Showing posts with label Travel. Show all posts
Showing posts with label Travel. Show all posts

Thursday, 13 June 2024

ဘန်ကောက် Public Transportation တွေအကြောင်း

ဘန်ကောက် Public Transportation တွေအကြောင်း အရင်ဆုံး လိုတိုရှင်းပြောရရင် ဈေးနှုန်းအသက်သာဆုံးကတော့ ရိုးရိုးဘတ်စ်ကားတွေပဲ ၊ အကယ်လို့ကိုယ်ကမြန်လည်းမြန်ချင်တယ် ဈေးနှုန်းအားဖြင့်လည်းနည်းနည်းသက်သာရမယ်ဆိုရင် ကိုယ်သွားချင်တဲ့နေရာနဲ့ လက်ရှိနေရာနဲ့က BTS, MRT, လှေဆိပ်တွေနဲ့နီးလားအရင်ကြည့် နီးတယ်ဆိုရင်လမ်းကြောင်းဆွဲပြီးသွားရင် အဆင်ပြေတယ်။ လမ်းကြောင်းကဘန်ကောက်မြို့ထဲဆိုရင် Google Map မှာကိုယ်သွားချင်တဲ့နေရာကို direction ဆွဲလိုက်ရုံနဲ့ ဘယ် public transportation နဲ့ရောက်လည်းဆိုတာ ကြည့်လို့ရတယ်။ ဘာစီးစီး မနက် ၇ နာရီကနေ ၉ နာရီကြား ၊ ညနေ ၅ နာရီကနေ ၇ နာရီကြားဆိုရင် အလုပ်သွားအလုပ်ပြန်အချိန်တွေဖြစ်တာကြောင့် လူအရမ်းကြပ်တာမို့ အဲ့အချိန်ကားစီးမိရင်တော့ အေးဆေးအိပ်လိုက်သွားလို့ရပါတယ်။ အလျင်လိုနေတယ်ဆိုရင်တော့ Bolt ဆိုင်ကယ်သာငှားလိုက် အမြန်ဆုံးနဲ့အန္တရာယ်အရှိဆုံးမောင်းပေးလိမ့်မယ်။ ဒါကတော့ Public Transportation တွေရဲ့ဈေးနှုန်းတွေပါ။ • Normal Bus (8-10 bahts) • Aircon Bus (10-25 bahts) • BTS Skytrain (15-62 bahts) • MRT (14-42 bahts) • Airport Rail Link (15-45 bahts) • Bangkok River Boats (10-45 bahts) • Khlong Saen Saep Boat (8-20 bahts) *** 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐁𝐮𝐬𝐞𝐬 *** ဘန်ကောက်မှာဈေးအသက်သာဆုံးကတော့ ဘတ်စ်ကားတွေပဲ၊ ဘတ်စ်ကားတွေကို BMTA လို့ခေါ်တဲ့ Bangkok Mass Transit Authority ကနေအဓိက‌ management လုပ်ပြီး ဘတ်စ်ကားစီးတဲ့သူတွေအနေနဲ့လည်း ဘတ်စ်ကားအသွားအလာနဲ့လမ်းကြောင်းကို Via Bus, Moovit လို Application တွေမှတစ်ဆင့် ကြည့်လို့ရတယ်။ ဘတ်စ်ကားတွေကို အဲကွန်းမပါတာနဲ့ပါတာနှစ်မျိုးခွဲထားပြီး အဲကွန်းမပါတဲ့ရိုးရိုးဘတ်စ်ကားတွေက ဘယ်စီးစီး ပုံသေဈေးနှုန်း 8-10 bahts ပေးရတယ်၊ အဲ့ကားတွေကပုံမှန်အားဖြင့် အနီရောင်အများစုဖြစ်တဲ့အတွက် Red Bus လို့လူသိများကြပေမဲ့ ပြေးဆွဲတဲ့လမ်းကြောင်းပေါ်မူတည်ပြီး အနီနဲ့အပြာရှိပါတယ်။ နောက်တစ်ခုကတော့ အဲကွန်းပါတဲ့အပြာရောင်ဘတ်စ်ကားတွေပါ ၊ Thai Smile Bus (TSB) လို့ခေါ်ပြီး ကိုယ်စီးမဲ့အကွာအဝေးပေါ်မူတည်ပြီး 10-25 bahts အထိ ပေးရပါတယ်။ အဲ့ကားတွေကတော့ ငွေသားအပြင် TSB card နှင့် TS company နဲ့ ပူပေါင်းထားသော card အချို့ကိုအသုံးပြု၍ စီးနင်းနိုင်ပါတယ်။ Transportation charges ချွေတာချင်ရင် ဘတ်စ်ကားတွေကအသင့်တော်ဆုံးဖြစ်ပေမဲ့ မြို့ထဲဧရိယာမှာ ရုံးတက်ရုံးဆင်းအချိန်တွေဆို ကားလမ်းအရမ်းပိတ်တာမို့ ၄၅ မိနစ်ခရီးကို ၂နာရီ ၃နာရီလောက် ကြာတာမျိုး ရှိတတ်ပါတယ်။ *** 𝐁𝐓𝐒 𝐒𝐤𝐲𝐭𝐫𝐚𝐢𝐧 *** BTS တွေက မိုးပျံရထားလမ်း (sky railways) ကနေသွားတာဖြစ်ပြီး အစိမ်းလိုင်း (Sukhumvit Line) ၊ အစိမ်းရင့်လိုင်း (Silom Line) နှင့်အဝါလိုင်း (MRT Yellow Line) အဓိကလိုင်းသုံးလိုင်းရှိပါတယ်။ အစိမ်းလိုင်းက ဘန်ကောက်မြို့အနောက်ဘက်နဲ့မြောက်ဘက်ကို ( Kheha - Khukhot ) ချိတ်ဆက်ထားပြီး ဘန်ကောက်မြို့ရဲ့အဓိကနေရာတွေဖြစ်တဲ့ Asok, Nana, Siam စတဲ့နေရာတွေကိုတိုက်ရိုက်ရောက်တဲ့လိုင်းဖြစ်ပါတယ်။ Transportation charges အနေနဲ့ အကွာအဝေးပေါ်မူတည်ပြီး 16-59 Bahts ကျသင့်မှာပါတယ်။ အစိမ်းလိုင်းကို ဘန်ကောက်မြို့ရဲ့အကောင်းဆုံးရထားလိုင်းလို့လည်းမှတ်ထားလို့ရတယ်။ အစိမ်းရင့်ရောင်လိုင်းကတော့ ဘန်ကောက်မြို့ရဲ့အရှေ့ဘက် National Stadium ကနေ အနောက်ဘက် Bang Wa ကိုချိတ်ဆက်ထားတဲ့လိုင်းဖြစ်ပြီး မြို့လယ်ခေါင် SIAM ကနေ ကျောက်ဖယားမြစ်ဘေးက ICONSIAM ဘက်သွားလို့ရတဲ့လိုင်းဖြစ်ပါတယ်၊ Krung Thon Buri မှာဆင်းပြီး BTS Gold Line (လိုင်းတို) ပြန်စီးရင် ICONSIAM တိုက်ရိုက်ရောက်ပါတယ်။ တစ်ချို့နေရာတွေကရထားလိုင်းတစ်ဆင့်ထဲမရောက်တာမျိုးရှိတယ် ၊ အဲ့အခါရထားလမ်းနှစ်ခုဆုံတဲ့ဘူတာမှာပြန်ပြောင်းစီးလို့ရတယ်။ BTS Skytrain စီးမယ်ဆိုရင် single-journey ticket (ရထားဘူတာမှာရှိတဲ့စက်တွေမှာသွားမဲ့ဘူတာရွေးပြီးဝယ်လို့ရ) ၊ Rabbit Card နှင့် အချို့သော Bank Card တွေနဲ့စီးလို့ရပါတယ်။ *** 𝐌𝐑𝐓 𝐌𝐚𝐬𝐬 𝐑𝐚𝐩𝐢𝐝 𝐓𝐫𝐚𝐧𝐬𝐢𝐭 *** MRT တွေမှာဆိုရင် • MRT Blue Line • MRT Yellow Line • MRT Purple Line • MRT Pink Line • MRT Orange Line (လက်ရှိဆောက်နေဆဲ) ဆိုပြီး ငါးလိုင်းရှိတယ်။ MRT Blue Line ကတော့ BTS Green Line လိုပဲ ၊ ဘန်ကောက်ရဲ့နာမည်ကြီးနေရာတော်တော်များများကိုပတ်သွားတဲ့လိုင်းပဲ BTS နဲ့မတူတာဆိုရင် သူကမြေအောက်ထဲကနေသွားတာ။ Transportation charges ကတော့ အကွာအဝေးပေါ်မူတည်ပြီး 14 - 42 bahts အထိရှိတယ် ဒီလိုင်းမှာ VISA Card နဲ့စီးလို့ရသလို single-journey ticket (ရထားဂိတ်တွေမှာသွားမဲ့မှတ်တိုင်ရွေးပြီးဝယ်လို့ရ) ၊ အချို့သော Bank Card တွေနဲ့လည်း စီးလို့ရတယ်။ MRT Yellow Line လို့ခေါ်တဲ့အဝါလိုင်းက မိုးပျံလမ်းကပဲသွားတာ ဒါပေမဲ့အခုအချိန်မှကျန်းမာရေးလိုင်းလို့အလွယ်မှတ်ထားလိုက်တာပိုကောင်းမယ်၊ တစ်နေရာရာသွားမယ်ဆို အတက်အဆင်းသုံးခါလောက်လုပ်ရလို့။ ဒီလိုင်းကဘန်ကောက်မြို့ရဲ့အရှေ့မြောက်ဘက် Lat Phrao ကနေ အရှေ့တောင်ဘက် Samrong ကိုချိတ်ဆက်ထားတဲ့လိုင်း သူကတော့မြို့လည်ခေါင် area တွေသိပ်မရောက်ဘူး ၊ အကွာအဝေးပေါ်မူတည်ပြီး 16-42 bahts လောက်ကျမယ် ၊ single-journey ticket (ရထားဘူတာမှာရှိတဲ့စက်တွေမှာသွားမဲ့ဘူတာရွေးပြီးဝယ်လို့ရ) ၊ Rabbit Card နှင့် အချို့သော Bank Card တွေနဲ့စီးလို့ရတယ်။ ကျန်နှစ်ခုဖြစ်တဲ့ Purple နဲ့ Pink Line ကတော့ နေတဲ့နေရာနဲ့တော်တော်ဝေးတော့ သွားမစီးကြည့်ရသေးဘူး၊ အဲ့ဘက်တွေမှာဘာတွေရှိလည်း မလေ့လာရသေးတာကြောင့်လည်းပါတယ်။ *** 𝐀𝐢𝐫𝐩𝐨𝐫𝐭 𝐑𝐚𝐢𝐥 𝐋𝐢𝐧𝐤 (𝐀𝐑𝐋) *** သုဝဏ္ဏဘူမိလေဆိပ်နဲ့ မြို့ထဲရှိ Phaya Thai ကိုချိတ်ဆက်ထားတဲ့ မိုးပျံရထားလိုင်းဖြစ်ပါတယ်။ လေဆိပ်ကနေစီးမယ်ဆိုရင် ground floor ကနေစစီးရမှာဖြစ်ပြီး ခရီးအကွာအဝေးပေါ်မူတည်ပြီး 10-45 bahts အထိကျသင့်နိုင်ပါတယ်။ လေဆိပ်ကနေမြို့ထဲလာမယ်ဆိုရင် ARL စီးပြီးအနီးဆုံးဘူတာမှာဆင်း Grab/Bolt ငှားတာက ပိုက်ဆံချွေတာရာရောက်ပါတယ်။ *** 𝐂𝐡𝐚𝐨 𝐏𝐡𝐫𝐚𝐲𝐚 & 𝐊𝐡𝐥𝐨𝐧𝐠 𝐒𝐚𝐞𝐧 𝐒𝐚𝐞𝐛 𝐁𝐨𝐚𝐭𝐬 *** ကျောက်ဖယားမြစ်ထဲမှာပြေးဆွဲတဲ့ Boats တွေကတော့ Boats အမျိုးအစားပေါ်မူတည်ပြီး 10-40 bahts အထိရှိပါတယ်။ Khlong Saen Saeb လို့ခေါ်တဲ့ရေနံချောင်းထဲကစက်လှေတွေကတော့ အကွာအဝေးပေါ်မူတည်ပြီး 10-25 bahts အထိပေးရတယ်၊ လှေဆိပ်နဲ့နီးတယ်ဆိုရင် ဒါပဲစီး မြန်မြန်ရောက်တယ်။ *** 𝐓𝐚𝐱𝐢 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 *** အခြားသော Taxi Services လေးငါးခုရှိပေမဲ့ Bolt, Grab ကိုသုံးတာများပါတယ်၊ ပုံမှန်အချိန်ဆိုရင် Bolt ကဈေးနှုန်းအားဖြင့် Grab ထက်သက်သာပြီး မိုးရွာတဲ့အချိန် ကားလမ်းပိတ်တဲ့အချိန်ဆိုရင် Grab ကဈေးပိုသက်သာပါတယ်။ လူများများ (ဥပမာ သုံးလေးယောက်) ဆိုရင် Taxi စီးတာက ပိုတန်ပြီး တစ်ယောက်နှစ်ယောက်ထဲဆိုရင် Public Transportation က ချွေတာရာရောက်ပါတယ်။

Monday, 2 December 2019

တောင်ကြီးမြို့ကိုရောက်ရင်သွားလည်သင့်တဲ့ဆိုင် (၅) ဆိုင်




ယုဒဿန် (တောင်ကြီး)
တောင်ကုန်းမြင့်လေးပေါ်မှာ တည်ရှိပြီး .. နေရာလှလှလေးမှာထိုင်ပြီး စားရင်းသောက်ရင် ဓါတ်ဖမ်းလိုကြသူများအတွက် ဒီဆိုင်လေးကို
သိထားသင့်တဲ့ဆိုင်တစ်ဆိုင်တည်းမှာ ပါ၀င်ပါတယ် ။ ဆိုင်လိပ်စာ ရွှေမောင်းတောင်အတက်လမ်း ကန်ကြီးရပ်ကွက် , တောင်ကြီး ရွှေမောင်းတောင် ဘုရား အနီးမှာတည်ရှိပါတယ် ။။

     🥰ဒီဆိုင်က Wifi Free ပေးထားပြီး တောင်ကြီးမီးပုံပျံ လိုအခါမျိုးမှာ အကျအန ထိုင်ကြည့်လို့ရပါတယ် ။ ဒီဆိုင်ရောက်ရင် စားသင့်တာလေးတွေက ကြက်ခါးပတ် ( ၂၅၀၀ ) / မလေးရှားခေါက်ဆွဲကြော် ( ၂၂၀၀ ) / မျှစ်ချဉ်ခောက်ဆွဲ ( ၂၀၀၀ ) / အာလူးခေါက်ဆွဲကြော် ( ၂၀၀၀ ) / ၀ဥခေါက်ဆွဲ ၂၀၀၀
ကယားထမင်းထောင်း ၂၉၀၀ / ဒိုမီနို ၂၀၀၀ / Nes coffee ၈၀၀ ... စသဖြင့် စျေးသက်သက်သာနှင့် စားသုံးနိုင်တဲ့ တစ်ဆိုင်ပါ ။ ဆိုင်ကိုတော့ ဆိုင်ဖွင့်ချိန် နံနက် ၇ - ည ၆ နာရီထိ ဖွင့်ထားပေးပါတယ်နော် ။
..
..


🔺   Loi Kham Bar (Royal Taunggyi Hotel )
Loi Kham Bar ကတော့ Royal Taunggyi Hotel အတွင်းမှာရှိပြီး ဒေါင်းလန်းထမင်း (၂၅၀၀၀ကျပ် ) ကဲ့သို့ ဒေသအစားအစာလေးတွေပါ ရနိုင်တဲ့ဆိုင်တစ်ဆိုင်ပါ ။ တောင်ကြီးမြို့ကို လာရောက်လည်ပတ်ရင်း အနားယူတည်းခိုရင်း အစားကောင်းကောင်းလေးတွေ စားနိုင်သလို Hotel ကို လာတည်းသူတွေအတွက် Gym ခန်းမ , Spa တွေရှိ , KTV ခန်းလဲရှိ အရုပ်ကောက်စက် .. စသည့် facilities များထားရှိပေးထားပါတယ် ။
   " ဒီ ဘားကို ရောက်ရင် A La’ Cake ( 4000 ) / Ponacotta -3000 / Tiramisu – 4000 လေးတွေကို စားသင့်ခဲ့ပါတယ် ။ ဖွင့်ချိန် က 8PM-2 AM ထိ ဖြစ်ပြီး သစ်တောရပ်ကွက် ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်း၊တောင်ကြီးမြို့ မှာ တည်ရှိပါတယ် ။
..
..

   🔺  " တောင်ကြီး Tokyo Cafe ...
မနက်စောစော မလည်ပတ်ခင် ထိုင်လို့ကောင်းတဲ့ လက်ဖက်ရည်ဆိုင်ကို ပြပါဆိုရင် Tokyo Cafe ကို ချန်ထားလို့မရတာဟာလည်း တစ်ခုပါ ။ လဘက်ရည် ( ၅၀၀ ) / ထပ်တစ်ရာနို့ဆီ/နို့စိမ်း ဆမ်း ( ၆၀၀ ) /
ပေါင်မုန့်ကြက်ဥကြော် ( ၅၀၀ ) / ဝက်ခြေထောက်ခေါက်ဆွဲ - ၁၀၀၀
ခေါက်ဆွဲကြော် , ထမင်းကြော် , ထမင်းပေါင်း လူကြိုက်များတဲ့ အစားအစာတွေ ရရှိနိုင်ပါတယ် ။။

      - wifi free / -- တီဗွီ ၂လုံး / ဘောလုံးပွဲ ပြပေးတာမို့ လူကြီး / လူငယ် / ခရီးသွားတွေနဲ့ လူစည်ကားတဲ့ ဆိုင်တစ်ဆိုင်ပါ ။ ဆိုင်ဖွင့်ချိန် - နံနက် ၆ - ည ၉ခွဲ ထိဖြစ်ပြီး
ဆိုင်လိပ်စာ - 095211465 / အမှတ် (၁) B ဗိုလ်ချူပ်လမ်း ကန်အောက်ရပ်ကွက် တောင်ကြီးမြို့ မှာ ဖွင့်လှစ်ထားပါတယ်နော် ။
..
..

🔺 ငွေတောင် (တောင်ကြီး)
ဒီဆိုင်လေးကတော့ ဆိုင်သက်တမ်း နှစ်ပေါင်း ၄၀ ကျော်ရှိပြီး
တောင်ကြီး ဟင်းထုတ် ၁ ထုပ် ၅၀၀ ကျပ် / မုန့်ဟင်းခါး ( ၈၀၀ ) / နံပြား ( ၂၀၀ ) / မလိုင် ( ၁၀၀၀ ) / စမူစာ ၁ခု ၁၀၀ / လဘက်ရည် ( ၄၀၀ ) ကဲ့သို့ မနက်ခင်းစာ စားချင်စရာလေးတွေ တော်တော်များများရှိပါတယ် ။ ဒီဆိုင် ထူးခြားချက်က ကိုယ်ပိုင် နွားခြံ ရှိတဲ့အတွက် နွားနို့စစ်စစ်ရနိုင်တဲ့ ဆိုင်ပါ ။ ဆိုင်ဖွင့်ချိန် နံနက် ၆ - ည ၆ နာရီထိ ဖြစ်ပြီး ဆိုင်လိပ်စာ အမှတ် ၂၈၇ သပြေလမ်း မြိုမရပ်ကွက်မှာ ရှိပါတယ်နော် ။
..

    🔺ကဖေး အအေး အတွက် စမ်းသီတာ .....
ဒီဆိုင် စမ်းသီတာက ရွှေရင်အေး - ၁၃၀၀ / ဖာလူဒါ -၁၅၀၀ / ပူတင်း - ၈၀၀ ရေခဲသုပ် , စတော်ဘယ်ရီ , ထောပတ်သီး , အသီးဖျော်ရည် မျိူးစုံရ ရှိနိုင်တဲ့ ဆိုင်တစ်ဆိုင်ပါ ။ ဆိုင်အပြင်အဆင်က အရမ်းကြီးလှမနေပေမယ့် wifi free ပေးပြီး သပ်သပ်ရပ်ရပ်နဲ့ ထိုင်လို့ကောင်းတာမို့ အနားယူရင်း အစားအသောက်ကောင်းကောင်းလေးတွေကို စားနိုင်ပါတယ် ။
ဆိုင်ဖွင့်ချိန်က နံနက် -၆ - ည ၈ခွဲ ထိဖြစ်ပြီး
ဆိုင်လိပ်စာ - ဗိုလ်ချူပ်လမ်း ညောင်ရွှေ ဟော်ကုန်းရပ်ကွက်မှာ ရှိပါတယ်နော် ။

Credit: food in yangon page မှကူးယူပါသည်

Wednesday, 31 January 2018

ငပလီကို ၁သိန်းခွဲသုံးပြီး ရှယ်သွားနည်း


ငပလီ ကို သွားမယ်ဆို
ကားခ အသွားအပြန် ၃၀၀၀၀ ကုန်ပါမယ်။
တည်းခိုခန်းမှာ တည်းပါ။
တစ်ညမှ ၃သောင်းခွဲလောက်ဆို အဆင်ပြေတဲ့ တည်းခိုခန်းတွေ ရပါတယ်
ကို San Myint Oo Oo ဆိုတဲ့ အကိုကြီး ပိုင်တဲ့ Unique ဆိုတဲ့ တည်းခိုခန်းမှာ တည်းပါ
ကမ်းခြေကို ခြေလှမ်း ၇၀ဆို ရောက်ပါတယ်။
၂ ညအိပ်မယ်ဆိုရင် တစ်ယောက်ကို ၃သောင်းခွဲ ကုန်ပါ့မယ်။
ဆင်စခန်း သွားပါ။ Aung Aung
အရမ်းမိုက်တဲ့ နေရာတွေကို လှေလေးနဲ့ဖြတ်သန်းရင်း ချစ်စဖွယ် ဆင်လေးတွေ ရှိနေတဲ့ ဆင်စခန်းကို တစ်ယောက်ကို ၄သောင်းနှုန်းနဲ့ သွားလို့ရပါတယ်။ တည်းတဲ့နေရာအထိ လာကြိုပေးပါတယ်။ နေ့လည်စာ ကျွေးပါတယ်။
ပုလဲကျွန်း တို့ ကျောက်ကလပ်တို့ကို သွားပါ။ လှေငှားရင် တစ်ရက်လုံးစာ ၇သောင်းလောက် ကျသင့်ပါမယ်။ ၄ယောက်လောက် သွားရင် အရမ်း တန်ပါတယ်။
စားတာသောက်တာတွေကို ဆိုင်ကြီးဆိုင်ကောင်းတွေ မှာ သွားမစားပါနဲ့...
ဂေါ့ဆိုတဲ့ ကမ်းခြေ ရှိပါတယ်... လေဆိပ်မရောက်ခင် လမ်းလေးကနေ Jasmine Hotel သို့ ဆိုတဲ့ လမ်းလေးအတိုင်း သွားလိုက်ပါ... ညနေ နေဝင်ချိနိ အရောင်က သိပ်လှပါတယ်.. Ebike ငှားသွားပါ တစ်နာရီ ၃၀၀၀ ပဲ ပေးရပါတယ်
မနက်အစောကြီး ငပလီဈေးမှာ သွားဝယ်ပါ။ တန်လွန်းလို့မှ တန်တန် တန်တန် နဲ့ တောင် မြည်ပါသေးတယ်။
ပြီးရင် တည်းတဲ့နေရာမှာ အကုအညီတောင်းပြီး ချက်ခိုင်းပါ...
ကဲ တွက်ပြမယ်ဆို အားလုံးပေါင်း ၁သိန်းခွဲလောက် သုံးရင် ငပလီမှာ ၂ညအိပ်ပြီး အစုံရောက်ပါတယ်။
လေယာဉ်နဲ့ဆို အသွားအပြန်တင် ၁သိန်း၂သောင်း ကုန်ပါမယ်။
အိပ်တာရော လည်တာပါနဲ့ဆို တစ်ယောက် ၃သိန်းလောက် မြောက်သွားပါမယ်။

ကဲ ... တစ်ယောက် ၁သိန်းခွဲလောက် သုံးပြီး ငပလီမှာ ရှယ်ပျော်လိုက်ပါတော့....
ကျနော့်ဆီကနေ တဆင့် သွားရင်တော့ ၀န်ဆောင်ခ ၁သောင်းစီ ယူပါတယ်။ ကားလက်မှတ်က အစ အိမ်အရောက် ပို့ပေးပါတယ်...
Travelling Beetle
09459973474
09783531315







Saturday, 27 January 2018

Passport သက်​တမ်းတိုး လျှင်


Passport ရုံးကို ၈ နာရီ မခွဲခင်​ ​လောက်​အ​ရောက်​သွား ပြီး တန်းစီပါ
(Update-သက်တမ်းတိုးရင် တန်းစီစရာမလိုဘူးတော့ဘူး ဒီတိုင်းတန်းဝင်သွားလို့ရပါတယ်တဲ့သက်တမ်းတိုးမယ်ပြောပြီး ရှေ့ဆုံးသာဝင်သွား အဝမှာ Passportကိုသာ ပြလိုက်ရင်ရပြီတဲ့)
၉ နာရီ မထိုးခင်​ ​လောက်​ စပြီး အဝင်​ ခံ ​ပါတယ်​။
နောက်​ကျရင်​ တခါတ​လေ agency က လူ ​​တွေ နဲ့  ရှုပ်​ယှက်​ခက်​​နေတက်​ လို့ ပါ။
အိမ်​သန်​​ခေါင်​စာရင်း ၊ မှတ်​ပုံတင်​ ၊ passport စာအုပ်​အ​ဟောင်း မူရင်း ရယ်​ မိတ္တူ ၂ စုံ ကူးသွားပါရန်
မပါလျှင်​ လည်း ရုံးထဲတွင်​ copy ကူး လို့ ရပါသည်​ ။
အထဲဝင်​ရင်​ သန်​​ခေါင်​စာရင်း ပြဝင်​ရတာ မလို့  အဆင်​သင့်​ကိုင်​ပြီး တန်းစီဝင်​ သွားပါ။
Immigation လို့  ​ရေးထား တဲ့ ​ကောင်​တာ မှာ ပိုက်​ဆံ ၅၀၀၀ နဲ့  ယူသွားတဲ့ စာရွက်​စာတမ်း​တွေ အကုန်​​ပေး လိုက်​ပါ။
မိတ္တူ ၁ စုံ သူယူထားပြီး ကျန်​တစ်​ ကို တုန်းထု ပြန်​ ​ပေး လိုက်​ လိမ့်​မယ်​။
အဲဒါနဲ့  ပုံစံ ယူ ရမယ့်​ ​ကောင်​တာမှာ ပုံစံ သွားယူ ပြီးဖြည့်​ ပြီးရင်​ အဲဒီအထဲမှာပဲ မြန်​မာ့စီးပွား​ရေးဘဏ်​ ရှိပါတယ်​ ...အဲဒီမှာ ပိုက်​ဆံ ၂၈၀၀၀ ​ဆောင်​ ရပါမယ်​။ ဖြစ်​နိုင်​ရင်​ အတန်​ကြီး​တွေ ​ပေး ပါ။ သူတို့ ပိုက်​ဆံ​ရေ တာ အရမ်းကြာလို့  မြန်​မြန်​ပြီး​အောင်​ပါ ။
သူတို့  ချလန်​ ပြန်​​ပေးရင်​ ဓာတ်​ပုံရိုက်​တဲ့ အခန်း မှာ ဓာတ်​ပုံ သွား
ရိုက်​ အဲဒီမှာလဲ ယူသွားတဲ့ မူရင်း​ရော မိတ္တူ​တွေ ​ရော အကုန်​ ထပ်​ပြရပါတယ်​။ ဓာတ်​ပုံရိုက်​ခ ၂၀၀၀ ​ပေးရပါတယ်​။
ဓာတ်​ပုံရိုက်​ စစ်​​ဆေးပြီးရင်​ passport အ​ဟောင်း ကို ယူထား လိုက်​ပြီး ချလန်​​သေး​သေး​လေး ၁ ခု ​ပေးပါတယ်​။
သူ​ပြောတဲ့ ရက်​ကျရင်​ ချလန်​​လေး ပြပြီး စာအုပ်​သွားထုပ်​ရုံပါဘဲ။
သွားထုတ်​တဲ့ ​နေ့ ကျ ရင်​​တော့ သန်​​ခေါင်းသာရင်းမူရင်း ​တွေ ပြန်​ယူသွားပါ ။

Travel Blogger တွေရဲ့ Page များ

ဒီတစ်ခေါက်ရေးမယ့် အကြောင်းကတော့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ရှားရှားပါးပါး Travel Blogger တွေရဲ့ page တွေကို စုပေးထားတာပါ။ 😊😊
တခြားနိုင်ငံက Blogger တွေကျတော့ သူတို့ကိုယ်ပိုင် website မှာရေးကြတာပေါ့လေ။ ကိုယ်တွေဆီမှာတော့ ဘာလာလာ FB ပဲအားကိုးကြတော့ FB ကသူတွေပဲ ရှာထားလိုက်ပါတယ်။ ကိုယ်တိုင်လည်း (၂၀၁၆)နှစ်စလောက်မှ စရေးဖြစ်တာ ကိုယ့်အရင်ရေးတဲ့သူတွေ ရှိလား မရှိလားတောင် မသိခဲ့ဘူးရယ်။ စရေးတုန်းက ကိုယ်တိုင်လည်း Travel Blogger ရယ်လို့ ခံယူထားတာ မဟုတ်ပါဘူး။ သွားခဲ့တဲ့ ခရီးတွေနဲ့ပတ်သတ်ပြီး အမှတ်တရ ကျန်အောင် တခြားသူတွေသွားရတာ အဆင်ပြေအောင်ဆိုပြီး ရေးရင်း ရေးရင်း သူ့ဘာသူပဲ ဖြစ်သွားတာပါပဲ။
အခုပိုစ့်မှာတော့ Facebook မှာရှိတဲ့ စီနီယာ Travel Blogger တွေရော ဂျူနီယာ Travel Blogger တွေရဲ့ page လိပ်စာလေးတွေ စုပေးထားတယ်နော့။ တချို့ Travel Blogger တွေကို ခွင့်မတောင်းမိတဲ့အတွက်လည်း ကြိုပြီးတောင်းပန်ပါတယ်။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ သိသလောက် စုထားတာဆိုတော့ ကျန်ခဲ့တာမျိုးရှိရင်လည်း အားနာပါတယ်။ တကယ် page နဲ့ သေချာရေးတဲ့သူတွေဆိုရင် ပြန်ထည့်ပေးပါ့မယ် … 😄😄
🔹Nu Myat Around the World
https://www.facebook.com/numyataroundtheworld/
မနုမြတ်ရဲ့ page လေးပါ။ မနုမြတ်ကတော့ ပြည်ပခရီးတွေ တော်တော်များများရောက်ပြီးသွားပါပြီ။ စိတ်ဝင်စားစရာကောင်းမယ့် နေရာတွေကို သေချာရေးပြလေ့ရှိပါတယ်။ မနုမြတ်ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တွေကလည်း တော်တော်မိုက်ပါတယ်။
🔹I Love Traveling
https://www.facebook.com/I-Love-Travelling-731173643577145/
မမေဇွန်ရဲ့ page ပါ။ နိုင်ငံခြားခရီးစဉ်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဈေးသက်သက်သာသာ သွားလို့ရအောင် အမြဲရေးပေးနေတဲ့သူပါ။
🔹My Khayee
https://www.facebook.com/mykhayee/
Go With me ရဲ့ပိုင်ရှင် မခင်မြတ်ရဲ့ travel page ပါ။ ပြည်တွင်း ပြည်ပခရီးစဉ်တွေ အမြဲရေးပေးပြီးတော့ ပြည်ပခရီးစဉ်တွေသွားရင် ဘယ်လို လေ့လာရမယ်၊ ဘာတွေ လိုအပ်တယ် hotel ဘာညာကစ ဘယ်မှာ ဘိုကင်လုပ်ရမယ်ဆိုပြီး သေချာရေးပြပေးပါတယ်။
🔹Mandalarian (ယဉ်ယဉ်နှောင်း)
https://www.facebook.com/mandalarianmdy/
မန္တလေးက ညီမလေး ယဉ်ယဉ်နှောင်းရဲ့ page ပါပဲ။ မန္တလေးအနီးတစ်ဝိုက်က လည်စရာတွေ မြန်မာ့လက်မှုပစ္စည်းတွေနဲ့ အစားအသောက်တွေကို အမြဲတင်ပေးထားပါတယ်။ တခြားသူသွားခဲ့တဲ့ ခရီးစဉ်တွေ ဖတ်ချင်ရင်လည်း သူ့အကောင့်မှာ ၀င်ဖတ်လို့ရပါတယ်။
ဒါကတော့ သူ့ အကောင့်ပါ https://web.facebook.com/yinyinhnoung/
🔹ACM The Traveller
https://www.facebook.com/ACMtheTraveller/
ပြည်တွင်းပြည်ပ ခရီးစဉ်တွေကို စိတ်ဝင်စားစရာ ပုံစံလေးတွေနဲ့ ရေးပြတတ်တဲ့ ညီမလေး အေးချမ်းရဲ့ page ပါ။ ခရီးလမ်းကြောင်းတွေကိုလည်း ပုံပြင်ပုံစံလေးနဲ့ သေချာ အသေးစိတ်ရေးပေးထားပါတယ်။
🔹U U Ye KalawThar
https://www.facebook.com/Kalaw-Trekking-with-U-U-Y%C3%A8-K…/
ကိုရဲလို့သိကြတဲ့ ကလောကအကိုဟာ လူသိပ်စိတ်မဝင်စားတဲ့ ကလောမြို့လေးကို Eco Tourism အဖြစ်နဲ့ လူသိများစေခဲ့တဲ့သူပါ။ တောတောင်ထဲကို လမ်းလျှေက်သွားကြတဲ့ Treeking အလေ့အထကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီး သူ့ကြောင့် ကလောမြို့လေးဟာ အရင်ကထက် အများကြီး ပိုပေါ်ပြူလာဖြစ်ခဲ့ပါတယ်။
🔹Hein The Traveller
https://www.facebook.com/heinthetraveller/
Croton Travel & Tour ရဲ့ Directorပါ။ ရှားရှားပါးပါး ယောကျာ်လေး Travel Blogger ထဲက တစ်ယောက်ပါပဲ။ ကိုဟိန်းသန့်ကတော့ သွားလာဖို့ခက်ခဲတဲ့ နိုင်ငံခြားခရီးစဉ်တွေကို သေချာရေးပေးထားပါတယ်။ ကုန်ကျစရိတ်ကအစ အစားအသောက်က အစ သေချာလေးကို ရေးထားပါတယ်။
🔹Miles of Happiness
https://www.facebook.com/SaiNkk/
Tango Tour ရဲ့MDမမခေါင်နဲ့ ကိုစိုင်းတို့ ဇနီးမောင်နှံပါ။ ရှားရှားပါးပါး အားကျမိတဲ့ အတွဲညီတဲ့ ခရီးသွားမောင်နှံပါ။ မမခေါင်နဲ့ ကိုစိုင်းနဲ့ တူတူသွားဖြစ်ကြတဲ့ ခရီးလေးတွေကို အချက်အလက်လေးတွေနဲ့ သေချာရေးပေးထားပါတယ်
🔹Htoo the Wanderlust
https://www.facebook.com/htoothewanderlust/
ထပ်ပြီးတော့ ရှားရှားပါးပါး ယောက်ျားလေး Travel Blogger, Backpacker ပါ။ Backpacker ဆိုတဲ့အတိုင်း အိတ်တစ်လုံးကျောမှာလွယ်ပြီး ခရီးသွားခဲ့တာတွေ၊ စရိတ်စက အနည်းဆုံးနဲ့ ခရီးသွားလို့ရအောင် ကိုယ်တိုင်လည်းသွား သူ့အတွေ့အကြုံတွေကိုလည်း ရေးသားထားပါတယ်။
🔹Travel by KWYP
https://www.facebook.com/Travel-by-KWYP-2015410015351638/
Page အနေနဲ့ ရေးတာတော့ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ခရီးတစ်ခုကို သွားသင့်တဲ့ပုံစံရေးထားတာက စနစ်ကျပါတယ်။ သေချာလည်း ရေးထားပါတယ်။ ပြီးတော့ နောက်ထပ် ယောက်ျားလေး Travel Blogger တစ်ယောက်လည်း ဖြစ်ပါတယ်။
🔹Travel by Naw Htike
https://web.facebook.com/travelbynawhtike/
ဒါကတော့ အနော်ပေါ့နော် …. အနော်လည်း ကြိုးစားပန်းစားရေးပေးနေတယ်ပေါ့နော် … ဆက်လက်ပြီးလည်း ကြိုးစားပါ့မယ်ပေါ့နော် ….. 😁😁😁
နောက်ထပ်ဖြည့်ထားတာတွေကတော့
🔹Thiha the Traveller
https://www.facebook.com/travellerthiha/
🔹Travel Nay Lin Thaik
https://www.facebook.com/travelnaylinthaik/
🔹Travelled by HEEW
https://www.facebook.com/travelbyheew/
🔹Travel Kueen
https://www.facebook.com/ktyoshe/
ဒီ Page ပိုင်ရှင်တွေအကုန်လုံးက ၀ါသနာအရရော စေတနာအရရော စာဖတ်တဲ့သူတွေ အဆင်ပြေပါစေ ခရီးတွေလွယ်လွယ်ကူကူသွားနိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက် ကိုယ်စီနဲ့ ရေးဖြစ်ကြတာများမယ်လို့ ကိုယ်ကတော့ ထင်ပါတယ်။ ဘာလို့ဆို မြန်မာနိုင်ငံထဲမှာက ခရီးသွားမယ်ဆို ဒေတာ ရှာရတာ အချက်အလက်ရှာရတာ အခက်ဆုံးလေ။ အခုတော့ အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်။
ခရီးတစ်ခုသွားဖိုစီစဉ်တိုင်း တစ်ခုခုသိချင်တာရှိရင် အပေါ်က ပြောထားတဲ့ page တွေမှာ ၀င်မွှေကြပါ။ တစ်ခုမဟုတ် တစ်ခုမှာတော့ အဆင်ပြေတာလေးတွေ တွေ့မှာပါလို့ မျှော်လင့်ပါတယ်။

ပထမဆုံး နိုင်ငံခြားသွားမယ့် သူတွေအတွက်" လိုအပ်တဲ့ ပက်စ်ပို့ (Passport) လုပ်၊ လေဆိပ် အဝင်/ အထွက် သိစရာလေးတွေ


ဒီတခါတော့ နိုင်ငံခြားကို ပထမဆုံးအကြိမ်အဖြစ် စသွားမယ့် မိတ်ဆွေတွေအတွက် လိုအပ်တဲ့အချက်အလက်လေးတွေကို စုဆောင်းပေးလိုက်ပါတယ်။ သွားနေကျ လူတွေအတွက် သိပ်မခက်ခဲပေမယ့် ပထမဦးဆုံးအကြိမ် သွားရမယ့်သူများအဖို့ လေယာဉ်ကွင်းမှာ ဖြတ်ကျော်ရမယ့် အဆင့်တွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မသိတဲ့အခါကျ ကသောင်းကနင်း ဖြစ်တတ်လေနော့်..
အဖွဲ့နဲ့ သွားတာဆို ထားပါတော့၊ ကိုယ့်တယောက်ထဲ သွားတဲ့အခါကျ အကူအညီမရဖြစ်မှာစိုးလို့ ပြင်ဆင်ပေးလိုက်ပါတယ်။ 🤗🤗🤗
ပထမဆုံးသွားမယ်ဆိုတော့ နည်းနည်းလွယ်ကူသွားအောင် နီးနီးနားနား ဘန်ကောက်ကိုပဲ အရင်သွားလိုက်ရအောင်နော့ ... 😃😃😃
🔷️📙နိုင်ငံခြားသွားဖို့ လိုအပ်တဲ့ Passport လျှောက်ဖို့လို
နိုင်ငံခြားသွားဖို့ဆို ပထမဆုံးလိုတာက Passport ပေါ့။ အရင်ကတော့ အဆင့်တွေအများကြီးနဲ့ အလုပ်ရှုပ်ပေမယ့် အခု ကိုယ့်ဘာသာကိုယ်သွားလုပ်ရင်တောင် တော်တော်လွယ်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဆိုတော့ passport လုပ်ဖို့ လိုအပ်တာတွေကို စပြောပေးမယ်နော့် ... 😃😃
📌Passport ရုံး - ရန်ကင်း စက်မှု(၁)လမ်းပေါ်
📌ယူသွားဖို့ လိုအပ်တာ - သန်းခေါင်စာရင်း မူရင်း/မိတ္တူ၊ မှတ်ပုံတင် မူရင်း/မိတ္တူ
📌ငွေ - 35000 ခန့်
🔹️အဆင့်(၁) - အပြင်ရုံးဧရိယာထဲရောက်တာနဲ့ ပက်စ်ပို့ ရုံးထဲ တန်းတန်းမက်မက် သွားရန်လို (ဘာလို့ဆို အပြင်မှာ ပွဲစားတွေ ဆွယ်တာနဲ့ ပါသွားမှာစိုးလို့) 😁😁
🔹️အဆင့်(၂) - အသင့်ယူလာတဲ့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မူရင်း/မိတ္တူကိုယူပြီး ရုံးထဲက လဝကကောင်တာကို သွားပြီး "စလစ်ထုတ်"
🔹️အဆင့်(၃) - စလစ်ကိုယူပြီး ဘေးကောင်တာက ဘဏ်ကိုသွားပြီး ငွေ (၂၅၀၀၀)သွင်း
🔹️အဆင့်(၄) - လဝက ဆီကစလစ်ကိုပဲ ပြပြီး ဖောင်ထုတ်တဲ့ ကောင်တာမှာ ဖောင်ထုတ်၊ ဖြည့်
🔹️အဆင့်(၅) - ဖြည့်ပြီးသားဖောင်ကိုယူ Passport ပုံရိုက်ဖို့လုပ်
🔹️အဆင့်(၆) - ဓာတ်ပုံရိုက်ပြီးရင် အဲ့နားမှာပဲ ဖောင်တင်ပြီး စလစ်ယူ အိမ်ပြန်လို့ရ၊ (၁၀)ရက်စောင့်ရန်လို
🔹️အဆင့်(၇) - (၁၀)ရက်ပြည့်သောအခါ passport ထုတ်ရမယ့် စလစ်ယူ၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မူရင်း/မိတ္တူကိုယူပြီး ထုတ်လို့ ရသွားရောတဲ့ ... 😁😁😄
အချိန်ကလည်း လူများ/နည်းပေါ် မူတည်ပြီး (၁)နာရီ ကနေ (၁)ရက်လုံးအထိ ကြာနိုင်ပါတယ်တဲ့။
နော်ကတော့ တတ်နိုင်မယ်ဆိုရင် ကိုယ်တိုင်လုပ်ကြည့်စေချင်တယ်။ ဘာလို့ဆို အပိုငွေမကုန်ဘူး လွယ်လည်းလွယ်တယ်လေနော့။ တကယ်လို့ အချိန်မရှိဘူး၊ လှူချင်တန်းချင်တဲ့ စိတ်များတယ်ဆိုရင်တော့ ပွဲစားနဲ့လုပ်ပေါ့လေ။ 😁😁 ပွဲစားခကတော့ (၁)ခုကို (၂၅၀၀၀)ကနေ (၅၀၀၀၀)အထိ ရှိပါတယ်။
🔷️🇲🇲🛫 လေဆိပ် အဝင်/အထွက် လိုအပ်တဲ့ အချက်လေးတွေ
ပက်စ်ပို့ရပြီ နိုင်ငံခြားသွားရပြီဆိုရင်တော့ လေယာဉ်ကြီးစီးပြီး နိုင်ငံရပ်ခြားကို သွားရပြီပေါ့။ အဲ့ဒီမယ် ပြသနာက လေဆိပ်ထဲဝင်ပြီးတာနဲ့ ဘယ်ကစပြီး ဘာဆက်လုပ်ရမှန်း မသိတာပါပဲ။ ဆိုတော့ လေဆိပ်က ဝင်တာက စလို့ လေယာဉ်စီး ဟိုဘက်နိုင်ငံထဲ ခြေချတဲ့ အထိကို လိုအပ်တဲ့ အချက်တွေ၊ ဖြည့်ရမယ့် စာရွက်စာတမ်းတွေကို အသေးစိတ် သေချာပြောပြပေးပါ့မယ် ...
💥💥💥(ဓာတ်ပုံတွေမှာလည်း တစ်ခုချင်းစီ တစ်ဆင့်ချင်း အသေးစိတ် သေချာရေးပေးထားပါတယ်) 💥💥💥
📌လိုအပ်ချက် - Passport (ပက်စ်ပို့), ဘောပင်
📌လေယာဉ်အချိန်မတိုင်မီ (၂)နာရီစောပြီး Check in ဝင်ရန်လို။
🔷️🇲🇲 မြန်မာနိုင်ငံကနေ သွားမယ် ဆိုပါတော့
🔹️(၁)လေယာဉ်လက်မှတ် ဝယ်ထားရန်လို။ ကိုယ်ဝယ်ထားတဲ့ လေကြောင်းလိုင်းကို ကြည့်ပြီး ဘယ် Terminal မှာ Check in ဝင်ရမလဲ မေးထားရန်လို။ မသိရင် လေဆိပ်လာတဲ့လမ်းက အဝိုင်းပတ်မှာ ဘယ်လေကြောင်းလိုင်းက ဘယ် Terminal ဆိုပြီး ဘုတ်ကြီးနဲ့ ထောင်ထားတယ် (အဲ့တာကို လှမ်းကြည့်ပြီး သွားလို့ရ)
🔹️(၂) လေဆိပ်အဆောက်အဦးထဲ ဝင်ဖို့ အိတ်နဲ့ ပါလာသမျှအထုပ်တွေ အကုန် X-Ray ဖြတ်ရန်လို။ လူအစစ်ခံရန်လို။
🔹️(၃)ကိုယ်လက်မှတ်ဝယ်ထားတဲ့ Air line ကောင်တာကို ရှာပြီး Check in ဝင်ရန်လို။
🔹️(၄) Passport ပြပြီး အိတ်အကြီးတွေကို ပစ္စည်းအပ်ရန်လို၊ Boarding Pass ကဒ် (လေယာဉ်စီးရမယ့်ကဒ်ဟု အကြမ်းမှတ်ထားရန်)၊ Departure ကဒ်နှင့် ပစ္စည်းရွေးဖို့ စလစ် ပြန်ယူလာရန်လို။
🔹️(၅)ကိုယ်သွားရမယ့် Gate နံပတ်ကို ကြည့်ပြီး Departure (ထွက်ခွာ) ရှိတဲ့ မြှားပြရာ သွားရန်လို။
🔹️(၆) Immigration (ပြည်ပသို့သွားရန် စစ်ဆေးသည့် ကောင်တာ)နား မရောက်ခင် Departure ကဒ်ထဲက လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ထားရန်လို။ (ကိုယ့်ဘောပင်နဲ့ ကိုယ်ဖြည့်တော့ သူများကို စောင့်စရာမလို၊ ဘာတွေ ဘယ်လို ဖြည့်ရမလဲဆိုတာ ဓာတ်ပုံထဲမှာ ပြထား)
🔹️(၇) ကောင်တာမှာ ကိုယ့် ပက်စ့်ပို့ပြ၊ Departure ကဒ်ပေး၊ လေယာဉ်လက်မှတ် (Boarding pass) ပေးရန်လို။ (သူက Departure ကဒ်ယူထားပါလိမ့်မယ်)
🔹️(၈) စစ်ဆေးတဲ့ X Rays ထပ်ဖြတ်ရန်လို။ ပါလာသမျှအထုပ်၊ ခါးပတ်၊ နာရီ အကုန်ချွတ်ပြီး စစ်ရန်လို။ အဲ့ဒီနေရာကိုကျောပြီး မီးခြစ်၊တုတ်၊ဓား ဘာညာနဲ့ အရည် (ရေမွှေးပုလင်း၊ ရေသန့် အချိုရည် ဘာညာ) ဘာအရည်မှ ယူသွားလို့မရ။ ပါလာရင် ထားခဲ့ရ၊ ဆိုတော့ ပစ္စည်းအပ်မယ့် Baggage ထဲအရည်ပစ္စည်းတွေ ထည့်ထားရန်လို)
🔹️(၉)ပြီးတာနဲ့ Duty Free ဆိုင်တွေကို ကျော်ပြီး ကိုယ်သွားရမယ့် ဂိတ်နံပတ်ကို မြှားပြထားတဲ့အတိုင်း သွားရန်လို။ (ဂိတ်နံပတ်က Boarding Pass မှာပါပြီးသား)
🔹️(၁၀) ကိုယ်သွားရမယ့် ဂိတ်မှာ ကိုယ်စီးရမယ့် လေယာဉ် ဟုတ်မဟုတ် စစ်ရန်လို (ဥပမာ - Gate (9) - Air Asia)
🔶️🛫လေယာဉ်ပေါ် ရောက်သွားပြီ ဆိုပါတော့
🔸️(၁၁)လေယာဉ်ပေါ်တက်ပြီး ကိုယ်ထိုင်ရမယ့်ခုံကို သေချာရှာရန်လို။ လေယာဉ်ခါးပတ်ပတ်ရန်လို။ ဖုန်းကို Air Plane ပြောင်းထားရန်လို။ လေယာဉ်ပေါ်မှာရော လေယာဉ်ထဲက အိမ်သာထဲမှာရော ဆေးလိပ်မသောက်ရ။ (ပြင်းပြင်ထန်ထန် တားမြစ်ထား)
🔸️(၁၂) လေယာဉ်မယ် လာပေးတဲ့ Arrival Card (ဆိုက်ရောက် ကဒ်)ကို ဖြည့်ထားရန်လို။ (ကိုယ့်ဘောပင်နဲ့ ကိုယ်ဖြည့်တော့ သူများဆီက ငှားစရာမလို)
လေယာဉ်နံပတ်၊ ပက်စ့်ပို့တွေအပြင် ကိုယ်တည်းမယ့်လိပ်စာတွေကို ပြည့်စုံအောင် ဖြည့်ထားရန်လို။ မပြည့်စုံရင် ဟိုဘက်နိုင်ငံ အဝင်က Immigration မှာရစ်တတ် ကြာတတ်လို့ပါ။
(ဘာတွေ ဘယ်လို ဖြည့်ရမလဲဆိုတာ ဓာတ်ပုံထဲမှာ ပြထား)
🔷️🇹🇭တခြား နိုင်ငံရောက်သွားပြီ ဆိုပါတော့
🔹️(၁၃) Arrival (ဆိုက်ရောက်)၊
Immigration (တပါးနိုင်ငံထဲသို့ဝင်ရန် စစ်ဆေးတဲ့ ကောင်တာ)
Baggage claim (Check in ဝင်တုန်းက အပ်ထားတဲ့ အိတ်ရွေးရန်) စတဲ့ မျှားတွေပြထားတဲ့ နောက်ကို သွားရန်လို
(သူတို့ကတော့ အင်္ဂလိပ်လိုပဲ ရေးထားမှာနော်သိလား၊ ဒီကနားလည်လွယ်အောင် ကွကိုယ် ဘာသာပြန်ပေးထားတာ) 😁😁
🔹️(၁၄) Immigration ကောင်တာတွေမှာ တန်းစီရန်လို (ကိုယ်က သူများဆီရောက်သွားရင် Foreigner ဖြစ်သွားတော့ အဲ့ဒီဆိုင်းပုဒ်ရှိတဲ့ ကောင်တာမှာ တန်းစီရန်လို)
🔹️(၁၅) အလာတုန်းက Immigration ဖြတ်ခဲ့တဲ့အတိုင်းပဲ ကောင်တာမှာ ကိုယ့် ပက်စ့်ပို့ပြ၊ Arrival ကဒ်ပေးရန်လို။ (သူက Departure ကဒ် ပြန်ပေးပါလိမ့်မယ်၊ ပြန်မယ့်နေ့အထိ သေချာ သိမ်းထားရန်လို၊ ပျောက်သွားရင်လည် လေဆိပ်မှာ တောင်းလို့ယူလို့ရ)
🔹️(၁၆)ပြီးတာနဲ့ ကိုယ်အပ်ထားတဲ့ အထုတ်ရွေးဖို့ နေရာကို ရှာရန်လို (TV screen တွေမှာပြထားတတ်တယ်၊ ကိုယ်စီးခဲ့တဲ့ လေကြောင်းလိုင်းရယ် နံပတ်ရယ်မှာ ကိုယ်ရွေးရမယ့် အိတ်ကောင်တာ ပြထားပေးတယ်)
🔹️(၁၇) အထုတ်ဆွဲပြီး Exit ဆိုတဲ့ အပြင်ကို ထွက်ရန်လို
🔹️(၁၈) အဲ့တာနဲ့ပဲ တခြားနိုင်ငံ တစ်ခုကို ချောချော မောမောရောက်သွားရောတဲ့ ... 😁😁😃😃😃
ဘယ်လိုလည်း အသေးစိတ်တွေ ချရေးပေးလိုက်တော့ လွယ်သွားပြီမလား။ 😃😃 တကယ်လို့ တခြားနိုင်ငံကနေ ပြန်လာရင်လည်း (၁)ကပြန်စရုံပါပဲလို့ ...
ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်သွားတာဆိုတော့ ဘန်ကောင်မှာ ရှော့ပင်ထွက်ချင်ရင် ဒီလင့်မှာ သေချာရေးပေးထားပါတယ်လို့ ..
https://web.facebook.com/travelbynawhtike/posts/1952695391611829
ဆိုတော့
တခါမှ နိုင်ငံခြားမသွားဖူးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဒီမှတ်စုလေးကို ရေးပေးလိုက်ပါတယ်။ ပထမဆုံးလေယာဉ်စီးရမယ့်အချိန်မှာ အထောက်အပံ့တစ်ခု ဖြစ်ရင် ကျေနပ်ပါတယ်။ အစစအရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။
Credit to Naw Htike