Showing posts with label Tech. Show all posts
Showing posts with label Tech. Show all posts

Tuesday, 7 May 2024

#ဘက်ထရီစတင်အသက်သွင်းခြင်းအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ

#ဘက်ထရီစတင်အသက်သွင်းခြင်းအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ လိုအပ်သောပစ္စည်းအချို့ ၁။ ပလတ်စတစ် ကတော့တစ်ခု(ရေသန့်ဗူးခွံထိပ်ကိုဖြတ်ပြီးသုံးလဲရပါတယ်) ၂။ ရေစစ် ၃။ ဟိုက်ဒရိုမီတာ (Battery Hydrometer Tester) ၄။ ဒီစီအမ်ပီယာ၊ဗို့အားတိုင်းနိုင်သောမီတာ (DC Clamp Meter) 👌🏻Tubular Battery ကို တံဆိပ်များစွာနဲ့တွေ့နိုင်ပါတယ်။ အဓိက ၂ချက်ကိုကြည့်ပြီး ရွေးချယ်ရပါမယ်။ ၁။ သက်တမ်းလဲ ကြာရှည်စွာအသုံးပြုနိုင်ရမယ်။ ၂။ စျေးနှုန်းလဲသင့်ရမယ်။ Price to Performance ကောင်းရမယ်ပေါ့။ ရွေးချယ်စရာရှိမယ်ဆိုရင် အရည်မထည့်ရသေးတဲ့ အိုးအလွတ်တွေထဲက ကြိုက်တဲ့တံဆိပ်/ကိုယ်အဆင်ပြေရာ သုံးဖို့ အကြံပြုပါတယ်။ Tall tubular battery တစ်လုံးကိုအခြေခံပြီးပြောသွားပါမယ် 👉🏻Tubular Battery Type ဘက်ထရီကိုပုံစံ(၂)မျိုးနဲ့ တွေ့နိုင်ပါတယ်... Short Tubular နဲ့ Tall Tubular ပါ။(အရပ်စကားနဲ့ အိုးအတို/အိုးအရှည် လို့ခေါ်ကြမယ်ထင်ပါတယ်) 👉🏻 ကိုယ်တိုင်သုံးစွဲ/စမ်းသပ်တာအပါအဝင် Review တွေကိုဖတ်တာအရ Tall Tubular Battery ဟာ Short Tubular Battery တွေထက် သက်တမ်းကြာရှည် အသုံးခံတာကို တွေ့ရပါတယ်။ 👉🏻 ကဲ...စလိုက်ကြရအောင် ဘာအရည်မှ မပါတဲ့ အိုးအလွတ်ရောက်လာတာနဲ့ အိုးအဖုံးတွေကိုဖွင့်စစ်ပါ... အောက်က ပုံမှာလို အညစ်အကြေးတွေ ကပ်နေရင် ဝယ်ယူခဲ့တဲ့နေရာကို Complain တက်သင့်ပါတယ်။💥(ဂျင်း/မိတ်သလင်တွေထဲက တစ်ခု)💥 👉🏻 ပလတ်စတစ်ပုံးအလွတ်တစ်ခုကို အသုံးပြုပြီး အက်စစ်မှာ ပါတတ်တဲ့ အနယ်တွေကို စစ်ထုတ်ပါ။ 👉🏻 အက်စစ်က ဂါလံပုံးအစိမ်းတွေနဲ့ လာသလို မြန်မာမှာ စပ်တဲ့ ၅ဂါလံပုံးတွေလဲရှိပါတယ်... စျေးကလဲကွာပါတယ်...တံဆိပ်အလိုက်... သိန်းချီတန်တဲ့ ဘက်ထရီတစ်လုံးအတွက် ထောင်ဂဏာန်းလောက်ဟတာကို မျက်စိထဲ မမြင်သင့်ဘူးလို့တော့ထင်ပါတယ်... မြန်မာမှာ စပ်တဲ့ ပုံးအပြာ(၅ဂါလံ) မှာ အနယ်အများဆုံးတွေ့ရပါတယ်။ 👉🏻 အဖုံးအမဲရောင်ရဲ့ အပေါက်ကနေတစ်ဆင့် ကြည့်လိုက်ရင် အမဲရောင်အဆစ်လေးတွေ့ပါမယ်။အဲ့ level အထိ အက်စစ်(Electrolyte)အရည်ကိုဖြည့်ပါ။ အတတ်နိုင်ဆုံး ၆ခန်းလုံးကို မျက်စိအမြင်နဲ့ ညှိပြီးထည့်ပါ။ *****(ကျွန်တော်ကတော့ ညနေဘက်လောက်မှာ အက်စစ်ဖြည့်ပြီး နောက်တစ်နေ့မှ level ပြန်ညှိပြီး အားသွင်းတာကို ပြုလုပ်ပါတယ်။)***** အက်စစ် စထည့်ပြီး မိနစ်ပိုင်းအကြာမှာကိုဘဲ ဘက်ထရီက အတော်အတန်နွေးလာပါတယ်... ပုံမှန်အခြေအနေဖြစ်လို့ စိုးရိမ်စရာမရှိပါ။ မှတ်ချက်။ အဖုံးအမဲတွေအားလုံးဖွင့်ထားပြီး ထားထားရပါမယ်..... 👉🏻 နောက်တစ်နေ့ရောက်လို့ အက်စစ်အရည် level ကိုကြည့်လိုက်ရင် အခန်း၆ခန်းဟာ တစ်ခန်းနဲ့တစ်ခန်း လျော့တာချင်း ကွာခြားနေတာကို တွေ့ရမှာပါ **))(အတွင်းက လေဥလေးတွေက ထွက်တဲ့ဟာထွက်သွားလို့ပါ/Absorb လုပ်တာချင်း မတူညီနိုင်ကြပါဘူး)... ဘက်ထရီအိုးကို လက်သီးဆုပ်လေးနဲ့ ပါးပါးလေး(အားမပြင်းရ) ထုပေးပါ... ပူစီပေါင်းလေးနဲ့အတူ လေခံနေတာလေတွေထွက်လာပြီး အရည် level မှန်ရအောင်ပါ.... 👉🏻 အမဲရောင်အဖုံးတပ်တဲ့အေပါက်ကို အသင့်ပါလာတဲ့ level ပြတဲ့ Indicator လေးတပ်ဆင်ပါ။ အဝါရောင်အဖုံးကို အကြွေစေ့လေးသုံးပြီး ဖွင့်ပါ။ Level ညှိတာကို Indicator ကိုကြည့်ပြီး အဝါရောင် အဖုံးကနေတစ်ဆင့် အလျော့/အတင်းလုပ်ဖို့ရန်အတွက်ပါ။ (ဘက်ထရီထားရှိထားတာ Horizontal-ရေပြင်ညီအတိုင်း ဖြသ်ကြောင်း သေချာပါစေ) 👉🏻 မတူညီတဲ့ ဘက်ထရီအခန်း(၆) ခန်းကို ညှိဖို့အတွက် Hydrometer တံလေးကို အသုံးပြုပြီး အက်စစ်အရည်(Electrolyte) ကို ထပ်ဖြည့်သင့်တာဖြည့်/ လျော့သင့်တာကိုလျော့ပြီး ချိန်ညှိပါ 👉🏻 ပြီးတာနဲ့ အားစသွင်းပါ... ကျွန်တော်ကတော့ အိုးရဲ့ဆိုဒ်ရဲ့ ၁၀% အမ်ပီယာနဲ့ အားထိန်းသွင်းပါတယ်။ 160Ah ဆိုရင် 16A နဲ့ ၁၀နာရီကြာတဲ့အထိ အားသွင်းပြီး ထားထားရပါမယ်။ အားသွင်းဗို့အားကတော့ 14.4V နဲ့သွင်းပါ။ တစ်ချို့က ပြောကြတယ်...အရည်ဖြည့်ပြီးတာနဲ့ တန်းသုံးလို့ရပါပြီတဲ့... တစ်ခွန်းတည်းနဲ့ မရပါဘူးလို့ဘဲ ပြောပါရစေ... ကိုယ့်ရဲ့ ပစ္စည်းကို မနှမြောရင်တော့လုပ်ပေါ့ဗျာ... 12V ဒီစီမီးလုံးလေး ထွန်းပြတာလောက်တော့ လင်းမှာပေါ့ဗျ #ကြောက်ရအောင်စေတနာနဲ့Twistလေးနည်းနည်းထည့်ထားပါတယ်။ဆရာများနားလည်ပေးကြပါရန်။ 👉🏻 ၁၀နာရီကြာပြီးသွားတဲ့အချိန်မှာ Clamp မီတာလေးနဲ့ ဘက်ထရီအားသွင်းကြိုးကို ခွထောက်ပြီး ကြည့်ရင် 1A ဝန်းကျင်ဘဲ ရှိမှာကိုတွေ့ရမှာပါ။ အားပြည့်လာတာနဲ့အမျှ အဖုံးဖွင့်ထားတဲ့ ပတ်ပတ်လည်မှာ အရည်လေးတွေ ပတ်ပတ်လည် သီးနေတတ်ပါတယ်။ ပုံမှန်ပါဘဲ။ 1,2A ဝန်းကျင်ရောက်ပြီးတာနဲ့ 15V နဲ့ အားသွင်းခြင်းကို နာရီဝက်ခန့် ပြုလုပ်ပါမယ်... Electrolyte ကို Mixing ကောင်းမွန်စွာဖြစ်စေဖို့ပါ။ အချိန်ကတော့ အခြေအနေပေါ်မူတည်ပါတယ်။ အိုးရဲ့သက်တမ်းအပေါ်/အသံုးပြုတဲ့အကြိမ်အရေအတွက်ပေါ်မူတည်ပြီး ၃လတစ်ခါဖြစ်စေ/၆လတစ်ခါဖြစ်စေ 15-16V ဝန်းကျင် မိနစ်ပိုင်းဘဲ Equalize လုပ်ပေးသင့်ပါတယ်။ အန္တရာယ်ရှိတာမို​့ Equalization Process ကို Fundamentalsကျတဲ့အချက်တွေကို ကောင်းမွန်စွာသိတဲ့သူမှ ပြုလုပ်သင့်ပါတယ်လို့ အကြံပြုပါရစေ။ သွင်းနေရင်း အိုးအပူချိန်ကို စောင့်ကြည့်ပါ။ နွေးတာထက် ပူလာတဲ့အဆင့်လို့ ခံစားရရင် အားသွင်းခြင်းကို ရပ်ပစ်ရပါမယ်။ မှတ်ချက်။ အဖုံးပိတ်ပြီး အားသွင်းခြင်းမလုပ်ရပါဘူး။ 👉🏻 အဖုံးတွေအားလုံးကို ချွတ်ပြီး ရေနဲ့ဆေး/နေပူလှန်းပြီး ရေခြောက်အောင် သေချာပါစေ။ ပြီးရင် အိုးမှာ ပြန်တပ်ပြီး ဘက်ထရီအိုးမှာ အရည်တွေ ပေလျံနေတာကို စင်အောင် ရေနဲ့ ဆေးချပေးပါ။ ဘက်ထရီဗို့အားကို တိုင်းကြည့်ရင် အပူချိန်/တစ်ခြားအခြေအနေတွေကြောင့် 12.8+နှင့်အထက်မှာဘဲ ရှိနေပါမယ်။ မှတ်ချက်။ Series ချိတ်သုံးဖို့(24V,48V,etc.,)ဆိုရင် တစ်လုံးနဲ့တစ်လုံးရဲ့ ဘက်ထရီအခြေအနေကို Series မချိတ်ခင် ညီနေအောင် ပိုပြီး ဂရုစိုက်ရပါမယ်။ 👉🏻ပြီးရင်တော့ Battery Terminal(ဘက်ထရီငုတ်တိုင်) ကို အင်ဂျင်ဝိုင်အကျလေးနဲ့ဖြစ်ဖြစ် သုတ်လိမ်းပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ အသားအရည်ကွဲရင် လိမ်းတဲ့ Cosmetic ထုတ်ကုန်ဖြစ်တဲ့ Vaseline လို အနှစ်လေးကို သုတ်ပေးနိုင်ရင် ပိုကောင်းပါတယ်ခင်ဗျာ။ 👉🏻 ကျွန်တော်ကတော့ Electrolyte ကို 1.260-1.270 လုပ်ယူပါတယ် ဂဏာန်းက သိပ်သည်းဆကို ကိုယ်စားပြုတာပါ။ ဥပမာ ဆာလဖြူရစ်အက်စက်နဲ့ရေကို 1Litre ချင်းတူညီအောင် ထည့်ပြီး ချိန်ကြည့်ရင် ရေထက် အက်စက်က 1.835ဆ ပိုလေးတာကိုတွေ့ရပါမယ် Professional တွေကတော့ Room Temperature(အခန်းအပူချိန်အလိုက်) density ကို ရအောင်လုပ်ဆောင်ကြပါတယ်။ 👉🏻 နောက်ပိုင်းအသုံးပြုတဲ့အပေါ်မူတည်ပြီး Level လျော့လာရင် အဝါရောင်အဖုံးလေးကနေတစ်ဆင့် ပေါင်းခံရည်ခေါ် မိုးရေ ဘဲထည့်ရပါမယ်။ အက်စစ်အရည်(Electrolyte) ကို လုံးဝ(လုံးဝ)မထည့်ရပါ။ အက်စစ်က အငွေ့မပျံပါဘူး။ chemical reaction တွေကြောင့်/ဓာတ်ပြုမှုကြောင့်/ အားသွင်းဗို့အားများခြင်းကြောင့်သာ ရေပါဝင်မှုပမာဏထဲက ရေတွေက ရေငွေ့အနေနဲ့ ထွက်သွားတာပါ။ 💥 Safety ကို ဦးစားပေးပါ။ 💥 အက်စစ်အငွေ့က လူတွေအတွက် ကျန်းမာရေးကို ဆိုးကျိုးများစွာဖြစ်စေပါတယ်။ 💢 အခြား​ခေါင်းစဥ်အ​ကြောင်းအရာများ​လေ့လာရန် https://www.facebook.com/yeelinn95?mibextid=ZbWKwL 🤝🏻 အားလုံးအဆင်ပြေကြပါစေခင်ဗျာ 🤝🏻 #Yee_Linn

Battery ဘက်ထရီ အကြောင်း

Battery ဘက်ထရီ အကြောင်း ........................................... ဘက်ထရီ ဆိုတာ ကျွန်တော် အမြင်အရပြောရရင်တော့ သိုလောင်ထားသော လျှပ်စစ် စွမ်းအင် ကို လိုအပ်လာတဲ့ အချိန်မှာ ပြန်လည်ထုတ်သုံးနိုင်ဖို့ Chemical စွမ်းအင် အနေနဲ့ ပုံစံပြောင်းထားတဲ့ ပစ္စည်း လို့ပဲ ပြောပါရစေ.. ဘဏ်မှာ ငွေအပ်သလိုပေါ့ လိုတဲ့ အချိန်ပြန်ထုတ်သုံးမယ်ဆိုတဲ့ စိတ်ကူးပေါ့.. ဒါပေမယ့် ဘဏ်က အတိုး ရနိုင်ပေမယ့် သူကတော့ သိုလောင်ခ charges အနေနဲ့ Efficiency losses ဖြစ်သွားပါတယ်. ဥပမာ ပြောရရင် ၁၀၀ ကျပ် အပ်တယ် ပြန်ထုတ်ရင် ၁၀၀ ဘယ်တော့မှ ပြန်မရဘူး. ၈၅ % ပဲပြန်ရနိုင်တယ်.. သဘောက ၈၅ ကျပ် ပြန်ရမယ်ပေါ့ဗျာ.. ဒါတင်မကဘူး. တခြားစည်းကမ်းလေးတွေလည်း ရှိသေးတယ် ထည့်ထားတဲ့ငွေကို အကုန်ထုတ်မရဘူးဗျာ. ဘဏ်ပေါ်မူတည်ပြီး လက်ကျန်ထားခဲ့ရအုံးမယ်. အဲတော့ လိုချင် ပမာဏ ပြန်ထုတ်နိုင်ဖို့ ငွေပိုထည့်ခဲ့ပေါ့. ဒါတင်လားဆိုတော့ မဟုတ်သေးဘူး.. ထုတ်ဖို့ကလည်း အကြိမ်အရေအတွက် ရှိသေးတယ်ဗျာ. ဘယ်လောက်ပမာဏကို တနေ့ ဘယ်နှစ်ကြိမ်ပေါ့ဗျာ.. ဒီသဘောတရားလေးတွေ ကို ယူပြီး Battery ကို လေ့လာရင် ပိုပြီး သိနိုင်မြင်နိုင်ကြမှာပါ. Battery တလုံးဟာ သူကို Power (Watt - W) နဲ့ ဆုံးဖြတ်လို့မရဘူး သူဟာ Energy storage ဖြစ်တဲ့ အတွက် ( Watt hr - Wh ) နဲ့ပဲ ယူဆရမယ်. သဘောက အချိန်ပါလာတာပါ. အလွယ် တွေ့နိုင်တဲ့ 12 V 100 Ah အိုး တလုံး ဒီအိုးကို လေ့လာကြည့်ကြရအောင် 12 x 100 =1200 VAh = 1200Wh ဆိုတာ သူရဲ့ သိုလောင်ထားတဲ့ Capacity ပါ. ဘဏ်မှ အပ်မယ်လို့ တွေးထားတဲ့ ပမာဏပေါ့. သူဆီက ထုတ်သုံးမယ်ဆို 1200W လုံး တခါတည်း ထုတ်သုံးမယ်ဆို 1200Wh / 1200W = 1 h 1နာရီပဲ ရမှာပါ.. 120 W ပဲထုတ်သုံးမယ်ဆို 1200Wh / 120W = 10 h 10 နာရီ ထိ သုံးနိုင်ပါတယ်. ကိုယ်ဝယ်ထားတဲ့ ဘက်ထရီနဲ့ အိမ် ရုံးမှာ ရှိတဲ့ သုံးမယ့် load တွေကို အကြမ်းဖျင်း ချိန်ကြည့်လို့ရပါတယ်.. နောက်တဆင့် တက်ရအောင် ကိုယ်ဝယ်ထားတဲ့ Battery ဟာ ဘယ်တော့မှ အကုန်ထုတ်သုံးလို့ မရပါဘူး. ရာခိုင်နှုန်း တခု ချန်ထားပေဖို့ လိုပါတယ် ဘဏ် မှာ အကုန်ထုတ်တောင် ၁၀၀၀ ချန်ခိုင်းသလိုပေါ့. ချန်ထားရမယ် ပမာဏကို SOC (State of Charge) လို့ခေါ်ပြီး ထုတ်သုံးမယ် ပမာဏကို ကျတော့ DOD (Depth of Discharge) လို့ ခေါ်ကြပါတယ်. ဘဏ်ပေါ်မူတည်ပြီး အတိုးပမာဏကွာသလိုပဲ ဘက်ထရီ ပေါ်မူတည်ပြီး ထုတ်သုံးရမယ့် ပမာဏ (DOD) ကွာကြပါတယ်. Lead Acid Battery - DOD 50% AGM Battery - DOD 50% Gelled Battery - DOD 50% LiFePO4 - လစ်သီယံ - DOD 80% ဆိုပြီး အကြမ်းဖျင်း သတ်မှတ်ထား ကြပါတယ်. Battery ရဲ့ specification datasheet ကို သေချာဖတ်ကြည့်ဖို့ လိုပါတယ်.. ပြောင်းပြန် ပြန်ပြောရရင် ချန်ထားရမယ့် ပမာဏ (SOC)က Lead Acid Battery - SOC 50% AGM Battery - SOC 50% Gelled Battery - SOC 50% LiFePO4 - လစ်သီယံ - SOC 20% ပါ. အဲနေရာ အဓိက ထားပြောချင်တာက ကိုယ်က လစ်သီယံ ဘက်ထရီ ဝယ်ထားတယ်. သုံးချင်တာက 1000Wh ဆိုရင် 1000Wh ရမယ့် အိုးပဲဝယ်မရတော့ပါဘူး လစ်သီယံ ဖြစ်နေတဲ့အတွက် DOD 80% နဲ့တွက်ရင် 1000 / 0.8 = 1250 Wh ရှိတဲ့ အိုး ဝယ်ရမှာပါ ဒါမှ 1250 အိုးရဲ့ 80% ဖြစ်တဲ့ (1250 x 0.8) ကိုယ်သုံးချင်တဲ့ 1000 Wh သုံးနိုင်မှာပါ. အိုးထဲမှာတော့ 20 % SOC အဖြစ်နဲ့ (1250 - 1000) 250Wh ကျန်ခဲ့မှာ ဖြစ်ပါတယ်. ပြီးတော့ အားသွင်းရမယ့် ပုံစံ ( C rate) ရှိပါသေးတယ်. ဘဏ်မှာဆို အပ်ငွေ ဘယ်လောက်ပမာဏပဲ အပ်ရမယ်ပေါ့ Battery မှာတော့ ဘက်ထရီ တလုံးရဲ့ C rate ကို 1C နဲ့ သတ်မှတ်ပါတယ် အပေါ်မှာ ပြောခဲ့သလိုပဲ 12V 100Ah အိုး 1C = 100A = 1 h 0.5 C = 50A = 2 h ပါ သဘောက ဘက်ထရီရဲ့ Specification မှာ Maximum Charge Current ကို 0.12C လို့ ပြောခဲ့ရင် (100 x 0.12) = 12A နဲ့ ပဲအားသွင်းရမှာပါ. နောက်ထပ် တခုက ဘက်ထရီရဲ့ သက်တမ်း ( Life cycle ) ပါ. ဘက်ထရီ တလုံးဆိုတာ သူဆီကို အားသွင်းလိုက် ပြန်ထုတ်သုံးလိုက် စတဲ့ Lifecycle အကြိမ်အရေအတွက် နဲ့ သူသက်တမ်းကို ဖြတ်သန်းရတာပါ. Battery တွေ specification မှာဆို Lifecycle 1000 @ DOD 50% ရေးထားတယ်ဆိုပါစို့... ဒါဆို DOD 50 % ပဲသုံးပြီးသွားမယ်ဆို အားထုတ်ပြီး အားပြန်သွင်း တကြိမ် ကို 1 cycle သတ်မှတ်ပြီး အဲလို cycle ပေါင်း 1000 ကြိမ် အထိ သက်တမ်းခံမှာပါ. အဲလို မဟုတ်ဘဲ DOD 60 % or 80% သာ ထုတ်သုံးမိတယ်ဆို သေချာပါတယ် cycle အကြိမ်အရေအတွက် လျော့ပြီး သက်တမ်းတိုသွားမှာပါ. ပြီးတော့ DOD 50% နဲ့ ပဲ တနေ့ကို 1 cycle (တကြိမ်) ပဲ သုံးခဲ့ရင် 1000 / 356 = 2.7 years ၂ နှစ်ခွဲကျော်လောက် သက်တမ်းခံနေမှာပါ. တနေ့ကို 2 cycles (၂ ကြိမ်) ထုတ်သုံးမိတယ် ဆိုရင်တော့ သက်တမ်းက တဝက်လောက် လျော့ကျသွားမှာပါ. ဒါကြောင့် မီးပျက်လိုက် လာလိုက်နဲ့ cycle အကြိမ်အရေအတွက် များတဲ့ Project မျိုးဆို ဘက်ထရီ သက်တမ်းတွေက တိုကြပါတယ်. Homer optimization မှာဆို Multi year plots ကို သွားကြည့်ပြီး ဘက်ထရီရဲ့ တနေ့တာ အားသွင်းအားထုတ် Lifecycle အကြိမ်အရေအတွက် ကို ကြည့်ပြီး sizing မှာ adjust လုပ်ကြပါတယ်. နောက်တခု က ဘက်ထရီတလုံးမှာ အရေးကြီးတဲ့ တချက်ကျန်ပါသေးတယ်.. အဲဒါက သူရဲ့ အပူချိန်ပါ. သတ်မှတ်ထား တဲ့ အပူချိန်နဲ့ Operation လုပ်မှ သူရဲ့သက်တမ်းက ပြောထားတဲ့ အတိုင်း ခံမှာပါ. Mini grid / Telecom စတဲ့ Battery storage များများထားဖို့လိုတဲ့ နေရာတွေမှာဆို Battery တွေကို aircon နဲ့ အပူချိန် ထိန်းထားပါတယ်. ဒါမှလည်း Battery Performance ကောင်းကောင်းနဲ့ Operation Run နိုင်မှာပါ. အားလုံးကို ပြန်ချုံပြီး ပြောရရင် ဘက်ထရီ တလုံးဆိုတာနဲ့ 1. Battery Capacity (12V 100Ah - 1200Wh) 2. Backup time (days) 3. DOD 4. SOC 5. C Rate 6. Lifecycle 7. Charging state 8. Lifecycle 9. Temperature စတာတွေ သိထားဖို့ လိုမှာပါ ဥပမာပေါ့ဗျာ အိမ်က သုံးတာ တနေ့ 1200 Wh ရှိတယ်ဆို ကျွန်တော် တို့က Backup days ( ၁ ) ရက်လိုချင်တယ် ဆိုပါဆို့ သုံးမှာက 12V system DOD 60% ထားမယ်ဆို Batt(AH) = (total kWh/day) x days of autonomy ------------------------------------------------------ 0.85 x DOD x battery Voltage Batt (Ah) = (1200 Wh x 1 day)/ (0.85 x 0.6 x12V ) Batt (Ah) = 196 AH = 200Ah လိုအပ်ချက်အရ 12V 200Ah ကို ဝယ်ရမှာပါ ၁၀၀ အိုးနှစ်လုံးကို parallel ချိတ်သုံးလည်း အတူတူပါပဲ. အသုံးပြုမယ့် နေရာပုံစံနဲ့လည်း ဘက်ထရီကို ရွေးဖို့လိုပါတယ်. ကားမှာ သုံးတဲ့ ဘက်ထရီဆို သူရဲ့ရည်ရွယ်ချက် ကား စက်နှိုးဖို့ပါ. starter motor ကို ampere များများနဲ့ တခါတည်း သုံးပြီး နှိုးဖို့ လုပ်ထားတာ ဖြစ်တဲ့ အတွက် တကြိမ်တည်းနဲ့ အားအများကြီး သုံးပြီး တဖြည်းဖြည်း charge ပြန်လုပ်သွားနိုင်တဲ့ Battery type မျိုး ရွေးချယ်ရမှာပါ. ကျေးရွာမီးလင်းရေး . Telecom စတဲ့ နေရာများကျတော့ တရွာလုံးက သုံးမယ့် Load ကို တညလုံး တစိမ့်စိမ့်နဲ့ discharge လုပ်ပေးနိုင်မယ့် battery မျိုး ရွေးချယ်ကြရမှာပါ. ဘက်ထရီ အကြောင်းပြောမယ်ဆို အများကြီးပါပဲ. တခြားသိထားသင့်တာတွေ အများကြီးကျန်ပါသေးတယ်.. Telecom field ကလာတာဆိုတော့ SOC ဆိုတာ ကိုယ်ရဲ့ ရည်စားလိုပါပဲ.. အမြဲဂရုစိုက်နေ ရပါတယ်..NOC က ဆရာသမားများ ပိုသိကြမှာပါ.. LVBD (Low Voltage Battery Disconnect) LVLD (Low Voltage Load Disconnect) စတဲ့ ဘာညာသာရကာ တွေကျန်ပါသေးတယ်.. SLA တွေနဲ့ ကိုင်ပေါက်မခံရအောင် လုပ်ကိုင်ရပါတယ်.. Battery Safety နဲ့ Maintenance ပိုင်းတွေလည်း လေ့လာကြဖို့ တိုက်တွန်းချင်ပါတယ်. အချိန်အခါ ရရင် ရေးပေးဖို့ ကြိုးစားပါမယ်.. ဒါတောင် Battery Shunt / Battery DC breaker တွေအကြောင်းလည်း လေ့လာထားဖို့ လိုအပ်ပါတယ်. MCCB 3P မှာ DC Plus and Minus ကို ဘယ်လိုထည့်သွားတယ် ဆိုတာမျိုးပေါ့....... BMS or BMU (Battery Management System or Unit) ဆိုတာ ကျန်ပါသေးတယ်.. SOC setting 40% Low Voltage setting 44V မှာ မီးစက် မနှိုးလို့ ကို ရွှေ FT ရဲ့ ETA နဲ့ DWDM ကြီး ဒွမ်ခဲ့ဖူးပါတယ်.. DG Night Silent Mode နဲ့ Low voltage adjustment နဲ့ အိပ်ပျက်ခဲ့တဲ့ ညများ...သတိရရင်း... ရေးသူ... Hlamin Htet #FromTheSolarWorld #ဆိုလာချစ်သူများ #Admin_Team

ဘက်ထရီချိတ်ဆက်ခြင်း

ဘက်ထရီ တစ်စုံထက်ပိုပြီး တပ်ဆင်ထားသောသူများ ဘက်ထရီချိတ်ဆက်မှု မှားယွင်းပြီး ဘက်ထရီ သက်တမ်းတိုစေသောအချက် 💢 တန်ဖိုးထားကြစေလိုပါတယ်။ 💢 Groupထဲက စာလေးတွေကို Share လို့ရပါတယ်။ သို့ပေမဲ့ Copy ယူရင် ခွင့်ပြုချက်တောင်းပေးပါလို့ မေတ္တာရပ်ခံပါရစေ။ သီအိုရီအရရော/လက်တွေ့အရပါ ပြသနိုင်ဖို့ အချိန်ပေး/လူပင်ပန်းပြီးမှ ရလာကြတာပါ။ စာနာ နားလည်မယ်လို့လဲ မျှော်လင့်လျက်ပါ။ 💢Group ရဲ့ စည်းကမ်းချက်မှာ ပါတဲ့အတိုင်းဘဲ... တစ်ယောက်နဲ့ တစ်ယောက် Ethic ရှိပါ။ တစ်ယောက်နဲ့တစ်ယောက် လေးစားသမှုရှိကြပါ။ နည်းပညာဆိုတာ ဆုံးခန်းတိုင်(ကုန်)တယ်ဆိုတာ မရှိပါဘူး။(ငါဘဲသိ/ငါဘဲတတ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်)။ လွဲမှားနေတာလေးတွေ တွေ့ရင်လဲဘဲ အကောင်းမြင်တတ်တဲ့စိတ်လေးနဲ့ ဝေဖန်ထောက်ပြ ပြောဆိုပေးကြပါ။ စလုပ်ဖြစ်တာကတော့ ဘက်ထရီအားလုံးကလဲ အသစ်... အက်စစ်ပါဝါကိုလဲ အပူချိန်နဲ့ပါအမှန်ယူပြီး ညှိထားတာ။ Acid ထည့်တာလဲ Litre အတိအကျနဲ့ ဘက်ထရီတွေ မတွဲခင်လဲ AH ကိုမှတ်ပြီး သွင်းတယ်။ အဲ့တာကို ဘာကြောင့် ဒီလောက် ကွာခြားရသလဲပေါ့။ Internal Resistance ကြောင့်ဆိုရင်လဲ အဲ့လောက်အထိ မရှိရဘူးလေ။ ဘက်ထရီအဟောင်းနဲ့ ရောသုံးထားလို့ ကွာခြားချက် ကြီးနေတာ မှတ်ရအောင်လဲ All new တွေ။ (ကွာခြားချက် ကြီးမားနေတာကို Comment က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။) အင်တာနက်ပေါ်မှာ ဘယ်လိုဘဲရှာရှာ သမာရိုးကျ ဘက်ထရီချိတ်ဆက်မှုတွေဘဲ တွေ့ရပါတယ်။ လက်တွေ့မှာ တကယ်တိုင်းကြည့်ရင် Battery Bank(ဘက်ထရီတစ်စုံ)ဆီကို သွင်းနေတဲ့ အမ်ပီယာက ထက်ဝက်နီးပါး ကွာခြားနေပါတယ်။ ဆိုလိုချင်တာက 200AH ဘက်ထရီ (၄)လုံးကိုအသုံးပြုပြီး 24V ကို သမာရိုးကျ ဘက်ထရီချိတ်ဆက်မှုအတိုင်းသာဆို အားသွင်း/ထုတ်ယူသုံးစွဲချိန် ပထမတစ်စုံ နဲ့ ဒုတိယတစ်စုံဆီက ဆွဲယူနေတဲ့ အမ်ပီယာက တစ်ဝက်နီးပါးအထိ ကွာခြားပါတယ်။ ဒီလိုကွာခြားလို့ဘဲ ဘက်ထရီ တစ်စုံက အရင် စဖောက်လာပြီး ပျက်ယွင်းလာမှာပါ။ သဘောက 20A(၂၀အမ်ပီယာ)နဲ့အားသွင်းရင် ပထမတစ်စုံမှာ 15A(၁၅အမ်ပီယာ) ဝင်နေပြီး ဒုတိယတစ်စုံမှာ 5A(၅အမ်ပီယာ) ဖြစ်နေတာပါ။ ဒါတွေအားလုံးရဲ့ အဖြေကတော့ Final(နောက်ဆုံး) ချိတ်ဆက်မှုကို မူတည်ပြီးကစားပါ။ Final က Series ဖြစ်ရင် အမ်ပီယာ ပြောင်းလဲခြင်းမရှိတော့ပါဘူး။ (တင်ထားတဲ့ပုံတွေရဲ့ ပထမဆုံး ပုံကို ကြည့်ပါ) ဥပမာတစ်ခု ပြောပြပေးပါမယ်။ 200AH ၄လုံးကို 24V လိုချင်တော့ 200AH ၂လုံးစီကို Parallel(ပြိုင်ဆက်ပါ/အပေါင်း အပေါင်းချင်း...အနှုတ် အနှုတ်ချင်း) ဒါဆို ၂စုံရလာပါပြီ။ ဒီ ၂စုံရလာပြီးမှ Series(တန်းဆက်ပါ/အပေါင်းနဲ့အနှုတ် တွဲပါ) လုပ်နေကြ မဟုတ်ရင် အားသွင်း/ထုတ်ယူသုံးစွဲမဲ့ ကြိုး၂ပင်အကြောင်းတွေးရင်းနဲ့ ငါဘာလုပ်နေပါလိမ့်ဆိုပြီး မူးသွားတတ်ပါတယ်။ မမူးသွားပါနဲ့..... ဘက်ထရီကို အစဥ်လိုက်1,2,3,4လို့ စိတ်ထဲက မြင်/မှတ်ပါ။ ၂စုံကို Series(တန်းဆက်) ထားတာက 1နဲ့4 ဆိုရင် အားသွင်း/ထုတ်ယူသုံးစွဲမဲ့ Battery Terminal(ဘက်ထရီငုတ်တိုင်) သည် 2နဲ့3 ပါ။ ပြောင်းပြန်အနေနဲ့ 2နဲ့3ကို Series(တန်းဆက်) ထားရင် အားသွင်း/ထုတ်ယူသုံးစွဲမဲ့ Battery Terminal(ဘက်ထရီငုတ်တိုင်) သည် 1,4 ဖြစ်ပါတယ်။ မှတ်ချက်။ Connection(ချိတ်ဆက်မှု)ကစားတာက ကိုယ့်ရဲ့ အင်ဗာတာနဲ့ ဘက်ထရီကြားက ဘက်ထရီကြိုးကို အတိုဆုံးဖြစ်အောင် စဥ်းစားသင့်ပါတယ်။ တိုအောင်စဥ်းစားရာမှာ ဘက်ထရီကို အထားအပြု ပုံစံမှန်ဖို့လဲ လိုအပ်ပါတယ်။ မဟုတ်ရင် ကြိုးက အရှည်ကြီး ဖြစ်သွားပါလိမ့်မယ်။ သတိပြုရန်အချက်များ 💥 Series(တန်းဆက်) ရင် ဘက်ထရီ တံဆိပ်တူ/သက်တမ်းတူ ဖြစ်ရပါမယ်။ 💥 Series(တန်းဆက်) ရင် ဘက်ထရီ တစ်လုံးနဲ့ တစ်လုံး Ah အရွယ်အစားတူညီရပါမယ်။ 💥 Seres(တန်းဆက်) ရင် မချိတ်ဆက်ခင် ဘက်ထရီအားလုံးကို ညီမျှအောင် ပြုလုပ်ပြီးမှ ချိတ်ဆက်ရပါမယ်။ အားလုံးအဆင်ပြေကြပါစေ။ #ဆိုလာချစ်သူများ

Friday, 26 April 2024

မီးခဏခဏပျက်နေလို့အိမ်မှာ solar တပ်ဆင်တော့မည် ဆိုလျှင်

မီးခဏခဏပျက်နေလို့အိမ်မှာ solar တပ်ဆင်တော့မည် ဆိုပါစို့ ။ ဒီနေရာမှာ အထူးသတိရှိဖို့က Solar စနစ်ကို အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲ သုံးမှာလား။ လျှပ်စစ်မီတာ ချွေတာရေးအတွက် သုံးမှာလား ။ ဘာပဲဖြစ်ဖြစ် solar စနစ်တပ်ဆင်ပြီးဆိုရင်တော့ မီတာခ သက်သာရအောင် Solar စနစ်ကိုပဲ အထူးပြုသုံးမယ်လို့ ရည်ရွယ်တာဖြစ်နိုင်တာလဲရှိမယ် ။ ဘာလို့ဒါကို အဓိကထားပြောနေရလဲ သုံးမည့် load နှင့် သုံးမည့် နာရီကြာချိန်သည် တိုက်ရိုက်ပတ်သက်နေလို့ပဲ ဖြစ်ပါတယ် ။ ကုန်ကျစာရိတ်ကလည်း တိုက်ရိုက်ကို ထူးစွာကွာသွားမှာဖြစ်ပါတယ် ။စနစ်တွေလည်း ကွာသွားပါမယ် ။ လျှပ်စစ်၏ သဘောသဘာဝက သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစာရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည့်ဆိုရင်တော့ ကုန်ကျစရိတ်က လာပါပြီ ။ ကဲလေ့လာကြည့်ရအောင်ပါ။ သာမာန်အိမ်တစ်အိမ်ဖြစ်လို့ စုစုပေါင်း ၆၀၀၀ Watts (၆ KW) ရှိမယ် ။ ဒီနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း တစ်ခုချင်းဆီ၏ အသုံးပြုမည့် ကြာချိန်နာရီကို သိဖို့လိုအပ်ပါတယ် ။ဥပမာ - အဲကွန်း ၁ ကောင်တစ်လုံးသုံးမယ် ဘယ်နှစ်နာရီသုံးနိုင်တယ် ။ မီးဖိုချောင် ထမင်း ဟင်းချက်တာ လျှပ်စစ် ဘယ်နှစ်နာရီသုံးနိုင်ခြေရှိတယ် စသည်များပေါ့ ။ (အသေးစိတ် အကြမ်း ရေးထားတာနော် (1)Air con - 1.5 * 746 = 1119 * 1.5 = 1700 watts Air con 1700 watts * 10 hr = 17000 watts (2)မီးဖိုချောင် 2200 watts x 2.5hr = 5500 watts (3)မီးသီး ၄ လုံး x 15 w x 8 hr = 160 watts (4)Socket - 50 watts x 2 he = 100 watts (5)ရခေဲသတ်ေတာ 75 watts x 24 hr = 1800 watts (6)ရေတင်စက်-၁ ကောင်- 2 လုံး x 746 x 1.5hr x 1.5 = 3357 watts (7)အထွေထွေ - 2000 watts per day စုစုပေါင်း - 29917 ~30000 watts per day တစ်ရက်လုံး အသုံးပြုခြင်းသည် - 30 k Watts ဖြစ်မည်။) ခုတော့ စုစုပေါင်း ၆ K-Watts ကို တစ်နေကုန်လုံးမှာ ၅ နာရီ သုံးနိင်ခြေရှိသည်ဟု တွက်သွားပါမယ် ။အသေးစိတ် တွက်ထားတာလဲ အပေါ်မှာပြပေးထားတယ် ။ ရွေးချယ်သည့်အခါ သိသင့်သည့် solar စနစ်တွေကိုတော့ အပိုင်း (၃)ပိုင်းတွေ့ရပါမယ် (၁) on-grid system (grid-tied system) (၂) grid-tied with battery backup system (၃) off grid system (၁)On grid system ဆိုတာက ရိုးရိုးရှင်းရှင်းပဲပြောရရင် နေ့လည်ပိုင်း solar ကနေ ပါဝါရနေချိန် solar ကနေ တိုက်ရိုက် မီးကို ယူသုံးမယ် ။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲ ယူသုံးမယ် ။ တစ်ခုအရေးကြီးတာက ဒီနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPC မီးပျက်ရင် အလိုအလျောက် စနစ်လည်း သုံးမရပါဘူး ဒါကြောင့် on-grid ဟုခေါ်ပါသည် ။မီတာခ သက်သာရအောင် အစားထိုးသုံးသည့် အထူးစနစ်ဖြစ်ပါတယ် ။ (ဥပမာ - ရေတင်တာတို့ ၊ မော်တာတို့ ၊ စက်ရုံတို့လိုနေရာမျိုး တွေ သင့်တော်ပါတယ် ။) (၂) grid-tied with battery backup system ဆိုတာက solar ကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမယ် ။ ပြီးရင် inverter ကနေ AC ထုတ်သုံးပါမယ် ။ ဒီနေရာမှာ လိုချင်သည့် grid ကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့ EPC မီးပျက်လည်း သုံးနေနိုင်မှာဖြစ်ပါတယ် ။grid-tied လို့ပြောသည့်အခါ DC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ် ။ ပုံမှန်အသေးစားအတွက် DC coupling system က budget အဆင်ပြေစေမှာဖြစ်ပြီး load ကြီးများလာလေ AC coupling ကပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ် ။ ဒီနေရာမှာ ခုခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့ ပြောနိုင်ပါမယ် ။hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်ပါတယ် ။ ပြောချင်တာက inverter ကနေ ဖြတ်ပြီ battery ဆီကို DC အနေနဲ့ဝင်တယ် ပြီးရင် battery မှ inverter ဆီ ချိတ်ထားတယ် AC output ထွက်မယ် ။ပုံမှာလည်း လေ့လာကြည့်ပါ ။ (၃) Off grid system ဒီစနစ်သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်ပါတယ် ။off grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲ ဖြစ်ပါတယ် ။ပြောချင်တာက မီးလုံးဝမရသည့်နေရာတွေ ၊ ရသလိုလိုနဲ့ မီးမရပါဘူး ပြောရမည့်နေရာတွေမှာ သုံးပါတယ် ။ပြီးရင်တော့ Generator မီးစက်တို့နှင့် ချိတ်ဆက်ထားတာမျိုးပါ ဒါကို စနစ်လိုခေါ်တော့ Grid tied with generator ပေါ့ ။ စနစ်အကြောင်း တီးခေါက်မိပြီဆိုရင် အခြေခံ တွက်ချက်မှုလေး စမယ်နော် ။ 🏘️အချက်(၁) solar panels အရေအတွက် ( slope - 15-20’) 🏘️အချက်(၂) inverter size 🏘️အချက် (၃) Battery size 🏘️အချက် (၄) controller size 🏘️အချက် (၅) Main cable size အချက် (၁) Solar panel တွက်ပြီဆိုရင် သူ၏ ဆိုဒ်က တစ်နေကုန် အသုံးကို အလုံးအရင်း အားရှိအောင် ဖန်တီးရမှာပါ ။ အိမ်သုံးအနေနဲ့ ၆ KiloWatts စုပေါင်း တစ်နေကုန်အသုံးသည် ၃၀ Kilowatts ဖြစ်တယ် ။အထက်မှာ ဖော်ပြခဲ့ပြီးနော် ။ Solar panel - 550 watts တစ်ချက်မှာ တနေ့အားအဝင် ဘယ်လောက်ရှိမလဲ ကြည့်ရအောင် တစ်နေ့ကုန် နေ၏ အပူကို ရယူနိုင်မည့် ကြာချိန်သည် မနက် ၁၀ နာရီမှ - မွန်လွဲ ၃ နာရီထိဟုသတ်မှတ်ရင် ၅ နာရီရပါမယ် ။ ဒါကြောင့် - ၅၅၀ x ၅ နာရီ = ၂၇၅၀ watts Mono type ကိုသုံးမည်မို့ ၈၀% အသာတင်ရမည်ဆိုလျှင် ၊ ၂၇၅၀ x ၀.၈ = ၂၂၀၀ watts ရပါမယ် တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၃၀၀၀၀ watts = ၃၀၀၀၀ / ၂၂၀၀ = ၁၃.၆ ~ ၁၄ ချပ် သုံးရပါမည် ။ (အမြန်နည်းဆိုရင် - AC- DC အချိုးလေးက ၁.၂ ပါ ဒါ့ကြောင့် ၆၀၀၀ x ၁.၂ = ၇၂၀၀ watts , ၅၅၀ solar panel -13 ချပ် ) လက်ရှိ မြန်မာပြည်မှာ သုံးနေကြတာများတာက စုစုပေါင်း load ၏ ၃ နာရရီ ပျမ်းမျှ ယူတွက်လေ့ရှိပါတယ် ။ ကျနော်က ၅ နာရီအသုံး တွက်ပြထားပါတယ် ။ အသေးစိတ် အပေါ်မှာ ပြသလိုတွက်ထားရင် ပိုကောင်းပါတယ် အကောင်းဆုံးပါ ။ အပိုင်း(၁) ပြီး၏ မှတ်ရတာတွေ များတော့မယ် နောက်ရက်မှ ဆက်ရေးမယ် စိတ်ဝင်စားရင် Yes ဟုမန့်ခဲ့ပေး Myat Min Soe Freewill Engineering Training