Friday, 29 November 2019
Thursday, 28 November 2019
Monday, 25 November 2019
အခက်အခဲတွေက ဘဝကိုပြည့်စုံစေတဲ့အရာ
တစ်ခါတုန်း က တရုတ်ပြည်မှာ ဂျုံစိုက်တဲ့ လယ်သမားတစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်. . . အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အပြစ်တင်တယ် "ခင်ဗျားတို့ တန်ခိုးရှင်ဟာ တန်ခိုးတော့ရှိချင်ရှိမယ်. . . ဂျုံတော့ မစိုက်တတ်ဘူးထင်တယ်. . . တကယ်လို့များ ခင်ဗျားရဲ့ တန်ခိုးနဲ့ ကျုပ်ရဲ့ ဂျုံစိုက်တဲ့ အလုပ်ကို ကူညီမယ်ဆိုရင် အများကြီး အကျိုးရှိမယ် . . " လို့ပြောလိုက်တယ် . .
အဲဒီအခါမှာ တန်ခိုးရှငိက "ကူညီပါ့မယ်. . . . ဘာတွေကူညီရမလဲ လို့. . . " ပြောတယ်... အဲဒီတော့ လယ်သမားက တန်ခိုးရှငိကို သူ့ဘေးက ဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ်လုံးခေါ်ထားတယ်. . . . ကဲတန်ခိုးရှင် မိုးရွာရင် ဂျုံခင်းတွေပျက်ကုန်မယ်. . . မရွာအောင် လုပ်လိုက်. . . လို့ခိုင်းတယ်. . တန်ခိုးရှင်က လုပ်ပေးတယ် . . "လေတွေတိုက်လာရင်လည်း ဂျုံပင်တွေ တအားလှုပ်ယမ်းကုန်မယ်. . . လေမတိုက်အောင် လုပ်ပေးပါ. . . " လို့ပြောပြန်တယ်. . . တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကို တားပေးတယ်. . . . မိုးကြိုးတွေ ပစ်ရင်လည်း အသီးကို ဆုတ်ယုတ်စေတယ် ဆိုပြီး တားခိုင်းတယ်. . . . နေသိပ်ပူလာရင်လည်း ဂျုံပင်တွေ ညှိုးကုန်မယ်ဆိုပြီး မိုးအုံ့ခိုင်းတယ်. . . ရေလိုတဲ့အခါမှာ ရေရအောင် လုပ်ခိုင်းတယ်. . . စာကလေးတွေ လာတဲ့ အခါမှာလည်း မလာအောင် လုပ်ခိုင်းတယ်. . . တန်ခိုးရှင်ကလည်း လယ်သမား ဖြစ်ချင်တာတွေ အကုန်လုပ်ပေးတယ်. . .
ဒီတော့ ဂျုံပင်တွေဟာ အတော့်ကို ဖြစ်ထွန်းတယ် . . . အပင်တွေလည်း အမြင့်ကြီးတက်တယ်. . . . ဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို "ကဲ . . . . မြင်ပြီမို့လား. . . ကျုပ်ရဲ့ ဂျုံခင်းကြီးကို ခင်ဗျားရဲ့ တန်ခိုးနဲ့ ရာသီဥတု အနှောင့်အယှက် ကင်းအောင် လုပ်လိုက်တဲ့ အခါမှာ အပင်တွေက ဘယ်လောက် ဖွံ့ဖြိုးသလဲ ဆိုပြီး အားရ ဝမ်းသာ ပြောရှာတယ်. . . " ဒါပေမယ့် တကယ်တမ်းရိတ်သိမ်းတဲ့ အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး . . ဟောင်းလောင်းကြီး ဖြစ်နေတယ် ဂျုံဆိုလို့ လုံးဝကို မရတော့ ဘူး .
အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ ဘယ်လိုဖြစ်တာလည်းလို့ မေးတော့ တန်ခိုးရှင်က "ဒီလိုငါ့လူရဲ့ . . .နေပူတာ ၊မိုးကြိုးပစ်တာ၊ စာကလေး လာစားတာတို့ဟာ ဗြုန်းခနဲ့ ကြည့်လိုက်ရင် ဂျုံခင်းကို အနှောင့်အယှက်ပေးတယ် လို့ထင်ရမှာပါပဲ. . . . ဒါပေမယ့် အဲဒါက တကယ်နှောင့်ယှက်တာ မဟုတ်ဘူး. . . ချဲလင့်(Challenge) လုပ်တာ ၊ စိန်ခေါ်တာ၊ အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံတွေ ပြည့်ဝစေရတာ . . . အဲဒီ ချဲလင့် (Challenge) ကို အံတုရတာကိုက ဂျုံပင်ရဲ့ အလုပ်ပေါ့. . . . . အဲဒီအံတုမှုတွေ မရှိဘဲ ငြိမ်ငြိမ်လေး နေတဲ့အခါမှာ သူဟာ လေဖြတ်တဲ့ လူတစ်ယောက်လိုဖြစ်သွားတာ . . အားကုန်ပြီး ခွန်အားတွေ ယုတ်လျော့သွားတာ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေ မပါတော့တာ. . . လို့" ရှင်းပြသတဲ့. .
ဒါကြောင့် လောကကြီးမှာ မပြည့်စုံဘူးဆိုတာ ကိုယ့်ကို ချဲလင့် လုပ်နေတာပါ. . . ဆန့်ကျင်ဘက်သဘောနဲ့ အကျိုးပြုနေတာပါ. . . . ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်ပါတယ်. . .ဆန့်ကျင်ဘက်တွေ့တိုင်း ငါ့ကိုကူညီဖို့ ရောက်လာပြီ ဆိုပြီး . . . လေ့ကျင့်ထားပါ. . . အဲလိုမလုပ်ဘဲ ဆန့်ကျင်ဘက်တွေ့တိုင်း စိတ်အနှောင့်အယှက်ဖြစ်နေမယ်ဆိုရင်. . . . . ဂျုံစေ့တွေလိုပဲ အဆံမပါတော့ဘဲ ခွန်အားတွေ ဆုတ်ယုတ်လာမှာဖြစ်ပါတယ်. . . .
Credit: ဆရာမနိုင်းနိုင်းစနေ

Monday, 20 August 2018
ဇေကြီးဖတ်ဖို့ မှတ်စုတို ၂
" အိုင်ပီ သိပ်လည်းစိတ်အိုက်မနေစမ်းပါနဲ့ဗျာ။ ကျုပ်ရဲ့ဥာဏ်ကို မမီလို့ဘာမှ စိတ်ပျက်စရာမရှိပါဘူး။ အမှု့လိုက်တဲ့အလုပ်ကို ကျုပ်က၀ါသနာကြောင့်သာလုပ်တာပါ။ ခင်ဗျားက ၀ါသနာမပါပဲလုပ်ရတာ။ ဒီတော့ ကျုပ်ကသာတာပေါ့ဗျာ။ "
ဆားပုလင်းနှင်းမောင်နှင့်ဇော်ဂျီဖိုဝင်သား ၀တ္ထုတိုမှ ဆားပုလင်းနှင်းမောင်မှ အိုင်ပီအောင်သင်းကိုပြောစကား

Wednesday, 31 January 2018
ငပလီကို ၁သိန်းခွဲသုံးပြီး ရှယ်သွားနည်း
ငပလီ ကို သွားမယ်ဆို
ကားခ အသွားအပြန် ၃၀၀၀၀ ကုန်ပါမယ်။
တည်းခိုခန်းမှာ တည်းပါ။
တစ်ညမှ ၃သောင်းခွဲလောက်ဆို အဆင်ပြေတဲ့ တည်းခိုခန်းတွေ ရပါတယ်
ကို San Myint Oo Oo ဆိုတဲ့ အကိုကြီး ပိုင်တဲ့ Unique ဆိုတဲ့ တည်းခိုခန်းမှာ တည်းပါ
ကမ်းခြေကို ခြေလှမ်း ၇၀ဆို ရောက်ပါတယ်။
၂ ညအိပ်မယ်ဆိုရင် တစ်ယောက်ကို ၃သောင်းခွဲ ကုန်ပါ့မယ်။

ဆင်စခန်း သွားပါ။ Aung Aung
အရမ်းမိုက်တဲ့ နေရာတွေကို လှေလေးနဲ့ဖြတ်သန်းရင်း ချစ်စဖွယ် ဆင်လေးတွေ ရှိနေတဲ့ ဆင်စခန်းကို တစ်ယောက်ကို ၄သောင်းနှုန်းနဲ့ သွားလို့ရပါတယ်။ တည်းတဲ့နေရာအထိ လာကြိုပေးပါတယ်။ နေ့လည်စာ ကျွေးပါတယ်။

ပုလဲကျွန်း တို့ ကျောက်ကလပ်တို့ကို သွားပါ။ လှေငှားရင် တစ်ရက်လုံးစာ ၇သောင်းလောက် ကျသင့်ပါမယ်။ ၄ယောက်လောက် သွားရင် အရမ်း တန်ပါတယ်။
စားတာသောက်တာတွေကို ဆိုင်ကြီးဆိုင်ကောင်းတွေ မှာ သွားမစားပါနဲ့...

ဂေါ့ဆိုတဲ့ ကမ်းခြေ ရှိပါတယ်... လေဆိပ်မရောက်ခင် လမ်းလေးကနေ Jasmine Hotel သို့ ဆိုတဲ့ လမ်းလေးအတိုင်း သွားလိုက်ပါ... ညနေ နေဝင်ချိနိ အရောင်က သိပ်လှပါတယ်.. Ebike ငှားသွားပါ တစ်နာရီ ၃၀၀၀ ပဲ ပေးရပါတယ်
မနက်အစောကြီး ငပလီဈေးမှာ သွားဝယ်ပါ။ တန်လွန်းလို့မှ တန်တန် တန်တန် နဲ့ တောင် မြည်ပါသေးတယ်။
ပြီးရင် တည်းတဲ့နေရာမှာ အကုအညီတောင်းပြီး ချက်ခိုင်းပါ...

ကဲ တွက်ပြမယ်ဆို အားလုံးပေါင်း ၁သိန်းခွဲလောက် သုံးရင် ငပလီမှာ ၂ညအိပ်ပြီး အစုံရောက်ပါတယ်။
လေယာဉ်နဲ့ဆို အသွားအပြန်တင် ၁သိန်း၂သောင်း ကုန်ပါမယ်။
အိပ်တာရော လည်တာပါနဲ့ဆို တစ်ယောက် ၃သိန်းလောက် မြောက်သွားပါမယ်။

ကဲ ... တစ်ယောက် ၁သိန်းခွဲလောက် သုံးပြီး ငပလီမှာ ရှယ်ပျော်လိုက်ပါတော့....
ကျနော့်ဆီကနေ တဆင့် သွားရင်တော့ ၀န်ဆောင်ခ ၁သောင်းစီ ယူပါတယ်။ ကားလက်မှတ်က အစ အိမ်အရောက် ပို့ပေးပါတယ်...
Travelling Beetle
09459973474
09783531315

Saturday, 27 January 2018
Passport သက်တမ်းတိုး လျှင်
Passport ရုံးကို ၈ နာရီ မခွဲခင် လောက်အရောက်သွား ပြီး တန်းစီပါ
(Update-သက်တမ်းတိုးရင် တန်းစီစရာမလိုဘူးတော့ဘူး ဒီတိုင်းတန်းဝင်သွားလို့ရပါတယ်တဲ့သက်တမ်းတိုးမယ်ပြောပြီး ရှေ့ဆုံးသာဝင်သွား အဝမှာ Passportကိုသာ ပြလိုက်ရင်ရပြီတဲ့)
၉ နာရီ မထိုးခင် လောက် စပြီး အဝင် ခံ ပါတယ်။
နောက်ကျရင် တခါတလေ agency က လူ တွေ နဲ့  ရှုပ်ယှက်ခက်နေတက် လို့ ပါ။
အိမ်သန်ခေါင်စာရင်း ၊ မှတ်ပုံတင် ၊ passport စာအုပ်အဟောင်း မူရင်း ရယ် မိတ္တူ ၂ စုံ ကူးသွားပါရန်
မပါလျှင် လည်း ရုံးထဲတွင် copy ကူး လို့ ရပါသည် ။
အထဲဝင်ရင် သန်ခေါင်စာရင်း ပြဝင်ရတာ မလို့  အဆင်သင့်ကိုင်ပြီး တန်းစီဝင် သွားပါ။
Immigation လို့  ရေးထား တဲ့ ကောင်တာ မှာ ပိုက်ဆံ ၅၀၀၀ နဲ့  ယူသွားတဲ့ စာရွက်စာတမ်းတွေ အကုန်ပေး လိုက်ပါ။
မိတ္တူ ၁ စုံ သူယူထားပြီး ကျန်တစ် ကို တုန်းထု ပြန် ပေး လိုက် လိမ့်မယ်။
အဲဒါနဲ့  ပုံစံ ယူ ရမယ့် ကောင်တာမှာ ပုံစံ သွားယူ ပြီးဖြည့် ပြီးရင် အဲဒီအထဲမှာပဲ မြန်မာ့စီးပွားရေးဘဏ် ရှိပါတယ် ...အဲဒီမှာ ပိုက်ဆံ ၂၈၀၀၀ ဆောင် ရပါမယ်။ ဖြစ်နိုင်ရင် အတန်ကြီးတွေ ပေး ပါ။ သူတို့ ပိုက်ဆံရေ တာ အရမ်းကြာလို့  မြန်မြန်ပြီးအောင်ပါ ။
သူတို့  ချလန် ပြန်ပေးရင် ဓာတ်ပုံရိုက်တဲ့ အခန်း မှာ ဓာတ်ပုံ သွား
ရိုက် အဲဒီမှာလဲ ယူသွားတဲ့ မူရင်းရော မိတ္တူတွေ ရော အကုန် ထပ်ပြရပါတယ်။ ဓာတ်ပုံရိုက်ခ ၂၀၀၀ ပေးရပါတယ်။
ဓာတ်ပုံရိုက် စစ်ဆေးပြီးရင် passport အဟောင်း ကို ယူထား လိုက်ပြီး ချလန်သေးသေးလေး ၁ ခု ပေးပါတယ်။
သူပြောတဲ့ ရက်ကျရင် ချလန်လေး ပြပြီး စာအုပ်သွားထုပ်ရုံပါဘဲ။
သွားထုတ်တဲ့ နေ့ ကျ ရင်တော့ သန်ခေါင်းသာရင်းမူရင်း တွေ ပြန်ယူသွားပါ ။
Travel Blogger တွေရဲ့ Page များ
ဒီတစ်ခေါက်ရေးမယ့် အကြောင်းကတော့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ရှားရှားပါးပါး Travel Blogger တွေရဲ့ page တွေကို စုပေးထားတာပါ။
😊
😊
တခြားနိုင်ငံက Blogger တွေကျတော့ သူတို့ကိုယ်ပိုင် website မှာရေးကြတာပေါ့လေ။ ကိုယ်တွေဆီမှာတော့ ဘာလာလာ FB ပဲအားကိုးကြတော့ FB ကသူတွေပဲ ရှာထားလိုက်ပါတယ်။ ကိုယ်တိုင်လည်း (၂၀၁၆)နှစ်စလောက်မှ စရေးဖြစ်တာ ကိုယ့်အရင်ရေးတဲ့သူတွေ ရှိလား မရှိလားတောင် မသိခဲ့ဘူးရယ်။ စရေးတုန်းက ကိုယ်တိုင်လည်း Travel Blogger ရယ်လို့ ခံယူထားတာ မဟုတ်ပါဘူး။ သွားခဲ့တဲ့ ခရီးတွေနဲ့ပတ်သတ်ပြီး အမှတ်တရ ကျန်အောင် တခြားသူတွေသွားရတာ အဆင်ပြေအောင်ဆိုပြီး ရေးရင်း ရေးရင်း သူ့ဘာသူပဲ ဖြစ်သွားတာပါပဲ။
အခုပိုစ့်မှာတော့ Facebook မှာရှိတဲ့ စီနီယာ Travel Blogger တွေရော ဂျူနီယာ Travel Blogger တွေရဲ့ page လိပ်စာလေးတွေ စုပေးထားတယ်နော့။ တချို့ Travel Blogger တွေကို ခွင့်မတောင်းမိတဲ့အတွက်လည်း ကြိုပြီးတောင်းပန်ပါတယ်။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ သိသလောက် စုထားတာဆိုတော့ ကျန်ခဲ့တာမျိုးရှိရင်လည်း အားနာပါတယ်။ တကယ် page နဲ့ သေချာရေးတဲ့သူတွေဆိုရင် ပြန်ထည့်ပေးပါ့မယ် …
😄
😄
🔹Nu Myat Around the World
https://www.facebook.com/numyataroundtheworld/
မနုမြတ်ရဲ့ page လေးပါ။ မနုမြတ်ကတော့ ပြည်ပခရီးတွေ တော်တော်များများရောက်ပြီးသွားပါပြီ။ စိတ်ဝင်စားစရာကောင်းမယ့် နေရာတွေကို သေချာရေးပြလေ့ရှိပါတယ်။ မနုမြတ်ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တွေကလည်း တော်တော်မိုက်ပါတယ်။
🔹I Love Traveling
https://www.facebook.com/I-Love-Travelling-731173643577145/
မမေဇွန်ရဲ့ page ပါ။ နိုင်ငံခြားခရီးစဉ်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဈေးသက်သက်သာသာ သွားလို့ရအောင် အမြဲရေးပေးနေတဲ့သူပါ။
🔹My Khayee
https://www.facebook.com/mykhayee/
Go With me ရဲ့ပိုင်ရှင် မခင်မြတ်ရဲ့ travel page ပါ။ ပြည်တွင်း ပြည်ပခရီးစဉ်တွေ အမြဲရေးပေးပြီးတော့ ပြည်ပခရီးစဉ်တွေသွားရင် ဘယ်လို လေ့လာရမယ်၊ ဘာတွေ လိုအပ်တယ် hotel ဘာညာကစ ဘယ်မှာ ဘိုကင်လုပ်ရမယ်ဆိုပြီး သေချာရေးပြပေးပါတယ်။
🔹Mandalarian (ယဉ်ယဉ်နှောင်း)
https://www.facebook.com/mandalarianmdy/
မန္တလေးက ညီမလေး ယဉ်ယဉ်နှောင်းရဲ့ page ပါပဲ။ မန္တလေးအနီးတစ်ဝိုက်က လည်စရာတွေ မြန်မာ့လက်မှုပစ္စည်းတွေနဲ့ အစားအသောက်တွေကို အမြဲတင်ပေးထားပါတယ်။ တခြားသူသွားခဲ့တဲ့ ခရီးစဉ်တွေ ဖတ်ချင်ရင်လည်း သူ့အကောင့်မှာ ၀င်ဖတ်လို့ရပါတယ်။
ဒါကတော့ သူ့ အကောင့်ပါ https://web.facebook.com/yinyinhnoung/
🔹ACM The Traveller
https://www.facebook.com/ACMtheTraveller/
ပြည်တွင်းပြည်ပ ခရီးစဉ်တွေကို စိတ်ဝင်စားစရာ ပုံစံလေးတွေနဲ့ ရေးပြတတ်တဲ့ ညီမလေး အေးချမ်းရဲ့ page ပါ။ ခရီးလမ်းကြောင်းတွေကိုလည်း ပုံပြင်ပုံစံလေးနဲ့ သေချာ အသေးစိတ်ရေးပေးထားပါတယ်။
🔹U U Ye KalawThar
https://www.facebook.com/Kalaw-Trekking-with-U-U-Y%C3%A8-K…/
ကိုရဲလို့သိကြတဲ့ ကလောကအကိုဟာ လူသိပ်စိတ်မဝင်စားတဲ့ ကလောမြို့လေးကို Eco Tourism အဖြစ်နဲ့ လူသိများစေခဲ့တဲ့သူပါ။ တောတောင်ထဲကို လမ်းလျှေက်သွားကြတဲ့ Treeking အလေ့အထကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီး သူ့ကြောင့် ကလောမြို့လေးဟာ အရင်ကထက် အများကြီး ပိုပေါ်ပြူလာဖြစ်ခဲ့ပါတယ်။
🔹Hein The Traveller
https://www.facebook.com/heinthetraveller/
Croton Travel & Tour ရဲ့ Directorပါ။ ရှားရှားပါးပါး ယောကျာ်လေး Travel Blogger ထဲက တစ်ယောက်ပါပဲ။ ကိုဟိန်းသန့်ကတော့ သွားလာဖို့ခက်ခဲတဲ့ နိုင်ငံခြားခရီးစဉ်တွေကို သေချာရေးပေးထားပါတယ်။ ကုန်ကျစရိတ်ကအစ အစားအသောက်က အစ သေချာလေးကို ရေးထားပါတယ်။
🔹Miles of Happiness
https://www.facebook.com/SaiNkk/
Tango Tour ရဲ့MDမမခေါင်နဲ့ ကိုစိုင်းတို့ ဇနီးမောင်နှံပါ။ ရှားရှားပါးပါး အားကျမိတဲ့ အတွဲညီတဲ့ ခရီးသွားမောင်နှံပါ။ မမခေါင်နဲ့ ကိုစိုင်းနဲ့ တူတူသွားဖြစ်ကြတဲ့ ခရီးလေးတွေကို အချက်အလက်လေးတွေနဲ့ သေချာရေးပေးထားပါတယ်
🔹Htoo the Wanderlust
https://www.facebook.com/htoothewanderlust/
ထပ်ပြီးတော့ ရှားရှားပါးပါး ယောက်ျားလေး Travel Blogger, Backpacker ပါ။ Backpacker ဆိုတဲ့အတိုင်း အိတ်တစ်လုံးကျောမှာလွယ်ပြီး ခရီးသွားခဲ့တာတွေ၊ စရိတ်စက အနည်းဆုံးနဲ့ ခရီးသွားလို့ရအောင် ကိုယ်တိုင်လည်းသွား သူ့အတွေ့အကြုံတွေကိုလည်း ရေးသားထားပါတယ်။
🔹Travel by KWYP
https://www.facebook.com/Travel-by-KWYP-2015410015351638/
Page အနေနဲ့ ရေးတာတော့ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ခရီးတစ်ခုကို သွားသင့်တဲ့ပုံစံရေးထားတာက စနစ်ကျပါတယ်။ သေချာလည်း ရေးထားပါတယ်။ ပြီးတော့ နောက်ထပ် ယောက်ျားလေး Travel Blogger တစ်ယောက်လည်း ဖြစ်ပါတယ်။
🔹Travel by Naw Htike
https://web.facebook.com/travelbynawhtike/
ဒါကတော့ အနော်ပေါ့နော် …. အနော်လည်း ကြိုးစားပန်းစားရေးပေးနေတယ်ပေါ့နော် … ဆက်လက်ပြီးလည်း ကြိုးစားပါ့မယ်ပေါ့နော် …..
😁
😁
😁
နောက်ထပ်ဖြည့်ထားတာတွေကတော့
🔹Thiha the Traveller
https://www.facebook.com/travellerthiha/
🔹Travel Nay Lin Thaik
https://www.facebook.com/travelnaylinthaik/
🔹Travelled by HEEW
https://www.facebook.com/travelbyheew/
🔹Travel Kueen
https://www.facebook.com/ktyoshe/
ဒီ Page ပိုင်ရှင်တွေအကုန်လုံးက ၀ါသနာအရရော စေတနာအရရော စာဖတ်တဲ့သူတွေ အဆင်ပြေပါစေ ခရီးတွေလွယ်လွယ်ကူကူသွားနိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက် ကိုယ်စီနဲ့ ရေးဖြစ်ကြတာများမယ်လို့ ကိုယ်ကတော့ ထင်ပါတယ်။ ဘာလို့ဆို မြန်မာနိုင်ငံထဲမှာက ခရီးသွားမယ်ဆို ဒေတာ ရှာရတာ အချက်အလက်ရှာရတာ အခက်ဆုံးလေ။ အခုတော့ အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်။
ခရီးတစ်ခုသွားဖိုစီစဉ်တိုင်း တစ်ခုခုသိချင်တာရှိရင် အပေါ်က ပြောထားတဲ့ page တွေမှာ ၀င်မွှေကြပါ။ တစ်ခုမဟုတ် တစ်ခုမှာတော့ အဆင်ပြေတာလေးတွေ တွေ့မှာပါလို့ မျှော်လင့်ပါတယ်။

Subscribe to:
Posts (Atom)