Tuesday 7 May 2024

#ဘက်ထရီစတင်အသက်သွင်းခြင်းအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ

#ဘက်ထရီစတင်အသက်သွင်းခြင်းအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ လိုအပ်သောပစ္စည်းအချို့ ၁။ ပလတ်စတစ် ကတော့တစ်ခု(ရေသန့်ဗူးခွံထိပ်ကိုဖြတ်ပြီးသုံးလဲရပါတယ်) ၂။ ရေစစ် ၃။ ဟိုက်ဒရိုမီတာ (Battery Hydrometer Tester) ၄။ ဒီစီအမ်ပီယာ၊ဗို့အားတိုင်းနိုင်သောမီတာ (DC Clamp Meter) 👌🏻Tubular Battery ကို တံဆိပ်များစွာနဲ့တွေ့နိုင်ပါတယ်။ အဓိက ၂ချက်ကိုကြည့်ပြီး ရွေးချယ်ရပါမယ်။ ၁။ သက်တမ်းလဲ ကြာရှည်စွာအသုံးပြုနိုင်ရမယ်။ ၂။ စျေးနှုန်းလဲသင့်ရမယ်။ Price to Performance ကောင်းရမယ်ပေါ့။ ရွေးချယ်စရာရှိမယ်ဆိုရင် အရည်မထည့်ရသေးတဲ့ အိုးအလွတ်တွေထဲက ကြိုက်တဲ့တံဆိပ်/ကိုယ်အဆင်ပြေရာ သုံးဖို့ အကြံပြုပါတယ်။ Tall tubular battery တစ်လုံးကိုအခြေခံပြီးပြောသွားပါမယ် 👉🏻Tubular Battery Type ဘက်ထရီကိုပုံစံ(၂)မျိုးနဲ့ တွေ့နိုင်ပါတယ်... Short Tubular နဲ့ Tall Tubular ပါ။(အရပ်စကားနဲ့ အိုးအတို/အိုးအရှည် လို့ခေါ်ကြမယ်ထင်ပါတယ်) 👉🏻 ကိုယ်တိုင်သုံးစွဲ/စမ်းသပ်တာအပါအဝင် Review တွေကိုဖတ်တာအရ Tall Tubular Battery ဟာ Short Tubular Battery တွေထက် သက်တမ်းကြာရှည် အသုံးခံတာကို တွေ့ရပါတယ်။ 👉🏻 ကဲ...စလိုက်ကြရအောင် ဘာအရည်မှ မပါတဲ့ အိုးအလွတ်ရောက်လာတာနဲ့ အိုးအဖုံးတွေကိုဖွင့်စစ်ပါ... အောက်က ပုံမှာလို အညစ်အကြေးတွေ ကပ်နေရင် ဝယ်ယူခဲ့တဲ့နေရာကို Complain တက်သင့်ပါတယ်။💥(ဂျင်း/မိတ်သလင်တွေထဲက တစ်ခု)💥 👉🏻 ပလတ်စတစ်ပုံးအလွတ်တစ်ခုကို အသုံးပြုပြီး အက်စစ်မှာ ပါတတ်တဲ့ အနယ်တွေကို စစ်ထုတ်ပါ။ 👉🏻 အက်စစ်က ဂါလံပုံးအစိမ်းတွေနဲ့ လာသလို မြန်မာမှာ စပ်တဲ့ ၅ဂါလံပုံးတွေလဲရှိပါတယ်... စျေးကလဲကွာပါတယ်...တံဆိပ်အလိုက်... သိန်းချီတန်တဲ့ ဘက်ထရီတစ်လုံးအတွက် ထောင်ဂဏာန်းလောက်ဟတာကို မျက်စိထဲ မမြင်သင့်ဘူးလို့တော့ထင်ပါတယ်... မြန်မာမှာ စပ်တဲ့ ပုံးအပြာ(၅ဂါလံ) မှာ အနယ်အများဆုံးတွေ့ရပါတယ်။ 👉🏻 အဖုံးအမဲရောင်ရဲ့ အပေါက်ကနေတစ်ဆင့် ကြည့်လိုက်ရင် အမဲရောင်အဆစ်လေးတွေ့ပါမယ်။အဲ့ level အထိ အက်စစ်(Electrolyte)အရည်ကိုဖြည့်ပါ။ အတတ်နိုင်ဆုံး ၆ခန်းလုံးကို မျက်စိအမြင်နဲ့ ညှိပြီးထည့်ပါ။ *****(ကျွန်တော်ကတော့ ညနေဘက်လောက်မှာ အက်စစ်ဖြည့်ပြီး နောက်တစ်နေ့မှ level ပြန်ညှိပြီး အားသွင်းတာကို ပြုလုပ်ပါတယ်။)***** အက်စစ် စထည့်ပြီး မိနစ်ပိုင်းအကြာမှာကိုဘဲ ဘက်ထရီက အတော်အတန်နွေးလာပါတယ်... ပုံမှန်အခြေအနေဖြစ်လို့ စိုးရိမ်စရာမရှိပါ။ မှတ်ချက်။ အဖုံးအမဲတွေအားလုံးဖွင့်ထားပြီး ထားထားရပါမယ်..... 👉🏻 နောက်တစ်နေ့ရောက်လို့ အက်စစ်အရည် level ကိုကြည့်လိုက်ရင် အခန်း၆ခန်းဟာ တစ်ခန်းနဲ့တစ်ခန်း လျော့တာချင်း ကွာခြားနေတာကို တွေ့ရမှာပါ **))(အတွင်းက လေဥလေးတွေက ထွက်တဲ့ဟာထွက်သွားလို့ပါ/Absorb လုပ်တာချင်း မတူညီနိုင်ကြပါဘူး)... ဘက်ထရီအိုးကို လက်သီးဆုပ်လေးနဲ့ ပါးပါးလေး(အားမပြင်းရ) ထုပေးပါ... ပူစီပေါင်းလေးနဲ့အတူ လေခံနေတာလေတွေထွက်လာပြီး အရည် level မှန်ရအောင်ပါ.... 👉🏻 အမဲရောင်အဖုံးတပ်တဲ့အေပါက်ကို အသင့်ပါလာတဲ့ level ပြတဲ့ Indicator လေးတပ်ဆင်ပါ။ အဝါရောင်အဖုံးကို အကြွေစေ့လေးသုံးပြီး ဖွင့်ပါ။ Level ညှိတာကို Indicator ကိုကြည့်ပြီး အဝါရောင် အဖုံးကနေတစ်ဆင့် အလျော့/အတင်းလုပ်ဖို့ရန်အတွက်ပါ။ (ဘက်ထရီထားရှိထားတာ Horizontal-ရေပြင်ညီအတိုင်း ဖြသ်ကြောင်း သေချာပါစေ) 👉🏻 မတူညီတဲ့ ဘက်ထရီအခန်း(၆) ခန်းကို ညှိဖို့အတွက် Hydrometer တံလေးကို အသုံးပြုပြီး အက်စစ်အရည်(Electrolyte) ကို ထပ်ဖြည့်သင့်တာဖြည့်/ လျော့သင့်တာကိုလျော့ပြီး ချိန်ညှိပါ 👉🏻 ပြီးတာနဲ့ အားစသွင်းပါ... ကျွန်တော်ကတော့ အိုးရဲ့ဆိုဒ်ရဲ့ ၁၀% အမ်ပီယာနဲ့ အားထိန်းသွင်းပါတယ်။ 160Ah ဆိုရင် 16A နဲ့ ၁၀နာရီကြာတဲ့အထိ အားသွင်းပြီး ထားထားရပါမယ်။ အားသွင်းဗို့အားကတော့ 14.4V နဲ့သွင်းပါ။ တစ်ချို့က ပြောကြတယ်...အရည်ဖြည့်ပြီးတာနဲ့ တန်းသုံးလို့ရပါပြီတဲ့... တစ်ခွန်းတည်းနဲ့ မရပါဘူးလို့ဘဲ ပြောပါရစေ... ကိုယ့်ရဲ့ ပစ္စည်းကို မနှမြောရင်တော့လုပ်ပေါ့ဗျာ... 12V ဒီစီမီးလုံးလေး ထွန်းပြတာလောက်တော့ လင်းမှာပေါ့ဗျ #ကြောက်ရအောင်စေတနာနဲ့Twistလေးနည်းနည်းထည့်ထားပါတယ်။ဆရာများနားလည်ပေးကြပါရန်။ 👉🏻 ၁၀နာရီကြာပြီးသွားတဲ့အချိန်မှာ Clamp မီတာလေးနဲ့ ဘက်ထရီအားသွင်းကြိုးကို ခွထောက်ပြီး ကြည့်ရင် 1A ဝန်းကျင်ဘဲ ရှိမှာကိုတွေ့ရမှာပါ။ အားပြည့်လာတာနဲ့အမျှ အဖုံးဖွင့်ထားတဲ့ ပတ်ပတ်လည်မှာ အရည်လေးတွေ ပတ်ပတ်လည် သီးနေတတ်ပါတယ်။ ပုံမှန်ပါဘဲ။ 1,2A ဝန်းကျင်ရောက်ပြီးတာနဲ့ 15V နဲ့ အားသွင်းခြင်းကို နာရီဝက်ခန့် ပြုလုပ်ပါမယ်... Electrolyte ကို Mixing ကောင်းမွန်စွာဖြစ်စေဖို့ပါ။ အချိန်ကတော့ အခြေအနေပေါ်မူတည်ပါတယ်။ အိုးရဲ့သက်တမ်းအပေါ်/အသံုးပြုတဲ့အကြိမ်အရေအတွက်ပေါ်မူတည်ပြီး ၃လတစ်ခါဖြစ်စေ/၆လတစ်ခါဖြစ်စေ 15-16V ဝန်းကျင် မိနစ်ပိုင်းဘဲ Equalize လုပ်ပေးသင့်ပါတယ်။ အန္တရာယ်ရှိတာမို​့ Equalization Process ကို Fundamentalsကျတဲ့အချက်တွေကို ကောင်းမွန်စွာသိတဲ့သူမှ ပြုလုပ်သင့်ပါတယ်လို့ အကြံပြုပါရစေ။ သွင်းနေရင်း အိုးအပူချိန်ကို စောင့်ကြည့်ပါ။ နွေးတာထက် ပူလာတဲ့အဆင့်လို့ ခံစားရရင် အားသွင်းခြင်းကို ရပ်ပစ်ရပါမယ်။ မှတ်ချက်။ အဖုံးပိတ်ပြီး အားသွင်းခြင်းမလုပ်ရပါဘူး။ 👉🏻 အဖုံးတွေအားလုံးကို ချွတ်ပြီး ရေနဲ့ဆေး/နေပူလှန်းပြီး ရေခြောက်အောင် သေချာပါစေ။ ပြီးရင် အိုးမှာ ပြန်တပ်ပြီး ဘက်ထရီအိုးမှာ အရည်တွေ ပေလျံနေတာကို စင်အောင် ရေနဲ့ ဆေးချပေးပါ။ ဘက်ထရီဗို့အားကို တိုင်းကြည့်ရင် အပူချိန်/တစ်ခြားအခြေအနေတွေကြောင့် 12.8+နှင့်အထက်မှာဘဲ ရှိနေပါမယ်။ မှတ်ချက်။ Series ချိတ်သုံးဖို့(24V,48V,etc.,)ဆိုရင် တစ်လုံးနဲ့တစ်လုံးရဲ့ ဘက်ထရီအခြေအနေကို Series မချိတ်ခင် ညီနေအောင် ပိုပြီး ဂရုစိုက်ရပါမယ်။ 👉🏻ပြီးရင်တော့ Battery Terminal(ဘက်ထရီငုတ်တိုင်) ကို အင်ဂျင်ဝိုင်အကျလေးနဲ့ဖြစ်ဖြစ် သုတ်လိမ်းပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ အသားအရည်ကွဲရင် လိမ်းတဲ့ Cosmetic ထုတ်ကုန်ဖြစ်တဲ့ Vaseline လို အနှစ်လေးကို သုတ်ပေးနိုင်ရင် ပိုကောင်းပါတယ်ခင်ဗျာ။ 👉🏻 ကျွန်တော်ကတော့ Electrolyte ကို 1.260-1.270 လုပ်ယူပါတယ် ဂဏာန်းက သိပ်သည်းဆကို ကိုယ်စားပြုတာပါ။ ဥပမာ ဆာလဖြူရစ်အက်စက်နဲ့ရေကို 1Litre ချင်းတူညီအောင် ထည့်ပြီး ချိန်ကြည့်ရင် ရေထက် အက်စက်က 1.835ဆ ပိုလေးတာကိုတွေ့ရပါမယ် Professional တွေကတော့ Room Temperature(အခန်းအပူချိန်အလိုက်) density ကို ရအောင်လုပ်ဆောင်ကြပါတယ်။ 👉🏻 နောက်ပိုင်းအသုံးပြုတဲ့အပေါ်မူတည်ပြီး Level လျော့လာရင် အဝါရောင်အဖုံးလေးကနေတစ်ဆင့် ပေါင်းခံရည်ခေါ် မိုးရေ ဘဲထည့်ရပါမယ်။ အက်စစ်အရည်(Electrolyte) ကို လုံးဝ(လုံးဝ)မထည့်ရပါ။ အက်စစ်က အငွေ့မပျံပါဘူး။ chemical reaction တွေကြောင့်/ဓာတ်ပြုမှုကြောင့်/ အားသွင်းဗို့အားများခြင်းကြောင့်သာ ရေပါဝင်မှုပမာဏထဲက ရေတွေက ရေငွေ့အနေနဲ့ ထွက်သွားတာပါ။ 💥 Safety ကို ဦးစားပေးပါ။ 💥 အက်စစ်အငွေ့က လူတွေအတွက် ကျန်းမာရေးကို ဆိုးကျိုးများစွာဖြစ်စေပါတယ်။ 💢 အခြား​ခေါင်းစဥ်အ​ကြောင်းအရာများ​လေ့လာရန် https://www.facebook.com/yeelinn95?mibextid=ZbWKwL 🤝🏻 အားလုံးအဆင်ပြေကြပါစေခင်ဗျာ 🤝🏻 #Yee_Linn

No comments: