Saturday 11 November 2023

အဲကွန်းသုံးစွဲသူတိုင်းနဲ့စက်ပြင်နေတဲ့ ညီငယ်များအတွက် အဲကွန်းဆိုင်ရာ အမေးအဖြေအချို့

🎯၁။ အဲကွန်းက အလုပ်တော့လုပ်တယ် မအေးဘူး (လေအေးမထွက်ဘူး)ဖြစ်နေတယ် ဘာဖြစ်တာလဲ?😥😥 အဲကွန်းစနစ်တခုမှာ အခြေခံအားဖြင့် အစိတ်အပိုင်း ခု(၄)ခု ပါဝင်ပါတယ်။ အခန်းအတွင်းမှရှိတဲ့ #Fancoil သိုမဟုတ် အအေးကွိုင် သို့မဟုတ် Evaporator ကွိုင် #အခန်းအပြင်ဘက်မှာရှိတဲ့ Condenser coil သို့မဟုတ် အပူကွိုင် #Compressor သို့ ကွန်ပရက်ဆာ #Expansion Device သို့မဟုတ် ကပလရီကျု(capilary tube) စသည်တို့ပါ။ #Fancoil သိုမဟုတ် အအေးကွိုင် သို့မဟုတ် Evaporator ကွိုင် သို့မဟုတ်Indoor unitဟာအခန်းထဲက လေကို ဘလိုဝါကတဆင့်စုပ်ယူ ဖြတ်သန်း‌ေစပြီး လေထဲကအပူကိုစုပ်လို့ အပူချိန်ကျဆင်းသွားတဲ့ အေးမြတဲ့လေကို ဘလိုဝါလည်အားကတဆင့်အခန်းတွင်းကိုပြန်ထုတ်လွှတ်ပေးတဲ့အလုပ်လုပ်ပါတယ်။ 🛑Fancoil မှလေအေးတွေမထွက်လာဘူးဆိုရင် ⛔ကွန်ပရက်ဆာ၊ကပလရီကျုနဲ့ Condenser တခုခု ကောင်းစွာ အလုပ်မလုပ်တာ ချို့ယွင်းနေတာကြာင့်ဖြစ်နိုင်ပါတယ်။ ⛔လျှပ်စစ်ပိုင်းဆိုင်ရာချွတ်ယွင်းချက်လည်း ဖြစ်နိုင်ပါတယ်။ ✍🏻✍🏻#ကျွမ်းကျင်တဲ့Aircon Technician ကိုခေါ်ယူစစ်ဆေးကြည့်ဖို့အကြံပြုပါတယ်။ မပြင်ပဲထားရင် ပိုပျက်စီးပြီး မီးဘေးအန္တရာယ်ပါစိုးရိမ်ရပါတယ်။ 🎯၂။ အဲကွန်းက ရေတွေဘာကြောင့်ကျလာသလဲ? ပုံမှန်အားဖြင့်တော့ fancoil မှာ အခန်းတွင်းရှိလေထဲကရေငွေ့များ ငွေရည်ဖွဲ့ပြီးရေခံဗန်းကတဆင့် ရေစွန့်ပိုက်(Drain pipe)ထဲသို့ရေတွေကျဆင်းသွားပါတယ်။ အဲ့လိုမဟုတ်ဘဲ ရေတွေ fancoil မှတစတစထွက်ကျလာတယ်ဆိုတာ ရေထွက်ပိုက်မှာ အတားအဆီးတခုခုရှိလို့ပါ။ ရေကျပိုက်ကိုရေစီးဆင်းမှုကောင်းမွန်အောင် တပ်ဆင်မထားရင်၊Servicing မလုပ်ရင်ရေကျတတ်ပါတယ်။ အဲကွန်းအအေးကွိုင် Indoor Unit ကို သေချာဆေးကြောတာမလုပ်ရင်လည်းရေကျနိုင်ပါတယ်။ ရီမုတ်ကအပူချိန် ချိန်ညှိထားတာ အရမ်းနိမ့်နေရင်လည်း တခါတရံရာသီဉတုအရ ရေကျနိုင်ပါတယ်။ 🎯၃။ အဲကွန်းကို မောင်းထားတာ အချိန်အတိုင်းအတာတခုရှိပြီ အခန်းက အေးမလာဘူး? ဖြစ်နိုင်ချေ တွေကတော့ # Fancoil မှာ (ဂျီး) များပိတ်နေပြီး အပူစုပ်အားကျဆင်းလို့၊လေအေးထုတ်လွှတ်နိုင်မှု နည်းနေခြင်း။ #Condenser မှာ (ဂျီး) များပိတ်နေပြီး အပူထုနိုင်စွမ်း အားနည်းနေခြင်း။ #အဲကွန်းစနစ်အတွင်းရှိ Gas လုံလောက်မှုမရှိခြင်း။ #အဲကွန်းစနစ်ပုံမှန်အလုပ်မလုပ်ဘဲ လည်လိုက်ရပ်လိုက်ဖြစ်နေခြင်း။ #Setting Temperature ချိန်ညှိ့ထားမှု မြင့်နေခြင်း။ #တပ်ဆင်ထားသော မြင်းကောင်ရေစက်စွမ်းအားနဲ့အခန်းအရွယ်အစား ကိုက်ညီလုံလောက်မှုမရှိခြင်း။ #ပတ်ဝန်းကျင်အပူချိန်အရမ်းမြင့်တက်နေခြင်း စတာတွေဖြစ်နိုင်ပါတယ်။ 🎯(၄)Air conဘာကြောင့်အလုပ်မလုပ်သလဲ အရင်ဆုံးဖြစ်နိုင်ချေတခုကတော့လျှပ်စစ်ပိုင်းဆိုင်ရာပါ။ Electrical power supply မရောက်လို့ဖြစ်နိုင်ပါတယ်။ Safeguard ကိုမီးရောက်မရောက်အရ င်စစ်ပါ။ #Safeguard ရဲ့ #Output ကိုမီးတကယ်ထွက်မထွက်စစ်ပါ။ #Safeguardမလိုလို့မသုံးထားတဲ့အိမ်ဆိုရင် #Power Socket အဝင်အထွက် မီးရှိမရှိစစ်ပါ။မီးရောက်တယ်လို့ သေချာရင်တော့ အဲကွန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူကို ဆက်သွယ်ပါလို့ အကြံပြုလိုပါတယ်။ စက်ကချွတ်ယွင်းနေတာဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်သူစက်ပြင်ဆရာမဟုတ်ရင်တော့ ကိုယ်တိုင်လုပ်လို့ လျပ်စစ်အန္တရာယ်တခုခုကြောင့် #အသက်အန္တရာယ်ကြုံရင် #ပေးရတဲ့ငွေကြေးထက် အများကြီးပိုကုန်ကျသွားပါလိမ့်မယ်။ 🎯၅။ အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကဘာပါလဲ? အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အကျိုးကျေးဇူး #အဲကွန်း ပိုမိုကောင်းမွန်စွာ သန့်အေးမြစေပါလိမ့်မယ်။ #မီတာစားကို သက်သာစေပါလိမ့်မယ် #အဲကွန်းရေကျခြင်းပြသနာကို လျော့ချပေးပါလိမ့်မယ်။ #အဲကွန်းအကြီးစားပြုပြင်မှုလိုအပ်ခြင်းကို လျော့ချပေးပါလိမ့်မယ်။ #အဲကွန်း စက်ပစ္စည်းသက်တမ်းကို ပိုကြာရှည်စွာအသုံးပြုနိုင်လို့ ငွေကြေးချွေတာရာရောက်ပါတယ်။ 🎯၆။ အဲကွန်း servicing ဘယ်လောက်ခြားတခါလုပ်သင့်သလဲ? ယေဘုယျအားဖြင့်တော့ အိမ်သုံးတွေအတွက်ဆိုရင် အနည်းဆုံး ( ၃လ) တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။ လူများ ၊ဖုန်ထူတဲ့နေရာတွေနဲ့၊ ရုံးသုံးတွေအတွက်ဆိုရင် (၁)လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။ လုပ်ကိုလုပ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ဘဲ အသုံးပြုမှုနှုန်း ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မူပါတယ်။ ကျွမ်းကျင်တဲ့ aircon technician နဲ့တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။ 🎯၇။ အဲကွန်းကို အသုံးပြုသူ ကိုယ်တိုင်ရော maintenance လုပ်လို့ရသလား? အခြေခံ maintenance အနေနဲ့ Air filter နှင့် body အဖုံးကို ၂ပတ်တကြိမ် ဆေးကြောပေးလို့ရပါတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် အခန်းတွင်းအေးမြမှုကို ပိုမိုကောင်းမွန်စေပါတယ်။ဒါပေမယ့်သေချာမပျက်စီးအောင် မေးမြန်းဆေးကြောသင့်ပါတယ်။ အကောင်းဆုံးကတော့ စနစ်တကျဆေးကြောတတ်တဲ့ ဆာဗစ်အဖွဲ့တွေခေါ်တာကအကောင်းဆုံးပါ။ 🎯၈။ အဲကွန်း ဘာကြောင့် အနံ့ထွက်နေရတာလဲ? အနံ့တွေဟာ fancoil အတွင်းမှာ မှိုနဲ့ ဘက်တီးရီးယားတွေ ဖြစ်ပေါ်လာမှုကြောင့် ထွက်လာတာဖြစ်ပါတယ်။ အနံ့တွေ တအားဆိုးနေရင်တော့ Chemical Cleaning လုပ်ဖို့လိုအပ်နေပါပြီ။ မနှမြောပါနဲ့ ကျန်းမာဖို့တပ်ထားပေမယ့် မသုံးတတ်ရင်မကျန်းမာပဲ အဲဒီဟာတွေကြောင့်ရောဂါပိုဖြစ်စေတတ်လို့ပါ။ 🎯၉။ အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက ဘာလုပ်သင့်သလဲ?ခဏခဏ ဂက်စ်ဖြည့်နေရတယ်ဆိုရင် ဘာလုပ်သင့်လဲ။ ⛔အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက Gas ဖြည့်ခြင်းဟာ အဖြေတခုမဟုတ်ပါဘူး။ ⛔Gas တွေဘယ်ကထွက်နေသလဲဆိုတာ High Pressure Testing လုပ်ပြီး အအေးကွိုင်၊အပူကွိုင်၊ကွန်ပရက်ဆာနဲ့ အချင်းချင်းကြား ဆက်ထားတဲ့ ဂက်စ်ပိုက်တွေက ပေါက်နေလား အပေါက်ရှာရပါမယ်။ ထိုအပေါက်ကို ပြုပြင်ပြီးမှ သင့်တော်သော Gas ပမာဏပြန်လည်ဖြည့်သွင်းရပါမယ်။ 🎯၁၀။ Condenser အပူကွိုင် ကိုရော Servicing လုပ်ဖို့လိုအပ်သလား? မြန်မာပြည်ဟာ ဘယ်နေရာဖြစ်ဖြစ် ဖုန်ထူထပ်တာကြောင့် Servicing ကိုပုံမှန်လုပ်ပေးမှ အဲကွန်းနဲ့နေရခြင်းရဲ့ ကောင်းကျိုးရမှာပါ။ မဟုတ်ရင်အပူထုတ်အားကျဆင်းလို့ အပူထုတ်နှုန်း မကောင်းလို့ အခန်းထဲမှာ အအေးလျော့ ပြီး အေး ဖို့စက်မောင်းချိန်ပိုကြာ ပြီး မီတာခပိုကုန်တာအပြင် ရေရှည်မှာ ကွန်ပရက်ဆာ အပူချိန်ပိုများနေလို့ စက်သက်တမ်းတိုပါမယ်။ 🎯၁၁။ Condenser ရဲ့ အဝင်အထွက်ကြေးပိုက်တွေ ဘာလို့ ရေခဲနေရတာလဲ? ဖြစ်နိုင်ချေ ၂ခုရှိပါတယ်။ ပိုက်အသေးမှာ ရေခဲနေခြင်းဟာ System အတွင်း Gas လုံလောက်မှုမရှိဘူးဆိုတာပြပါတယ်။ ကပလရီ ပိုက်လဲထားတာဆုရင် သေးတာ ဝယ်ရင်းအတိုင်းတပ်ထားဆိုရင်တစိတ်တပိုင်းပိတ်နေနာလည်းဖြစ်နိုင်ပါတယ်။ အောက်ဒိုးယူနစ်က အင်ဒိုးယူနစ်ထက်ကြီးတပ်ထားတာလည်းဖြစ်နိုင်ပါတယ်။ ပိုက်အကြီးမှာ ရေခဲနေခြင်းဟာ Fancoil or Filter မှာ (ဂျီး) ပိတ်နေခြင်း သို့မဟုတ် Blower မလည်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ပန်ကာနှေးနေတာလည်းဖြစ်နိုင်ပါတယ်။ ပန်ကာဒလက်တွေကျိုးနေတာ ပန်ကာပြောင်းပြန်လည်နေတာလည်းဖြစ်နိုင်ပါတယ်။ ဂက်စ်များနေတာလည်းဖြစ်နိုင်ပါတယ်။ 🎯၁၂။ အဲကွန်းက သူ့အလိုလိုပိတ်ပြီး မီးလုံးလေးတွေမှာ မှိတ်တုတ်မှိတ်တုတ် ဘာလို့ဖြစ်နေတာလဲ? Fancoil ရဲ့ မီးလုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာဟာ System ထဲမှာ တခုခုပြသနာရှိနေတာကိုပြပါတယ်။ Error တက်တာကိုပြနေတာပါ။ ဒါကြောင့်အဲကွန်းက ဆက်အလုပ်မလုပ်ဘဲ သူ့အလိုလိုပိတ်သွားတတ်ပါတယ်။ ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးဖို့လိုအပ်ပါတယ်။ သူ့အလိုလိုပိတ်သွားတာဟာ ကာကွယ်ခြင်းသဘောတရားဖြစ်ပြီး။ electrical power supply ကို reset လုပ်ပြီးထပ်မသုံးသင့်ပါဘူး။ နောက်ဆက်တွဲ ပြုပြင်ရမယ့်စရိတ်တွေရှိလာနိုင်လို့ပါ။ 🎯၁၃။ အဲကွန်းက သူ့အလိုလို ပိတ်လိုက်ဖွင့်လိုက် ဘာလိုဖြစ်နေတာလဲ? Remote Controller မှာ Timer Setting ချိန်ထားမိလို့ဖြစ်နိုင်သလို။ Fancoil ရဲ့ Printed Circuit Board ပြသနာလည်းဖြစ်နိုင်ပါတယ်။ အပူကွိုင်အအေးကွိုင်တွေ ဆားဗစ်လိုအပ်နေတာလည်းဖြစ်နိုင်ပါတယ်။ ပိုက်နဲ့ အခန်းအပူချိန်ဆင်ဆာ(pipe and return air sensor)တွေမကောင်းတာလည်းဖြစ်နိုင်ပါတယ်။ ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။ 🎯၁၄။ အဲကွန်း Remote Controller ကနေ ဖွင့်လိုမရတော့ဘူး? ပြသနာက Remote controller or Fancoil Printed Curcuit Board မှာရှိနေနိုင်ပါတယ်။ Remote Controller ကို တခြား Fancoil မှာစမ်းသပ်ကြည့်ပါ။ အလုပ်လုပ်တယ်ဆိုရင် ပြသနာက PCB မှာရှိနေပါတယ်။ ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။ 🎯၁၅။ Pressure စစ်ဆေးတယ်ဆိုတာဘာလုပ်တာလဲ။ ဘာကြောင့်လိုအပ်တာလဲ? အဲကွန်းတလုံးဟာ Gas တွေယိုစိမ့်မှုဖြစ်ပေါ်ပြီး ခဏခဏပြန်ပြန်ဖြည့်နေရပြီဆိုရင် တနေရာရာမှာ ထွက်ပေါက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ အဲ့ဒီ ထွက်ပေါက်ကို သိဖို့အတွက် နိုက်ထရိုဂျင်ဂက်စ်နဲ့ High Pressure Testing လုပ်ရပါတယ်။ Condener, Fancoil and Pipe Line တွေကို High Pressure ထိုးပြီး အပေါက်ယိုစိမ့်မှုကို လိုက်ရှာရပါတယ်။ အပေါက်ပေါ်မူတည်ပြီး လိုအပ်သလိုပြုပြင်ရပါမယ်။ ပြီးမှ သင့်တော်တဲ့ Gas ပမဏပြန်ထည့်ရပါမယ်။ မဟုတ်ရင်တော့ ဂက်စ်ဖိုးနဲ့မွဲပါမယ်။ ခဏခဏ ဂက်စ်ဖြည့်ရတဲ့ စက်တွေဆိုရင် Service man တွေကိုလည်း အကူအညီတောင်းရင်း ထိုက်သင့်တဲ့အခကြေးငွေပေးလို့ မလိုအပ်ပဲဂက်စ်ခဏခဏထပ်မဖြည့်ရဖို့သေချာအောင်တောင်းဆိုဆောင်ရွက်နိုင်ပါတယ်။

No comments: