၇)မျိုးခန့် တွေ့ရပြီး ဒေသအခေါ်အရ အဝါ၊ အစိမ်း၊ အနီ၊ အဖြူ၊ အညို၊ လိမ္မော်၊ ခရမ်း ဟူ၍ ဖြစ်ပါသည်။ ထို(၇)မျိုးတွင်မှ အစိမ်းနှင့် အနီ နှစ်မျိုးကို ပိုမိုတွေ့ရှိရပါသည်။ ကင်းပုစွန်အစိမ်းရောင်ကို အထီး၊ အမ ခွဲခြားဝယ်ယူကြပြီး အနီမျိုးကိုမူ အထီး၊ အမ မခွဲခြားဘဲ ဝယ်ယူကြပါသည်။
ကင်းပုစွန်ကို အထီး၊ အမ ခွဲခြားရာတွင် လက်ညှပ်တိုပြီး ဝနေလျှင် အမ၊ လက်ညှပ်ရှည်ပြီး ပိန်နေလျှင် အထီး ဖြစ်သည်ဟု သိရပါသည်။ မြိတ်၊ ရခိုင်၊ ဧရာဝတီဘက်တွင် ကင်းပုစွန်များကို ပိုမိုတွေ့ရလေ့ရှိပြီး မွန်ပြည်နယ်တွင်လည်း အဝါနှင့်အစိမ်း ၂မျိုးကို တွေ့ရှိရပါသည်။
ကင်းပုစွန် (Mantis Shrimp )များမှာ တန်ဖိုးကြီးလှသလို ရှားလည်းရှားပါးလှပါသည်။ ကင်းပုစွန်ကို ကျားပိုက်၊ သုံးထပ်ပိုက်များတွင် ရမိကြသလို၊ ဒီရေတောစပ်နှင့် ရွှံ့နွံတွင်းများထဲမှ လက်နှိုက်၍ ဖမ်းဆီးခြင်းဖြင့်လည်း ရမိတတ်ကြပါသည်။ နိုဝင်ဘာလမှ မေလအထိ ရမိတတ်ကြပြီး အထူးသဖြင့် ဆောင်းတွင်းဘက် အအေးများချိန်၌ ပို၍ ရမိတတ်ကြပါသည်။
ကင်းပုစွန်ကို ပင်လယ်ပိုင်းနှင့် ရွှံ့နွံထူသော ကမ်းခြေရေပြင်တွင် တွေ့ရများပါသည်။ အောက်ခြေရွှံ့နွံတွင်းများတွင်လည်း နေလေ့ရှိကြသည်။ အစာရှာဖို့အတွက် တွင်းထဲမှ အပြင်သို့ ထွက်လေ့ရှိသည်။ ညဖက်ပိုင်းတွင် အစာရှာ ထွက်လေ့ရှိသည်။ ရေအနက် ပေ(၄၀)ခန့်အထိ ကင်းပုစွန်များကို မြင်တွေ့နိုင်ကြသည်။
ကင်းပုစွန်များမှာ ခြေထောက်(၅)စုံပါရှိကြပြီး လက်တွင်ရှိသော ညှပ်မှာ ကြီးမားရှည်လျားကြသည်။ ညှပ်အတွင်း၌ လွှသွားပုံ ဆူးအထစ်များ ရှိသည်။ ကင်းပုစွန်များမှာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် မျိုးပွားသားပေါက်ကြသဖြင့် ထိုကာလ၌ ကင်းပုစွန် ဖမ်းဆီးရောင်းဝယ်စုဆောင်းခြင်းမပြုရန် ပိတ်ပင်ကာလလည်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသများတွင် ကင်းပုစွန်ဖမ်းသည့် ရေလုပ်ငန်းကို 'ကင်းပိုက်' လုပ်ငန်း ဟုလည်း ခေါ်ကြသည်။
ကင်းပုစွန်များမှာလည်း ဈေးကောင်းလှပါသည်။ ကင်းပုစွန်နှင့် ပတ်သက်၍ နာမည်ကြီး ဟင်းလျာများမှာ ကင်းပုစွန်ပေါင်း၊ ကင်းပုစွန်ကင်၊ ကင်းပုစွန်သုပ် တို့ဖြစ်ကြပါသည်။ ကင်းပုစွန်အခွံကိုလည်း ရုံးခန်း၊ ဧည့်ခန်းများတွင် အလှဆင်ပစ္စည်းအဖြစ် ချိတ်ဆွဲထားလေ့ ရှိကြပါသည်။
ရေးသားသူ- နှင်းဖြူဖြူ (DOF)

Friday, 26 June 2020

ငါးဆိုသည်မှာ

ငါးဆိုသည်မှာ - ၁

What is Fish?
ငါးဆိုတာဘာလဲ..?

စာရှုသူမိတ်ဆွေ သင့်အား ငါးဆိုတာဘာလဲ ဆိုပြီး ရုက်တရက် မေးလာပါက သင့်အနေဖြင့် မည်သို့ ဖြေမည်နည်း..?

ကျွန်တော်တို့သည် ထိုကဲ့သို့ ရုက်တရက် မေးလာပါက ငါးဆိုတာ ရေထဲမှာနေသော သတ္တဝါ၊ ပါးဟက်ဖြင့် အသက်ရှူသော သတ္တဝါ စသဖြင့် ဖြေကြပေလိမ့်မည်။

ဒါဆို နွေရာသီ ရေခန်းခြောက်ချိန် ရွှံ့ထဲမှာနေရင်ကော၊ သို့မဟုတ် သစ်ပင်တက် တတ်ရင်ကော ငါးမဟုတ်တော့ဘူးလား..?

တချို့က ငါးကို မိန်းမပျို လေးများဖြင့် တင်စားကြသည်။ မိန်းခလေးတွေ အမျိုးမျိုး အထွေထွေ ရှိသကဲ့သို့ ငါးများလည်း အမျိုးမျိုး အထွေထွေ ရှိလေသည်။

ငါးခူပြုံး၊ ငါးသားလောက်ပြုံး စသဖြင့်လည်း ရှိသေးသည်။ ကျွန်တော်တို့ မော်လမြိုင် တက္ကသိုလ် ကျောင်းသား ဘဝက၊ (၇) လိုင်းကား စီးသောအခါ တချို့ကျောင်းသား ကြီးများက ငါးရံ့ ကိုယ်လုံးလေးနဲ့ ညီမလေး ငါးဖယ်တိုး တိုးပေးပါနော် ဟု စတတ် ကြလေသည်။

ကျွန်တော့်ဆရာ တစ်ယောက်ဖြစ်သော ဆရာ ဦးဇော်လွင်ဝင်း (ချင်းပြည်နယ်ဦးစီးမှူး) ကတော့ ငါးဆိုတာ “မှော်ပါ၊ မှော်တစ်မျိုး”ပါ ဟု ပြောပါသည်။ အဘယ့်ကြောင့် ဆိုရသော် ကုန်းပေါ်၌ ရှိသော ကြက်၊ ဝက် စသည့် သတ္တဝါများကို လူတို့ နေ့စဉ်တွေ့မြင် နေရသော်လည်း ဖမ်းဆီးချင်စိတ် မရှိပေ။ သို့သော် ငါးတစ်ကောင်ကို တွေ့မြင်မိပါမူ ၎င်းငါးအား မရမက ဖမ်းဆီးချင်စိတ် ဖြစ်ပေါ်လာ သောကြောင့် ဖြစ်ပေသည်။
ဥပမာ ကသမျှင်လို သိန်းလေးငါးဆယ် တန် ငါးတစ်ကောင်လောက် ဖမ်းမိလျှင်လည်း မှော်အောင် သလို ပါပဲ။ ငါးမဲလုံးတစ်အုပ် သို့မဟုတ် ငါးသားလောက်အုပ်များ တွေ့ပြီး ဖမ်းဆီး ရမိလျှင်လည်း မှော်အောင် သလိုဖြစ်ပါသည်။

တစ်ချို့ဆိုလျင် ငါးတစ်ကောင်အတွက် နေကုန်နေခန်း နေပူပူကြီးထဲတွင် မမောနိုင် မပန်းနိုင် လမ်းဘေး ရေမြောင်းထဲတွင် ငါးပက်နေကြ သည်ကို မြင်ဖူး ပေလိမ့်မည်။ အဲလိုမြင်ရပြန်တော့လည်း စိတ်မကောင်း ဖြစ်မိပေသည်။ ငါးတစ်ပိဿာဖိုး ငွေပေး၍ ရော့ ဒီငွေယူသွား၊ ဈေးသွားဝယ် စားချည်၊ အဲဒီငါးကို မဖမ်းစားနဲ့တော့ ဟု ပြောလိုက်ချင်သည်။ သို့သော် ၎င်းတို့က ငါးဝယ်ဖို့ ငွေလည်း ယူချင် ယူလိမ့်မည်၊ သေချာသည်ကတော့ အိုင်ထဲက ငါးအားလည်း ဆက်လက်ဖမ်းဆီးပေလိမ့်မှာ သေချာပါသည်။

ငါးမွေးမြူရေး၊ ငါးဖမ်းဆီးရေး လုပ်ငန်းများသည် ဘာသာရေး အယူအဆအရ အကုသိုလ်အလုပ်ဟု ပြောကြပေမည်။ သို့သော် တစ်ဖက်ကလည်း ငါးရိက္ခာ ရှာဖွေ ဖြည့်ဆည်းပေးသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပေသည်။

ပုံပြင်လေး တစ်ပုဒ် ကြားဖူးပါသည်။ သူငယ်ချင်းနှစ်ယောက် အကြာင်း ဖြစ်ပါသည်။ တစ်ယောက်က ဘာသာရေး လိုက်စား၍ တစ်ခြားတစ်ယောက်က တံငါအလုပ် လုပ်ကြလေသည်။ ဘာသာရေး လိုက်စားသည့် သူငယ်ချင်းက ငါးရှာစားသည့် သူငယ်ချင်းအား အကုသိုလ် အလုပ် လုပ်၍ စိတ်ပူမိပေသည်။ သူငယ်ချင်း နှစ်ယောက် တစ်ယောက်အပေါ် တစ်ယောက် စိတ်ရောက် နေကြလေသည်။

တံငါသည် အလုပ် လုပ်သည့် သူငယ်ချင်းက ဘာသာရေး လိုက်စားသည့် သူငယ်ချင်းအား အားကျ၍ ဪ ငါ့ သူငယ်ချင်း ကောင်းလိုက်တာ၊ ကုသိုလ်တွေ ရနေပြီ ဆိုပြီး ဝမ်းသာတဲ့ စိတ်ဖြစ်ပေါ် လာလေသည်။ ၎င်းတို့ နှစ်ယောက် သေလွန်သောအခါ တစ်ယောက်က ကောင်းတဲ့ဘုံ ရောက်ပြီး၊ နောက်တစ်ယောက်က မကောင်းသည့် ဘုံသို့ ရောက်ကြကြောင်း သာဓက ကြားဖူးပါသည်။ မူကွဲ တစ်ခြားပုံစံ တစ်မျိုးလည်း ရှိသေးသည်။ (ဤကား စကားချပ် - လိုရင်း ပျောက်မှာစိုး၍ ဆက်ပါမည်။

ငါးဆိုသည်ကို တက္ကသိုလ် သက်ဝင်း၏ စာအုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း စာအုပ်တို့၌ “ငါးဆိုတာ ရေ၌ ကျက်စား၍ ပါးဟက်ဖြင့် အသက်ရှူပြီးလျှင် အမြီးဖြင့် ကူးခတ် သွားလာ နေထိုင်ကြသော ကျောရိုးရှိ သတ္တဝါ ဖြစ်သည်” ဟု ဆိုထားလေသည်။

ငါးဆိုတာ - သတ္တဗေဒ အရ ငါးဆိုသည်မှာ သွေးအေး သတ္တဝါဖြစ်ပြီး၊ အကြေးခွံနှင့် ရေယက်များပါ၍ ရေထဲ၌ နေထိုင်သည့် ပါးဟက်ဖြင့် အသက်ရှူသော သတ္တဝါကို ခေါ်လေသည်။

၁၉၀၅ မြန်မာ့ ငါးလုပ်ငန်း ဥပဒေ (The Burma Fisheries Act, 1905) တွင် ငါးကို ဤကဲ့သို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။
 “  fish ”   includes, besides other fish,  turtle,  estuary tortoises,  sea- slugs  (bêche-de-mer),  shell-fish  and  m other-of-pearl  shells:
ငါးဆိုတာက ရေ၌ရှိသော ငါးများအပြင် ပင်လယ်လိပ်၊ ရေချိုရေငန်တွင် နေထိုင်သော ကုန်းလိပ်များ၊ ပင်လယ်မျှော့များ (ပက်ကျိများ)၊ အခွံမာငါးများနှင့် ပုလဲထွက်သော ကမာများလည်း ပါဝင်ပေသည် ဟု ဆိုထားပါသည်။

ကျွန်တော်တို့ ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ငါးဆိုတာကို ဤသို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။

“ငါးဆိုသည်မှာ - ဘဝတစ်လျှောက်လုံးတွင် သော်လည်းကောင်း၊ ဘဝတစ်စိတ် တစ်ပိုင်းတွင် သော်လည်းကောင်း ရေထဲ၌ နေထိုင်၊ ကျက်စား၊ ခိုအောင်း၊ ပေါက်ပွါး၊ ကြီးပြင်းသော ရေသတ္တဝါအားလုံး၊ ယင်းတို့၏ ဥများ၊ သားလောင်းများ၊ သားပေါက်ကောင်များ၊ မျိုးစေ့များကို ဆိုလိုပါသည်။ ယင်းစကားရပ်တွင် ရေတွင် ပေါက်ပွါးသည့် အပင်များနှင့် ယင်းတို့၏ အပင်ပေါက်များ၊ မျိုးစေ့များလည်း ပါဝင်သည်”
ဟု အဓိပ္ပါယ် ဖွင့်ထားပါသည်။

ကမ္ဘာပေါ်၌ အကြီးဆုံးငါးမှာ ဝေလငါးမန်းများ (Whale shark, Rhincodon typus) ဖြစ်ပြီး၊ (၆၅.၆) ပေ ထိရှိနိုင်ပြီး တန် (၄၀) ထိ ကြီးနိုင်ပေသည်။
ရေချိုတွင် တွေ့ရသော အကြီးဆုံး ငါးမျိုးမှာ စတာဂျင်ငါး (Sturgeon, Acipenseridae ) မျိုး ဖြစ်ပြီး အရှည် (၁၄) ပေခန့်နှင့် အလေးချိန် တစ်တန်ကျော်ထိ ရှိနိုင်လေသည်။
အသေးဆုံး ငါးမှာ (Paedocypris progenetica ) ဖြစ်ပြီး၊ အထီးသည် (၁၀.၃) မီလီမီတာထိ ရှည်၍ အမသည် (၇.၉) မီလီမီတာထိပဲ ရှိလေသည်။

ကျွန်တော်၏ ပဲခူးခရိုင်အတွင်း ကွင်းဆင်း လေ့လာမှုအရ (သားပေါက်မဟုတ်ပါ) မြန်မာနိုင်ငံ၏ အသေးဆုံး ငါးမျိုးစိတ်မှာ ငါးဖျင်းသလက်ခေါက်ခေါ် ငါးမီးတောက်ခေါ် ငါးမီးလောင် (Badis spp ) များ ဖြစ်လေသည်။ 

ဤသို့ဆိုလျှင် ငါးဆိုတာ မည်သည်နည်း၊ ငါးကို မည်သို့ အဓိပ္ပါယ် ဖွင့်ဆို သနည်း ဆိုသည်ကို သိနိုင်ပါလိမ့်မည်ဟု မျှော်လင့်ရင်း …

ငါးဆိုသည်မှာ - ၂

ကျွန်တော်သည် ငါးနှင့် ပါတ်သက်၍ တတ်ကျွမ်းသည့် ပညာရှင် မဟုတ်ပါ။ ထို့အတူ ငါးအကြောင်းလည်း ကောင်းကောင်း မသိပါချေ။ သို့သော် ဝါသနာ ပါ၍ ငါးများ အကြောင်းကို လေ့လာမိပါသည်။

ငါးနှင့် ပါတ်သက်၍ သင်ကြားပြသပေးသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဂါရဝတရား ရှေ့ထား၍ လက်ဆယ်ဖြာ ဦးထိပ် ပန်ဆင်ပါ၏။

ငါးအကြောင်း လေ့လာမည် ဆိုပါက အရမ်းကျယ်ပြန့် လွန်းပါသည်။ ထို့ကြောင့် ကျွန်တော် လေ့လာမိ သလောက်သာ တင်ပြ ထားခြင်း ဖြစ်ပါသည်။

၁။ ငါးသည် သွေးအေးသတ္တဝါ ဖြစ်လေသည်။ လူသားများကဲ့သို့ အပူချိန်ကို မထိန်းသိမ်း နိုင်ပေ။ ပတ်ဝန်းကျင် အပူချိန်ပေါ် လိုက်၍ ပြောင်းလဲ နေထိုင် ပေးရလေသည်။

၂။ မျိုးခွဲ ပညာရှင်ကြီးများ၏ အလိုအရ အဓိက ငါးအုပ်စုကြီး (၆) ခု ရှိလေသည်။
 (၁) ရေယက်ပါသောငါးများ (Ray-finned fish)
 (၂) ငါးမန်း၊ ငါးလိပ်ကျောက် ငါးများ(Sharks and Rays)
 (၃) အဆီဖုပါသော ငါးများ(Lobe-finned fish)
(၄) ရေနက်ပိုင်းနေငါးများ (Chimaeras – Ghost shark)
(၅) လမ်းပရေးများ (Lampreys – Stone licker)
(၆) (Hagfishes - Slime eels) ဆိုပြီး ရှိလေသည်။

၃။ ဖွဲ့စည်းမှုအပေါ် မူတည်ပြီး
- ကျောရိုးရှိငါး (Vertebrae)
- ကျောရိုးမဲ့ငါး (Invertebrae) ဆိုပြီး ရှိလေသည်။

၄။ နေထိုင်မှု အလေ့အထပေါ် မူတည်ပြီး
- ရေချိုငါး (Freshwater fish)
- ရေငန်ငါး (Marine fish)
- ရေချိုရေငန်စပ်ငါးများ (Brackishwater fish) ဆိုပြီး လည်းရှိပါသည်။

၅။ နေထိုင်မှု ရေအလွှာပေါ် မူတည်ပြီး ရေငန်ငါးခွဲခြားထားမှုက
- ရေပေါ်ငါး (Pelagic fish)
- ရေအောက်ငါး (Demarsal fish)
- ရေအောက်ကြမ်းပြင်နေငါးများ (Benthos, Botton dwellers) ဆိုပြီး ရှိလေသည်။

၆။ မွေးမြူသည့် ရေအလွှာပေါ် မူတည်ပြီး ရေချိုငါးခွဲခြားထားမှု က
- ရေပေါ်ငါး (Surface feeder)
- ရေလယ်ငါး (Column or mid feeder)
- ရေအောက်ငါး (Bottom feeder) ဟူ၍ရှိလေသည်။

၇။ အစာ စားသောက်မှု အလေ့အထအပေါ် မူတည်ပြီး
- အသီးအရွက်စားငါးများ (Herbivorous)
- အသားစားငါးများ (Carnivorous)
- အစုံစားငါးများ (Omnivorous) နှင့်
- အပုပ်အသိုး အဆွေးအမြေ့စားငါးများ (Scavenger) ဆိုပြီး ရှိပါသည်။

၈။ နောက်ထပ်လည်း ခွဲခြားထားသေးတာက
- အစာတစ်မျိုးတည်းပဲ စားသောငါးများ (Monopgagic fish)
- အစာကို ရွေးချယ်စားသော ငါးများ (Stenophagic fish)
- အစာအမျိုးမျိုးကို စားသောငါးများ (Euryphagic fish) ဆိုပြီးလည်း ရှိပါသည်။

၉။ ရေယက်များပါရှိမှု အပေါ်မူတည်ပြီး
- ရေယက်ပါငါးများ (Fin Fish)
- အခွံပါငါးများ (Shell fish) ဆိုပြီး ရှိသည်။

၁၀။ လိင်အင်္ဂါပါရှိမှု ပြောင်းလဲမှု အပေါ် မူတည်ပြီး
- လိင်္ဂါနှစ်မျိုးလုံ ပါရှိခြင်း (Hermaphrodite)
- အထီးမှ အမသို့ ပြောင်းလဲခြင်း (Protandrous) နှင့်
- အမမှ အထီးသို့ ပြောင်းလဲခြင်း (Protogynous) ဆိုပြီး ရှိပါသည်။
ဥပမာ - ကကတစ် (ငယ်အထီး - ကြီးအမ)
ကျောက်ငါး (ငယ်အမ - ကြီးအထီး)
၁၁။ ငါးများသားပေါက်သော အလေ့အထအပေါ် မူတည်ပြီး
- အကောင်လိုက်ပေါက်သော ငါးများ (Viviparous)
- ဥမှ ပေါက်သော ငါးများ (Oviparous)
- ကိုယ်တွင်း ဥ ဥ၍ အကောင်လိုက် ပေါက်သော ငါးများ(Ovoviviparous) ဆိုပြီးလည်း ရှိပါသည်။
ဥပမာ - အချို့ငါးမန်းများ၊ ငါးလိပ်ကျောက်များ၊ ငါးရှဉ့်များ (အကောင်လိုက် ပေါက်သည်)
ငါးမျိုးစိတ်အများစု (ဥချသားပေါက်ကြသည်)

၁၂။ ဥများ မျိုးအောင်မှုအပေါ် မူတည်ပြီး
- အတွင်းမျိုးအောင်ခြင်း (Internal Fertilization) နှင့်
- ပြင်ပမျိုးအောင်ခြင်း (External Fertilization) ဆိုပြီးလည်း ရှိပါသည်။

၁၃။ သားပေါက်ပွားမှု အပေါ်မူတည်ပြီး
- ဘဝတစ်လျှောက်လုံး တစ်ကြိမ်တစ်ခါပဲ ဥချသားပေါက်ခြင်း (Semelparous) နှင့်
- ဘဝတစ်လျှောက်လုံး အကြိမ်ကြိမ် ဥချသားပေါက်ခြင်း (Iteroparous) ဆိုပြီးလည်း ရှိပါသေးသည်။
ဥပမာ - ဆယ်လမွန်ငါးများ (ဘဝမှာ တစ်ကြိမ်ပဲ ဥချသားပေါက်ခွင့်ရကြသည်)
တခြားငါးမျိုးစိတ်များ (အကြိမ်ကြိမ်ဥချသားပေါက်ကြသည်)

၁၄။ ဥမှ ပေါက်ပွားပြီး အမိအဖ စောင့်ရှောက်မှု အပေါ်မူတည်၍
- အမိအဖ စောင့်ရှောက်သည့်ငါးများ (Biparental care)
- အမိစောင့်ရှောက်သည့်ငါးများ (maternal care)
- အဖစောင့်ရှောက်သည့်ငါးများ (Paternal care) ဆိုပြီးလည်း ရှိပါသေးသည်။
ဥပမာ - ငါးရံ့များ (အမိအဖ စောင့်ရှောက်)
တီလားပီးယားငါးများ (အမိက စောင့်ရှေက်)
ရေမြင်းများ၊ တချို့ ကျောက်ငါးများ (အထီးက စောင့်ရှောက်)

၁၅။ ဆယ့်နှစ်ရာသီနှင့် ဆိုင်တဲ့ ရာသီချိန်ခွင် မှာတော့
 မိန်ရာသီ (Pisces) အနေနှင့် ဖော်ပြထားလေသည်။

ညီညီထွန်း
ငါးဦးစီး

Sunday, 3 May 2020

ငါးမုတ်များအကြောင်းလေ့လာတင်ပြခြင်း




ငါးမုတ်ဖြူPampus argenteus
Phylum Chordata
Class.    Actinopterygii
Order.     Scobriformes
Family.   Stromateidae
Species. Pampus argentenus
Common name.silver pomfret

ငါးမုတ်မဲ Pampus chinensis
Phylum Chordata
Class.   Actinopterygii
Order.    Perciformes
Family.  Stromateidae
Species.  Pampus chinensis
Common name.  Chinese silver pomfret

ငါးမုတ်ဖြူနှင့်ပတ်သက်၍

ယင်းငါးသည်ကမ်းနီးတွင်ကျက်စားနေနိုင်သောငါးမျိုးစေ့ဖြစ်သည်။ရွံနွံထူသောပင်လယ်ကြမ်းပြင်တွင်အုပ်စုလိုက်နေထိုင်ပါသည်။အကောင်မျှောလေးများကိုစားသောက်လေ့ရှိသည်။အရေးပါသောစျေးကွက်ဝင်ငါးမျိုးစေ့ဖြစ်သည်။ဒေသတွင်းစျေးကွက်တွင်လတ်လတ်ဆတ်ဆတ်ရောင်းချခြင်းဖြင့်စီးပွားရေးအရအရေးပါသည်။ဖမ်းယူရရှိနိုင်သောငါးဖမ်းကိရိယာမှာအောက်ခြေတွင်အသုံးပြုသောဒရွတ်ဆွဲပိုက်ဖြစ်ပါသည်။ငါးမုတ်ဖြူ၏ကိုယ်ထည်သည်ခိုင်မာသည့်ပုံစံဖြစ်ပြီးဘေးတိုက်အလွန်ပြားပြီးဘဲဥပုံစံရှိပါသည်။
ပါးဟက်မရှိပါ။ဆုတ်ယုတ်နေသောပါးဟက်ဖုံးရှိပြီးပါးဟက်အက်ကွဲကြောင်းသည်ကိုယ်ထည်ဘေးထက်တွင်ရှိပါသည်။ပါးဟက်အဖုံးသည်ဘေးဖက်တွင်ရှိပြီးမြင့်မားသောကိုယ်ထည်နှင့်ဆက်သွားပါသည်။ကျောရေယက်နှင့်အမြီးရေယက်သည်အနည်းငယ်ရှေ့ရောက်နေပါသည်။အမြီးရေယက်သည်ခရင်းခွပုံစံထင်ရှားစွာရှိနေပါသည်။အမြီး၏အောက်အဝိုက်သည်အပေါ်အဝိုက်ထက်အနည်းငယ်ပိုကြီးပါသည်။ကျောဖက်အရောင်သည်မီးခိုးရောင်ဖြစ်ပြီးဝမ်းဖက်သည်ငွေရောင်ဖြစ်သည်။အဖြူရောင်အစက်သေးများသည်ကိုယ်ပေါ်တွင်ပါရှိပါသည်။ရေယက်များသည်အဝါရောင်ဖျော့ဖျော့ပါရှိသည်။အများဆုံးကိုယ်ထည်အရှည်သည်60cmတွေ့ရပြီးအများဆုံးတွေ့ရသောအလျားသည်30cmဖြစ်ပါသည်။ငါးမုတ်ဖြူကိုလတ်ဆတ်စွာကြော်စားခြင်းချက်စားခြင်းဖြင့်ပရိုတင်းဓာတ်ပြည့်ဝစွာရရှိပြီးကျန်းမာရေးကောင်း၍ဥာဏ်ရည်ဖွံဖြိုးစေပါသည်။

ငါးမုတ်မဲပတ်သက်၍

ရေငန်နှင့်ရေချိုရေငန်စပ်နေရာများတွင်တွေ့ရှိရပါသည်။မြန်မာနိုင်ငံအပါအဝင်အင်ဒိုပစိဖိတ်ဒေသနှင့်ဂျပန်နိုင်ငံမြောက်ပိုင်းဒေသတို့တွင်လည်းတွေ့ရှိနိုင်ပါသည်။ရာသီအလိုက်တွေ့ရှိရပါသည်။မြစ်ဝကျယ်များတွင်လည်းဝင်ရောက်သွားလာ‌ နေထိုင်ပါသည်။ငါးမုတ်ဖြူကဲ့သို့ငါးမုတ်မဲ၏နေထိုင်မူ့အလေ့အထနှင့်စားသောက်မူ့ပုံစံဆင်တူပါသည်။အကြီးမားဆုံးသောအရွယ်အစားမှာ40cmဖြစ်ပြီးအများဆုံးအရွယ်အစားမှာ20cmဖြစ်ပါသည်။ကိုယ်ထည်ကိုcycloidအမျိုးအစားအရွယ်သေးသေးဖြင့်ဖုံးထားပါသည်။အာရုံခံနိုင်သောlateral lineသည်မြင့်မားသည့်ပုံစံဖြစ်ပါသည်။ငါးမုတ်ဖြူနှင့်ငါးမုတ်မဲသည်စျေးကွက်ဝင်အမျိုးအစားဖြစ်ပြီးငါးခြောက်အဖြစ်လည်းကောင်းငါးခုတ်သားအဖြစ်လည်းကောင်းစားသုံးသူများကိုproteinအပြည့်အဝရရှိပါသည်။
သိုဖြစ်၍ဗဟုသုတအဖြစ်မျှဝေအပ်ပါသည်။

ato.dof

ငါးရွှေငါးနှင့်ပတ်သက်၍လေ့လာတင်ပြခြင်း



Congresox  talabon(ငါးရွှေ)
မျိုးပေါင်းစုကျောရ်ိုးရှိ (chordata)
မျိုးပေါင်း အရိုးမာငါးအုပ်စု(Actinoptergii)
မျိုးစဥ်(Angulliformes)ငါးရှဥ့်ပုံစံရှိပြီးမျိုးရင်းMuraenesocidaeနှုတ်သီးရှည်သည့်ငါးအမျိုးအစားဖြစ်ပါသည်။
Congresox  talabonသည်အများခေါ်နာမည်မှာ(The yellow pike conger)ဖြစ်သည်။၎င်းငါးအမည်ပေးခဲ့သူမှာCuvierဖြစ်ပြီး1829တွင်စတင်တွေ့ရှိခဲ့ပါသည်။

ငါးရွှေသည်အပူပိုင်းဒေသရှိငါးရှဥ့်ဖြစ်ပြီးရေငန်၊နှင့်ရေချိုရေငန်စပ်ဒေသမြစ်ဝကျယ်နေရာများတွင်တွေ့ရှိရပါသည်။ငါးရွှေက်ိုအနောက်အင်ဒို၊ပစိဖိတ်ဒေသအပါအဝင်သီရိလင်ကာ၊ဘင်ဂလားပင်လယ်အော်နှင့်အင်ဒိုနီးရှားဒေသများပါဝင်ပါသည်။

ထိုငါး‌ ရွှေငါးသည်ရေနက်100mတွင်တွင်းတူးနေထိုင်‌ လေ့ရှိပါသည်။ကမ်းခြေဒေသနှင့်ရေချိုဒေသများတွင်နေထိုင်ပြီးညထွက်ပုံစံအဖြစ်တွေ့ရပါသည်။

အထီးကိုအရှည်ဆုံးအနေဖြင်80cmအထိတွေ့ရပြီးအမကိုအရှည်ဆုံးအနေဖြင့်50cmအထိတွေ့ရပါသည်။

Morphologyရုပ်သွင်ပြင်အရကြည့်လျှင်ကျောဆူးတောင်အမာနှင့်၊စအိုဆူးတောင်အမာ၊မရှိပါ။ဆူး‌ တောင့ပျော့သာဖြစ်ပြီးကျောရိုးဆစ်မှာ143မှ149ဆစ်အထိရှိပါသည်။ပါးစပ်သည်အလွန်ကြီးမားပါသည်။အပေါ်မေးရိုးသည်မျက်လုံးအောက်မှစတင်ဖြစ်ပေါ်ပြီးအလွန်ခိုင်ခံ့မှု့ရှိပါသည်။
ရင်ရေယက်သည်ဦးခေါင်း၏သုံးပုံတစ်ပုံခန့်ဖြစ်ပါသည်။အာရုံခံမူ့ကိုလက်ဆင့်ကမ်းပေးနိုင်သောLateral line poresသည်ရှေ့ဦးခေါင်းအစပ်မှစအို၊မရောက်ခင်အထိ41ခုမှ 42ထိရှိပါသည်။
ကျောရေယက်ဖြာထွက်မူသည်70မှ73ခုထိ ဖြစ်ပါသည်။
ပတ်ဝန်းကျင်နေသည့်အလေ့အထအရကမ်းခြေဒေသများတွင်တွေ့ရပါသည်။ပင်လယ်အောက်ခြေရှိငါးများနှင့်ပုဇွန်များ၊ဂဏန်းများကိုစားသုံးပါသည်။
စျေးကွက်၌ရောင်းဝယ်ရေးတွင်လတ်လတ်ဆတ်ဆတ်ရောင်းဝယ်ခြင်းဖြင့်စျေးကွက်ဝင်ငါးအဖြစ်တွေ့ရပါသည်။

ပင်လယ်ရေမျက်နှာပြင်မှအလွန်နက်သောdemersalရေအလွှာတွင်နေထိုင်နိုင်ပါသည်။
ငါးရွှေသည်အလွန်အသားပေါများသောကြောင့်မုန့်ဟင်းခါးချက်စားနိုင်ခြင်း၊ငါးမွှေအဖြစ်စားနိုင်ခြင်း၊ငါးစုတ်လုံးအနေဖြင့်ကြော်စားနိုင်ပါသည်။ပရိုတင်းဓာတ်ပေါများစွာရရှိပြီးရောင်းဝယ်ရာတွင်စျေးကွက်ဝင်သောပင်လယ်ငါးအမျိုးအစားဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

ato.dof

Tuesday, 3 December 2019

Anguillid species ငါးလင်ဗန်း၊ ငါးဟောက်၊ ငါးရှဉ့် အကြောင်း


Anguillid eels များဟာ ရေချိုမှာ ရှင်သန်ကြီးထွားပြီး မိတ်လိုက် မျိုးပွား သားပေါက်ရန် ရေငန်သို့ စုန်ဆင်းသော Catadromous species များဖြစ်သည်။ Anguillid species များသည် ပင်လယ် သမုဒ်ဒရာ ရေငန်ရှိရာ အရပ်တွင် မိတ်လိုက် ဥချသားပေါက်၍ သားပေါက်လေးများ glass eels  သည် ရေချိုရှိရာ မြစ်ဝများသို့ ရှင်သန်ကြီးထွားဘို့ရန် မိုင်ထောင်ချီ ဆန်တက်ကြသည်။ Anguillid species များ၏ ပထမဆုံး ဥမှပေါက်သော သားလောင်းကို pre leptocephalus ဟုခေါ်ဆိုပြီး တဖြေးဖြေးခြင်း ရုပ်သွင်ကူးပြောင်း ဖွံ့ဖြိုးလာကာ glass eel ဖြစ်လာပါသည်။ ဤဇီဝစက်ဝန်း ဖြစ်စဉ် အားလုံးသည် ရေငန်တွင်သာဖြစ်ပြီး glass eels များသည် ဖန်သားကဲ့သို့ ကြည်သောအရောင်သာ ရှိသည်ကိုတွေ့ရပါသည်။ glass eels များသည် ကျောဖက် dorsolateral pigmentation အရောင်ပြောင်းလဲသည့် အဆင့်ထိ ရေချိုတွင် ရှင်သန်ကြီးထွားပြီး ယင်းအဆင့်ကို elver ဟုသတ်မှတ်သည်။ မြန်မာပြည်တွင်တွေ့ရသော Yellow eel Anguilla bicolor မျိုးသည် ကျောဖက်နှင့် ဝမ်းဖက်တွင် အဝါညိုရင့်ရောင် ‌ပြောင်းလျင် elver ဟုသတ်မှတ်၍ ငွေရောင် သို့မဟုတ် မီးခိုးရောင်သို့ ပြောင်းလျင် လိင်အားဖြင့်အရွယ်ရောက်ပြီး ယင်း silver eel အဆင့်တွင် ရေချိုမှ ရေချိုရေငန်စပ်ဒေသ တ‌ဖြေးဖြေးခြင်း ရွေ့ပြောင်း အသက်ရှင်ကြီးထွားကြပြီး မိတ်လိုက်ရာသီချိန်တွင် ပင်လယ် သမုဒ်ဒရာဆီသို့ စုန်ဆင်းကြသည်။

Anguillid species များကို ဆေးထိုးသားဖေါက်ရာတွင် A.japonica တစ်မျိုးကိုသာ ဂျပန်ပညာရှင်များမှ သုတေသနပြု စမ်းသပ်အောက်မြင်ထားသည်။ A. anguilla & A.jponica မျိုးအား မျိုးစပ်သားဖေါက်ရာ သန်ဓေအောင်မြင်သည်ဟု ယူဆရသော်လည်း သားပေါက်ခြင်းမရှိပေ။ ယခုအခါ A.australis မျိုးဖြင့်လည်း စမ်းသပ်သားဖေါက်ခြင်း သုတေသန ဆောင်ရွက်လျက်ရှိပါသည်။ A.japonica မျိုးအား သားဖေါက်နိုင်သော်လည်း သားလောင်းအဆင့်တွင် ရှင်သန်နှုန်းနည်း၍ စီးပွားဖြစ်မထုတ်လုပ်နိုင်သေးပေ။ ထို့ကြောင့် glass eels များကိုသာ သဘာဝမှ စုဆောင်းရယူ၍ ပြုစုမွေးမြူခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြသည်။ glass eels အဆင့်တွင် သဘာဝအစာ ဖြစ်သော blood worm ရေတီ ကိုအဓိကကျွေးသည်။ နှသ်ပတ်ခန့်ကြာပြီး 0.3 gm အရွယ်ရောက်လျင် ဖေါ်စပ်အစာ formulated feed ကိုပြောင်းလဲကျွေးသည်။ formulated feed ကို ဂျပန်၊ ကိုရီးယား၊ထိုင်ဝမ် နိုင်ငံတို့မှ အဓိကထုတ်လုပ်ကြပြီး protein 50% အထိပါဝင်သည်။ glass eels ကို elver အဆင့် 10gm(15mm) အရွယ်ရောက်ရှိအောင် (6-8)လခန့် မွေးမြူရပြီး ရှင်သန်နှုန်းမှာ အမြင့်ဆုံး (60-80)% ခန့်အထိရှိပါသည်။

English လိုဖော်ပြချက် pdf ဖိုင်ဒေါင်းရန်
https://drive.google.com/file/d/1LNxGINOhjVk1sR9Dm-h50lIseeUV1kbn/view?usp=drivesdk

# myo min hlaing ၏ fb page မှကူးယူသည်

Thursday, 28 November 2019

ထိုင်း/ဗမာ ရေသတ္တဝါ အ ခေါ်များ

ကကတစ်ငါး
ปลากะพงขาว
Plā kaphng k̄hāw
Sea Bass
 






ငါးပါးနီ
ปลาเรดสแนปเปอร์
Plā reds̄næp pexr̒ 
Red Snapper 
 
 
 




ငါမြစ်ချင်း
ปลายี่สกเทศ
Plā yī̀s̄k theṣ̄ 
Rohu
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

ကျောက်ငါး
ปลาเก๋า
Plā kěā
Grouper Fish
 
 
 
 
 
 
 
 
 
 
 
 
 
 
ငါးတံခွန်
ปลาริบบิ้น
Plā ribbîn
Ribbon
 
 
 
 
 
 
 
 
 
 
 
 

တီလားပီးယား
ปลานิล 
Plā nil
Tilapia
Kûng khey
Anchovy