Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts
Friday, 9 August 2024
ငွေစာရင်းဆိုင်ရာဝေါသာရများ
မြန်မာ - အင်္ဂလိပ်
ဘက်ဂျက် - budget
ဘဏ္ဍာရေးနှစ်- FiscalYear
ရန်ပုံငွေ - Fund
ဖြည့်စွက်ခွင့်ပြုငွေ - Result Expenditure
ပြုပြင်ပြီးခန့်မှနိးခြေငွေစာရင်း - Revised Estimate
ခန့်မှန်းခြေငွေစာရင်း - Budget Estimate
ရန်ပုံငွေလွှဲအပ်စာရင်း-Letter of Credit
ဘဏ်ခွင့်ပြုငွေ - Drawing Limit
ဦးစီးဌာန - Administrative Department
သာမန်ရငွေ - Revenue Receive
ငွေလုံးငွေရင်းရငွေ - Capital Receive
ရိုးရိုးချက် or သာမန်ချက်- Ordinary Cheque
မျဉ်းသားချက် - Cross Cheque
အထူးမျဉ်းသားချက်- Special cross cheque
ခရီးစရိတ် - Travelling Allowance
SAC အသုံးစရိတ်တောင်းခံလွှာ - Supply Account Certificate
NAC မရှိ/မပြုထောက်ခံချက် - Non Available Certificate
သာမန်အသုံးစရိတ်- Revenue Expenditure
ငွေလုံးငွေရင်းအသုံးစရိတ်- Capital Expenditure
ငွေတိုက်ပုံစံ TF - Treasury Form
နောက်ဆုံးထုတ်လစာ LPC - Last - Pay - -Certificate
လစာ - Salary
စရိတ်ချီးမြှင့်ငွေ-Cost award( Allowance and Award)
အသက်အာမခံ- Life Insurance Premium
-LIP)
အသုံးစရိတ်လချ ုပ် - Supply Account Report
စာရင်းမှပယ်ဖျက်ခြင်း- Abrogate Account ( Write out)
၃ လပတ် - Quarterly
၃ လပတ်တိုးတက်မှုစာရင်း - Quarterly Progress
အမှာစာ- Indent
လချ ုပ်စာရင်း- Monthly Report
ပစ္စည်းစာရင်းစာအုပ် - Stoke Book
ငွေစာရင်းစာအုပ် - Cash Book
တာရှည်ခံပစ္စည်း - Durable Stock
ပုံသေပိုင်ပစ္စည်း - Dead Stock
ဆေးစစ်အဖြေလွှာပေါ်က အတိုကောက်စာလုံးများ
@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)
> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ
@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ်တာ
@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )
>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ
@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)
> Alkaline Phosphates - အသည်းစစ်တာ
>AFP - အသည်းကင်ဆာစစ်တာ
@ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် )
> Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ
@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )
> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ်တာ
@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ
@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ်တာ
@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
(Chest X-ray)
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ
@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ
@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ
@> HIV - HIV ပိုးစစ်တာ
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
်ကိုင်းတာကို စစ်တာ
.
ခဏခဏလာမေးလို့ တင်ပေးလိုက်တာပါ
အားနည်းချက်အများကြီးနဲ့ မပြည့်စုံတာတွေကို တစ်ဖြည်း၂နဲ့ ပြန်ပီးပြင်ဆင် ဖြည့်စွက်ပေးပါ့မယ်
(ဗဟုသုတအဖြစ်သာ)
ကိုကိုကြီး
ဆေးပုလင်းမှအညွှန်းစာများ
Symptoms = ရောဂါလက္ခဏာများ။
Clinic = ဆေးခန်း။
Antibiotic = ပဋိဇီဝေဆး။ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို အားယုတ်စေ ဖျက်ဆီးပေးတဲ့ဆေး။
Depression = စိတ်ဓာတ်ကျခြင်း။
Stimulant = အားကြွစေသောဆေး။ လန်းဆန်းတက်ကြွစေသောဆေး။
Nerve = အာရုံကြော။
Inhalant/inhaler = ရှုဆေး။
Stress = စိတ္ဖိစီး။
Anxiety = စိုးရိမ်မှု။
Loss of appetite = စားချင်စိတ်မရှိ။
Stomach cramps = ဗိုက္သား ကြွက်တက်ခြင်း။
Sweating = ချေွးထွက်ခြင်း။
Shaking = တုန်ခြင်း။
Muscle aches = ကြွက်သားကိုက်ခဲနာကျင်ခြင်း။
Runny nose = နှာရည်ယို။
Fever = ဖျား၊ကိုယ်ပူခြင်း။
Vomiting = ပျို့အန်ခြင်း။
Diarrhea = ဝမ်းလျှောခြင်း။
Withdrawal = ဆေးဖြတ်၊အရက်ဖြတ်ခြင်း။
Addiction = ဆေးစွဲခြင်း။
Prescription = ဆေးညွှန်း။
Tablet/pill = ဆေးပြား၊ဆေးလုံး။
Side effects = ဘေးထွက်ဆိုးကျိုး။
Dosage = တခါသောက်ပမာဏနှင့် သောက်သုံးရန်အကြိမ်။ ဆေးညွှန်း။
Toxic = အဆိပ်ဖြစ်စေသော။
Poison = အဆိပ်။
Intoxicated = မူးယစ်သော။
Wounds = ထိခိုက်ဒဏ်ရာ။
Mucous membrane = နှာခေါင်း၊ ပါးစပ်၊ ခန္ဓာကိုယ်အတွင်းတို့တွင်ရှိသော ချွဲ၊သလိပ်၊နှပ်၊နှာရည်ထွက်သော အမြှေး၊ချွဲမြှေး။
Prevention = ကြိုတင်ကာကွယ်ခြင်း။
Burns = လောင်ခြင်း(နေလောင်ဒဏ်ကြောင့် အရေပြားလောင်တဲ့အခါသုံး)။
Infection = ရောဂါပိုးဝင်သည်။ ရောဂါကူးစက်သည်။
Sore throat = လည်ချောင်းနာသည်။
Herbal = ဆေးဖက်ဝင်အပင်၊ ဆေးဖက်ဝင်အပင်တို့ဖြင့်ဖော်စပ်ထားသော။
Dehydration = ရေဓာတ်ခန်းခြောက်ခြင်း။
Mineral = ဓာတ္ဆား။
Powder = ဆေးမှုန့်။
Supplement = ဖြည့်စွက်အစာ။
Dietary = အတိုင်းအချင့်နှင့်စားသော။
Lens cleaner = မျက်မှန်သုတ်ဆေးရည်။
Spray = ဖြန်းဆေး။
Contact lens = မျက်ကပ်မှန်။
Suitable = သင့်လျော်သော။
Nourishing = အာဟာရဖြစ်စေသော။
Treatment = ကုသခြင်း။
Moisture = အစိုဓာတ်။
Soothing = ချမ်းမြေ့စေသည်။
Ingredient = ပါဝင်ပစ္စည်း။
Rash = အရေပြားပေါ်အဖုအပိမ့်အနီကွက်ထခြင်း။
Chew = ဝါးပါ။
Chewable = ဝါးစားနိုင်သော။
External use only = ခန္ဓာကိုယ်အပြင်ပိုင်းအတွက်သာ အသုံးပြုရန်။
Absorb = စုပ်ယူသည်။
Itching = ယားယံခြင်း။
Swollen = ဖူးရောင်သော။
Allergic = ဓာတ်မတည့်သော။
Menopause = သွေးဆုံးချိန်။
Period = ဓမ္မတာ။ ရာသီ။
Menstruation = ရာသီလာခြင်း။
Greasy = ချွဲကျိကျိ၊ ဆီများသော။
Mint = ပူရှိန်း။ ပူစီနံ။
Swallow = မျိုချပါ။
Painkiller = အကိုက်အခဲပျောက်ဆေး။
Narcotic = မူးယစ်ဆေးဝါး။
Tranquilizer = စိတ်ငြိမ်ဆေး။ မေ့ဆေး။
Aspirin = အကိုက်အခဲနှင့် အဖျားပျောက်ဆေး။
Arthritis = အဆစ်ရောင်နာ။
Alzheimer's disease = မှတ်ဉာဏ်ချွတ်ယွင်း။
Diabetes = ဆီးချိုရောဂါ။
Asthma = ပန်းနာရောဂါ။
Hepatitis = အသည်းရောင်ရောဂါ။
Heart attack = နှလုံးဖောက်။
Stroke = လေဖြတ်သည်။
Paralyzed = အကြောသေသည်။ သွက်ချာပါဒလိုက်သည်။
Toothache = သွားကိုက်။
Stomachache = အစာအိမ္နာ။
Indigestion = အစာမကြေခြင်း။
Bowel movement = ကျင်ကြီးစွန့်ခြင်း။
Tooth decay = သွားယိုယွင်းပျက်စီး။
Dental = သွားနှင့်ဆိုင်သော။
Dozy/drowsiness = အိပ်ငိုက်သော။ အိပ်ချင်မူးတူးဖြစ်သော။
Dizzy = မူးဝေသော။
Anesthesia = မေ့ဆေး၊ ထုံဆေးပေးထား၍ အသိစိတ်မရှိ။
Hypnosis = အိပ်မွေ့ချစိတ်ညှို့ခြင်း။
Soporific = ငိုက်မျည်းအိပ်ပျော်စေသော။
Pharmacy/drug store = ဆေးဆိုင်။
Over the counter medicine = ဆရာဝန်ဆေးစာမပါဘဲ ဆေးဆိုင်ကဝယ်လို့ရတဲ့ဆေး။
Prescription medicine = ဆရာဝန်ဆေးစာပါမှ ဝယ်လို့ရတဲ့ဆေး။
Mfg.date = manufacture date ထုတ်လုပ်ရက်
Exp.date = expire date သက်တမ်းကုန်ဆုံးရက်
Drug နဲ့ medicine အသုံးအနှုန်း မှားယွင်းသုံးစွဲသူများအတွက် ရှင်းလင်းချက်
Difference between a drug and a medicine = purpose of a medicine and a drug
Drug နဲ့ medicine စကားလုံးသုံးစွဲပုံ ရဲ့ကွာခြားချက်ကို အဲ့ဒီဆေးရဲ့ရည်ရွယ်ရင်းအပေါ်ကြည့်ပြီးခွဲခြားနိုင်။
Medicine: to prevent, cure a symptom or disease; has positive effect on a patient.
Medicine က ရောဂါကာကွယ်ကုသဖို့အတွက်ရည်ရွယ်ပြီး လူနာကို ပြန်လည်ကောင်းလာစေ။
Drug: can have positive or negative effect on a patient.
Drug က လူနာအပေါ် ကောင်းတာဖြစ်စေနိုင်သလို ဆိုးကျိုးလည်းရှိတယ်။ ဥပမာ မူးယစ်ဆေးဝါးသုံးစွဲရင်းဆေးစွဲသွားတာ
Both drugs and medicines can be poisons depending on the dose of the drug or medicine.
နှစ်ခုလုံးက တန်ဆေးလွန်ဘေးဆိုသလို အစားများရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ အဆိပ်တောင်ဖြစ်စေနို်င်ပါတယ်။
နောက်ဆုံးအနေနဲ့ All medicines are drugs, but not all drugs are medicines.
မှတ်ချက် ။ မပြည့်စုံသေးဘူးလို့ ထင်မြင်ယူဆရင် အောက်မှာ ဆက်လက်အကြံပြုဖြည့်စွက်ပေးနိုင်ပါတယ်
&
Photo credit to the rightful owner.
0977621820 nurse
Tuesday, 16 April 2024
ဆောက်လုပ်ရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)
ဆောက်လုပ်ရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)
1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ္စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဉ်(သစ္မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဉ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဉ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ္စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ္စတစ္ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဉ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. flange -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်
crd to original writter
#ENSAEEA
Saturday, 11 November 2023
အဲကွန်းသုံးစွဲသူတိုင်းနဲ့စက်ပြင်နေတဲ့ ညီငယ်များအတွက် အဲကွန်းဆိုင်ရာ အမေးအဖြေအချို့
🎯၁။ အဲကွန်းက အလုပ်တော့လုပ်တယ် မအေးဘူး (လေအေးမထွက်ဘူး)ဖြစ်နေတယ် ဘာဖြစ်တာလဲ?😥😥
အဲကွန်းစနစ်တခုမှာ အခြေခံအားဖြင့် အစိတ်အပိုင်း ခု(၄)ခု ပါဝင်ပါတယ်။
အခန်းအတွင်းမှရှိတဲ့
#Fancoil သိုမဟုတ် အအေးကွိုင် သို့မဟုတ် Evaporator ကွိုင်
#အခန်းအပြင်ဘက်မှာရှိတဲ့
Condenser coil သို့မဟုတ်
အပူကွိုင်
#Compressor သို့ ကွန်ပရက်ဆာ
#Expansion Device သို့မဟုတ်
ကပလရီကျု(capilary tube) စသည်တို့ပါ။
#Fancoil သိုမဟုတ် အအေးကွိုင် သို့မဟုတ် Evaporator ကွိုင် သို့မဟုတ်Indoor unitဟာအခန်းထဲက လေကို ဘလိုဝါကတဆင့်စုပ်ယူ ဖြတ်သန်းေစပြီး လေထဲကအပူကိုစုပ်လို့ အပူချိန်ကျဆင်းသွားတဲ့ အေးမြတဲ့လေကို ဘလိုဝါလည်အားကတဆင့်အခန်းတွင်းကိုပြန်ထုတ်လွှတ်ပေးတဲ့အလုပ်လုပ်ပါတယ်။
🛑Fancoil မှလေအေးတွေမထွက်လာဘူးဆိုရင်
⛔ကွန်ပရက်ဆာ၊ကပလရီကျုနဲ့ Condenser
တခုခု ကောင်းစွာ အလုပ်မလုပ်တာ
ချို့ယွင်းနေတာကြာင့်ဖြစ်နိုင်ပါတယ်။
⛔လျှပ်စစ်ပိုင်းဆိုင်ရာချွတ်ယွင်းချက်လည်း
ဖြစ်နိုင်ပါတယ်။
✍🏻✍🏻#ကျွမ်းကျင်တဲ့Aircon Technician ကိုခေါ်ယူစစ်ဆေးကြည့်ဖို့အကြံပြုပါတယ်။
မပြင်ပဲထားရင် ပိုပျက်စီးပြီး မီးဘေးအန္တရာယ်ပါစိုးရိမ်ရပါတယ်။
🎯၂။ အဲကွန်းက ရေတွေဘာကြောင့်ကျလာသလဲ?
ပုံမှန်အားဖြင့်တော့ fancoil မှာ
အခန်းတွင်းရှိလေထဲကရေငွေ့များ ငွေရည်ဖွဲ့ပြီးရေခံဗန်းကတဆင့် ရေစွန့်ပိုက်(Drain pipe)ထဲသို့ရေတွေကျဆင်းသွားပါတယ်။
အဲ့လိုမဟုတ်ဘဲ ရေတွေ fancoil မှတစတစထွက်ကျလာတယ်ဆိုတာ ရေထွက်ပိုက်မှာ အတားအဆီးတခုခုရှိလို့ပါ။
ရေကျပိုက်ကိုရေစီးဆင်းမှုကောင်းမွန်အောင်
တပ်ဆင်မထားရင်၊Servicing မလုပ်ရင်ရေကျတတ်ပါတယ်။
အဲကွန်းအအေးကွိုင် Indoor Unit ကို သေချာဆေးကြောတာမလုပ်ရင်လည်းရေကျနိုင်ပါတယ်။
ရီမုတ်ကအပူချိန် ချိန်ညှိထားတာ အရမ်းနိမ့်နေရင်လည်း
တခါတရံရာသီဉတုအရ ရေကျနိုင်ပါတယ်။
🎯၃။ အဲကွန်းကို မောင်းထားတာ အချိန်အတိုင်းအတာတခုရှိပြီ အခန်းက အေးမလာဘူး?
ဖြစ်နိုင်ချေ တွေကတော့
# Fancoil မှာ (ဂျီး) များပိတ်နေပြီး အပူစုပ်အားကျဆင်းလို့၊လေအေးထုတ်လွှတ်နိုင်မှု နည်းနေခြင်း။
#Condenser မှာ (ဂျီး) များပိတ်နေပြီး အပူထုနိုင်စွမ်း အားနည်းနေခြင်း။
#အဲကွန်းစနစ်အတွင်းရှိ Gas လုံလောက်မှုမရှိခြင်း။
#အဲကွန်းစနစ်ပုံမှန်အလုပ်မလုပ်ဘဲ လည်လိုက်ရပ်လိုက်ဖြစ်နေခြင်း။
#Setting Temperature ချိန်ညှိ့ထားမှု မြင့်နေခြင်း။
#တပ်ဆင်ထားသော မြင်းကောင်ရေစက်စွမ်းအားနဲ့အခန်းအရွယ်အစား ကိုက်ညီလုံလောက်မှုမရှိခြင်း။
#ပတ်ဝန်းကျင်အပူချိန်အရမ်းမြင့်တက်နေခြင်း
စတာတွေဖြစ်နိုင်ပါတယ်။
🎯(၄)Air conဘာကြောင့်အလုပ်မလုပ်သလဲ
အရင်ဆုံးဖြစ်နိုင်ချေတခုကတော့လျှပ်စစ်ပိုင်းဆိုင်ရာပါ။ Electrical power supply မရောက်လို့ဖြစ်နိုင်ပါတယ်။
Safeguard ကိုမီးရောက်မရောက်အရ င်စစ်ပါ။
#Safeguard ရဲ့ #Output ကိုမီးတကယ်ထွက်မထွက်စစ်ပါ။
#Safeguardမလိုလို့မသုံးထားတဲ့အိမ်ဆိုရင် #Power Socket အဝင်အထွက် မီးရှိမရှိစစ်ပါ။မီးရောက်တယ်လို့ သေချာရင်တော့ အဲကွန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူကို ဆက်သွယ်ပါလို့ အကြံပြုလိုပါတယ်။
စက်ကချွတ်ယွင်းနေတာဖြစ်နိုင်ပါတယ်။
ကျွမ်းကျင်သူစက်ပြင်ဆရာမဟုတ်ရင်တော့
ကိုယ်တိုင်လုပ်လို့ လျပ်စစ်အန္တရာယ်တခုခုကြောင့်
#အသက်အန္တရာယ်ကြုံရင် #ပေးရတဲ့ငွေကြေးထက်
အများကြီးပိုကုန်ကျသွားပါလိမ့်မယ်။
🎯၅။ အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကဘာပါလဲ?
အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
အကျိုးကျေးဇူး
#အဲကွန်း ပိုမိုကောင်းမွန်စွာ
သန့်အေးမြစေပါလိမ့်မယ်။
#မီတာစားကို သက်သာစေပါလိမ့်မယ်
#အဲကွန်းရေကျခြင်းပြသနာကို လျော့ချပေးပါလိမ့်မယ်။
#အဲကွန်းအကြီးစားပြုပြင်မှုလိုအပ်ခြင်းကို လျော့ချပေးပါလိမ့်မယ်။
#အဲကွန်း စက်ပစ္စည်းသက်တမ်းကို ပိုကြာရှည်စွာအသုံးပြုနိုင်လို့ ငွေကြေးချွေတာရာရောက်ပါတယ်။
🎯၆။ အဲကွန်း servicing ဘယ်လောက်ခြားတခါလုပ်သင့်သလဲ?
ယေဘုယျအားဖြင့်တော့ အိမ်သုံးတွေအတွက်ဆိုရင်
အနည်းဆုံး
( ၃လ) တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
လူများ ၊ဖုန်ထူတဲ့နေရာတွေနဲ့၊
ရုံးသုံးတွေအတွက်ဆိုရင် (၁)လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
လုပ်ကိုလုပ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ဘဲ အသုံးပြုမှုနှုန်း ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မူပါတယ်။
ကျွမ်းကျင်တဲ့ aircon technician နဲ့တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။
🎯၇။ အဲကွန်းကို အသုံးပြုသူ ကိုယ်တိုင်ရော maintenance လုပ်လို့ရသလား?
အခြေခံ maintenance အနေနဲ့ Air filter နှင့် body အဖုံးကို ၂ပတ်တကြိမ် ဆေးကြောပေးလို့ရပါတယ်။
အဲ့လိုလုပ်ခြင်းအားဖြင့် အခန်းတွင်းအေးမြမှုကို ပိုမိုကောင်းမွန်စေပါတယ်။ဒါပေမယ့်သေချာမပျက်စီးအောင် မေးမြန်းဆေးကြောသင့်ပါတယ်။
အကောင်းဆုံးကတော့ စနစ်တကျဆေးကြောတတ်တဲ့
ဆာဗစ်အဖွဲ့တွေခေါ်တာကအကောင်းဆုံးပါ။
🎯၈။ အဲကွန်း ဘာကြောင့် အနံ့ထွက်နေရတာလဲ?
အနံ့တွေဟာ fancoil အတွင်းမှာ
မှိုနဲ့ ဘက်တီးရီးယားတွေ ဖြစ်ပေါ်လာမှုကြောင့် ထွက်လာတာဖြစ်ပါတယ်။
အနံ့တွေ တအားဆိုးနေရင်တော့ Chemical Cleaning လုပ်ဖို့လိုအပ်နေပါပြီ။
မနှမြောပါနဲ့ ကျန်းမာဖို့တပ်ထားပေမယ့်
မသုံးတတ်ရင်မကျန်းမာပဲ အဲဒီဟာတွေကြောင့်ရောဂါပိုဖြစ်စေတတ်လို့ပါ။
🎯၉။ အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက ဘာလုပ်သင့်သလဲ?ခဏခဏ ဂက်စ်ဖြည့်နေရတယ်ဆိုရင်
ဘာလုပ်သင့်လဲ။
⛔အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက Gas ဖြည့်ခြင်းဟာ အဖြေတခုမဟုတ်ပါဘူး။
⛔Gas တွေဘယ်ကထွက်နေသလဲဆိုတာ High Pressure Testing လုပ်ပြီး
အအေးကွိုင်၊အပူကွိုင်၊ကွန်ပရက်ဆာနဲ့
အချင်းချင်းကြား ဆက်ထားတဲ့ ဂက်စ်ပိုက်တွေက
ပေါက်နေလား အပေါက်ရှာရပါမယ်။
ထိုအပေါက်ကို ပြုပြင်ပြီးမှ သင့်တော်သော Gas ပမာဏပြန်လည်ဖြည့်သွင်းရပါမယ်။
🎯၁၀။ Condenser အပူကွိုင် ကိုရော Servicing လုပ်ဖို့လိုအပ်သလား?
မြန်မာပြည်ဟာ ဘယ်နေရာဖြစ်ဖြစ်
ဖုန်ထူထပ်တာကြောင့် Servicing ကိုပုံမှန်လုပ်ပေးမှ
အဲကွန်းနဲ့နေရခြင်းရဲ့ ကောင်းကျိုးရမှာပါ။
မဟုတ်ရင်အပူထုတ်အားကျဆင်းလို့
အပူထုတ်နှုန်း မကောင်းလို့ အခန်းထဲမှာ
အအေးလျော့ ပြီး အေး ဖို့စက်မောင်းချိန်ပိုကြာ
ပြီး မီတာခပိုကုန်တာအပြင် ရေရှည်မှာ ကွန်ပရက်ဆာ
အပူချိန်ပိုများနေလို့ စက်သက်တမ်းတိုပါမယ်။
🎯၁၁။ Condenser ရဲ့ အဝင်အထွက်ကြေးပိုက်တွေ ဘာလို့ ရေခဲနေရတာလဲ?
ဖြစ်နိုင်ချေ ၂ခုရှိပါတယ်။
ပိုက်အသေးမှာ ရေခဲနေခြင်းဟာ System အတွင်း Gas လုံလောက်မှုမရှိဘူးဆိုတာပြပါတယ်။
ကပလရီ ပိုက်လဲထားတာဆုရင် သေးတာ ဝယ်ရင်းအတိုင်းတပ်ထားဆိုရင်တစိတ်တပိုင်းပိတ်နေနာလည်းဖြစ်နိုင်ပါတယ်။
အောက်ဒိုးယူနစ်က အင်ဒိုးယူနစ်ထက်ကြီးတပ်ထားတာလည်းဖြစ်နိုင်ပါတယ်။
ပိုက်အကြီးမှာ ရေခဲနေခြင်းဟာ
Fancoil or Filter မှာ (ဂျီး) ပိတ်နေခြင်း သို့မဟုတ် Blower မလည်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
ပန်ကာနှေးနေတာလည်းဖြစ်နိုင်ပါတယ်။
ပန်ကာဒလက်တွေကျိုးနေတာ ပန်ကာပြောင်းပြန်လည်နေတာလည်းဖြစ်နိုင်ပါတယ်။
ဂက်စ်များနေတာလည်းဖြစ်နိုင်ပါတယ်။
🎯၁၂။ အဲကွန်းက သူ့အလိုလိုပိတ်ပြီး မီးလုံးလေးတွေမှာ မှိတ်တုတ်မှိတ်တုတ် ဘာလို့ဖြစ်နေတာလဲ?
Fancoil ရဲ့ မီးလုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာဟာ System ထဲမှာ တခုခုပြသနာရှိနေတာကိုပြပါတယ်။
Error တက်တာကိုပြနေတာပါ။
ဒါကြောင့်အဲကွန်းက ဆက်အလုပ်မလုပ်ဘဲ သူ့အလိုလိုပိတ်သွားတတ်ပါတယ်။
ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုပိတ်သွားတာဟာ ကာကွယ်ခြင်းသဘောတရားဖြစ်ပြီး။
electrical power supply ကို reset လုပ်ပြီးထပ်မသုံးသင့်ပါဘူး။
နောက်ဆက်တွဲ ပြုပြင်ရမယ့်စရိတ်တွေရှိလာနိုင်လို့ပါ။
🎯၁၃။ အဲကွန်းက သူ့အလိုလို ပိတ်လိုက်ဖွင့်လိုက် ဘာလိုဖြစ်နေတာလဲ?
Remote Controller မှာ Timer Setting ချိန်ထားမိလို့ဖြစ်နိုင်သလို။
Fancoil ရဲ့ Printed Circuit Board ပြသနာလည်းဖြစ်နိုင်ပါတယ်။
အပူကွိုင်အအေးကွိုင်တွေ
ဆားဗစ်လိုအပ်နေတာလည်းဖြစ်နိုင်ပါတယ်။
ပိုက်နဲ့ အခန်းအပူချိန်ဆင်ဆာ(pipe and return air sensor)တွေမကောင်းတာလည်းဖြစ်နိုင်ပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။
🎯၁၄။ အဲကွန်း Remote Controller ကနေ ဖွင့်လိုမရတော့ဘူး?
ပြသနာက Remote controller or Fancoil Printed Curcuit Board မှာရှိနေနိုင်ပါတယ်။
Remote Controller ကို တခြား Fancoil မှာစမ်းသပ်ကြည့်ပါ။
အလုပ်လုပ်တယ်ဆိုရင် ပြသနာက PCB မှာရှိနေပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။
🎯၁၅။ Pressure စစ်ဆေးတယ်ဆိုတာဘာလုပ်တာလဲ။ ဘာကြောင့်လိုအပ်တာလဲ?
အဲကွန်းတလုံးဟာ Gas တွေယိုစိမ့်မှုဖြစ်ပေါ်ပြီး ခဏခဏပြန်ပြန်ဖြည့်နေရပြီဆိုရင်
တနေရာရာမှာ ထွက်ပေါက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။
အဲ့ဒီ ထွက်ပေါက်ကို သိဖို့အတွက်
နိုက်ထရိုဂျင်ဂက်စ်နဲ့ High Pressure Testing လုပ်ရပါတယ်။
Condener, Fancoil and Pipe Line တွေကို High Pressure ထိုးပြီး အပေါက်ယိုစိမ့်မှုကို လိုက်ရှာရပါတယ်။
အပေါက်ပေါ်မူတည်ပြီး လိုအပ်သလိုပြုပြင်ရပါမယ်။
ပြီးမှ သင့်တော်တဲ့ Gas ပမဏပြန်ထည့်ရပါမယ်။
မဟုတ်ရင်တော့ ဂက်စ်ဖိုးနဲ့မွဲပါမယ်။
ခဏခဏ ဂက်စ်ဖြည့်ရတဲ့ စက်တွေဆိုရင်
Service man တွေကိုလည်း အကူအညီတောင်းရင်း
ထိုက်သင့်တဲ့အခကြေးငွေပေးလို့ မလိုအပ်ပဲဂက်စ်ခဏခဏထပ်မဖြည့်ရဖို့သေချာအောင်တောင်းဆိုဆောင်ရွက်နိုင်ပါတယ်။
ငါးအမ်ိဳးအစားမ်ား
ငါးဘဲဖြူငါးမှာ တိုင်းရင်းငါးအငယ်စား ( small indigenous species) များဖြစ်ကြပြီး အရောင်မှာ ငွေမှင်ရောင်ရှိပါသည်။ အင်္ဂလိပ်လို Mola carplet ဟုသိရပါသည်။ ငါးဘဲဖြူငါးမှာ အာဟာရဓါတ်အလွန်ပြည့်ဝပြီး အရိုးပါမကျန်စားသုံးနိုင်သော ငါးဖြစ်သည်။ ငါးဘဲဖြူ၏ ခန္ဓာကိုယ်တွင် Vitamin – A နှင့် Calcium ဓါတ်ကြွယ်ဝသည်ဟု သိရပါသည်။ ဈေးကွက်တွင် ဈေးကောင်းရသော ငါးတစ်မျိုးဖြစ်သည်။ ငါးဘဲဖြူငါးကို မြန်မာနိုင်ငံအပြင် ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင်လည်း တွေ့ရှိရပါသည်။
ငါးဘဲဖြူ ( Mola carplet) များသည် ဆည်ချက်၊ အိုင်၊ စမ်းချောင်းငယ်၊ စပါးခင်း စသည့် နေရာများတွင် ပေါက်ဖွားနေထိုင်လေ့ ရှိကြပါသည်။ ငါးဘဲဖြူငါးမှာ မွေးမြူ၍ရသောငါးဖြစ်ပြီး မွေးမြူပါက ငါးကြင်း၊ ငါးမြစ်ချင်း စသောငါးမျိုးနှင့် ကန်အတွင်း သဟဇာတဖြစ်စွာ မွေးမြူနိုင်ခြင်း၊ ကန်အတွင်း သဘာဝအတိုင်းသားပေါက်ခြင်းကြောင့် တစ်လလျှင် (၂) ကြိမ်ခန့် ဖမ်းယူစားသုံးနိုင်သည်ဟု သိရပါသည်။ ငါးဘဲဖြူအမမှာ ဥပေါင်း (၅၀၀) ခန့် ဥ ဥနိုင်ကြပြီး ရေညှိရေမှော် (algae) များကို စားသော အလေ့အထရှိကြပါသည်။ တိုင်းရင်းငါး အငယ်စားများကို မွေးမြူခြင်းသည် တိုင်းရင်းငါးမျိုးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်ပါသည်။
ငါးဘဲဖြူငါးကို အိုးကပ်ချက်စားခြင်းအပြင် အကြွပ်ကြော်၊ ငါးဘဲဖြူ ငါးပေါင်းကြော်၊ အစိမ်းသုပ် စသည်ဖြင့် ပြုလုပ်၍ စားသုံးကြပါသည်။ ငါးဘဲဖြူငါးကို ငါးပိပြုလုပ်ရာ၌လည်း သုံးကြပါသေးသည်။ အရသာကောင်းမွန်ပြီး လူကြိုက်များသော ငါးတစ်မျိုး ဖြစ်သည်။
Phylum (မျိုးပေါင်းစု) - Chordata
Class (အမျိုးအစား) - Actinopterygii
Order (မျိုးစဥ်) - Cypriniformes
Family (မျိုးရင်း) - Cyprinidae
Genus (မျိုးစု) - Amblypharyngodon
Species (မျိုးစိတ်) - Amblypharyngodon Mola ဟူ၍ဖြစ်ပါသည်။
ပေါ်လစ်အကြောင်း တစေ့တစောင်း
ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။
နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။
1 ဖီလာ (Filler)
ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။
2 ဆီလာ (Sealer)
ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။
(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================
ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။
NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။
ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။
(၂) AC ဆီလာ
==========
AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။
AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။
(၃)PU ဆီလာ
==========
PU ဆီလာက သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။
ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။
PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။
3 Lacquer နဲ့ Topcoat
တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။
Lacquer လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။
သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။
ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။
T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။
ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။
Topcoat ကိုတော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။
NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။
နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။
Sunday, 8 October 2023
Friday, 2 June 2017
Saturday, 27 May 2017
Wednesday, 23 November 2016
Subscribe to:
Posts (Atom)


































