Saturday 11 November 2023

ငါးအမ်ိဳးအစားမ်ား

ငါးဘဲဖြူငါးမှာ တိုင်းရင်းငါးအငယ်စား ( small indigenous species) များဖြစ်ကြပြီး အရောင်မှာ ငွေမှင်ရောင်ရှိပါသည်။ အင်္ဂလိပ်လို Mola carplet ဟုသိရပါသည်။ ငါးဘဲဖြူငါးမှာ အာဟာရဓါတ်အလွန်ပြည့်ဝပြီး အရိုးပါမကျန်စားသုံးနိုင်သော ငါးဖြစ်သည်။ ငါးဘဲဖြူ၏ ခန္ဓာကိုယ်တွင် Vitamin – A နှင့် Calcium ဓါတ်ကြွယ်ဝသည်ဟု သိရပါသည်။ ဈေးကွက်တွင် ဈေးကောင်းရသော ငါးတစ်မျိုးဖြစ်သည်။ ငါးဘဲဖြူငါးကို မြန်မာနိုင်ငံအပြင် ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင်လည်း တွေ့ရှိရပါသည်။ ငါးဘဲဖြူ ( Mola carplet) များသည် ဆည်ချက်၊ အိုင်၊ စမ်းချောင်းငယ်၊ စပါးခင်း စသည့် နေရာများတွင် ပေါက်ဖွားနေထိုင်လေ့ ရှိကြပါသည်။ ငါးဘဲဖြူငါးမှာ မွေးမြူ၍ရသောငါးဖြစ်ပြီး မွေးမြူပါက ငါးကြင်း၊ ငါးမြစ်ချင်း စသောငါးမျိုးနှင့် ကန်အတွင်း သဟဇာတဖြစ်စွာ မွေးမြူနိုင်ခြင်း၊ ကန်အတွင်း သဘာဝအတိုင်းသားပေါက်ခြင်းကြောင့် တစ်လလျှင် (၂) ကြိမ်ခန့် ဖမ်းယူစားသုံးနိုင်သည်ဟု သိရပါသည်။ ငါးဘဲဖြူအမမှာ ဥပေါင်း (၅၀၀) ခန့် ဥ ဥနိုင်ကြပြီး ရေညှိရေမှော် (algae) များကို စားသော အလေ့အထရှိကြပါသည်။ တိုင်းရင်းငါး အငယ်စားများကို မွေးမြူခြင်းသည် တိုင်းရင်းငါးမျိုးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်ပါသည်။ ငါးဘဲဖြူငါးကို အိုးကပ်ချက်စားခြင်းအပြင် အကြွပ်ကြော်၊ ငါးဘဲဖြူ ငါးပေါင်းကြော်၊ အစိမ်းသုပ် စသည်ဖြင့် ပြုလုပ်၍ စားသုံးကြပါသည်။ ငါးဘဲဖြူငါးကို ငါးပိပြုလုပ်ရာ၌လည်း သုံးကြပါသေးသည်။ အရသာကောင်းမွန်ပြီး လူကြိုက်များသော ငါးတစ်မျိုး ဖြစ်သည်။ Phylum (မျိုးပေါင်းစု) - Chordata Class (အမျိုးအစား) - Actinopterygii Order (မျိုးစဥ်) - Cypriniformes Family (မျိုးရင်း) - Cyprinidae Genus (မျိုးစု) - Amblypharyngodon Species (မျိုးစိတ်) - Amblypharyngodon Mola ဟူ၍ဖြစ်ပါသည်။

No comments: