Friday, 2 April 2021

သိထားသင့်သော ရာထူးအခေါ်အဝေါ်များ

 Head of State = နိုင်ငံတ်ေအကြီးအကဲ

Minister = ဝန်ကြီး
Deputy Minister = ဒုတိယဝန်ကြီး
Prime Minister = ဝန်ကြီးချုပ်
President = သမ္မတ
Vice President =ဒုတိယသမ္မတ
State Counselor နိင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်
Pyidaungsu Hluttaw Speaker = ပြည်ထောင်စု လွှတ်တော်နာယက
Pyithu Hluttaw representative = ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
Mayor = မြို့တော်ဝန်
Consul =ကောင်စစ်ဝန်
Mission = သံတမန်အဖွဲ့
Ambassador = သံအမတ်
Ambassadress = အမျိုးသမီး သံအမတ်
Intelligent Officer = ထောက်လှမ်းရေး အရာရှိ
Inspector = ရဲအုပ်
Sub-Inspector = ဒု-ရဲအုပ်
Police Station Officer = စခန်းမှူး
Surveillance Officer = နယ်ထိန်း အရာရှိ။
Police Warrant Officer = ရဲအရာခံ (မှုခင်း)
Police Sergeant = ရဲတပ်ကြပ်ကြီး
Bobby =ရဲသား
Buddy = ရဲဘော်
Township Officer = မြို့နယ်မှူး
Assistant Township Officer = လက်ထောက်မြို့နယ်မှူး
Deputy Township Officer = ဒုတိယ မြို့နယ်မှူး
Immigration Officer = လဝကမှူး
Deputy Assistant Immigration Officer = ဒု လ/ထ လဝကမှူး
Chairman/President = ဥက္ကဋ္ဌ
Parton = နာယက
Director General = ညွှန်ကြားရေးမှူးချုပ်
Managing Director = ဦးဆောင်ညွှန်ကြားရေး မှူး
Director = ညွှန်ကြားရေးမှူး
Deputy Director = ဒု ညွှန်ကြားရေးမှူး
Assistant Director = လက်ထောက်ညွှန်ကြားရေးမှူး
Head of Department = ဌာနမှူး
Secretary = အတွင်းရေးမှူး
Joint Secretary = တွဲဖက် အတွင်းရေးမှူး
General Manager = အထွေထွေမန်နေဂျာ
Chief Officer = ဦးစီးမှူး
Master of Ceremony = အခမ်းအနားမှူး
Member = အဖွဲ့ဝင်
Agent/Representative = ကိုယ်စားလှယ်
Circle Officer = တိုက်နယ်အရာရှိ
Officer In Charge = တာဝန်ခံ အရာရှိ
Supervisor = ကြီးကြပ်ရေးမှူး
Supervisor In Charge = ကြီးကြပ်ရေးတာဝန်ခံ
Township Medical Officer (TMO) =မြို့နယ်ကျန်းမာရေး ဦးစီးဋ္ဌာန မှူး၊ မြို့နယ်ဆရာဝန်
Station Medical Officer = တိုက်နယ်ဆရာဝန်
Township administrator = မြို့နယ်အုပ်ချုပ်ရေးမှူး
Village administrator = ကျေးရွာအုပ်ချုပ်ရေးမှူး
100 Houses Group Elder = ရာအိမ်မှူး
10 Houses Group Elder = ဆယ်အိမ်မှူး
Town's Elder = မြို့မိမြို့ဖ
Overseer = အုပ်ချုပ်ရေးမှူး
Street Elder = လမ်းမှူး
Ward Elder = ရပ်ကွက်မှူး
Village Head Man = ရွာသူကြီး
Trustee = ဂေါပက
Chief Justice of the Union = နိုင်ငံတော် တရားသူကြီးချုပ်
Attorney General = နိုင်ငံတော် ရှေ့နေချုပ်
Sessions Judge = စက်ရှင် တရားသူကြီး
Additional Sessions Judge =ရာဘက်စက်ရှင် တရားသူကြီး
Additional District Magistrate = ရာဘက် စက်ရှင်တရားသူကြီး
Government Advocte = တရားရုံးချုပ်ရှေ့နေ
Barrister at Law = ဝတ်လုံတော်ရ
Doctor of Law = ဥပဒေပါရဂူ
Notary Public = စာချုပ်စာတမ်းဆိုင်ရာ ရှေ့နေ
Higher Grade Pleader = အထက်တန်းရှေ့နေ
Lawyer = ရှေ့နေ
Judge / Adjudicator= တရားသူကြီး
Appraiser = ရာဘက်တရားသူကြီး
First Class Power Magistrate = ပထမတန်း အာဏာရတရားသူကြီး
Special Power Magistrate = အထူးအာဏာရ ပြစ်မှုတရားသူကြီး
Higher Authority = အထက်အာဏာပိုင်
Superior Officer = အထက်အရာရှိ
Patron = နာယက
Administration Officer = သင်တန်းအုပ်ချုပ်ရေးမှူး
Jailor = ထောင်မှူး
Accused =တရားခံ
Complaint/ Plaintiff = တရားလို
Petition Clerk = လျှောက်လွှာစာရေး
Bailiff = ဘီလစ်စာရေး
Judicial Office Grade (3) = တရားရေးဝန်ထမ်း အဆင့် ၃
Civil Service = နိုင်ငံ့ဝန်ထမ်း
Bishop / Arch Bishop = ဂိုဏ်းချုပ်
ရာထူးအခေါ်အဝေါ်များ နှင့် ဝန်ထမ်းဝေါဟာရများ
——
President = သမ္မတ
Vice President =ဒုတိယသမ္မတ
Pyidaungsu Hluttaw Speaker = ပြည်ထောင်စု လွှတ်တော်နာယက
Minister = ၀န်ကြီး
Deputy Minister = ဒုတိယ၀န်ကြီး
Prime Minister = ၀န်ကြီးချုပ်
Pyithu Hluttaw representative = ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
Mayor = မြို့တော်၀န်
Consulate General =ကောင်စစ်၀န်
Ambassador = သံအမတ်
Ambassadress = အမျိုးသမီး သံအမတ်
Intelligent Officer = ထောက်လှမ်းရေး အရာရှိ
Inspector = ရဲအုပ်
Sub-Inspector = ဒု-ရဲအုပ်
Police Station Officer = စခန်းမှူး
Surveillance Officer = နယ်ထိန်း အရာရှိ။
Police Warrant Officer = ရဲအရာခံ (မှုခင်း)
Police Sergeant = ရဲတပ်ကြပ်ကြီး
Bobby =ရဲသား
Buddy = ရဲဘော်
Township Officer = မြို့နယ်မှူး
Assistant Township Officer = လက်ထောက်မြို့နယ်မှူး
Deputy Township Officer = ဒုတိယ မြို့နယ်မှူး
Immigration Officer = လ၀ကမှူး
Deputy Assistant Immigration Officer = ဒု လ/ထ လ၀ကမှူး
Chairman/President = ဥက္ကဋ္ဌ
Director General = ညွှန်ကြားရေးမှူးချုပ်
Managing Director = ဦးဆောင်ညွှန်ကြားရေး မှူး
Director = ညွှန်ကြားရေးမှူး
Deputy Director = ဒု ညွှန်ကြားရေးမှူး
Assistant Director = လက်ထောက်ညွှန်ကြားရေးမှူး
Secretary = အတွင်းရေးမှူး
Joint Secretary = တွဲဖက် အတွင်းရေးမှူး
General Manager = အထွေထွေမန်နေဂျာ
Chief Officer = ဦးစီးမှူး
Member = အဖွဲ့၀င်
Circle Officer = တိုက်နယ်အရာရှိ
Officer In Charge = တာ၀န်ခံ အရာရှိ
Supervisor = ကြီးကြပ်ရေးမှူး
Supervisor In Charge = ကြီးကြပ်ရေးတာ၀န်ခံ
Township Medical Officer (TMO) =မြို့နယ်ကျန်းမာရေး ဦးစီးဋ္ဌာန မှူး၊ မြို့နယ်ဆရာ၀န်
Station Medical Officer = တိုက်နယ်ဆရာ၀န်
Township administrator = မြို့နယ်အုပ်ချုပ်ရေးမှူး
Village administrator = ကျေးရွာအုပ်ချုပ်ရေးမှူး
100 Houses Group Elder = ရာအိမ်မှူး
10 Houses Group Elder = ဆယ်အိမ်မှူး
Town's Elder = မြို့မိမြို့ဖ
Street Elder = လမ်းမှူး
Ward Elder = ရပ်ကွက်မှူး
Village Head Man = ရွာသူကြီး
Trustee = ဂေါပက
Chief Justice of the Union = နိုင်ငံတော် တရားသူကြီးချုပ်
Attorney General = နိုင်ငံတော် ရှေ့နေချုပ်
Sessions Judge = စက်ရှင် တရားသူကြီး
Additional Sessions Judge =ရာဘက်စက်ရှင် တရားသူကြီး
Additional District Magistrate = ရာဘက် စက်ရှင်တရားသူကြီး
Government Advocte = တရားရုံးချုပ်ရှေ့နေ
Barrister at Law = ၀တ်လုံတော်ရ
Doctor of Law = ဥပဒေပါရဂူ
Notary Public = စာချုပ်စာတမ်းဆိုင်ရာ ရှေ့နေ
Higher Grade Pleader = အထက်တန်းရှေ့နေ
Lawyer = ရှေ့နေ
Judge / Adjudicator= တရားသူကြီး
Appraiser = ရာဘက်တရားသူကြီး
First Class Power Magistrate = ပထမတန်း အာဏာရတရားသူကြီး
Special Power Magistrate = အထူးအာဏာရ ပြစ်မှုတရားသူကြီး
Higher Authority = အထက်အာဏာပိုင်
Superior Officer = အထက်အရာရှိ
Patron = နာယက
Administration Officer = သင်တန်းအုပ်ချုပ်ရေးမှူး
Jailor = ထောင်မှူး
Accused =တရားခံ
Complaint/ Plaintiff = တရားလို
Petition Clerk = လျှောက်လွှာစာရေး
Bailiff = ဘီလစ်စာရေး
Judicial Office Grade (3) = တရားရေး၀န်ထမ်း အဆင့် ၃
Civil Service = နိုင်ငံ၀န်ထမ်း
Bishop / Arch Bishop = ဂိုဏ်းချုပ်
ရာထူးအခေါ်အဝေါ်များ ၂
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
DD ဒု-ညွှန် Deputy Director
AD လက်ညွှန် Assisant Director
SO ဦးစီး Staff Officer
DSO ဒု-ဦးစီး Deputy Staff Officer
BC ဌာနခွဲစာရေး Branch Clerk
EE အင်ဂျင်နီယာမှူး Executive Engineer
AE လက်ထောက်အင်ယာ Assistant Engineer
SAE အငယ်တန်းအင်ယာ-၂ Sub Assistant Egnr
JE အငယ်တန်းအင်ယာ -၃ Junior Engineer
Director ညွှန်မှူး
DYSE ဒု အင်ယာမှူးကြီး Deputy Superintendent Engineer
ဝန်ထမ်းဝေါဟာရများ
◼◼◼◼◼◼◼◼◼◼◼◼◼◼
လစာနှင့်စရိတ် = pay and allowance
အလုပ်သင်= under-training
အစမ်းခန့် = probation
ရာထူးအနွယ် = lien
ချိန်နှုန်းလစာ = time - scale pay
ပုံသေလစာ = fixed pay
ကနဦးလစာ= initial pay
လုပ်ခ = wages
လစာနှုန်း= pay - scale
အမြင့်ဆုံးလစာ = maximum pay
အနိမ့်ဆုံးလစာ= minimum pay
နှစ်တိုး = increment
ဒေသစရိတ်= compensatory local allowance
အလုပ်ခွင်စည်းကမ်း = Conditions of work
အလုပ်ချိန်စည်းကမ်း = Conditions during working hours
ဌာနဆိုင်ရာအရေးယူခြင်း = Departmental Action
အယူခံပိုင်ခွင့် = Right of Appeal
စွဲချက်တင်ခြင်း = Charge
စည်းကမ်း = Discipline
ကျင့်ဝတ် = Conduct
ဂရုဏာကြေး = Compassionate Allowance
ခန့်ပိုင်ခွင့်ရှိသူ = Appointing Authority
......................
ခွင့်အမျိုးအစားများ နှင့် ပင်စင်အမျိုးအစားများ ကို မြန်မာ၊အင်္ဂလိပ် နှစ်မျိုး
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼
(၁)ရှောင်တခင်ခွင့် (Casual Leave)
(၂)ကူးစက်ရောဂါကာကွယ်ခွင့် (Quarantine Leave)
(၃)လုပ်သက်ခွင့် (Earned Leave)
(၄)ဆေးလက်မှတ်ခွင့်(Medical Leave)
(၅)လစာမဲ့ခွင့် (Leave Without Pay)
(၆)မီးဖွားခွင့် (Meternity Leave)
(၇)အထူးမသန်စွမ်းခွင့် (Special Disability Leave)
(၈)ဆေးရုံခွင့် (Hospital Leave)
(၉)သင်္ဘောသားနာမကျန်းခွင့် (Seaman' Sick Leave)
(၁၀)ပညာလေ့လာဆည်းပူးခွင့် (Study Leave)
ပင်စင်အမျိုးအစားများ
(၁)သက်ပြည့်ပင်စင် (superannuation pension)
(၂)နှစ်ပြည့်ပင်စင် (retiring pension)
(၃)နာမကျန်းပင်စင်(invalid pension)
(၄)လျော်ကြေးပင်စင်(compensation pension)
(၅)အထူးပင်စင်( extraordinary pension)
(၆)မိသားစုပင်စင် (family pension)
(၇)လျှော့ပေါ့ပင်စင် (reduction pension)

မေးခွန်းဖွဲ့နည်း (ထိုင်းစကားပြော)

 



ဆန့်ကျင်ဖက် ထိုင်း စကားလုံးများ

 




မြတ်စွာဘုရားခေတ် မဟာသာ၀ကကြီးများ

အရှင်ကောဏ္ဍည
ထူးခြားချက်ကတော့ သက်တော်အကြီးဆုံးပဲ
မုတ်ဆိတ်တောင် ဖြူနေတဲ့အပြင် ဇရာကလည်း မျက်နှာမှာ အထင်အရှားပေါ်နေတယ်
အရှင်မဟာကဿပ
ကျိကျိတက်ချမ်းသာတဲ့ သူဌေးဘဝကနေ လာခဲ့တဲ့ ခံ့ညားတဲ့ရုပ်သွင်ရှိတယ်
ခေါင်းတော်ကို သာမန်ရဟန်းတော်တွေကို ရေးဆွဲသလို သာမန်ဆွဲမထားဘူး
ဘုရားရဲ့ နေရာမှာ တာဝန်ယူခဲ့ရသူမို့ ဘုရားရဲ့ ဥသျှောင်လို ယောင်ယောင်လေး ထင်သာရုံ ဆွဲထားတယ်
အရှင်ပိလိန္ဒဝစ္ဆ
အရှင်ကောဏ္ဍညနဲ့ အသက်သိပ်မကွာပေမယ့် ဝါကတော့ ငယ်တယ်
ဘဝ ငါးရာဆက်တိုက် ပုဏ္ဏားဖြစ်ခဲ့တဲ့အပြင် ဒီဘဝအထိ ဗြဟ္မဇာတ်မှာ မွေးတော့
ကျန်လူမျိုးတိုင်းကို အောက်တန်းစားထင်တဲ့ ဝါသနာက မျက်နှာတော်မှာ ပေါ်နေတယ်
ရဟန္တာဖြစ်ပေမယ့် တွေ့သမျှလူကို အောက်တန်းစားလို့ပဲ ခေါ်တယ်
အခေါ်မခံချင်ရင် ရှောင်နေကျ
နတ်တွေကတော့ သူ့ကို သိပ်ချစ်တယ်
အရှင်ကာဠုဒါယီ
ဘုရားနဲ့ ဖွားဖက်တော်
နာမည်ရင်းက ဥဒါယီ
အသားမဲလို့ အမည်းဟောတဲ့ ကာဠ-သဒ္ဒါနဲ့ပေါင်းပြီး
ကာဠုဒါယီ ဖြစ်လာသူ
မျက်နှာချိုသလို အပြောအဆိုလည်း နူးညံ့တယ်
ဘုရားကို တိုင်းပြည်ပြန်အောင်ခေါ်နိုင်တဲ့ သီချင်း ရေးခဲ့သူ
ဘုရားအလောင်းတော်နဲ့ ယသောဓရာမင်းသမီးကိုလည်း သူပဲ တောင်းရမ်းပေးခဲ့တာ
အရှင်ရာဟုလာ
ဘုရားရဲ့သားလို့ ပြောစရာမလိုဘူး
ကြည့်လိုက်တာနဲ့ ဘုရားနဲ့ တစ်ပုံစံတည်းပဲ
လက္ခဏာတော် ကြီးငယ်အသွယ်သွယ်ကအစ တစ်ပုံစံတည်း တူတာ
ဒါကြောင့် သူ့ကိုလည်း စကြာမင်းလောင်းလို့ နိမိတ်ဖတ်ခံရတာ
သက်တော် ဝါတော် ငယ်ငယ်လေးနဲ့ ပရိနိဗ္ဗာန်စံခဲ့တယ်
ပရိနိဗ္ဗာန်စံရာ ဒေသက တာဝတိံသာ နတ်ပြည်မှာ
ဒါကြောင့် ပုံထဲမှာ ဘေးက နတ်တွေ ရံပေးထားတာ
လူ့ပြည်မှာရှိနေတဲ့ ရှင်ရာဟုလာဓာတ်တော်ဆိုတာတော့ စိတ်ဝင်စားစရာပဲ

အရှင်နန္ဒ
ဘုရားရဲ့ ညီအရင်းဆိုတာ မပြောဘဲသိတယ် ရုတ်တရက်ကြည့်ရင် ဘုရားမှ ဘုရားပဲ
သူလည်း စကြာမင်းလောင်း လက္ခဏာနဲ့ ပြည့်စုံတယ်
သူ့ကို ဘုရားနဲ့မှားပြီး ဝိုင်းကန်တော့လွန်းလို့
ဘုရားနဲ့ တခြားရဟန်းတွေ သင်္ကန်းပုံစံခြင်း ခွဲခြားသတ်မှတ်ခဲ့ရသေးတယ်

အရှင်အဿဇိ
သက်တော် ဝါတော် မငယ်ဘူး
ပဉ္စဝဂ္ဂီမှာ အငယ်ဆုံးဆိုပေမယ့်
တခြားရဟန်းတွေနဲ့ယှဉ်ရင်တော့ အတော်ကြီးတယ်
ဘေးမှာရှိတဲ့ လူငယ်လေးက အရှင်သာရိပုတ္တရာဖြစ်လာမယ့် ဥပတိဿပရိဗိုဇ်ပဲ

မလ္လာမင်းရဲ့သား အရှင်ဒဗ္ဗ
လက်ချောင်းကနေ အလင်းရောင်ထွက်နေတယ်
သူကတော့ မွေးကတည်းက မေထုန်နဲ့ပက်သက်လို့ အိပ်မက်တောင် မမက်ဖူးပါဘူးလို့ ရဲရဲဝံ့ဝံ့ပြောရဲတဲ့သူပါ
၇နှစ်သားမှာ ရဟန္တာဖြစ်ခဲ့တာ
အာဂန္တုရဟန်းတွေကို နေရာချထားရေးတာဝန်ယူတာပေါ့
ညဘက်ရောက်လာတဲ့သူတွေက သူ့လက်က အလင်းရောင်ထုတ်ပြီး နေရာပြပေး ချပေးလို့
သူ့တန်ခိုး မြင်ချင်တာနဲ့ပဲ ညဘက်မှ ရောက်လာတဲ့ ရဟန်းတွေ မနည်းဘူး

အရှင်ဥပဝါဏ
ပါဠိစာပေမှာ အရှင်အာနန္ဒာအပြင် မြတ်စွာဘုရားကို အမြဲနေအလုပ်အကျွေးပြုတဲ့ နောက်ထပ် ရဟန်းတစ်ပါးပဲ
ဘုရားပရိနိဗ္ဗာန်စံခါနီးအထိ အနားမှာရှိတယ်
လက်ထဲမှာကိုင်ထားတဲ့ သားမြီးယပ်က ဘုရားကို ယပ်ခပ်ပေးဖို့ ဆောင်ထားတာ
သုတ္တန်တွေမှာ ထိုအခါ အရှင်ဥပဝါဏသည် မြတ်စွာဘုရား၏ နောက်တော်ပါးမှ မြတ်စွာဘုရားကို ယပ်လေခပ်လျက် ရှိပါသည်လို့ တွေ့ရလေ့ရှိတယ်
သူ့ရဲ့ခန္ဓာကိုယ်က ဒိဗ္ဗစက္ခုတောင် ဖောက်ကြည့်လို့ မရအောင် တန်ခိုးကြီးတယ်

အရှင်အင်္ဂုလိမာလ
​ထိပ်ပေါက် ခေါင်းကွဲလေးက အသက်ပဲ
ရဟန်းပြုပြီးတော့ တုတ်ဆွမ်း ခဲဆွမ်းပဲရတယ်
နဖူးပေါ်ကဟာကတော့ ဘယ်သူတော်ကောင်းရဲ့ လက်ချက်ရယ် မသိ
ပန်းချီဆရာကတော့ ကြောက်စရာကောင်းအောင် ကြောက်စရာမကောင်းအောင် ရသနှစ်မျိုးထွက်အောင် ဆွဲတတ်ပါပေရဲ့

အရှင်စုန္ဒ
မျက်နှာတော်က အရှင်သာရိပုတ္တရာနဲ့ ခပ်ဆင်ဆင်
အရှင်သာရိပုတ္တရာရဲ့ ညီအရင်း
လက်ထဲမှာ ကိုင်ထားတဲ့ အရောင်ထွက်နေတဲ့သပိတ်က အရှင်သာရိပုတ္တရာရဲ့ ဓာတ်တော်သပိတ်ပဲ
အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံချိန် အနီးကပ် သူပဲ ပြုစုတာ
ကြွင်းကျန်တဲ့ ဓာတ်တော်ကို ဘုရားဆီ သယ်လာပေးတာ
ဓာတ်တော်ဆိုပေမယ့် အရိုးတွေပါ

အရှင်ဗာဟိယဒါရုစီရိယ
သပိတ်အကွဲ သင်္ကန်းအစုတ် (ပျဉ်ချပ်သင်္ကန်း)နဲ့
မြတ်စွာဘုရားရဲ့ သာဝကကြီးတွေထဲမှာ
တစ်ပါးတည်းသော ဆံရှည်ကိုယ်တော်ပေါ့
ရဟန်းမခံခင်ပဲ ကျွဲခတ်လို့ ပရိနိဗ္ဗာန်စံသွားတာ
အဋ္ဌကထာမှာတော့ လူရဟန္တာလို့ ဆိုတယ်
ပါဠိတော်အရတော့ ရဟန္တာဖြစ်ရင် ရဟန်းဖြစ်သွားတာပါပဲ
ဘုရားက သူ့ကို ရဟန်းလို့ပဲ ခေါ်ခဲ့တယ်

အရှင်ပုဏ္ဏ
သုနာပရန္တတိုင်းသား
အိန္ဒိယကလည်း သုနာပရန္တဇနပုဒ်ရှိလို့ သူတို့နိုင်ငံသားတဲ့
သီဟိုဠ်ကလည်း သုနာပရန္တရွာရှိလို့ သူတို့နိုင်ငံသားတဲ့
မြန်မာကလည်း မကွေးနယ်ရဲ့ ရှေးနာမည်က သုနာပရန္တမို့ ငါတို့နိုင်ငံသားတဲ့
အရှင်ပုဏ္ဏ ရွာပြန်မယ်ဆိုတော့ ဘုရားက တားတယ်
ရဟန္တာကိုတောင် သေအောင်သတ်လောက်တဲ့အထိ ရိုင်းတဲ့နယ်လို့ ဆိုတော့က
မြန်မာပြည်ဖြစ်ဖို့ သေချာပါတယ်

အရှင်သီဝလီ
လာဘ်လာဘကတော့ ပြိုင်စံရှားပဲ
ဘုရားနဲ့ သံဃာငါးရာတို့ အရှင်သာရိပုတ္တရာရဲ့ညီ အရှင်ရေဝတဆီသွားတော့
လူမရှိတဲ့နေရာကနေ ဖြတ်သွားရတယ်
​လမ်းမှာ နတ်တွေက ဘုရား ဘယ်မှာလဲ မမေးဘူး
ရှင်သီဝလိဘယ်မှာလဲချည့် မေးကြတယ်
တစ်လမ်းလုံး သံဃာငါးရာစာ ပေါများလှတဲ့ ဆွမ်းကွမ်းတွေကို ဘုရားက ငါ့ဘုန်းကံမဟုတ်ဘူး သီဝလိဘုန်းကံ လို့ ပွင့်ပွင့်လင်းလင်း မိန့်တော်မူခဲ့တယ်
ရှင်သီဝလိနဲ့ သူငယ်ချင်းတစ်စု ခရီးထွက်ရင် ဘယ်တော့မှ ဆွမ်းကွမ်းမခက်ခဲဘူး
ခရီးကအပြန် ရှင်သီဝလိ ပရိနိဗ္ဗာန်စံတော့ ရှင်သီဝလိရဲ့ အရိုးဓာတ်တော် ပင့်လာတာနဲ့တင်ကို လာဘ်လာဘက ပြည့်စုံတယ်တဲ့




အရှင်လကုဏ္ဍကဘဒ္ဒိယ
ကဿပဘုရားရဲ့ ဓာတ်တော်စေတီကို ၇ယူဇနာတည်ကြမယ်ဆိုတော့
စေတီကြီးရင် ပိုက်ဆံလည်းကုန်တယ် သန့်ရှင်းရေးလုပ်ရတာလည်း မသက်သာဘူး

လူအများ သက်သာစိမ့်သောငှာ စေတီကို တစ်ယူဇနာပဲတည်ပါလို့

မတိုင်းတာအပ်တဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို တိုင်းတာခဲ့တဲ့ အကုသိုလ်ကြောင့်
ဒီဘဝမှာ မဝင်စားဖူးတဲ့ သမာပတ်မရှိအောင် တန်ခိုးကြီးတဲ့ ရဟန္တာဖြစ်လာတာတောင် ပုပြတ်ပြတ် ရုပ်ဆိုးဆိုး ဖြစ်ရတယ်တဲ့

ဒီမထေရ်ကိုလည်း ဒီလို ပုတိုတိုလေးပဲ ပူဇော်ထားပါတယ်

အခုလည်း ဘုရားကို ဟာသလုပ်နေတဲ့သူတွေ ကံပြုတုန်းပြုံးသလို ကံအကျိုးပေးတဲ့အချိန်လည်း ပြုံးနိုင်ကြပါစေဗျ
ဆရာတော် 

၏ facebook page မှ ကူးယူပူဇော်ပါသည်


 

Thursday, 18 March 2021

"ကင်းပုစွန်( ခေါ်) ပကန်း "


 ကင်းပုစွန်များမှာ အခွံမာရေနေသတ္တဝါ (Crustaceans)အုပ်စုတွင် ပါဝင်ပါသည်။ ကင်းပုစွန်ကို အင်္ဂလိပ်နာမည် - Mantis Shrimp ဟုခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Harpiosquilla sp ဟု သိရသည်။မြိတ်ဒေသအခေါ်မှာ "ပကန်း"ဟုသိရပါ

သည်။
ကင်းနှင့်တူလို့ 'ကင်းပုစွန်' ဟု ခေါ်ဆိုကြပြီး "ကင်းမြီးကောက်၏အမြီးနှင့် တူသောအမြီး၊ ပုစွန်လက်မနှင့်တူသောလက်မသဏ္ဍာန် ရှိသည့်ကင်း" ဟူ၍ သိရပါသည်။
ကမ္ဘာပေါ်တွင် ကင်းပုစွန်မျိုးစိတ်ပေါင်း (၄၅၀)ကျော်ခန့် ရှိကြသည်ကို မှတ်တမ်းများအရ
သိရပါသည်။ မြန်မာနိုင်ငံတွင် ကင်းပုစွန်(၇)မျိုးခန့် တွေ့ရပြီး ဒေသအခေါ်အရ အဝါ၊ အစိမ်း၊ အနီ၊ အဖြူ၊ အညို၊ လိမ္မော်၊ ခရမ်း ဟူ၍ ဖြစ်ပါသည်။ ထို(၇)မျိုးတွင်မှ အစိမ်းနှင့် အနီ နှစ်မျိုးကို ပိုမိုတွေ့ရှိရပါသည်။ ကင်းပုစွန်အစိမ်းရောင်ကို အထီး၊ အမ ခွဲခြားဝယ်ယူကြပြီး အနီမျိုးကိုမူ အထီး၊ အမ မခွဲခြားဘဲ ဝယ်ယူကြပါသည်။
ကင်းပုစွန်ကို အထီး၊ အမ ခွဲခြားရာတွင် လက်ညှပ်တိုပြီး ဝနေလျှင် အမ၊ လက်ညှပ်ရှည်ပြီး ပိန်နေလျှင် အထီး ဖြစ်သည်ဟု သိရပါသည်။ မြိတ်၊ ရခိုင်၊ ဧရာဝတီဘက်တွင် ကင်းပုစွန်များကို ပိုမိုတွေ့ရလေ့ရှိပြီး မွန်ပြည်နယ်တွင်လည်း အဝါနှင့်အစိမ်း ၂မျိုးကို တွေ့ရှိရပါသည်။
ကင်းပုစွန် (Mantis Shrimp )များမှာ တန်ဖိုးကြီးလှသလို ရှားလည်းရှားပါးလှပါသည်။ ကင်းပုစွန်ကို ကျားပိုက်၊ သုံးထပ်ပိုက်များတွင် ရမိကြသလို၊ ဒီရေတောစပ်နှင့် ရွှံ့နွံတွင်းများထဲမှ လက်နှိုက်၍ ဖမ်းဆီးခြင်းဖြင့်လည်း ရမိတတ်ကြပါသည်။ နိုဝင်ဘာလမှ မေလအထိ ရမိတတ်ကြပြီး အထူးသဖြင့် ဆောင်းတွင်းဘက် အအေးများချိန်၌ ပို၍ ရမိတတ်ကြပါသည်။
ကင်းပုစွန်ကို ပင်လယ်ပိုင်းနှင့် ရွှံ့နွံထူသော ကမ်းခြေရေပြင်တွင် တွေ့ရများပါသည်။ အောက်ခြေရွှံ့နွံတွင်းများတွင်လည်း နေလေ့ရှိကြသည်။ အစာရှာဖို့အတွက် တွင်းထဲမှ အပြင်သို့ ထွက်လေ့ရှိသည်။ ညဖက်ပိုင်းတွင် အစာရှာ ထွက်လေ့ရှိသည်။ ရေအနက် ပေ(၄၀)ခန့်အထိ ကင်းပုစွန်များကို မြင်တွေ့နိုင်ကြသည်။
ကင်းပုစွန်များမှာ ခြေထောက်(၅)စုံပါရှိကြပြီး လက်တွင်ရှိသော ညှပ်မှာ ကြီးမားရှည်လျားကြသည်။ ညှပ်အတွင်း၌ လွှသွားပုံ ဆူးအထစ်များ ရှိသည်။ ကင်းပုစွန်များမှာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် မျိုးပွားသားပေါက်ကြသဖြင့် ထိုကာလ၌ ကင်းပုစွန် ဖမ်းဆီးရောင်းဝယ်စုဆောင်းခြင်းမပြုရန် ပိတ်ပင်ကာလလည်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသများတွင် ကင်းပုစွန်ဖမ်းသည့် ရေလုပ်ငန်းကို 'ကင်းပိုက်' လုပ်ငန်း ဟုလည်း ခေါ်ကြသည်။
ကင်းပုစွန်များမှာလည်း ဈေးကောင်းလှပါသည်။ ကင်းပုစွန်နှင့် ပတ်သက်၍ နာမည်ကြီး ဟင်းလျာများမှာ ကင်းပုစွန်ပေါင်း၊ ကင်းပုစွန်ကင်၊ ကင်းပုစွန်သုပ် တို့ဖြစ်ကြပါသည်။ ကင်းပုစွန်အခွံကိုလည်း ရုံးခန်း၊ ဧည့်ခန်းများတွင် အလှဆင်ပစ္စည်းအဖြစ် ချိတ်ဆွဲထားလေ့ ရှိကြပါသည်။
ရေးသားသူ- နှင်းဖြူဖြူ (DOF)

Saturday, 12 December 2020

ကျနော်အကြိုက်ဆုံး ဂျက်မားရဲ့ အရည်အချင်းတစ်ခု

 


ဂျက်မားဆိုတာ လခ ၁၅ ဒေါ်လာရတဲ့ တက္ကသိုလ်ဆရာအလုပ်ကနေ အလုပ်ထွက်ပြီး မိတ်ဆွေ ၁၇ ယောက်ပေါင်းလို့ ဒေါ်လာ ၆ သောင်းနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီအသေးလေး အလီဘာဘာကိုထူထောင်ခဲ့ရာက ဒေါ်လာ ဘီလီယံ ၂၃၀ တန်တဲ့ ကမ္ဘာကျော် ဘီလျံနာကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့သလို သူကိုယ်တိုင်လည်း ဒေါ်လာ ၂၅ ဘီလီယံ ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်ဆိုတာ လူအတော်များများ သိပြီးနေကြပါပြီ။

ဒီလောက် အောင်မြင်ကြီးကျယ်တဲ့ အလုပ်ကြီးကို လုပ်ခဲ့သူမို့ သူ့မှာ သာမန်လူတွေမှာ မရှိတဲ့ အရည်အချင်းများစွာ ရှိနေတယ်ဆိုတာ ငြင်းလို့ မရပါ။ အဲဒီအရည်အချင်းတွေကို "ဂျက်မားနှင့် အလီဘာဘာ"စာအုပ်မှာ တွေ့မြင်ဖတ်ရှုနိုင်ပါတယ်။

စာရေးသူကို သူ့အရည်အချင်းတွေထဲက ဘယ်ဟာကို အကြိုက်ဆုံးလဲလို့ မေးလာခဲ့ရင် ဒီအရည်အချင်းကို အကြိုက်ဆုံးပါလို့ ဖြေချင်ပါတယ်။ အဲဒါက "သူဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေကနေ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူလိုက်ခြင်းပါ"။ အဲဒီအရည်အချင်းကို ဥပမာ ၂ ခုနဲ့ ရှင်းပြထားပါတယ်။

ဂျက်မားဟာ အသက် ၁၂ နှစ်သားလောက်မှာ အင်္ဂလိပ်စာကို စိတ်ဝင်စားသွားပြီး အင်္ဂလိပ်စာနဲ့ စကားပြောကို အရမ်းတတ်ချင်လာတယ်။ ဒါပေမဲ့ သူ့မြို့မှာ အင်္ဂလိပ်စာ သင်ဖို့ အခြေအနေ မပေးဘူး။ ကျောင်းတွေမှာ အင်္ဂလိပ်စာကို လုံးဝသင်မပေးဘူး။ တမြို့လုံးမှာ အင်္ဂလိပ်စာတတ်သူ တစ်ယောက်မှ မရှိသလို အင်္ဂလိပ်စာအုပ် တစ်အုပ်မှလည်း မရှိဘူး။ မော်စီတုန်းရဲ့ ကွန်မြူနစ်အစိုးရလက်ထက်ဆိုတော့ နိုင်ငံခြားသား၊ နိုင်ငံခြားဘာသာတွေကို အားမပေးတဲ့ အချိန်ပါ။ သာမန်လူတွေအတွက် ဒီလိုအခြေအနေဟာ အင်္ဂလိပ်စာသင်ဖို့ လက်လျှော့လိုက်မှာပါ။ ဒါပေမဲ့ ဂျက်မား ဘာလုပ်သလဲ။

နေ့တိုင်း မနက်အစောကြီး ထပြီး မြို့လယ်က နိုင်ငံခြားသား တိုးရစ်တွေနေတဲ့ ဟိုတယ်တစ်ခုကို သွားတယ်။ တိုးရစ်တွေကို သူတို့သွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးတယ်။ သူတို့ဆီက ပိုက်ဆံမယူဘူး။ သူ့ကို အင်္ဂလိပ်စာနဲ့ စကားပြော ပြန်သင်ပေးဖို့ အပေးအယူလုပ်တယ်။ တိုးရစ်တွေကလည်း သူ့ရဲ့သွက်လက်ချက်ချာဖေါ်ရွေမှုကို သဘောကျပြီး အင်္ဂလိပ်စာကို ပြန်သင်ပေးကြတယ်။ မနက်တိုင်း တိုးရစ်တွေကို လိုက်ပို့ပြီးမှ ကျောင်းကို သွားတယ်။ အဲဒီလို မိုးရွာရွာ၊ နေပူပူ၊ နှင်းပဲကျကျ နေ့စဉ်မပျက်မကွက် တိုးရစ်တွေဆီက စာသင်ခဲ့တာ ၉ နှစ်တိုင်တိုင်ကြာခဲ့တယ်။ အင်္ဂလိပ်စာကြောင့် နောင်မှာ သူ့ဘဝအခြေအနေ အများကြီး ပြောင်းလဲသွားခဲ့တယ်။

အဲဒါက ဂျက်မားရဲ့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူသွားတဲ့ အရည်အချင်းကိုပြတဲ့ ဥပမာတစ်ခုပါ။

၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ သူဟာ အမေရိကန်နိုင်ငံ စီယေးတားမြို့ကို ခဏရောက်သွားတယ်။ အဲဒီမှာကျမှ သူဟာ အင်တာနက်ကို မြင်ဖူးတယ်။ အင်တာနက်သုံးပြီး တရုတ်ကုမ္ပဏီတွေနဲ့ အနောက်နိုင်ငံက ကုမ္ပဏီတွေကြား ဆက်သွယ်ပေးမယ့် လုပ်ငန်းလုပ်ဖို့ အကြံရတယ်။ ဒါပေမဲ့ ခက်တာက တရုတ်နိုင်ငံမှာ အင်တာနက် လုံးဝမရသေးဘူး။ သာမန်လူတွေအဖို့ အင်တာနက်မရှိတဲ့နိုင်ငံမှာ အင်တာနက်လုပ်ငန်းလုပ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်လို့ လက်လျှော့လိုက်ကြမှာပါ။ ဒီအခြေအနေမှာ ဂျက်မား ဘာလုပ်သလဲ။

သူ တရုတ်နိုင်ငံကို ပြန်ရောက်တာနဲ့ သူလုပ်နေတဲ့ တက္ကသိုလ်ဆရာအလုပ်က နူတ်ထွက်လိုက်တယ်။ Hope ဘာသာပြန်ကုမ္ပဏီ ထောင်လိုက်တယ်။ တရုတ်ပြည်က ကုမ္ပဏီသေးလေးတွေအကြောင်းကို အင်္ဂလိပ်စာနဲ့ ရေးတယ်။ အဲဒီကုမ္ပဏီလေးတွေဆီကို သွားပြီး သူတို့ ဘာလုပ်ငန်းလုပ်တယ်၊ ဘာပစ္စည်းတွေရောင်းတယ်၊ ပစ္စည်းစျေးနူန်းတွေက ဘယ်လောက်လဲ၊ ကုမ္ပဏီကို ဆက်သွယ်ရမယ့် လူတွေရဲ့ နာမည်၊ ဖုန်းနံပါတ်၊ ကုမ္ပဏီလိပ်စာတွေကို စာရင်းလိုက်ကောက်ယူတယ်။ သူတို့ ရောင်းချတဲ့ ပစ္စည်းတွေကိုလည်း ဓါတ်ပုံ ရိုက်ယူလာတယ်။ ရလာတဲ့ အချက်အလက်တွေကို အင်္ဂလိပ်လို ဘာသာပြန်ရေးလိုက်ယ်။ ရေးပြီးသားစာတွေနဲ့ ပစ္စည်းဓါတ်ပုံတွေကို စီယေးတားမှာ နေတဲ့ သူ့ပါတနာ စတူးဝပ်ဆီကို စာတိုက်ကနေ ပို့ပေးလိုက်တယ်။ စတူးဝပ်က အဲဒီအချက်အလက်၊ ဓါတ်ပုံတွေကို ဂျက်မားအတွက် တည်ဆောက်ထားတဲ့ Hope ဘာသာပြန်ဝက်ဆိုဒ်ပေါ်ကို အင်တာနက်ကနေ တင်ပေးလိုက်တယ်။ ဒါကြောင့် နိုင်ငံတကာက ကုန်သည်တွေဟာ တရုတ်နိုင်ငံက ကုမ္ပဏီသေးလေးတွေကို သိလာကြတယ်။

ဒါကလည်း ဂျက်မားရဲ့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ယူသွားတဲ့ အရည်အချင်းကိုပြတဲ့ နောက်ဥပမာတစ်ခုပါ။

ဗန်းမော်သိန်းဖေ
၁၁-၁၂-၂၀၁၆

Saturday, 5 December 2020

ဆောင်းရာသီမှာ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်များ

 ရာသီဥတုပြောင်းလဲခြင်းနှင့်အတူ တစ်ခါတစ်ရံ နွေးပြီး တစ်ခါတစ်ရံ စိတ်ကျေနပ်ဖွယ် အပူချိန်ပြောင်းလဲမှုများ နေ့တိုင်းကြုံတွေ့နေရသည်။ ရာသီဥတုအေးလာခြင်းနှင့်အတူ ဆောင်းရာသီတွင် ကာကွယ်သင့်သည့် ကျန်းမာရေးအခြေအနေ အနည်းငယ်ရှိသည်။ ထို့ကြောင့် ဆောင်းရာသီတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဗီတာမင်များကို ဖော်ပြပေးလိုက်ပါသည်။


ဆောင်း၀င်လာလျှင် အအေးမိ၊ ချောင်းဆိုး၊ ငှက်ဖျားနှင့် တုပ်ကွေးရောဂါတို့ကဲ့သို့ ကူးစက်ရောဂါများဖြစ်တတ်ကြသည်။ ဗီတာမင်စီတွင် သဘာ၀အတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါ၀င်သဖြင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သည်။ ဗီတာမင်စီတွင် ခန္ဓာကိုယ်၏ အရိုးအဆစ်များ၌ တွေ့ရသော ပရိုတိန်းဓာတ်ကို အားကောင်းစေနိုင်သည့်ပစ္စည်းပါ၀င်ပြီး အရေပြားတည်ဆောက်မှုကို အကူအညီပေးနိုင်သည်။ လိမ္မော်သီး၊ ရှောက်ချိုသီး၊ သံပရာသီးတို့ကဲ့သို့ အချဉ်ဓာတ်ပါ၀င်သော သစ်သီးများအပြင် စွန်ပလွံသီးနှင့် ပင်စိမ်းစေ့တို့ကဲ့သို့ ဟင်းသီးဟင်းရွက်များတွင် ဗီတာမင်စီပါ၀င်သည်။ ယနေ့ခေတ်တွင် အသင့်ဝါးစားနိုင်သော ဗီတာမင်စီဆေးလုံးများကို ဆေးဆိုင်များ၌ ၀ယ်ယူရရှိနိုင်သည်။

ဗီတာမင်ဒီကို ခန္ဓာကိုယ်က အမြဲလိုအပ်သော်လည်း ဆောင်းရာသီတွင် အပူချိန်ကျဆင်းမှုကြောင့် ခန္ဓာကိုယ်က ဗီတာမင်ဒီကိုပို၍လိုအပ်သည်။ နေရောင်အောက် ခဏကြာထွက်ပေးရန်မှာ အလွန်အရေးကြီးသည်။ ဆောင်းရာသီအတွင်း အရိုးများ ထိခိုက်တတ်ပြီး လူများစွာမှာ ဆောင်းရာသီအတွင်း အဆစ်နာကျင်မှု ဝေဒနာများခံစားရလေ့ရှိသည်။ ထို့ကြောင့် လုံလောက်သော ဗီတာမင်ဒီသောက်သုံးရန် လိုအပ်သည်။ အသက် (၇၀) အောက် လူတစ်ယောက်အနေဖြင့် တစ်နေ့လျှင် အနည်းဆုံးမိနစ် ၃၀ ခန့် အထူးသဖြင့် နံနက်စောစော နေရောင်နှင့်ထိတွေ့ပေးရန်လိုကြောင်းဆရာ၀န်များက ပြောသည်။

နေရောင်ခြည် ထိတွေ့ပေးခြင်းဖြင့် ဗီတာမင်ဒီရရှိနိုင်သော်လည်း ဗီတာမင်ဒီပါ၀င်သော နို့နှင့် နှံစားသီးနှံဖြင့် ပြုလုပ်ထားသော စားစရာများ စားပေးရန် လိုအပ်သည်။

ဗီတာမင်အီးတွင် စိုစွတ်စေသော ဓာတ်ပစ္စည်းများပါ၀င်သဖြင့် အသားအရေအတွက် အထောက်အကူပြုသည်။ ဆောင်းရာသီတွင် အရေပြားများ ခြောက်သွေ့လေ့ရှိသောကြောင့် ခန္ဓာကိုယ်အတွက် ဗီတာမင်အီးလိုအပ်သည်။

အသားနှင့် ငါးတို့အပြင် ဒေါက်ခွရွက်၊ ပန်းဂေါ်ဖီစိမ်းတို့ကဲ့သို့ ဟင်း သီးဟင်းရွက်များတွင် ဗီတာမင်အီးပါ၀င်သည်။ ထို့ပြင် မန်ကျည်းသီးကဲ့ သို့ အခွံမာသီးများတွင်လည်း ဗီတာမင်အီး ပါ၀င်သည်။

ဆောင်းရာသီအတွင်း ဗီတာမင်ဘီ-၁ မှ ဘီ-၁၂ အထိ ဗီတာမင်ဘီ အုပ်စုများ ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်သည်။ ဥပမာ ဗီတာမင် ဘီ-၆ ကို အသားအရည် နူးညံ့ချောမွေ့စေရန်နှင့် နှုတ်ခမ်းကွဲခြင်း ကာကွယ်ရန် သောက်သုံးနိုင်သည်။ အရေပြားခြောက်သွေ့အက်ကွဲခြင်းများ အတွက်လည်း ဗီတာမင်ဘီအုပ်စုများ သောက်ပေးသင့်သည်။ ဗီတာမင်ဘီအုပ်စုမှာ ဥများ၊ ဟင်းရွက်များ၊ ကြက်အသည်း၊ ငါး စသည်တို့တွင် ပါ၀င်သည်။

အိုမီဂါ ၃ မှာ ဗီတာမင်မဟုတ်သော်လည်း ဆောင်းရာသီအတွင်း အထူးလိုအပ်သော ဓာတ်တစ်မျိုး ဖြစ်သည်။ အိုမီဂါ ၃ ဖက်တီး အက်စစ်များက သွေးအတွင်း ကိုလက်စထရောပါ၀င်မှုကို ထိန်းညှိ ပေးသဖြင့် ခန္ဓာကိုယ်ကျန်းမာနေစေရန် အထောက်အကူပြုသည်။အိုမီဂါ ၃ က အကြောအခြင် တောင့်တင်းခြင်းနှင့် အဆစ်နာခြင်းတို့ကိုလည်း သိသိသာသာ လျှော့ချပေးသည်။ ခန္ဓာကိုယ်ထဲရှိ ကယ်လ်ဆီယမ်ပါ၀င်မှုကို အားကောင်းစေပြီး အရိုးများအားကောင်းစေရန်လည်း အထောက်အကူပြု သည်။ နှမ်းကြတ်စေ့များတွင် အိုမီဂါ ၃ ဖက်တီးအက်စစ်များ ကြွယ်၀ စွာပါ၀င်ပြီး ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါးသေတ္တာငါးတို့တွင်လည်း အိုမီဂါ ၃ ဖက်တီးအက်စစ်များ ပါ၀င်သည်။

Credit : 7 Day Journal