Showing posts with label Music. Show all posts
Showing posts with label Music. Show all posts
Friday, 9 August 2024
Friday, 6 December 2019
ကာပို (Capo) အကြောင်း တစ်စေ့တစ်စောင်း
Capo နဲ့ပါတ်သက်ပြီး ဂီတာမိတ်ဆွေ ညီအကိုများ မေးနေကြတာကို မကြာခဏတွေ့နေရလို့ ဗဟုသုတအ
ဖြစ် လေ့လာမိသလောက် တင်ပေးလိုက်ပါတယ်ဗျာ။
~~~~~~~~~~~~~~~~~~
ကာပို (Capo) ဆိုတာ ဘာလဲ…?
~~~~~~~~~~~~~~~~~~
* Capo ဆိုတဲ့အသုံးအနှုန်းဟာ အီတလီမူရင်းစကားလုံး Capotasto ကနေ ဆင်းသက်လာတာဖြစ်ပြီး၊ အဓိပ္ပါယ်
ကတော့ (Head of Fretboard) ဖလက်တံ၏ဦးခေါင်း လို့ဘာသာပြန်ရမှာပါ။ ဂစ်တာတစ်လက်မှာNut နဲ့ Bridge
ကြားက ကြိုးတွေရဲ့တင်းအားအရ တီးခက်လိုက်တဲ့အခါ
တုန်ခါမှုကြောင့် အသံများထွက်ပေါ်လာတာပါ။ Nut နဲ့
Bridge ကြားက အကွာအဝေးကို Scale Length
လို့ခေါ်ပြီး၊ Scale Length လျှော့ချလိုတဲ့အခါ
(သို့မဟုတ်) Pitch အသံတွေ ပုံမှန်ထက် မြှင့်တင်လိုတဲ့
အခါ ဖလက်တံမှာ Capo ကိုညှပ် ပေးလိုက်တာပါ။
အဲဒီအခါ Capo နဲ့ Bridge ကြားမှာသာ တီးခက်နိုင်ပြီး
Capo ဟာ Nut (Head) သဘောမျိုးဖြစ်သွားတာပါ။
တစ်ချို့ကလည်း Capo ကို Movable Nut
(ရွေ့လျားနိုင်သောဦးခေါင်း) လို့ သုံးနှုန်းကြပါတယ်။
Capo တွေကို ဂစ်တာတင်မဟုတ်ဘဲ အခြားသော ကြိုးတပ်တူရိယာတွေမှာလည်း အသုံးပြုကြပါတယ်။
~~~~~~~~~~~~~~~~~~
Capo ကိုဘာကြောင့်သုံးသလဲ ?
~~~~~~~~~~~~~~~~~~
*Capoကိုသုံးကြတဲ့အဓိကရည်ရွယ်ချက်(၂)ချက်ရှိတယ်။
ပထမတစ်ချက်ကတော့ Open Strings (လွှတ်ကြိုး)
တွေရဲ့အသံကို မြှင့်ပစ်ချင်လို့ပါ။ (ဥပမာ ။ Capo မသုံးခင်
လွှတ်ကြိုး ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁ တို့ရဲ့အသံတွေဟာ E, A, D, G,
B, E ဖြစ်ပြီး၊ Capo ကို 2nd Fret မှာ ညှပ်လိုက်ရင်တော့
လွှတ်ကြိုး ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁ တို့ရဲ့အသံတွေဟာ F#, B, E,
A, C#, F# ဆိုပြီး အသံမြင့်သွားမှာပါ။ Capo သုံးရခြင်း
ဒုတိယအချက်ကတော့ Key မြှင့်ပြီး Open Chord
Position တွေနဲ့ တီးချင်လို့ပါ။ Finger Style တွေနဲ့
တီးရတဲ့ Classical, Plucking, (Barre Chord)
Vamping စတာတွေပါတဲ့ တစ်ချို့သီချင်းတွေဟာCapo
သုံးမှသာ တီးရတာ ပိုအဆင်ပြေလို့ပါပဲ။ (Open Chord
Position တွေကို သိချင်ရင်တော့ အောက်က link က
ိုနှိပ်ပြီးလေ့လာကြည့်နိုင်ပါတယ်) ⬇⬇⬇
https://m.facebook.com/story.php?story_fbid=118521326064003&id=100037184077011
~~~~~~~~~~~~~~~~
Capo ကို ဘယ်လိုသုံးမလဲ ?
~~~~~~~~~~~~~~~~
* ရှေ့မှာ ပြောခဲ့သလိုပဲ ဖလက်တံမှာ Capo ညှပ်လိုက
်တဲ့အခါ လွတ်ကြိုးသံတွေဟာ ပြောင်းသွားပြီး၊ Open
Chord တွေဟာလည်း Pitch တွေပြောင်း၊ နာမည်
တွေပြောင်းသွားပါတယ်။ (ကော့ဒ်ကိုင်တဲ့ ပုံစံမပြောင်းပါ။)
ဘယ်လိုတွေ ပြောင်းသွားသလဲဆိုတာကို ပုံမှာပြထားပါ
တယ်ခင်ဗျာ။ မိမိတီးချင်သော Key ကိုရွေးပြီး၊ Capo
ကိုဘယ်အကွက်မှာ ညှပ်ရမလဲဆိုတာကို Capo
Chord Chart ဇယားမှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။
စူးစမ်း၍ ကစားကြည့်ပါ ခင်ဗျာ။
~~~~~~~~~~~~~~
Capo ဘယ်နှစ်မျိုးရှိလဲ ?
~~~~~~~~~~~~~~
* ထုတ်လုပ်သူတွေက ဆန်းသစ်တီထွင်ပြီး Capo ကိုပုံစံ
အမျိုးမျိုးနဲ့ ထုတ်ကြပါတယ်။ အဲဒီထဲက အသုံးအများဆုံး
Capo (၆) မျိုးကို ဖေါ်ပြပေးလိုက်ပါတယ်။
1) Toggle Capo (ခါးပတ်ကဲ့သို့ထိန်းသော ကာပို)
2) Strap Capo (ကြိုးနှင့်ပတ်၍ထိန်းသော ကာပို)
3) Spring Clamp Capo (စပရိန်အားဖြင့်ထိန်း
သော ကာပို)
4) Screw-On Capo (ဝက်အူဖြင့်ထိန်းသော ကာပို)
5) Partial Capo. (ကြိုးအနည်းငယ်အတွက်သုံး
သော ကာပို)
6) Hamilton Capo (ဟာမီတန်၏ ဒီဇိုင်း ကာပို)
ပုံမှာ တစ်ခုချင်းစီရဲ့ပုံစံတွေပြထားပါတယ်ခင်ဗျာ ။
~~~~~~~~~~~~~~~~
Capo သုံးတာကောင်းသလား ?
~~~~~~~~~~~~~~~~
* Capo ကို Professional ဂစ်တာသမားတွေတောင်
လိုအပ်တဲ့အခါမှသာ အသုံးပြုကြရပါတယ်။ Capo သုံးတဲ့
ကောင်းကျိုးတွေကတော့ Finger Style တွေတီးခက်ရ
ပိုမိုလွယ်ကူပြီး၊ လွှတ်ကြိုးသံတွေကြောင့် ဂစ်တာသံတွေ
ပိုမိုလှပလာပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ Capo ကိုအ
လွန်အကျွံ သုံးနေမယ်ဆိုရင်တော့ အချို့ကော့ဒ်တွေကို
ကျွမ်းကျင်စွာ မကိုင်တတ်တော့ဘဲ ဂစ်တာဆိုင်ရာကျွမ်း
ကျင်မှုတွ နှောင့်နှေးသွားစေနိုင်ပါတယ် ။ ဘာပဲဖြစ်ဖြစ်
ဂစ်တာသမားတစ်ယောက်အနေနဲ့တော့ Capo ဟာ
မဖြစ်မနေ ဆောင်ထားသင့်တဲ့အရာတစ်ခုလို့ အကြံပြု
တိုက်တွန်း လိုက်ပါရစေ။
Ko Tun Thukha Kyalsin ပို့စ်အားကူးယူဖော်ပြပါသည်
Saturday, 30 November 2019
Kiss from a rose - seal (cover by Boyce Avenue)
Kiss from a Rose - Seal (cover by Boyce Avenue)
Cinderella - Boyce Avenue
Subscribe to:
Posts (Atom)















