Saturday, 27 January 2018

ပထမဆုံး နိုင်ငံခြားသွားမယ့် သူတွေအတွက်" လိုအပ်တဲ့ ပက်စ်ပို့ (Passport) လုပ်၊ လေဆိပ် အဝင်/ အထွက် သိစရာလေးတွေ


ဒီတခါတော့ နိုင်ငံခြားကို ပထမဆုံးအကြိမ်အဖြစ် စသွားမယ့် မိတ်ဆွေတွေအတွက် လိုအပ်တဲ့အချက်အလက်လေးတွေကို စုဆောင်းပေးလိုက်ပါတယ်။ သွားနေကျ လူတွေအတွက် သိပ်မခက်ခဲပေမယ့် ပထမဦးဆုံးအကြိမ် သွားရမယ့်သူများအဖို့ လေယာဉ်ကွင်းမှာ ဖြတ်ကျော်ရမယ့် အဆင့်တွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မသိတဲ့အခါကျ ကသောင်းကနင်း ဖြစ်တတ်လေနော့်..
အဖွဲ့နဲ့ သွားတာဆို ထားပါတော့၊ ကိုယ့်တယောက်ထဲ သွားတဲ့အခါကျ အကူအညီမရဖြစ်မှာစိုးလို့ ပြင်ဆင်ပေးလိုက်ပါတယ်။ 🤗🤗🤗
ပထမဆုံးသွားမယ်ဆိုတော့ နည်းနည်းလွယ်ကူသွားအောင် နီးနီးနားနား ဘန်ကောက်ကိုပဲ အရင်သွားလိုက်ရအောင်နော့ ... 😃😃😃
🔷️📙နိုင်ငံခြားသွားဖို့ လိုအပ်တဲ့ Passport လျှောက်ဖို့လို
နိုင်ငံခြားသွားဖို့ဆို ပထမဆုံးလိုတာက Passport ပေါ့။ အရင်ကတော့ အဆင့်တွေအများကြီးနဲ့ အလုပ်ရှုပ်ပေမယ့် အခု ကိုယ့်ဘာသာကိုယ်သွားလုပ်ရင်တောင် တော်တော်လွယ်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဆိုတော့ passport လုပ်ဖို့ လိုအပ်တာတွေကို စပြောပေးမယ်နော့် ... 😃😃
📌Passport ရုံး - ရန်ကင်း စက်မှု(၁)လမ်းပေါ်
📌ယူသွားဖို့ လိုအပ်တာ - သန်းခေါင်စာရင်း မူရင်း/မိတ္တူ၊ မှတ်ပုံတင် မူရင်း/မိတ္တူ
📌ငွေ - 35000 ခန့်
🔹️အဆင့်(၁) - အပြင်ရုံးဧရိယာထဲရောက်တာနဲ့ ပက်စ်ပို့ ရုံးထဲ တန်းတန်းမက်မက် သွားရန်လို (ဘာလို့ဆို အပြင်မှာ ပွဲစားတွေ ဆွယ်တာနဲ့ ပါသွားမှာစိုးလို့) 😁😁
🔹️အဆင့်(၂) - အသင့်ယူလာတဲ့ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မူရင်း/မိတ္တူကိုယူပြီး ရုံးထဲက လဝကကောင်တာကို သွားပြီး "စလစ်ထုတ်"
🔹️အဆင့်(၃) - စလစ်ကိုယူပြီး ဘေးကောင်တာက ဘဏ်ကိုသွားပြီး ငွေ (၂၅၀၀၀)သွင်း
🔹️အဆင့်(၄) - လဝက ဆီကစလစ်ကိုပဲ ပြပြီး ဖောင်ထုတ်တဲ့ ကောင်တာမှာ ဖောင်ထုတ်၊ ဖြည့်
🔹️အဆင့်(၅) - ဖြည့်ပြီးသားဖောင်ကိုယူ Passport ပုံရိုက်ဖို့လုပ်
🔹️အဆင့်(၆) - ဓာတ်ပုံရိုက်ပြီးရင် အဲ့နားမှာပဲ ဖောင်တင်ပြီး စလစ်ယူ အိမ်ပြန်လို့ရ၊ (၁၀)ရက်စောင့်ရန်လို
🔹️အဆင့်(၇) - (၁၀)ရက်ပြည့်သောအခါ passport ထုတ်ရမယ့် စလစ်ယူ၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မူရင်း/မိတ္တူကိုယူပြီး ထုတ်လို့ ရသွားရောတဲ့ ... 😁😁😄
အချိန်ကလည်း လူများ/နည်းပေါ် မူတည်ပြီး (၁)နာရီ ကနေ (၁)ရက်လုံးအထိ ကြာနိုင်ပါတယ်တဲ့။
နော်ကတော့ တတ်နိုင်မယ်ဆိုရင် ကိုယ်တိုင်လုပ်ကြည့်စေချင်တယ်။ ဘာလို့ဆို အပိုငွေမကုန်ဘူး လွယ်လည်းလွယ်တယ်လေနော့။ တကယ်လို့ အချိန်မရှိဘူး၊ လှူချင်တန်းချင်တဲ့ စိတ်များတယ်ဆိုရင်တော့ ပွဲစားနဲ့လုပ်ပေါ့လေ။ 😁😁 ပွဲစားခကတော့ (၁)ခုကို (၂၅၀၀၀)ကနေ (၅၀၀၀၀)အထိ ရှိပါတယ်။
🔷️🇲🇲✒🛫 လေဆိပ် အဝင်/အထွက် လိုအပ်တဲ့ အချက်လေးတွေ
ပက်စ်ပို့ရပြီ နိုင်ငံခြားသွားရပြီဆိုရင်တော့ လေယာဉ်ကြီးစီးပြီး နိုင်ငံရပ်ခြားကို သွားရပြီပေါ့။ အဲ့ဒီမယ် ပြသနာက လေဆိပ်ထဲဝင်ပြီးတာနဲ့ ဘယ်ကစပြီး ဘာဆက်လုပ်ရမှန်း မသိတာပါပဲ။ ဆိုတော့ လေဆိပ်က ဝင်တာက စလို့ လေယာဉ်စီး ဟိုဘက်နိုင်ငံထဲ ခြေချတဲ့ အထိကို လိုအပ်တဲ့ အချက်တွေ၊ ဖြည့်ရမယ့် စာရွက်စာတမ်းတွေကို အသေးစိတ် သေချာပြောပြပေးပါ့မယ် ... ☺☺☺
💥💥💥(ဓာတ်ပုံတွေမှာလည်း တစ်ခုချင်းစီ တစ်ဆင့်ချင်း အသေးစိတ် သေချာရေးပေးထားပါတယ်) 💥💥💥
📌လိုအပ်ချက် - Passport (ပက်စ်ပို့), ဘောပင်
📌လေယာဉ်အချိန်မတိုင်မီ (၂)နာရီစောပြီး Check in ဝင်ရန်လို။
🔷️🇲🇲 မြန်မာနိုင်ငံကနေ သွားမယ် ဆိုပါတော့
🔹️(၁)လေယာဉ်လက်မှတ် ဝယ်ထားရန်လို။ ကိုယ်ဝယ်ထားတဲ့ လေကြောင်းလိုင်းကို ကြည့်ပြီး ဘယ် Terminal မှာ Check in ဝင်ရမလဲ မေးထားရန်လို။ မသိရင် လေဆိပ်လာတဲ့လမ်းက အဝိုင်းပတ်မှာ ဘယ်လေကြောင်းလိုင်းက ဘယ် Terminal ဆိုပြီး ဘုတ်ကြီးနဲ့ ထောင်ထားတယ် (အဲ့တာကို လှမ်းကြည့်ပြီး သွားလို့ရ)
🔹️(၂) လေဆိပ်အဆောက်အဦးထဲ ဝင်ဖို့ အိတ်နဲ့ ပါလာသမျှအထုပ်တွေ အကုန် X-Ray ဖြတ်ရန်လို။ လူအစစ်ခံရန်လို။
🔹️(၃)ကိုယ်လက်မှတ်ဝယ်ထားတဲ့ Air line ကောင်တာကို ရှာပြီး Check in ဝင်ရန်လို။
🔹️(၄) Passport ပြပြီး အိတ်အကြီးတွေကို ပစ္စည်းအပ်ရန်လို၊ Boarding Pass ကဒ် (လေယာဉ်စီးရမယ့်ကဒ်ဟု အကြမ်းမှတ်ထားရန်)၊ Departure ကဒ်နှင့် ပစ္စည်းရွေးဖို့ စလစ် ပြန်ယူလာရန်လို။
🔹️(၅)ကိုယ်သွားရမယ့် Gate နံပတ်ကို ကြည့်ပြီး Departure (ထွက်ခွာ) ရှိတဲ့ မြှားပြရာ သွားရန်လို။
🔹️(၆) Immigration (ပြည်ပသို့သွားရန် စစ်ဆေးသည့် ကောင်တာ)နား မရောက်ခင် Departure ကဒ်ထဲက လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ထားရန်လို။ (ကိုယ့်ဘောပင်နဲ့ ကိုယ်ဖြည့်တော့ သူများကို စောင့်စရာမလို၊ ဘာတွေ ဘယ်လို ဖြည့်ရမလဲဆိုတာ ဓာတ်ပုံထဲမှာ ပြထား)
🔹️(၇) ကောင်တာမှာ ကိုယ့် ပက်စ့်ပို့ပြ၊ Departure ကဒ်ပေး၊ လေယာဉ်လက်မှတ် (Boarding pass) ပေးရန်လို။ (သူက Departure ကဒ်ယူထားပါလိမ့်မယ်)
🔹️(၈) စစ်ဆေးတဲ့ X Rays ထပ်ဖြတ်ရန်လို။ ပါလာသမျှအထုပ်၊ ခါးပတ်၊ နာရီ အကုန်ချွတ်ပြီး စစ်ရန်လို။ အဲ့ဒီနေရာကိုကျောပြီး မီးခြစ်၊တုတ်၊ဓား ဘာညာနဲ့ အရည် (ရေမွှေးပုလင်း၊ ရေသန့် အချိုရည် ဘာညာ) ဘာအရည်မှ ယူသွားလို့မရ။ ပါလာရင် ထားခဲ့ရ၊ ဆိုတော့ ပစ္စည်းအပ်မယ့် Baggage ထဲအရည်ပစ္စည်းတွေ ထည့်ထားရန်လို)
🔹️(၉)ပြီးတာနဲ့ Duty Free ဆိုင်တွေကို ကျော်ပြီး ကိုယ်သွားရမယ့် ဂိတ်နံပတ်ကို မြှားပြထားတဲ့အတိုင်း သွားရန်လို။ (ဂိတ်နံပတ်က Boarding Pass မှာပါပြီးသား)
🔹️(၁၀) ကိုယ်သွားရမယ့် ဂိတ်မှာ ကိုယ်စီးရမယ့် လေယာဉ် ဟုတ်မဟုတ် စစ်ရန်လို (ဥပမာ - Gate (9) - Air Asia)
🔶️🛫လေယာဉ်ပေါ် ရောက်သွားပြီ ဆိုပါတော့
🔸️(၁၁)လေယာဉ်ပေါ်တက်ပြီး ကိုယ်ထိုင်ရမယ့်ခုံကို သေချာရှာရန်လို။ လေယာဉ်ခါးပတ်ပတ်ရန်လို။ ဖုန်းကို Air Plane ပြောင်းထားရန်လို။ လေယာဉ်ပေါ်မှာရော လေယာဉ်ထဲက အိမ်သာထဲမှာရော ဆေးလိပ်မသောက်ရ။ (ပြင်းပြင်ထန်ထန် တားမြစ်ထား)
🔸️(၁၂) လေယာဉ်မယ် လာပေးတဲ့ Arrival Card (ဆိုက်ရောက် ကဒ်)ကို ဖြည့်ထားရန်လို။ (ကိုယ့်ဘောပင်နဲ့ ကိုယ်ဖြည့်တော့ သူများဆီက ငှားစရာမလို)
လေယာဉ်နံပတ်၊ ပက်စ့်ပို့တွေအပြင် ကိုယ်တည်းမယ့်လိပ်စာတွေကို ပြည့်စုံအောင် ဖြည့်ထားရန်လို။ မပြည့်စုံရင် ဟိုဘက်နိုင်ငံ အဝင်က Immigration မှာရစ်တတ် ကြာတတ်လို့ပါ။
(ဘာတွေ ဘယ်လို ဖြည့်ရမလဲဆိုတာ ဓာတ်ပုံထဲမှာ ပြထား)
🔷️🇹🇭တခြား နိုင်ငံရောက်သွားပြီ ဆိုပါတော့
🔹️(၁၃) Arrival (ဆိုက်ရောက်)၊
Immigration (တပါးနိုင်ငံထဲသို့ဝင်ရန် စစ်ဆေးတဲ့ ကောင်တာ)
Baggage claim (Check in ဝင်တုန်းက အပ်ထားတဲ့ အိတ်ရွေးရန်) စတဲ့ မျှားတွေပြထားတဲ့ နောက်ကို သွားရန်လို
(သူတို့ကတော့ အင်္ဂလိပ်လိုပဲ ရေးထားမှာနော်သိလား၊ ဒီကနားလည်လွယ်အောင် ကွကိုယ် ဘာသာပြန်ပေးထားတာ) 😁😁
🔹️(၁၄) Immigration ကောင်တာတွေမှာ တန်းစီရန်လို (ကိုယ်က သူများဆီရောက်သွားရင် Foreigner ဖြစ်သွားတော့ အဲ့ဒီဆိုင်းပုဒ်ရှိတဲ့ ကောင်တာမှာ တန်းစီရန်လို)
🔹️(၁၅) အလာတုန်းက Immigration ဖြတ်ခဲ့တဲ့အတိုင်းပဲ ကောင်တာမှာ ကိုယ့် ပက်စ့်ပို့ပြ၊ Arrival ကဒ်ပေးရန်လို။ (သူက Departure ကဒ် ပြန်ပေးပါလိမ့်မယ်၊ ပြန်မယ့်နေ့အထိ သေချာ သိမ်းထားရန်လို၊ ပျောက်သွားရင်လည် လေဆိပ်မှာ တောင်းလို့ယူလို့ရ)
🔹️(၁၆)ပြီးတာနဲ့ ကိုယ်အပ်ထားတဲ့ အထုတ်ရွေးဖို့ နေရာကို ရှာရန်လို (TV screen တွေမှာပြထားတတ်တယ်၊ ကိုယ်စီးခဲ့တဲ့ လေကြောင်းလိုင်းရယ် နံပတ်ရယ်မှာ ကိုယ်ရွေးရမယ့် အိတ်ကောင်တာ ပြထားပေးတယ်)
🔹️(၁၇) အထုတ်ဆွဲပြီး Exit ဆိုတဲ့ အပြင်ကို ထွက်ရန်လို
🔹️(၁၈) အဲ့တာနဲ့ပဲ တခြားနိုင်ငံ တစ်ခုကို ချောချော မောမောရောက်သွားရောတဲ့ ... 😁😁😃😃😃
ဘယ်လိုလည်း အသေးစိတ်တွေ ချရေးပေးလိုက်တော့ လွယ်သွားပြီမလား။ 😃😃 တကယ်လို့ တခြားနိုင်ငံကနေ ပြန်လာရင်လည်း (၁)ကပြန်စရုံပါပဲလို့ ... ☺☺☺
ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်သွားတာဆိုတော့ ဘန်ကောင်မှာ ရှော့ပင်ထွက်ချင်ရင် ဒီလင့်မှာ သေချာရေးပေးထားပါတယ်လို့ .. ☺☺
https://web.facebook.com/travelbynawhtike/posts/1952695391611829
ဆိုတော့
တခါမှ နိုင်ငံခြားမသွားဖူးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဒီမှတ်စုလေးကို ရေးပေးလိုက်ပါတယ်။ ပထမဆုံးလေယာဉ်စီးရမယ့်အချိန်မှာ အထောက်အပံ့တစ်ခု ဖြစ်ရင် ကျေနပ်ပါတယ်။ အစစအရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။ ☺☺
Credit to Naw Htike

ငွေကြေးဆိုင်ရာ ဝေါဟာရများ









အင်္ဂလိပ်စကားပြော အတိုအထွာ (စားသောက်ဆိုင်မှာ)

Waiter- Are you ready to order?
မှာဖို့ အဆင်သင့်ဖြစ်ပြီလား ခင်ဗျာ။
Maria - Yes, I think so.
ဟုတ်ကဲ့၊ အဆင်သင့်ဖြစ်ပါပြီ။
Waiter - What would you like?
ဘာများ မှာချင်ပါသလဲ။
Maria - I'll have the fish with some
rice,and a small salad,please.
ကျွန်မ ငါးဟင်း၊ထမင်းနဲ့ အရွက်သုပ်ပွဲလေး
တစ်ပွဲမှာချင်ပါတယ်။
Waiter - Anything else?
တခြား ဘာမှာဦးမလဲ ခင်ဗျာ။
Maria - No, I don't think so.
ဟင့်အင်း။ မမှာတော့ပါဘူး။
Waiter - All right. Let me check that
You'd like the fish, with rice,
and a small salad.
ခင်ဗျား မှာထားတာက ငါးဟင်းရယ်၊
ထမင်းရယ်၊ အရွက်သုပ်ရယ်နော်။
Maria - Yes, that's right.
ဟုတ်ကဲ့၊ မှန်ပါတယ်။
Waiter- Would you like some water?
ရေရော သောက်ချင်သေးလား ခင်ဗျာ။
Maria- Sure, that would be great.
Thank you.
ဟုတ်ကဲ့၊ သိပ်ကောင်းတာပေါ့ ရှင်။
ကျေးဇူးပါ။
Ordering food
----------------------
စားသောက်ဆိုင်မှာ အစားအသောက်တွေမှာတဲ့အခါ
ဒီပုံစံလေး သုံးပါ။
I'll have the fish, please.
I'd like the steak, please.
Can I have the lamb chops,please.
Checking information
-----------------------------------
မှာကြားထားတာတွေ မှန်မမှန် ပြန်စစ်တဲ့အခါ ဒီပုံစံလေး
သုံးပါ။
Let me check that.
Let me read that back.
Let me repeat that.
စားသောက်ဆိုင်မှာသာမက လုပ်ငန်းခွင်မှာလည်း
အထက်လူကြီးမှာကြားတာတွေကို ပြည့်စုံမှုရှိ မရှိ
ပြန်စစ်ဆေးနိုင်ဖို့ ဒီပုံစံလေးနဲ့ ပြောနိုင်ပါတယ်။

အသုးံများသော Phrasal Verbs များ







အင်္ဂလိပ်စကားပြောအတိုအထွာ











ကားလိုင်စင် အတုအစစ်ကြည့်နည်း











ချိန်းဆိုထားခြင်းကို အချိန်ရွှေ့သော အင်္ဂလိပ်စာအသုံး

ချိန်းထားတာလေး အချိန်ရွှေ့ချင်ရင်.....
Postpone နဲ့ Move up ကိုမှန်အောင်သုံးမယ်။
အချိန်အတိအကျ schedule နဲ့ စီစဉ်ထားတဲ့ အခမ်းအနား၊ အစည်းအဝေး၊ စာမေးပွဲ၊ ဆရာဝန်နဲ့ချိန်းထားတာမျိုးတို့ကို အကြောင်းကြောင်းကြောင့် စီစဉ်ထားတဲ့ နေ့မှာ၊ အချိန်မှာ မလုပ်နိုင်လို့ နောက်ကို ရွှေ့ဆိုင်းရမယ်ဆိုရင် to postpone ဆိုတဲ့ Verb ကိုသုံးရပါတယ်။
postpone (verb)= ရွှေ့ဆိုင်းသည်
postponement (noun)= ရွှေ့ဆိုင်းခြင်း
ဥပမာ ဝါကျလေးတွေနဲ့ သုံးတတ်အောင်မှတ်မယ်။
1. The meeting is postponed to Friday as the boss is not free today.
သူဌေး ဒီနေ့မအားလို့ အစည်းအဝေးကို သောကြာနေ့ကိုရွှေ့လိုက်တယ်။
postpone something to + time သို့မဟုတ်
postpone something until + time ဆိုပြီး အသုံးပြုရပုံကို အလွတ်ရအောင် မှတ်ရမှာပါ။ ဥပမာ ထပ်ကြည့်ပါ။
2. The concert was postponed to the following Saturday because of the bad weather.
ရာသီဥတုမကောင်းလို့ ဂီတဖျော်ဖြေပွဲကို နောက်တစ်ပတ် စနေနေ့ကို ရွှေ့လိုက်တယ်။
သွားဆရာဝန်နဲ့ ဒီနေ့ပြဖို့ ချိန်းထားတာ မအားလို့ မသွားနိုင်ဘူး။ ဖုန်းဆက်ပြီး နောက်ရွှေ့ဖို့ပြောကြည့်မယ်။
3. Would you mind if I postpone my appointment today to tomorrow evening?
ဒီနေ့ချိန်းထားတာကို မနက်ဖြန်ညနေကို ရွှေ့လို့ရမလားဟင်။
4. May I postpone my appointment to tomorrow?
ချိန်းထားတာကို မနက်ဖြန်ရွှေ့လို့ရမလား။
အဲဒီလို အသစ်ပြန်ချိန်းတော့ အရင်သဘောတူ သတ်မှတ်ပြီးသား schedule ကို အချိန်ပြန်ပြင်ရမှာဆိုတော့ to reschedule ဆိုတဲ့ Verb ကိုသုံးရပါတယ်။
5. May I reschedule our meeting for a later time?
(အရင်သတ်မှတ်ထားတာထက် နောက်ကျတဲ့ ) နောက်တစ်ချိန်တွေ့ကြဖို့ ပြန်ချိန်းချင်တယ်။
6. May I reschedule our meeting for an earlier time?
time?
(အရင်သတ်မှတ်ထားတာထက် စောတဲ့ ) နောက်တစ်ချိန်တွေ့ကြဖို့ ပြန်ချိန်းချင်တယ်။
ဆိုတော့ကာ to reschedule for a later time/ to reschedule for an earlier time ဆိုတဲ့ အသုံးကိုမှတ်ပါ။
ချိန်းထားတာကို အချိန်နောက်ရွှေ့ရင် postpone ဆိုတော့ အချိန်ကို ရှေ့ရွှေ့ချင်ရင်၊ စောချင်ရင် prepone ဆိုပြီး အလုပ်ထဲမှာ India ကသူငယ်ချင်းတစ်ယောက်က Memo မှာ The department meeting has been preponed to 9:00 a.m. ဆိုပြီးချထည့်လိုက်တာ အင်္ဂလိပ်စာဌာနထဲမှာ တော်တော်လေးပွက်လောရိုက်သွားတာကို သတိရမိပါသေးတယ်။ အင်္ဂလိပ်စာမှာ prepone ဆိုတာမရှိဘူးတဲ့၊ သူတို့ Native speakers တွေက အဲဒီလို မသုံးပါဘူးတဲ့။ Indian English variety မှာတော့ ထွင်သုံးကြပုံရတယ်။ သို့သော်လည်း အခုတော့ အင်္ဂလိပ် အဘိဓာန်ကြီးတွေမှာ prepone ဆိုတဲ့ စကားလုံးကို Indian English origin အနေဖြင့် ထည့်သွင်းပြလာကြပါပြီ။
ဆိုတော့ကာ ချိန်းထားတဲ့ အချိန်ကို စောစောရွှေ့ချင်ရင် to move up သို့မဟုတ် reschedule for an earlier time လို့သုံးရတာကို မှတ်စေချင်တာပါ။
7. They moved up their wedding to February as most of their friends would be busy in March.
သူတို့ရဲ့ သူငယ်ချင်းတွေ မတ်လမှာ မအားကြလို့ သူတို့မင်္ဂလာပွဲကို ဖေဖေါ်ဝါရီလကို ရွှေ့လိုက်တယ်။
8. Instead of evening, can we move up our meeting to morning?
ငါတို့တွေ့ဖို့ကို ညနေအစား မနက်ပိုင်းကိုရွှေ့လို့ရမလား။
move up မှာ အခြား ရာထူးတိုးသည်၊ အဆင့်မြင့်လာသည် ဆိုတဲ့ အဓိပ္ပါယ်တွေရှိသေးတာကို သိချင်ရင်တော့ dictionary လှန်ကြည့်ပါ။
With love,
Dr.Soe Than
January 17, 2018