Saturday, 27 January 2018
အင်္ဂလိပ်စကားပြော အတိုအထွာ (စားသောက်ဆိုင်မှာ)
Waiter- Are you ready to order?
မှာဖို့ အဆင်သင့်ဖြစ်ပြီလား ခင်ဗျာ။
Maria - Yes, I think so.
ဟုတ်ကဲ့၊ အဆင်သင့်ဖြစ်ပါပြီ။
Waiter - What would you like?
ဘာများ မှာချင်ပါသလဲ။
Maria - I'll have the fish with some
rice,and a small salad,please.
ကျွန်မ ငါးဟင်း၊ထမင်းနဲ့ အရွက်သုပ်ပွဲလေး
တစ်ပွဲမှာချင်ပါတယ်။
Waiter - Anything else?
တခြား ဘာမှာဦးမလဲ ခင်ဗျာ။
Maria - No, I don't think so.
ဟင့်အင်း။ မမှာတော့ပါဘူး။
Waiter - All right. Let me check that
You'd like the fish, with rice,
and a small salad.
ခင်ဗျား မှာထားတာက ငါးဟင်းရယ်၊
ထမင်းရယ်၊ အရွက်သုပ်ရယ်နော်။
Maria - Yes, that's right.
ဟုတ်ကဲ့၊ မှန်ပါတယ်။
Waiter- Would you like some water?
ရေရော သောက်ချင်သေးလား ခင်ဗျာ။
Maria- Sure, that would be great.
Thank you.
ဟုတ်ကဲ့၊ သိပ်ကောင်းတာပေါ့ ရှင်။
ကျေးဇူးပါ။
Ordering food
----------------------
စားသောက်ဆိုင်မှာ အစားအသောက်တွေမှာတဲ့အခါ
ဒီပုံစံလေး သုံးပါ။
I'll have the fish, please.
I'd like the steak, please.
Can I have the lamb chops,please.
Checking information
-----------------------------------
မှာကြားထားတာတွေ မှန်မမှန် ပြန်စစ်တဲ့အခါ ဒီပုံစံလေး
သုံးပါ။
Let me check that.
Let me read that back.
Let me repeat that.
စားသောက်ဆိုင်မှာသာမက လုပ်ငန်းခွင်မှာလည်း
အထက်လူကြီးမှာကြားတာတွေကို ပြည့်စုံမှုရှိ မရှိ
ပြန်စစ်ဆေးနိုင်ဖို့ ဒီပုံစံလေးနဲ့ ပြောနိုင်ပါတယ်။
မှာဖို့ အဆင်သင့်ဖြစ်ပြီလား ခင်ဗျာ။
Maria - Yes, I think so.
ဟုတ်ကဲ့၊ အဆင်သင့်ဖြစ်ပါပြီ။
Waiter - What would you like?
ဘာများ မှာချင်ပါသလဲ။
Maria - I'll have the fish with some
rice,and a small salad,please.
ကျွန်မ ငါးဟင်း၊ထမင်းနဲ့ အရွက်သုပ်ပွဲလေး
တစ်ပွဲမှာချင်ပါတယ်။
Waiter - Anything else?
တခြား ဘာမှာဦးမလဲ ခင်ဗျာ။
Maria - No, I don't think so.
ဟင့်အင်း။ မမှာတော့ပါဘူး။
Waiter - All right. Let me check that
You'd like the fish, with rice,
and a small salad.
ခင်ဗျား မှာထားတာက ငါးဟင်းရယ်၊
ထမင်းရယ်၊ အရွက်သုပ်ရယ်နော်။
Maria - Yes, that's right.
ဟုတ်ကဲ့၊ မှန်ပါတယ်။
Waiter- Would you like some water?
ရေရော သောက်ချင်သေးလား ခင်ဗျာ။
Maria- Sure, that would be great.
Thank you.
ဟုတ်ကဲ့၊ သိပ်ကောင်းတာပေါ့ ရှင်။
ကျေးဇူးပါ။
Ordering food
----------------------
စားသောက်ဆိုင်မှာ အစားအသောက်တွေမှာတဲ့အခါ
ဒီပုံစံလေး သုံးပါ။
I'll have the fish, please.
I'd like the steak, please.
Can I have the lamb chops,please.
Checking information
-----------------------------------
မှာကြားထားတာတွေ မှန်မမှန် ပြန်စစ်တဲ့အခါ ဒီပုံစံလေး
သုံးပါ။
Let me check that.
Let me read that back.
Let me repeat that.
စားသောက်ဆိုင်မှာသာမက လုပ်ငန်းခွင်မှာလည်း
အထက်လူကြီးမှာကြားတာတွေကို ပြည့်စုံမှုရှိ မရှိ
ပြန်စစ်ဆေးနိုင်ဖို့ ဒီပုံစံလေးနဲ့ ပြောနိုင်ပါတယ်။
ချိန်းဆိုထားခြင်းကို အချိန်ရွှေ့သော အင်္ဂလိပ်စာအသုံး
ချိန်းထားတာလေး အချိန်ရွှေ့ချင်ရင်.....
Postpone နဲ့ Move up ကိုမှန်အောင်သုံးမယ်။
အချိန်အတိအကျ schedule နဲ့ စီစဉ်ထားတဲ့ အခမ်းအနား၊ အစည်းအဝေး၊ စာမေးပွဲ၊ ဆရာဝန်နဲ့ချိန်းထားတာမျိုးတို့ကို အကြောင်းကြောင်းကြောင့် စီစဉ်ထားတဲ့ နေ့မှာ၊ အချိန်မှာ မလုပ်နိုင်လို့ နောက်ကို ရွှေ့ဆိုင်းရမယ်ဆိုရင် to postpone ဆိုတဲ့ Verb ကိုသုံးရပါတယ်။
postpone (verb)= ရွှေ့ဆိုင်းသည်
postponement (noun)= ရွှေ့ဆိုင်းခြင်း
ဥပမာ ဝါကျလေးတွေနဲ့ သုံးတတ်အောင်မှတ်မယ်။
1. The meeting is postponed to Friday as the boss is not free today.
သူဌေး ဒီနေ့မအားလို့ အစည်းအဝေးကို သောကြာနေ့ကိုရွှေ့လိုက်တယ်။
postpone something to + time သို့မဟုတ်
postpone something until + time ဆိုပြီး အသုံးပြုရပုံကို အလွတ်ရအောင် မှတ်ရမှာပါ။ ဥပမာ ထပ်ကြည့်ပါ။
2. The concert was postponed to the following Saturday because of the bad weather.
ရာသီဥတုမကောင်းလို့ ဂီတဖျော်ဖြေပွဲကို နောက်တစ်ပတ် စနေနေ့ကို ရွှေ့လိုက်တယ်။
သွားဆရာဝန်နဲ့ ဒီနေ့ပြဖို့ ချိန်းထားတာ မအားလို့ မသွားနိုင်ဘူး။ ဖုန်းဆက်ပြီး နောက်ရွှေ့ဖို့ပြောကြည့်မယ်။
3. Would you mind if I postpone my appointment today to tomorrow evening?
ဒီနေ့ချိန်းထားတာကို မနက်ဖြန်ညနေကို ရွှေ့လို့ရမလားဟင်။
4. May I postpone my appointment to tomorrow?
ချိန်းထားတာကို မနက်ဖြန်ရွှေ့လို့ရမလား။
အဲဒီလို အသစ်ပြန်ချိန်းတော့ အရင်သဘောတူ သတ်မှတ်ပြီးသား schedule ကို အချိန်ပြန်ပြင်ရမှာဆိုတော့ to reschedule ဆိုတဲ့ Verb ကိုသုံးရပါတယ်။
5. May I reschedule our meeting for a later time?
(အရင်သတ်မှတ်ထားတာထက် နောက်ကျတဲ့ ) နောက်တစ်ချိန်တွေ့ကြဖို့ ပြန်ချိန်းချင်တယ်။
6. May I reschedule our meeting for an earlier time?
time?
(အရင်သတ်မှတ်ထားတာထက် စောတဲ့ ) နောက်တစ်ချိန်တွေ့ကြဖို့ ပြန်ချိန်းချင်တယ်။
ဆိုတော့ကာ to reschedule for a later time/ to reschedule for an earlier time ဆိုတဲ့ အသုံးကိုမှတ်ပါ။
ချိန်းထားတာကို အချိန်နောက်ရွှေ့ရင် postpone ဆိုတော့ အချိန်ကို ရှေ့ရွှေ့ချင်ရင်၊ စောချင်ရင် prepone ဆိုပြီး အလုပ်ထဲမှာ India ကသူငယ်ချင်းတစ်ယောက်က Memo မှာ The department meeting has been preponed to 9:00 a.m. ဆိုပြီးချထည့်လိုက်တာ အင်္ဂလိပ်စာဌာနထဲမှာ တော်တော်လေးပွက်လောရိုက်သွားတာကို သတိရမိပါသေးတယ်။ အင်္ဂလိပ်စာမှာ prepone ဆိုတာမရှိဘူးတဲ့၊ သူတို့ Native speakers တွေက အဲဒီလို မသုံးပါဘူးတဲ့။ Indian English variety မှာတော့ ထွင်သုံးကြပုံရတယ်။ သို့သော်လည်း အခုတော့ အင်္ဂလိပ် အဘိဓာန်ကြီးတွေမှာ prepone ဆိုတဲ့ စကားလုံးကို Indian English origin အနေဖြင့် ထည့်သွင်းပြလာကြပါပြီ။
ဆိုတော့ကာ ချိန်းထားတဲ့ အချိန်ကို စောစောရွှေ့ချင်ရင် to move up သို့မဟုတ် reschedule for an earlier time လို့သုံးရတာကို မှတ်စေချင်တာပါ။
7. They moved up their wedding to February as most of their friends would be busy in March.
သူတို့ရဲ့ သူငယ်ချင်းတွေ မတ်လမှာ မအားကြလို့ သူတို့မင်္ဂလာပွဲကို ဖေဖေါ်ဝါရီလကို ရွှေ့လိုက်တယ်။
8. Instead of evening, can we move up our meeting to morning?
ငါတို့တွေ့ဖို့ကို ညနေအစား မနက်ပိုင်းကိုရွှေ့လို့ရမလား။
move up မှာ အခြား ရာထူးတိုးသည်၊ အဆင့်မြင့်လာသည် ဆိုတဲ့ အဓိပ္ပါယ်တွေရှိသေးတာကို သိချင်ရင်တော့ dictionary လှန်ကြည့်ပါ။
With love,
Dr.Soe Than
January 17, 2018
Postpone နဲ့ Move up ကိုမှန်အောင်သုံးမယ်။
အချိန်အတိအကျ schedule နဲ့ စီစဉ်ထားတဲ့ အခမ်းအနား၊ အစည်းအဝေး၊ စာမေးပွဲ၊ ဆရာဝန်နဲ့ချိန်းထားတာမျိုးတို့ကို အကြောင်းကြောင်းကြောင့် စီစဉ်ထားတဲ့ နေ့မှာ၊ အချိန်မှာ မလုပ်နိုင်လို့ နောက်ကို ရွှေ့ဆိုင်းရမယ်ဆိုရင် to postpone ဆိုတဲ့ Verb ကိုသုံးရပါတယ်။
postpone (verb)= ရွှေ့ဆိုင်းသည်
postponement (noun)= ရွှေ့ဆိုင်းခြင်း
ဥပမာ ဝါကျလေးတွေနဲ့ သုံးတတ်အောင်မှတ်မယ်။
1. The meeting is postponed to Friday as the boss is not free today.
သူဌေး ဒီနေ့မအားလို့ အစည်းအဝေးကို သောကြာနေ့ကိုရွှေ့လိုက်တယ်။
postpone something to + time သို့မဟုတ်
postpone something until + time ဆိုပြီး အသုံးပြုရပုံကို အလွတ်ရအောင် မှတ်ရမှာပါ။ ဥပမာ ထပ်ကြည့်ပါ။
2. The concert was postponed to the following Saturday because of the bad weather.
ရာသီဥတုမကောင်းလို့ ဂီတဖျော်ဖြေပွဲကို နောက်တစ်ပတ် စနေနေ့ကို ရွှေ့လိုက်တယ်။
သွားဆရာဝန်နဲ့ ဒီနေ့ပြဖို့ ချိန်းထားတာ မအားလို့ မသွားနိုင်ဘူး။ ဖုန်းဆက်ပြီး နောက်ရွှေ့ဖို့ပြောကြည့်မယ်။
3. Would you mind if I postpone my appointment today to tomorrow evening?
ဒီနေ့ချိန်းထားတာကို မနက်ဖြန်ညနေကို ရွှေ့လို့ရမလားဟင်။
4. May I postpone my appointment to tomorrow?
ချိန်းထားတာကို မနက်ဖြန်ရွှေ့လို့ရမလား။
အဲဒီလို အသစ်ပြန်ချိန်းတော့ အရင်သဘောတူ သတ်မှတ်ပြီးသား schedule ကို အချိန်ပြန်ပြင်ရမှာဆိုတော့ to reschedule ဆိုတဲ့ Verb ကိုသုံးရပါတယ်။
5. May I reschedule our meeting for a later time?
(အရင်သတ်မှတ်ထားတာထက် နောက်ကျတဲ့ ) နောက်တစ်ချိန်တွေ့ကြဖို့ ပြန်ချိန်းချင်တယ်။
6. May I reschedule our meeting for an earlier time?
time?
(အရင်သတ်မှတ်ထားတာထက် စောတဲ့ ) နောက်တစ်ချိန်တွေ့ကြဖို့ ပြန်ချိန်းချင်တယ်။
ဆိုတော့ကာ to reschedule for a later time/ to reschedule for an earlier time ဆိုတဲ့ အသုံးကိုမှတ်ပါ။
ချိန်းထားတာကို အချိန်နောက်ရွှေ့ရင် postpone ဆိုတော့ အချိန်ကို ရှေ့ရွှေ့ချင်ရင်၊ စောချင်ရင် prepone ဆိုပြီး အလုပ်ထဲမှာ India ကသူငယ်ချင်းတစ်ယောက်က Memo မှာ The department meeting has been preponed to 9:00 a.m. ဆိုပြီးချထည့်လိုက်တာ အင်္ဂလိပ်စာဌာနထဲမှာ တော်တော်လေးပွက်လောရိုက်သွားတာကို သတိရမိပါသေးတယ်။ အင်္ဂလိပ်စာမှာ prepone ဆိုတာမရှိဘူးတဲ့၊ သူတို့ Native speakers တွေက အဲဒီလို မသုံးပါဘူးတဲ့။ Indian English variety မှာတော့ ထွင်သုံးကြပုံရတယ်။ သို့သော်လည်း အခုတော့ အင်္ဂလိပ် အဘိဓာန်ကြီးတွေမှာ prepone ဆိုတဲ့ စကားလုံးကို Indian English origin အနေဖြင့် ထည့်သွင်းပြလာကြပါပြီ။
ဆိုတော့ကာ ချိန်းထားတဲ့ အချိန်ကို စောစောရွှေ့ချင်ရင် to move up သို့မဟုတ် reschedule for an earlier time လို့သုံးရတာကို မှတ်စေချင်တာပါ။
7. They moved up their wedding to February as most of their friends would be busy in March.
သူတို့ရဲ့ သူငယ်ချင်းတွေ မတ်လမှာ မအားကြလို့ သူတို့မင်္ဂလာပွဲကို ဖေဖေါ်ဝါရီလကို ရွှေ့လိုက်တယ်။
8. Instead of evening, can we move up our meeting to morning?
ငါတို့တွေ့ဖို့ကို ညနေအစား မနက်ပိုင်းကိုရွှေ့လို့ရမလား။
move up မှာ အခြား ရာထူးတိုးသည်၊ အဆင့်မြင့်လာသည် ဆိုတဲ့ အဓိပ္ပါယ်တွေရှိသေးတာကို သိချင်ရင်တော့ dictionary လှန်ကြည့်ပါ။
With love,
Dr.Soe Than
January 17, 2018
ကား အင်ဂျင်မီးပေးစနစ်
ကားမောင်းတတ်ရင် ဆီပျောက်၊ မီးပျောက်လေးတော့ သိထားဖို့လိုတယ်လို့ ကားမောင်းသင်ခါစမှာ ဆရာတွေကပြောကြပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ “မီး” နဲ့ “ဆီ” မှန်နေမှ ကားမောင်းလို့ကောင်းပါတယ်။ “မီး” ဆိုတာ ပလပ်အလုံးတိုင်း “Spark မီးပွား” တိုင်မင်ကိုက် ပွင့်ဖို့လိုတယ်လို့ ပြောတာပါ။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ လောင်စာနှင့် ရေအရောအနှော၊ မီးလောင်ပေါက်ကွဲနိုင်ဖို့၊ ပလပ်တွေ၊ ကွိုင် (Coil) တွေကောင်းဖို့လိုပါတယ်။ CNG (သဘာဝဓာတ်ငွေ့ဆီစား)၊ LPG (ပရိုပိန်းငွေ့ဆီစား) ကားတွေ မှာလည်း ဒီအတိုင်းပါပဲ။ အင်ဂျင် Power Stroke မှာ အချိန်ကိုက်တိုင် မင်ကိုက် မီးပွားပွင့်ပေးနိုင်ဖို့ မီးပေးစနစ်လိုပါတယ်။ မီးပေးစနစ်ကို Ignition System လို့ခေါ်ပါတယ်။
ဓာတ်ဆီကား၊ CNG ကားမောင်း တဲ့ ကားဆရာတွေ အများဆုံးကြုံရ တာတော့ “မီး” မမှန်တဲ့ပြဿနာပါပဲ။ ပစ္စတင် ၄ လုံးထိုး၊ ၆ လုံးထိုး အင်ဂျင်တစ်လုံးမှာ မီးမမှန်ရင် စက်နှိုးရခက်ပါတယ်။ ပလပ်တစ်လုံးလောက် ညာနေရင် အင်ဂျင်ကောင်းကောင်းမဆွဲပါဘူး။ ဆီလည်းပိုကုန်ပါတယ်။
မိုးရာသီကားလမ်းတွေ ရေကြီးတာ မကြာခဏကြုံရပါတယ်။ ရေကြီးတဲ့လမ်းကို ဖြတ်မောင်းမိရင် “မီး”လုံးဝပျောက်ပြီး မိုးရေထဲမှာ ဒုက္ခရောက်ကြရတာက ကားဆရာတွေပါ။ မီးပေးစနစ်က ရေကြောက်ပါတယ်။ ဒစ်စတြီဗျူတာတွေ၊ ပလပ်ကြိုးတွေ၊ ပလပ်တွေ၊ ရေစိုသွားရင် မီးမကူးတော့ ပါဘူး။ မီးပေးစနစ်ရဲ့ အခြေခံသဘော တရားနဲ့ ဒီစနစ်မှာ ဖြစ်လေ့ရှိတဲ့ ချို့ယွင်းအားနည်းချက် ပြဿနာတွေကို နားလည်သဘောပေါက်ထားခဲ့ရင် ထိန်းသိမ်းပြုပြင်ရတာ လွယ်ပါတယ်။ “မီး” ပျောက်တဲ့ရောဂါကိုလည်း မိမိကိုယ်တိုင် ရှာဖွေစစ်ဆေးဖို့ အထောက်အကူပြုပါတယ်။
ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ ပစ္စတင်ဆလင်ဒါအလုံးတိုင်း အချိန်ကိုက် မီးလောင်ပေါက်ကွဲနိုင်ဖို့ Spark Plug တွေက စွမ်းအားမြင့် မီးပွားတွေ ဖန်တီးပေးရပါတယ်။ ကားဘက်ထရီတစ်လုံးက 12 Volt ဘဲထွက်ပါတယ်။ ပလပ်တွေမီးကူးဖို့ ဗို့အားသောင်းဂဏန်းထွက်ဖို့ လိုပါတယ်။ မြင့်မားလွန်းတဲ့ High Voltage ကို Ignition Coil က ထုတ်လုပ်ပေးပါတယ်။
Ignition Car Engine Motors Myanmar
ရှေးရိုးစံထား မီးပေးစနစ်ဖြစ်တဲ့ ဒစ်တတြီဗျူတာသုံး မီးပေးစနစ်တစ်ခုမှာ ဘက်ထရီ၊ Ignition Switch မီးပေးကွိုင် (Ignition Coil)၊ ဒစ်စတြီဗျူတာ၊ ဗို့အားမြင့်ပလပ်ကြိုးတွေ နဲ့ ပလပ် (Plug)တွေ ပါဝင်ဖွဲ့စည်းထားပါတယ်။
မီးပေးစနစ်နည်းပညာတွေ တဖြည်းဖြည်းတိုးတက်လာလို့ ဒီကနေ့ ခေတ်ပေါ်ကားတွေမှာတော့ ဒစ်စတြီဗျူတာတွေ ပလပ်ကြိုးတွေတောင် မပါဝင်တော့တဲ့ Distributorless Electronic Ignition System ကို မြင်တွေ့နိုင်ပါတယ်။ ဒီစနစ်မှာ မီးကွိုင် တစ်လုံးတည်းကထွက်တဲ့ High Voltage ကို ဒစ်စတြီဗျူတာနဲ့ ဖြန့်ဝေပြီး မသုံးတော့ပါဘူး။ ပလပ်တစ်လုံးကို မီးကွိုင်တစ်လုံးဆီက ဗို့အားမြင့် မီးပေးပါတယ်။ ပလပ်နဲ့ကွိုင်ကို တိုက်ရိုက် ဆက်သွယ်ထားပါတယ်။ ပလပ်ကြိုးတောင်မသုံးတော့ပါဘူး။ မီးကွိုင်တစ်လုံးချင်းရဲ့ မီးတိုင်မင် (Firing Timing) ကို ICU (Ignition Control Unit) နဲ့ ECU (Engine Control Unit) က ထိန်းချုပ်ပေးပါတယ်။ ပလပ်ထိပ်မှာတပ်ဆင်ထားတဲ့ကွိုင်ကို Ignitor လို့ခေါ်ပါတယ်။
Ignition Car Engine Motors Myanmar
ဒစ်တတြီဗျူတာစနစ်သုံး မီးပေးစနစ်မှာတော့ Point-type Ignition System နဲ့ Transistor-type Ignition System ဆိုပြီး ၂ မျိုးရှိပါတယ်။ ထရန်စစ္စတာအမျိုးအစားမီးပေးစနစ်ကို ကားဆရာအများစုက မက်ကနက် I.C
ကျောပိုးအိတ်လို့ခေါ်ကြပါတယ်။ ဒစ်စတြီဗျူတာ Breaker Point နေရာမှ သံလိုက်ညှို့အားသုံး Signal Rotor နဲ့ ထရန်စ္စတာသုံး I.C ယူနစ် (ကျောပိုးအိတ်)ကို အစားထိုးသုံးထားပါတယ်။ Point-type စနစ်မှာ အားနည်းချက်တွေအများကြီးပါပဲ။ ပွိုင့် ၂ ခုအကွာအဝေးမညီတော့ပါဘူး။ ကွန်ဒင်ဆာမကောင်းရင်လဲ ပွိုင့်မျက်နှာပြင်မီးအောင်းပြီး မီးကွိုင်က မီးထွက်နည်းပါတယ်။ ပွိုင့်မျက်နှာပြင်ထိပ်ကို ကော်ပတ်စားရ၊ ပြန်ညှိရ၊ ကွန်ဒင်ဆာလဲရ စသည်ဖြင့် အလုပ်ရှုပ်ပါတယ်။ ပွိုင့်နေရာမှာ မက်ကနက် Signal Rotor နဲ့ I.C (ထရန်စစ္စတာသုံး Igniter)ကို အစားထိုးသုံးလိုက်တော့မှ ပွိုင့်ပြဿနာတွေ ပြေလည်သွားပါတယ်။ ကွိုင်ကမီးထွက်အားလည်း ပိုကောင်းလာပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်းဝင်လာတဲ့ကားတွေမှာ ဒစ်စတြီဗျူတာမပါဘဲ အီလက်ထရွန်နစ် မီးပေးစနစ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးရိုးစနစ်သုံး ဒစ်စတြီဗျူတာ မီးပေးစနစ်သုံးတဲ့ ကားဟောင်းတွေလည်း အများကြီးကျန်ပါသေးတယ်။ အသုံးများတဲ့ Point-type Igniter System အခြေခံနဲ့ မီးပေးစနစ် ထိန်းသိမ်းပေးရမယ့် အချက်တွေကို ဆွေးနွေးသွားပါမယ်။
Point-type မီးပေးစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့ ကားဘက်ထရီ၊ Ignition Switch၊ မီးပေးကွိုင် (Ignition Coil)၊ ဒစ်စတြီ ဗျူတာ၊ Breaker Point ၊ ရိုတာနဲ့ ကပ်ဖုံး (Cap)၊ ပလပ်ကြိုးနဲ့ Spark Plugs တွေဘဲဖြစ်ပါတယ်။ မီးပေးစနစ်တစ်ခုလုံးအတွက် လိုအပ်တဲ့ လျှပ်စစ်ပါဝါစွမ်းအင်ကို ဘက်ထရီထောက်ပံ့ပါတယ်။ ဘက်ထရီအားနည်းနေရင် အားကုန်လုနီးပါးဖြစ်နေရင် မီးပေးစနစ် အလုပ်မလုပ်နိုင်ပါဘူး။ မက်ကနက်တို စနစ်သုံးတဲ့ မီးစက်အင်ဂျင် အသေးလေးတွေမှာတော့ ဘက်ထရီ မပါပေမဲ့ အင်ဂျင်ကို ကြိုးနဲ့ဆွဲနိုးတဲ့ အခါမှာ မက်ကနက်တိုစနစ်ကြောင့် မီးထွက်ပါတယ်။
Car Engine 2 Motors Myanmar
မီးပေးစနစ်မှာ အဓိကကျတာက တော့ မီးပေးကွိုင် ပါပဲ။ ကားဘက်ထရီကထုတ်ပေးတာ 12 Volt ဘဲရှိပါတယ်။ ပလပ်တွေ၊ မီး ပွားပွင့်ပြီး မီးခုန်ကူးနိုင်ဖို့ ဗို့အားမြင့်လိုပါတယ်။ Ignition Coil တွေဟာ ဗို့အား ၁၅၀ဝဝ ကနေ ၃၀ဝဝဝ ကျော်အထိ ထွက်ပါ တယ်။ မီးပေးကွိုင်မှာ Primary Winding နဲ့ Secondary Winding ဆိုပြီး ကွိုင် ၂ မျိုးပါဝင်ပါတယ်။ Primary Winding မှာပတ်ထားတဲ့ အီနာမယ်ဝါယာက အလုံးကြီးပြီး ပတ် ရေ ၂၀ဝ ကနေ ၃၀ဝ အထိ ရှိပါတယ်။ Secondary Winding မှာတော့ ဝါယာအလုံးသေးတဲ့အတွက် ပတ်ရေ ၁၅၀ဝဝ ကနေ ၃၀ဝဝဝ အထိ ပတ်ထားပါတယ်။ ကွိုင်ရဲ့အလယ်မှာ Core ရှိပါတယ်။ ကွိုင်တစ်လွှာနဲ့တစ်လွှာကြားမှာ လျှပ်ကာစက္ကူတွေ ခံထားပါတယ်။ ကွိုင်က အပူတွေအပြင်ထွက်ဖို့လွယ်အောင် လျှပ်ကာဆီ စိမ်ထားပါတယ်။
4
Secondary Winding ကို အ တွင်းထဲမှာပတ်ထားပြီး အပြင်က Primary Winding ကို ထပ်ပတ်ထားပါတယ်။ ငုတ် ၂ စရှိပြီး (+)ပေါင်းငုတ်ကို Primary Winding ကလာတဲ့ ကြိုးစနဲ့ ဆက် ထားပါတယ်။ (-) အနှုတ်ငုတ်ကို ဒစ် စတြီဗျူတာ နဲ့ ဆက်ထားပါတယ်။ ဘရိတ်ကာ ပွိုင့်ထိပ် ၂ ခုကွာသွားရင် မီးဖြတ်လိုက်တာကြောင့် ကွိုင်မှာဖြစ်ပေါ်နေတဲ့ သံလိုက်စက်ကွင်းပြင်းအား သွားပါတယ်။လွင့်သွားတဲ့ သံလိုက်အားကြောင့် ကြီးမားတဲ့ ဗို့အားဖြစ်ပေါ်လာတယ်။ ဒီဗို့အားကို ဒစ်စတြီဗျူတာ၊ ရိုတာကတစ်ဆင့် ဖုံးမှာစွပ်ထားတဲ့ ပလပ်ကြိုးတွေကို အလှဲ့ကျမီးဖြန့် ပေးတယ်။ မီးကွိုင်ကထွက်လာပြီး ပလပ်ကြိုးကနေ ပလပ်တွေဆီရောက်သွားပြီး မီးပွားပွင့်စေတာဖြစ်တယ်။ မီးတိုင်မင်အစီအစဉ်အတိုင်း ပလပ်တွေ၊ မီးပွားဖြစ်ရင် ပစ္စတင်တွေတစ်လုံးပြီးတစ်လုံး ပေါက်ကွဲအားဖြစ်ပေါ်ပြီး အင်ဂျင်ကို အဆက်မပြတ်လည်ပတ်စေတာဖြစ်တယ်။
ဒစ်စတြီဗျူတာမှာ မီးတိုင်မင်အတွက် Governor နဲ့ Cap ဖုံးတို့ပါ ဝင်တယ်။ မီးတိုင်မင်စောပေးတာကို Advancer က ဆောင်ရွက်ပေးတယ်။ Cap ဖုံးရဲ့ အလယ်ပေါက်မှာ မီးပေးကွိုင်ကလာတဲ့ မိန်းပလပ်ကြိုးစွပ်ထားပြီး ရိုတာက ပလပ်အသီးသီးကို မီးဖြန့်ဝေပေးတယ်။ Cap ဖုံးရဲ့ ဘေးပတ်လည်မှာ ပလပ်အသီးသီးနဲ့ ဆက်သွယ်ပေးရတဲ့ပလပ်ကြိုးစွပ်တဲ့ အပေါက်တွေပါတယ်။
Car Engine Motors Myanmar
မီးပေးစနစ်မှာအဖြစ်များတဲ့ ပြစ်ချက်တွေ၊ အားနည်းချက်တွေကတော့ ဒစ်စတြီဗျူတာ ပြိုင့္မီးစားတဲ့အျပစ္ပါ။ ပြိုင့္အကြာအေဝး ပုံမှန်ဖြစ်အောင် ပြန် ချိန်ရပါတယ်။ မီးစားတဲ့ပွိုင့်ထိပ်ကို ကော်ပတ်စားပေးရတယ်။ မရတော့ ရင်တော့ ပွိုင့်အသစ်အစားထိုးလဲပေး ရပါတယ်။
ကွန်ဒင်ဆာမကောင်းရင် ပွိုင့်တွေ မီးစားသွားတာမြန်ပါတယ်။ ကွန်ဒင်ဆာက မီးစားသက်သာအောင် လုပ်ပေးတယ်။ ဒစ်စတြီဗျူတာစနစ်မှာ ရေနဲ့ ရေငွေ့ဟာ ရန်သူပါဘဲ။ ဒစ်စတြီဗျူတာထဲ ရေငွေ့ရိုက်ရင်၊ ရေဝင်သွားရင် ပလပ်ကို မီးမရောက်တော့ပါ ဘူ။ အကြောင်းအမျိုးမျိုးကြောင့် မိုးရာသီမှာ Cap ဖုံရေစိုသွားရင်၊ ရေခြောက်သွားအောင် မီးကင်အပူပေးရပါတယ်။
မီးပေးစနစ်မှာ အများဆုံးဒုက္ခပေးတာ ပလပ်ကြိုးနဲ့ ပလပ်တွေပါဘဲ။ ပလပ်ကြိုးပြတ်နေမယ်၊ ကာဘာအစွပ် ပေါက်နေမယ်ဆိုရင် ပလပ်ကို မီးအရောက်နည်းသွားပါတယ်။ ပလပ်မခုတ်တဲ့ပြဿနာက ပလပ်မှာ ဆီချိုးတွေညစ်ပတ်နေပြီး မီးပွားမကူးနိုင်တဲ့ ပြဿနာပါ။ ပလပ်ငုတ်အကွာအဝေး ပြန်ချိန်ရပါတယ်။ ပလပ်ငုတ်တွေသန့်စင်အောင် ဆေးကြောပေးရပါတယ်။ ပလပ်ငုတ်တွေလည်း ကြာကြာသုံးရင် မီးစားပြီး တိုသွားတတ်ပါတယ်။ ပလပ်ကောင်း၊ မကောင်းစမ်းသပ်ပြီး အသစ်လဲသင့်ရင် လဲပေးရပါတယ်။ ဆီအရည်အသွေးမကောင်းရင် ပလပ်တွေ ကြာကြာမခံပါဘူး။ မကြာခဏဆေးကြောပေးရပါတယ်။ ပလက်တီနမ် ၄ ငုတ်ပလပ်ကတော့ ဈေးကြီးပေမဲ့ကြာကြာအသုံးခံပါတယ်။ ပလပ်ကြိုးတွေ၊ ကာဘာအစွပ်တွေ၊ စစ်ဆေးဖို့လိုပါတယ်။ ပလပ်ကြိုးတွေပေါက်ပြဲကွဲ အတ်နေရင် ပလပ်ကို မီးမရောက်တော့ပါဘူး။ ပေါက်တဲ့နေရာမှာ မီးခုန်ကူးနေတတ်ပါတယ်။
ဓာတ်ဆီအင်ဂျင်အစ်လုံးဟာ မီးပေးစနစ်၊ လောင်စာဆီပို့စနစ် နှစ်မျိုးစလုံးကောင်းမှ အင်ဂျင်စွမ်းဆောင်ရည် အပြည့်အဝရနိုင်ပါတယ်။ ပွိုင့်စနစ်မှာ အားနည်းချက်တွေ ကျော်လွှားနိုင်ဖို့ တချို့ကားဆရာတွေ မက်ကနက် I.C-type ကို ပြောင်းပစ်ကြပါတယ်။ မက်ကနက် I.C စနစ်မှာတော့ ကွိုင်က မီးထွက်အားပိုကောင်းပါတယ်။ ပလပ်နဲ့ ပလပ်ကြိုးတွေ၊ မီးကွိုင်တွေကိုတော့ စစ်ဆေးထိန်းသိမ်းဖို့လိုပါတယ်။
Credit - ဆရာ KMA(သိပ္ပံနှင့်နည်းပညာ)
အချိန်နှင့်ပတ်သပ်ပြီး ပြောဆိုကြပုံများ
တစ်နာရီနှစ်ထိုးပြီ။
နှစ်နာရီထိုးပြီ။
သုံးနာရီထိုးပြီ။
လေးနာရီထိုးပြီ။
ငါးနာရီထိုးပြီ။
ခြောက်နာရီထိုးပြီ။
ခုနှစ်နာရီထိုးပြီ။
ရှစ်နာရီထိုးပြီ။
ကိုးနာရီထိုးပြီ။
ဆယ်နာရီထိုးပြီ။
ဆယ့်တစ်နာရီထိုးပြီ။
ဆယ့်နှစ်နာရီထိုးပြီ။
It's one o'clock.
It's two o'clock.
It's three o'clock.
It's four o'colck.
It's five o'clock.
It's six o'clock.
It's seven o'clock.
It's eight o'clock.
It's nine o'clock.
It's ten o'clock.
It's eleven o'clock.
It's twelve o'clock.
တစ်နာရီထိုးပြီးငါးမိနစ်
တစ်နာရီထိုးပြီးဆယ်မိနစ်
တစ်နာရီးထိုးပြိးဆယ့်ငါးမိနစ်
တစ်နာရီထိုးပြီးမိနစ်နှစ်ဆယ်
တစ်နာရီထိုးပြီးနှစ်ဆယ့်ငါးမိနစ်
တစ်နာရီခွဲ
ွှနှစ်နာရီထိုးဖို့နှစ်ဆယ့်ငါးမိနစ်
နှစ်နာရီထိုးဖို့နှစ်ဆယ်မိနစ်
နှစ်နာရီထိုးဖို့ဆယ့်ငါးမိနစ်
နှစ်နာရီထိုးဖို့ဆယ်မိနစ်
ွှနှစ်နာရီထိုးဖို့ငါးမိနစ်
It's five past one.
It's ten past one.
It's a quarter past one.
It's twenty past one.
It's twenty past one.
It's half past one.
It's twenty-five to two.
It's twenty to two.
It's a quarter to two.
It's ten to two.
It's five to two.
အချိန်တွေကိုအစားထိုးပြီးရေးလို့ရတယ်။ပြောလို့ရပါတယ်။
Credit to Ei Khin Khin Kyaw
နှစ်နာရီထိုးပြီ။
သုံးနာရီထိုးပြီ။
လေးနာရီထိုးပြီ။
ငါးနာရီထိုးပြီ။
ခြောက်နာရီထိုးပြီ။
ခုနှစ်နာရီထိုးပြီ။
ရှစ်နာရီထိုးပြီ။
ကိုးနာရီထိုးပြီ။
ဆယ်နာရီထိုးပြီ။
ဆယ့်တစ်နာရီထိုးပြီ။
ဆယ့်နှစ်နာရီထိုးပြီ။
It's one o'clock.
It's two o'clock.
It's three o'clock.
It's four o'colck.
It's five o'clock.
It's six o'clock.
It's seven o'clock.
It's eight o'clock.
It's nine o'clock.
It's ten o'clock.
It's eleven o'clock.
It's twelve o'clock.
တစ်နာရီထိုးပြီးငါးမိနစ်
တစ်နာရီထိုးပြီးဆယ်မိနစ်
တစ်နာရီးထိုးပြိးဆယ့်ငါးမိနစ်
တစ်နာရီထိုးပြီးမိနစ်နှစ်ဆယ်
တစ်နာရီထိုးပြီးနှစ်ဆယ့်ငါးမိနစ်
တစ်နာရီခွဲ
ွှနှစ်နာရီထိုးဖို့နှစ်ဆယ့်ငါးမိနစ်
နှစ်နာရီထိုးဖို့နှစ်ဆယ်မိနစ်
နှစ်နာရီထိုးဖို့ဆယ့်ငါးမိနစ်
နှစ်နာရီထိုးဖို့ဆယ်မိနစ်
ွှနှစ်နာရီထိုးဖို့ငါးမိနစ်
It's five past one.
It's ten past one.
It's a quarter past one.
It's twenty past one.
It's twenty past one.
It's half past one.
It's twenty-five to two.
It's twenty to two.
It's a quarter to two.
It's ten to two.
It's five to two.
အချိန်တွေကိုအစားထိုးပြီးရေးလို့ရတယ်။ပြောလို့ရပါတယ်။
Credit to Ei Khin Khin Kyaw
Tuesday, 16 January 2018
ဝိပဿနာကို တစ်လမျှအားထုတ်ပြီးလျှင် ခံစားရရှိမည့် အကျိုးထူးများ
၁။ဤဘ၀တွင် ယခင်ကမကြုံတွေ့ခဲ့ဖူးသည့်
အလွန်ထူးခြားချမ်းသာသော
အတွေ့အကြုံများကို တွေ့ဆုံခံစားရသည်။
၂။ကိုယ်စိတ်၂ပါး အထူးကြည်လင်ပေါ့ပါး၍
အေးငြိမ်းချမ်းသာနေခြင်းကို
၃။ဉာဏ်အမြင်ကြည်လင်၍
စိတ်ကူးကြံဆနိုင်သောစွမ်းအာ
မြင့်မားတိုးတက်လာသည်။
၎။စိတ်တည်ကြည်လာသည့်အတွက်
စာကြည့်စာဖတ်သည့်အခါ
မှတ်ဉာဏ်တိုးတက်ကောင်းမွန်လ
၅။ဘုရား၊တရား၊သံဃာတို့၌
ယုံမှားသံသယကင်း၍ သဒ္ဓါတရား
အထူးကြည်လင်ကောင်းမွန်လာသည်
၆။မိဘ၊ဆရာ လူကြီးသူမများအပေါ်
ပို၍ရိုသေလေးစားလာသည်။
၇။အပေါင်းအဖော်များအား မိမိဧ။်
ကိုယ်နှင့်တူစွာ စာနာမှုတိုးတက်လာသည်။
၈။လောဘ၊ဒေါသ၊မာန၊ဣဿာ၊မစ္ဆရိယ
စသည့်တရားဆိုးများကို အတော်အတန်
ထိန်းချုပ်လာနိုင်ပြီးအပြော
၉။ရသမျှနှင့်တင်းတိမ်နိုင်ေ
သည်းခံမှုစွမ်းအားတို့ တိုးမြင့်လာကြသည်။
၁၀။လောကဓံတရားများနှင့်
ဆုံဆည်းရသောအခါ ပို၍
ကြံကြံခံနိုင်စွမ်းရှိလာသည်
၁၁။ပူပန်သောကများကို
အထိုက်အလျောက်ငြိမ်းသတ်နိုင
စိတ်အေးချမ်းသာကာ ကောင်းမွန်စွာ
အိပ်စက်နိုင်သည်။နုပျိုလန်း
၁၂။ဝိပဿနာတရားအားထုတ်သည့်
အလေ့အထရခဲ့ပြီးဖြစ်၍ ခရီးသွားရင်း
နားနေရင်းအတွင်း၌ပင် ၀ိပဿနာတရားကို
ရှုမှတ်သွားနိုင်မည်ဖြစ်သောေ
ဝိပဿနာကုသိုလ်မှာ ကြီးထွားသထက်
ကြီးထွားလာသည်။
၁၃။ကိုယ် စိတ် ၂ပါးတို့ဧ။် နာမ်၊ရုပ်သဘော
အနိစ္စ၊ဒုက္ခ၊အနတ္တတို့ဧ။် သဘောလက္ခဏာကို
ပိုမိုထင်ရှားစွာသိမြင်လာပြ
စိတ်ထား လျော့နည်းလာသည်။
၁၄။အကျင့်စာရိတ္တ ခိုင်မာရင့်ကျက်
တိုးတက်လာသည်။
၁၅။စိတ်ဓာတ် ကြံခိုင် တည်ကြည်
တိုးတက်လာသည်။
၁၆။ဤဘ၀တွင်အကောင်းဆုံးအလုပ်
အကျိုးအရှိဆုံးအလုပ်ကို ငါလုပ်ခဲ့ရပြီဟု
ကျေနပ်ဝမ်းသာရသည်။
ရခဲလှတဲ့ ဘ၀ကလေးမှာ အချိန်ကို
အလကားနေရင်း မဖြုန်းသင့်ပါ။
ဝိပဿနာအားထုတ်ရခြင်းရဲ့ အကျိုးထူးများကို
သိရပြီးတဲ့နောက်မှာ ၀ိပဿနာကို သတိရတိုင်း
အားထုတ်သင့်ပါတယ်။
အသေဘက်ဦးတည်သွာနေတဲ့
ဒီခန္ဓာကြီး အသေမဦးခင် ၀ိပဿနာအလုပ်ကို
အားထုတ်သင့်ပါတယ်။
ဝိပဿနာအားထုတ်တဲ့အခါမှာလည်း
ကိလေသာကိုကြားမခိုစေပါနဲ့။
မိမိအကျိုးမနည်းချင်ရင်ဖြင့
ခပ်တိုတိုလေးမှာ ၀ိပဿနာအလုပ်ကို
ခပ်ပိုပိုလေး လုပ်ကြပါ်။
သတ္တ၀ါမှန်သရွေ့ တရားတွေ့
အေးငြိမ်းချမ်းသာ ရှိပါစေ။
Hsu Myat Dhammagyi မှ
ထပ်ဆင့် မျှဝေပါသည်။
ပူသည့်မျက်နှာ မှ အေးသည့် မျက်နှာသို့
မျက်နှာကသုံးမျိုးရှိပါတယ်။
ပူသည့် မျက်နှာရယ်၊ အေးသည့် မျက်နှာရယ် မပူမအေး မျက်နှာရယ်ပါ ။
ပူသည့် မျက်နှာရယ်၊ အေးသည့် မျက်နှာရယ် မပူမအေး မျက်နှာရယ်ပါ ။
တစ်ချို့များ မျက်နှာ မြင်လိုက် ရရင်ပဲ သူ့ မျက်နှာမှာ အအေးဓာတ်က အထင်းသား ပေါ်နေတာပါ။ မျက်နှာက ကြည်နေတာပါ။ သူတင်လား ဆိုတော့ မဟုတ်ပါဘူး။ မြင်ရတဲ့ သူရဲ့ရင်ကို အေးသွားတာပါ။ ကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ်၊ စိတ်ထား လေးတွေကောင်း နေမယ်ဆိုရင် အေးတဲ့ မျက်နှာကို ရနေတာပါ။
တစ်ချို့ ကျတော့ မျက်နှာမြင်လိုက် ရတာနဲ့ သူ့မျက်နှာ မှာ အပူဓာတ်က အထင်းသား ပေါ်နေတာပါ။ မြင်ရတဲ့သူ ရင်ထဲကို တောင် ပူချင်ပူသွားတာပါ။အကုသိုလ်တွေရင်ထဲမှာ ပြည့်နေမယ် ၊စိတ်ထားလေးတွေ ညံ့နေမယ်ဆိုရင် ပူတဲ့ မျက်နှာကို ရနေတာပါ။
စကားလုံး လှလှတွေ အမူအရာ ကောင်းကောင်း တွေနဲ့ ဘယ်လောက်ပဲ ဟန်ဆောင်ထား နိုင်ပေမဲ့ မျက်နှာမှာတော့ ညာလို့ မရပါဘူး။ အကုသိုလ် သိပ်များနေတဲ့သူရဲ့ မျက်နှာဟာ ကြည်ကြည်လင်လင်ကို မရှိပါဘူး။ မျက်နှာကြည့်ရုံနဲ့ သိပ် သိသာပါတယ် ။ ရုပ်လှတာ မလှတာ၊ အသားဖြူတာ၊ မဖြူတာနဲ့ လည်းမဆိုင်ပါဘူး။ မျက်နှာမှာကို အပူဓာတ်က သိသာ ပေါ်လွင်နေတာပါ။
အကောင်းဆုံး အလှပြင်ဆိုင် ကိုသွားပြီး အကောင်းဆုံး ပြင်ထားဦးတော့ ၊ရင်ထဲမှာ အကုသိုလ်တွေ ရှိနေရင် စိတ်ထားတွေ ညံ့နေရင် အပူမျက်နှာပဲ ဖြစ်နေမှာပါ။ အအေး မျက်နှာကို မရနိုင်ပါဘူး။
တစ်ချို့ကျတော့ တစ်ခါတစ်လေ ကုသိုလ်စိတ် ဖြစ်လိုက်၊ တစ်ခါတစ်လေ အကုသိုလ်စိတ် ဖြစ်လိုက် စိတ်ထား ကောင်းလိုက် စိတ်ထား ညံ့လိုက်နဲ့ အဲလို လူမျိုးရဲ့ မျက်နှာ မပူမအေး မျက်နှာပါ ။
စာဖတ်သူကော မျက်နှာသုံးမျိုးထဲက ဘယ်မျက်နှာ မျိုးထဲမှာ ပါပါသလဲ ?
စာရေးသူကတော့ တစ်ခါတစ်လေ ပူတဲ့ မျက်နှာဖြစ်လိုက် တစ်ခါတစ်လေ အေးတဲ့ မျက်နှာ ဖြစ်လိုက်နဲ့ ပါ။
ပူတဲ့ မျက်နှာ ဖြစ်နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိနေတာပါ။ အဲဒီ နေ့တွေများဆို ပရိတ်သတ်နဲ့ မတွေ့ ချင်ပါဘူး။ အားနာလို့ပါ ။တွေ့ဖြစ်ခဲ့လျှင်လည်း အဆင်မပြေ ဖြစ်တတ်လွန်းလို့ပါ။
အအေးမျက်နှာ ရပြီဆိုရင်တော့ ဘယ်သူနဲ့  ပဲဆက်ဆံဆက်ဆံ အစစ အရာရာ အဆင်ပြေ နေတတ်ပါတယ်။အမှန်တော့ ကိုယ့်မျက်နှာကိုယ် (မှန်ကြည့်သောအခါ) ရေချိုးခန်းထဲမှာ တံခါးပိတ်ပြီး အသေချာ ကြည့်ရင် သိသာပါတယ်။
★တကယ်လို့ ကိုယ့်မျက်နှာဟာ ပူတဲ့မျက်နှာ ဖြစ်နေရင် ဘာမှ အားငယ်စရာ မလိုပါဘူး ။ အေးတဲ့မျက်နှာ ဖြစ်အောင် ပြုပြင်ယူလို့ ရပါတယ်။ ကိုယ်က အေးတဲ့ မျက်နှာ ရှိချင်တဲ့သူ ဖြစ်ဖို့ပဲလိုပါတယ်။
★အေးတဲ့မျက်နှာ ဖြစ်ဖို့အတွက်တော့ လွယ်တဲ့ ကမဋ္ဌာန်း တစ်ခုခုကို အမြဲနှလုံးသွင်း နေလိုက်ရုံပါပဲ။ ခက်တဲ့ ကမဋ္ဌာန်းဆို မလုပ်ဖြစ်မှာ စိုးလို့ ပါ။
ဥပမာ - နမောတဿ ကို အချိန်များများ ပွားနေလိုက်မယ် ဆိုရင်လည်း ရပါတယ်။ ထမင်းချက်ရင်းလည်း ပွားလို့ ရတာပါ ပဲ။ ဈေးရောင်းရင်းလည်း ပွားလို့ရတယ်။ ဈေးဝယ်ရင်းလည်း ပွားလို့ရပါတယ်။ သွားရင်းလာရင်းလည်း ပွားလို့ရနေတာပါ ပဲ။နောက်ဆုံး ရေချိုးခန်း ၀င်ရင်းနဲ့ လည်း ပွားလို့ ရနေတာပါပဲ။တစ်ခါတစ်လေ မကောင်းတဲ့စိတ် တစ်ခုခုများ ၀င်ခဲ့ရင် ချက်ချင်းပဲ နမောတဿ ကိုဆယ်ခေါက်လောက် ပွားပစ်လိုက်ပါ။
မကောင်းတဲ့စိတ် ၀င်လိုက်တာနဲ့ နမောတဿ ပွားလိုက် နဲ့ ကြာလာတော့ မကောင်းတဲ့ အကုသိုလ် စိတ်ဝင်မူ့တွေ လျော့ သွားပါလိမ့်မယ်။ မကောင်းစိတ်တွေ လျော့လျော့သွားရင် မျက်နှာက အပူဓာတ်တွေပါ လျော့လျော့သွားတာပါ။
ပွားရင်း၊ပွား ရင်းနဲ့ မျက်နှာမှာ အအေးဓာတ်က ပေါ်လာတာပါ။ အဲဒီအခါမှာ မှန်ထဲပြန်ကြည့်ရင် အအေးဓာတ်နဲ့ ကိုယ့်မျက်နှာကိုယ် ကျေကျေ နပ်နပ်နဲ့ တွေ့ ရတော့မှာပါ။ပွားစမှာတော့ အအေးမျက်နှာကို ချက်ချင်း ရဦးမှာ မဟုတ်ပါဘူး။ ပွားတဲ့ အထုံ ရက်ကလေး ကြာလာမှ ရလာမှာပါ။ ကိုယ်က အလုပ်တစ်ခု အနေနဲ့  ပွားနေဖို့ ပါပဲ။ အအေးဓာတ် မျက်နှာ ရသွားပြီဆိုရင် နေရထိုင်ရတာကအစ ပေါ့ပေါ့ ပါးပါးကို ရှိသွားတော့ တာပါ။
လောကရဲ့ သဘောအရ အေးတဲ့ မျက်နှာရှိတဲ့ သူကိုပဲ လူတွေက ဆက်ဆံချင် ကြတာပါ။ ပူတဲ့မျက်နှာ ရှိတဲ့သူကို အလုပ်သဘော အရ ဆက်ဆံရဦးတော့ မဆက်ဆံချင်ကြပါဘူး။ ကိုယ်က ဒီ အကျိုးအပြစ် လေးတွေကို အာရုံပြုပြီး အေးတဲ့ မျက်နှာ ဖြစ်အောင် အသိနဲ့ ပြုပြင်ယူရမှာပါ။
ပုထုဇဉ်တွေ ဆိုတော့လည်း အမြဲတမ်း အေးတဲ့မျက်နှာ ဖြစ်နေဘို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်လေ ဒေါသကြောင့်ပဲ ဖြစ်ဖြစ် ဣဿာ၊ မစ္ဆရိယ ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မျက်နှာက ပူတဲ့မျက်နှာ ဖြစ်သွားတတ်ပါတယ်။
ကိုယ့် မျက်နှာ ပြောင်းလဲ သွားပြီဆိုတာနဲ့ ကိုယ်က သိလိုက်ဖို့ ပါပဲ။ သိပြီးရင်ပြုပြင်ယူ သွားဖို့ပါပဲ။ကိုယ်က အေးတဲ့ မျက်နှာရထားရင် အနုပညာ အလုပ်ကိုပဲ လုပ်လုပ် ၊ဈေးပဲရောင်းရောင်း ၊ စာပဲသင်သင် ၊ ဆိုက်ကားပဲနင်း နင်း၊ ဘာစီးပွားရေး ပဲလုပ်လုပ် ကိုယ့်ရဲ့အလုပ်ကို အအေးမျက်နှာက အထောက်အပံ့တွေ ပေးနေတာပါ။
ဘာပဲပြောပြော ရင်ထဲမှာ အကုသိုလ် စိတ်တွေဖြစ်မနေအောင် လွယ်ကူတဲ့ ကမဋ္ဌာန်း တစ်ခုခုကို အမြဲ နှလုံးသွင်း နေဖြစ်ရင် အအေး မျက်နှာကို ရနေတာပဲလေ ။
တကယ်တော့ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ရထူး၊ အာဏာ၊ ငွေကြေး၊ အရာအားလုံး ဟာ ဘာမှ မမြဲပါဘူး။ မမြဲတဲ့ သဘောတရားတွေကို မမြဲဘူးလို့ ကိုယ်က သိလိုက်ဖို့ပါပဲ။
အဲဒီမမြဲတာတွေကိုပဲ အမှီပြုပြီး လောဘ၊ဒေါသ၊ ဣဿာ မစ္ဆရိယ၊ ဖြစ်နေတာကိုက သိပ်ပြီးရှက်ဖို့ ကောင်းတာပါ။ ပြီးတော့ သေရင် ကိုယ့်နောက် ပါမှကျနေတာပဲ။
မမြဲတဲ့ သဘောတရားကို သိတတ်တဲ့ ဥာဏ်ဓာတ်ဟာ နောက်ဘ၀ နောက်ဘ၀ တွေအထိလည်း အထုံဓာတ် ပါသွားမှာပါ။ နောက်ဘ၀ နောက်ဘ၀ မှာလည်း အထုံဓာတ်က ပါလာတာ ဆိုတော့ မမြဲတဲ့ သဘောတရားတွေကို သတိဥာဏ် ပွင့်ပြီး နောက်ဘ၀နောက်ဘ၀တွေမှလည်း တရားတွေ အားထုတ် ဖြစ်ရ ဦးမှာပါ။
နောက်ဘ၀ နောက်ဘ၀ တွေမှာ တရားတွေ အားထုတ်ဖြစ်ပြီး နေက္ခမ္မ ပါရမီ (နေက္ခမ္မ ပါရမီ ဆိုသည်မှာ လောဘ စတဲ့ အကုသိုလ် တရားတွေကို ကိုယ့် သန္တာန် မှာ မရှိအောင် လုပ်တာပါ ) ကိုလည်း ဆင့်ကာ ဆင့်ကာ ဖြည့်ကျင့် နေကြဦးမှာပါ။
နေက္ခမ္မ ပါရမီတွေ ဖြည့်ရင်း ဖြည့်ရင်းနဲ့ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာပြီး ပါရမီတွေ ပြည့်လာတဲ့ အခါ ဘ၀ရဲ့ တကယ့် ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်ရှိသွား တော့မှာပါပဲလေ။
(ရဝေနွယ် - အင်းမ )
[မြင့်မြတ်သူ တို့  ရဲ့ အလုပ်
ရဝေနွယ် (အင်းမ)ဓမ္မ အမြုတေ စာစဉ် ၁၀
စာအုပ်၊စာမျက်နှာ ၉၄ ~ ၉၉ မှ ထုတ်နုတ်ကူးယူ ပူဇော်ပါသည်။]
[မြင့်မြတ်သူ တို့  ရဲ့ အလုပ်
ရဝေနွယ် (အင်းမ)ဓမ္မ အမြုတေ စာစဉ် ၁၀
စာအုပ်၊စာမျက်နှာ ၉၄ ~ ၉၉ မှ ထုတ်နုတ်ကူးယူ ပူဇော်ပါသည်။]
Subscribe to:
Posts (Atom)








































