Friday, 2 June 2017
Saturday, 27 May 2017
Thursday, 1 December 2016
Wednesday, 23 November 2016
Saturday, 28 November 2015
မွန်ပြည်နယ် ခရီးစဉ်
ကျွန်တော့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာက ကျိုက္ခမီမြို့ဟာ အစက မရှိသေးဘူးတဲ့။ ကျိုက္ခမီဘုရားကို လာဖူးတဲ့ဘုရားဖူးခရီးသွားတွေ များလာတော့မှ ပေါ်လာတယ်လို့ရေးထားတယ်။ သံဖြူဇရပ်ကနေ ကျိုက္ခမီထိ ရာဘာတောလေးတွေကိုဖြတ်ပြီးသွားရတာတော့ အရသာတမျိုးလေးခံစားရတယ်။ ကျိုက္ခမီမြို့လေးလည်း စားသောက်ဆိုင်၊ တည်းခိုခန်း၊ ဖုန်းဆိုင် တွေနဲ့ စည်စည်ကားကားပါပဲ။
![]() |
| ကျိုက္ခမီဘုရားအ၀င်မုဒ်ဝ |
![]() |
| ဘုရားသို့အ၀င်လမ်း |
![]() |
| ဘုရားပေါ်မှမြင်ရတဲ့ရှုခင်း |
![]() |
| အဝေးမှ ဖုန်းနဲ့ရိုက်ကူးပူဇော်ထားတာပါ |
![]() |
| ဘုရားအတွင်းပိုင်း |
ကျိုက္ခမီရောက်တော့ ညနေပိုင်းဖြစ်နေပြီဆိုတော့ တည်းခိုဖို့ ကိစ္စအရင်စုံးစမ်းပါတယ်။ ဘုရား ၀န်းအတွင်းမှာ တည်းခိုဆောင်ဆိုပြီးစာကပ်ထားတဲ့ အဆောင်တွေ တွေ့တော့ သွားစုံစမ်းကြည့်တယ်။ သူတို့ရှင်းပြတာကတော့ လူအများနဲ့ဆိုရင် လူ ၁၅ ယောက် ၂၀ ဆန့် အခန်းတွေကို တစ်ခန်း ၅၀၀၀ ကျပ်နှုန်းနဲ့ငှားပါတယ်တဲ့။ အောက်က ကွပ်ပြစ်အခင်းတစ်ခုပဲပါပါမယ်။ ကျွန်တော်တို့က လင်မယား နှစ်ယောက်တည်းဆိုတော့ အဲအခန်းငှားလို့အဆင်မပြေဘူးပြောပါတယ်။ နှစ်ယောက်တည်းလို့ရတဲ့အခန်းတွေ ဟိုဖက်အဆောင်မှာ မေးကြည့်ပါတဲ့ အဲယားကွန်းနဲ့ဆိုရင် ၂၀၀၀၀ လောက်ရှိပြီး ရိုးရိုးပန်ကာနဲ့ဆိုရင် ၁၀၀၀၀ လောက်ရှိမယ်ဆိုပါတယ်။ ဘားအံက ဟော်တယ်မှာတောင် အဲားကွန်း ရေပူရေအေးနဲ့ မနက်စာ အပါကိုတောင် ၃၀၀၀၀ လောက်ပဲပေးရတာဆိုတော့ စေျးနှုန်းကြားရတာ နည်းနည်းတော့ ဖြုံသွားတယ်ဗျ။
အိမ်ရှင်မကလည်း မမှောင်ခင် စက်စဲကိုသွားချင်သေးတယ်ဆိုတော့ အချိန်လည်း သိပ်ဆွဲလို့မရ၊ ကိုယ်ကလည်း မနက်တည်းက ကားမောင်းလာရတာဆိုတော့ အညောင်းပြေ ဆားငန်ရေလေးနဲ့ ရေချိုးလိုက်ချင်တယ်။ ဒါနဲ့ပဲ ငွေပေးပြီး တည်းရမယ့်အတူတူ အပြင်က တည်းခိုးခန်းပဲ မေးကြည့်မယ်ကွာဆိုပြီး ပြန်ထွက်လာပြီး ဘုရားဝန်းထိပ်က ၅ မိနစ်လောက် လမ်းလျှေက်ရင်ရောက်တဲ့ အကွာဝေးလောက်မှာ တည်းခိုခန်းတစ်ခုတွေ့တာနဲ့ မေးကြည့်တော့ နှစ်ယောက်ခန်းကို အဲယားကွန်း ရေချိုးခန်းအိမ်သာ အပါကို ၂၅၀၀၀ ကျပ် ရိုးရိုးခန်း ပန်ကာပါ ရေချိုးခန်း အိမ်သာကို တော့ အပြင်မှာ သီးသန့်သုံး ကို ၁၀၀၀၀ ကျပ်ဆိုတာနဲ့ ရိုးရိုးခန်းပဲယူလိုက်ပါတယ်။ အော် တည်းခိုခန်းနာမည်က ကဋေကြွယ်ခင်ဗျ။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးပါပဲ။
![]() |
| ကဋေကြွယ်တည်းခိုခန်း (ကျိုက္ခမီဘုရားအနားမှာပါပဲ) |
![]() |
| စက်စဲကမ်းခြေ (ညနေ ၅ နာရီခွဲလောက်မှာ ဖုန်းနဲ့ရိုက်ထားတာပါ) |
စားသောက်ပြီးမှ လမ်းလျှောက်ပြီး ဘုရားဖူးဖို့သွားပါတယ်။
![]() |
| ဘုရားဝန်းအတွင်းက စေျးဆိုင်တန်း |
Monday, 25 November 2013
ရင်ကိုငြိသော ပုံရိပ်များ ၃
ထိုင်းမှာ ရေကြီးတုန်းကပါတဲ့
တောင်းစားတဲ့နေရာတောင် ဥာဏ်သုံးတတ်သူက တပန်းသာပါတယ်ဗျာ
တောင်းစားတဲ့နေရာတောင် ဥာဏ်သုံးတတ်သူက တပန်းသာပါတယ်ဗျာ
ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံး တိရိစ္ဆန်ပါတဲ့ဗျာ။ သြဇီဖက်မှာ အများအပြားတွေ့ရပါတယ်။
တောင်ခြင်္သေ့ကိုရင်ဆိုင်တိုက်ခိုက်ပြီး ကလေးနှစ်ယောက်အသက်ကို ကယ်ခဲ့တဲ့ခွေးလေးပါ
တရုတ်မှာစက်ရုံပေါက်ကွဲမှု့ဖြစ်တုန်းက သတ္တ၀ါအချင်းချင်း ရိုင်းပင်းပုံလေးပါ
Wednesday, 13 November 2013
Subscribe to:
Posts (Atom)




















































.jpg)
.jpg)

