Saturday 11 November 2023

ပေါ်လစ်အကြောင်း တစေ့တစောင်း

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။ နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။ 1 ဖီလာ (Filler) ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။ 2 ဆီလာ (Sealer) ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။ (၁) NC ဆီလာ နဲ့ PC ဆီလာ ===================== ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။ NC/PC ၁ဆ+သင်နာ၂ဆ ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။ ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။ (၂) AC ဆီလာ ========== AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား ဆီလာ လို့သိထားရင်ရပါတယ်။ AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။ (၃)PU ဆီလာ ========== PU ဆီလာက သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။ ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။ ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။ PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။ 3 Lacquer နဲ့ Topcoat တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။ Lacquer လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။ သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။ ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။ T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။ ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။ အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။ ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။ Topcoat ကိုတော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။ NC /PC topcoat AC / Topcoat PU / Topcoat စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။ နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။

No comments: