Friday, 6 September 2024

စျေးကွက် ရေ ပစ္စည်း အခေါ်ဝေါ် များ (P&S)

yourdictionary.com

ဒီတစ်ခေါက် ညွှန်းပေးချင်တဲ့ reference ရတနာသိုက်တစ်ခုကတော့ yourdictionary.com ဖြစ်ပါတယ်။ တကယ်အဓိကညွှန်ပေးချင်တာက အဲဒီ အဘိဓာန် website မဟုတ်ပါဘူး။ အဲဒီ website ကိုသွားလိုက်ရင် သူ့ရဲ့ ပင်မ page ရဲ့ tool bar မှာ Dictionary, Thesaurus, Sentences, Examples စသည်ဖြင့် ပြထားတာတွေ့ရလိမ့်မယ်။ အဲဒီအထဲက Examples ဆိုတာကို နှိပ်ကြည့်ပါ။ အဲဒီ Examples ကိုသွားပြီးရင် search လုပ်ဖို့ပေးထားတဲ့နေရာကိုတွေ့ပါလိမ့်မယ်။ https://examples.yourdictionary.com/ အဲဒီမှာ ကိုယ်သိချင်၊ ဖတ်ချင်တဲ့ topic နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ နမူနာတွေကို ရှာပြီး စာဖတ်နိုင်ပါတယ်။ ကဗျာစပ်နည်း လေ့လာနေသူ ကာရံတွေ rhyme တွေ လေ့လာချင်သလား၊ Academic writing လေ့လာချင်သလား၊ အကုန်ရှိပါတယ်။ အင်္ဂလိပ်စာနဲ့စကားကို self-study လေ့လာနေသူများ၊ ဆရာ ဆရာမများပါ ကုန်ကြမ်း၊ class materials၊ မှတ်စု၊ ဆောင်းပါး မျိုးစုံ ရှာဖွေနိုင်ပါတယ်။ ဥပမာ၊ အင်္ဂလိပ်လို speaking မှာ congratulations ဘယ်လိုပြောမလို လေ့လာချင်ရင် search bar မှာ congratulations လို့ရိုက်ထည့်ကြည့်ပါ။ နမူနာဝါကျတွေ၊ ဖတ်စရာတွေ အများကြီး တွေ့ပါလိမ့်မယ်။ စမ်းသပ်တဲ့အနေနဲ့ search မှာmusic လို့ ရိုက်ထည့်ကြည့်ပါ။ Speaking lessons လို့ ရိုက်ထည့်ကြည့်ပါ။ Burma လို့ ရိုက်ထည့်ကြည့်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ရှာရခက်လှတဲ့ reading materials တွေ၊ အခု လူငယ်တွေအတွက်ကတော့ at their finger tips ပါပဲ။ #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း

ခန္ဓာကိုယ်က ထွက်တဲ့ အသံ* တွေကို ဒီလိုသုံးတယ်

4 Years

English စာကို Self study ဒီလိုလုပ်ပါ။

🇺🇸🇬🇧 ကျွန်​တော့်အတွက်​တော့ English စာ​လေ့လာတာဟာ အရမ်းကို​​ပျော်စရာ​ကောင်းပြီး ​ကျေနပ်စရာ​ကောင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။ Skills မျိုးစုံကို မရိုးရ​​အောင်​လေ့လာပြီး ကိုယ့်ရဲ့ English စာကို နည်းလမ်းမျိုးစုံနဲ့ ​လေ့လာနိုင်ပါတယ်။ ဒီ blog ​လေးမှာ​တော့ English စာကို တစ်လလုံး Productive ဖြစ်ဖြစ် ဘယ်လို​လေ့လာရမလဲဆိုတာကို အ​သေးစိတ်​ပြောပြ​ပေးသွားပါမယ်။ ပထမဦးဆုံးအ​နေနဲ့ ကိုယ့်ရဲ့ Level ကိုစစ်​ဖို့ဦးစွာလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆို​တော့ ကိုယ့်ရဲ့ Level ကိုသိတဲ့အခါ ကိုယ်ဆက်ပြီး ​လေ့လာရမယ့် စာ​တွေကို မိမိရဲ့ Level အလိုက် Productive ဖြစ်ဖြစ်နဲ့ ဆက်​လေ့လာနိုင်လို့ပဲ ဖြစ်ပါတယ်။ Level Test စစ်ဖို့ရာ Recommend ​ပေးချင်တာက​တော့ English Score ဆိုတဲ့ Application ​လေးဖြစ်ပါတယ်။ ၄၅ မိနစ်​လောက် ​သေ​သေချာချာအချိန်​ပေးပြီး Grammar Reading နဲ့ Listening ကိုအရင်​ဖြေ​ပေးရမှာ ဖြစ်တာကြောင့် တိတ်ဆိတ်ပြီး အာရုံစိုက်လို့​ကောင်းမယ့် ​နေရာ တစ်​နေရာရာမှာ ​ဖြေဆိုဖို့ အကြံ​ပေးချင်ပါတယ်။ ကိုယ့်ရဲ့ English Level ကိုသိပြီဆိုရင်​တော့ တစ်ပတ်ကို မိမိအဆင်​ပြေမယ့် ရက်က​လေး​တွေ ရယ် အချိန်ရယ်ကို ​သေချာ​ရွေးပြီး ​​မပျက်မကွက်​လေ့လာရမှာဖြစ်ပါတယ်။ ဥပမာ တစ်ခုအ​နေနဲ့ ကျွန်​တော်​လေ့လာတဲ့ပုံစံ​လေးကို Sharing လုပ်​ပေးပါရ​စေ။ ဒီနည်းလမ်း​လေးက ကျွန်​တော့်ရဲ့ အစ်ကို​တွေ အစ်မ​တွေ ဆရာ၊ဆရာမ​တွေ တစ်ဦးချင်းစီက​နေရထားတဲ့ Ideas ​တွေကို​ပေါင်းပြီး ​လေ့လာတဲ့နည်း​လေးဖြစ်လို့ ဦးစွာပထမ ​ကျေးဇူးတင်ထိုက်သူများနှင့် ရို​သေ​လေးစားထိုက်သူများကို ​ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်​တော်က​တော့ တစ်ပတ်ကို ၆ ရက် တစ်နေ့ကို ၄ နာရီ​လောက် အချိန်​ပေးပြီးလေ့လာပါတယ်။ ( ၄ နာရီဆက်တိုက် တစ်ချိန်တည်းလေ့လာတာမျိုးမဟုတ်ပဲ မနက် နေ့လယ် ညနေ ည ဆိုပြီး ခွဲခွဲပြီးလေ့လာရင် ပိုပြီး Focus ထားလေ့လာနိုင်ပါတယ် ) Monday - Reading Tues - Vocabulary Wed - Grammar Thurs - Writing Fri - Listening Sat - Speaking Sun - day off ဆိုပြီး​လေ့လာပါတယ်။ ကိုယ်အဆင်​ပြေတဲ့ရက်မှာ မိမိနှစ်သက်တဲ့ Skill တစ်ခုစီ​ အားလုံး ဘက်စုံ​အောင် လေ့လာဖို့အကြံပြုချင်ပါတယ်။ တစ်ရက်ချင်းစီ ​လေ့လာတဲ့ skill အသီးသီးကိုလည်း ကျွန်​တော်က အရင် input အ​နေနဲ့​လေ့လာတယ်။ပြီးရင် ​လေ့ကျင့်ခန်း​လေး​တွေလုပ်တယ်။ ကိုယ့်အတွက် အသစ်ဖြစ်တဲ့ new vocabulary ​လေး​တွေကို ချ​ရေးပြီး Notebook ​လေးထဲမှာမှတ်ထားတယ်။ပြီးရင် new vocab ​တွေကိုအ​သေးစိတ်​လေ့လာပြီး sentence တစ်ခုထွင်​ရေးကြည့်တယ်၊Example sentence ​တွေကိုလည်း sentencedict.com မှာ ရှာကြည့်ဖြစ်တယ်။ Skill တစ်ခုချင်းစီအလိုက် ​လေ့လာလို့ရမယ့် Websites နမည်​လေး​တွေကိုလည်း​ sharing လုပ်​ပေးချင်ပါတယ်။ Reading - Newsinlevels https://www.newsinlevels.com/ - Breakingnewsenglish https://breakingnewsenglish.com/speed_reading.html - Wikihow https://www.wikihow.com/Main-Page - BBC Learning English https://www.bbc.co.uk/learningenglish/ - British Council English https://learnenglish.britishcouncil.org/ Grammar - learnamericanenglish https://www.learnamericanenglishonline.com/ - BBC Learning English https://www.bbc.co.uk/learningenglish/ - British Council English https://learnenglish.britishcouncil.org/ - Essential Grammar In Use (pdf) book - English Grammar In Use (pdf) book Writing - writeandimprove https://writeandimprove.com/ Vocabulary - Vocab in use series ကို​လေ့လာလို့လည်းရသလို - BBC နဲ့ British Council က​နေလည်း ​လေ့လာနိုင်ပါတယ်။ Speaking - ကျွန်​တော်က​တော့ Conversation Club ​တွေ Join တယ် English Community - esl discussion က​မေးခွန်း​လေး​တွေ​ဖြေကြည့်တယ် https://esldiscussions.com/ - wakie app - club house ​app ​တွေလည်းသုံးပြီး​လေ့ကျင့်နိုင်တယ် - episoden ဆိုတဲ့ Website ​လေးလည်း အဆင်​ပြေပါတယ်။ https://www.episoden.com/main Listening - elllo https://www.elllo.org/ - ted talk https://www.ted.com/talks - youtube - ed.ted.com စတဲ့ website ​လေး​တွေသုံးနိုင်ပါတယ်။ https://ed.ted.com/ Resources ​တွေသိပြီဆို​တော့ ​လေ့လာတဲ့အခါ web အားလုံးကိုအစုံ လိုက်မလုပ်ပဲ တစ်ခုကို​သေချာ​ရွေးပြီး ပုံမှန်လုပ်သွားဖို့အ​ရေးကြီးပါတယ်။ ဟိုလွတ်ဒီလွတ်​တွေမဖြစ်ဖို့နဲ့ ကိုယ့် level နဲ့ကိုက်ညီမယ့်စာ​တွေကိုလည်း ကိုယ်တိုင်​ရွေးချယ်​လေ့လာဖို့ အ​ရေးကြီးလှပါတယ်။ ​ဒီ Blog ​လေးဟာ စာဖတ်သူတို့ကို တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။​နောက်လည်း English စာ​လေ့လာတာနဲ့ ပတ်သတ်ပြီး Blogs ​လေး​တွေ တင်​ပေးပါမယ်။ အကျိုးရှိတယ်ဆိုရင် Like and Share ​လေးလုပ်ပြီး မိမိရဲ့သူငယ်ချင်း​တွေကိုလည်း ​ပြောပြ​ပေးနိုင်ပါတယ်။ ​နောက်ထပ် ​စိတ်ဝင်စားစရာ​ကောင်းတဲ့ Blog ​လေးနဲ့အတူပြန်ဆုံကြပါမယ်။အားလုံးပဲ English စာတိုးတက်ကြပါစေ။ #painglinn_eilliam

Friday, 9 August 2024

ငွေစာရင်းဆိုင်ရာဝေါသာရများ

မြန်မာ - အင်္ဂလိပ် ဘက်ဂျက် - budget ဘဏ္ဍာရေးနှစ်- FiscalYear ရန်ပုံငွေ - Fund ဖြည့်စွက်ခွင့်ပြုငွေ - Result Expenditure ပြုပြင်ပြီးခန့်မှနိးခြေငွေစာရင်း - Revised Estimate ခန့်မှန်းခြေငွေစာရင်း - Budget Estimate ရန်ပုံငွေလွှဲအပ်စာရင်း-Letter of Credit ဘဏ်ခွင့်ပြုငွေ - Drawing Limit ဦးစီးဌာန - Administrative Department သာမန်ရငွေ - Revenue Receive ငွေလုံးငွေရင်းရငွေ - Capital Receive ရိုးရိုးချက် or သာမန်ချက်- Ordinary Cheque မျဉ်းသားချက် - Cross Cheque အထူးမျဉ်းသားချက်- Special cross cheque ခရီးစရိတ် - Travelling Allowance SAC အသုံးစရိတ်တောင်းခံလွှာ - Supply Account Certificate NAC မရှိ/မပြုထောက်ခံချက် - Non Available Certificate သာမန်အသုံးစရိတ်- Revenue Expenditure ငွေလုံးငွေရင်းအသုံးစရိတ်- Capital Expenditure ငွေတိုက်ပုံစံ TF - Treasury Form နောက်ဆုံးထုတ်လစာ LPC - Last - Pay - -Certificate လစာ - Salary စရိတ်ချီးမြှင့်ငွေ-Cost award( Allowance and Award) အသက်အာမခံ- Life Insurance Premium -LIP) အသုံးစရိတ်လချ ုပ် - Supply Account Report စာရင်းမှပယ်ဖျက်ခြင်း- Abrogate Account ( Write out) ၃ လပတ် - Quarterly ၃ လပတ်တိုးတက်မှုစာရင်း - Quarterly Progress အမှာစာ- Indent လချ ုပ်စာရင်း- Monthly Report ပစ္စည်းစာရင်းစာအုပ် - Stoke Book ငွေစာရင်းစာအုပ် - Cash Book တာရှည်ခံပစ္စည်း - Durable Stock ပုံသေပိုင်ပစ္စည်း - Dead Stock

ဆေးစစ်အ​ဖြေလွှာပေါ်က အတိုကောက်စာလုံးများ

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ (နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ) > EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ @ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ ) > Urine RE - ဆီးစစ်တာ @ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ ) >Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ ) >FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ @ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ (အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ) > Alkaline Phosphates - အသည်းစစ်တာ >AFP - အသည်းကင်ဆာစစ်တာ @ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် ) > Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ > BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ @ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် ) > Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ >Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ > HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ > LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို စစ်တာ @ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ) > CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ @ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ >HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ >Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ > Anti HCV - C ပိုးစစ်တာ @( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ) (Chest X-ray) ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ @ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ @ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ > T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ @> HIV - HIV ပိုးစစ်တာ @> VDRL - ကာလသားရောဂါ ပိုး စစ်တာ @> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ @>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ @> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ @> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် ) အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ စတဲ့သူတွေကို စစ်တာ @>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ စစ်ဆေးတာ @> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ @> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ @> AFP - အသည်းကင်ဆာ စစ်တာ @> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ @> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ @> CRP ( C Reactive Protein) - သွေးကြောရောင် ်ကိုင်းတာကို စစ်တာ . ခဏခဏလာမေးလို့ တင်ပေးလိုက်တာပါ အားနည်းချက်အများကြီးနဲ့ မပြည့်စုံတာတွေကို တစ်ဖြည်း၂နဲ့ ပြန်ပီးပြင်ဆင် ဖြည့်စွက်ပေးပါ့မယ် (ဗဟုသုတအဖြစ်သာ) ကိုကိုကြီး

ဆေးပုလင်းမှအညွှန်းစာများ

Symptoms = ရောဂါလက္ခဏာများ။ Clinic = ဆေးခန်း။ Antibiotic = ပဋိဇီဝေဆး။ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို အားယုတ်စေ ဖျက်ဆီးပေးတဲ့ဆေး။ Depression = စိတ်ဓာတ်ကျခြင်း။ Stimulant = အားကြွစေသောဆေး။ လန်းဆန်းတက်ကြွစေသောဆေး။ Nerve = အာရုံကြော။ Inhalant/inhaler = ရှုဆေး။ Stress = စိတ္ဖိစီး။ Anxiety = စိုးရိမ်မှု။ Loss of appetite = စားချင်စိတ်မရှိ။ Stomach cramps = ဗိုက္သား ကြွက်တက်ခြင်း။ Sweating = ချေွးထွက်ခြင်း။ Shaking = တုန်ခြင်း။ Muscle aches = ကြွက်သားကိုက်ခဲနာကျင်ခြင်း။ Runny nose = နှာရည်ယို။ Fever = ဖျား၊ကိုယ်ပူခြင်း။ Vomiting = ပျို့အန်ခြင်း။ Diarrhea = ဝမ်းလျှောခြင်း။ Withdrawal = ဆေးဖြတ်၊အရက်ဖြတ်ခြင်း။ Addiction = ဆေးစွဲခြင်း။ Prescription = ဆေးညွှန်း။ Tablet/pill = ဆေးပြား၊ဆေးလုံး။ Side effects = ဘေးထွက်ဆိုးကျိုး။ Dosage = တခါသောက်ပမာဏနှင့် သောက်သုံးရန်အကြိမ်။ ဆေးညွှန်း။ Toxic = အဆိပ်ဖြစ်စေသော။ Poison = အဆိပ်။ Intoxicated = မူးယစ်သော။ Wounds = ထိခိုက်ဒဏ်ရာ။ Mucous membrane = နှာခေါင်း၊ ပါးစပ်၊ ခန္ဓာကိုယ်အတွင်းတို့တွင်ရှိသော ချွဲ၊သလိပ်၊နှပ်၊နှာရည်ထွက်သော အမြှေး၊ချွဲမြှေး။ Prevention = ကြိုတင်ကာကွယ်ခြင်း။ Burns = လောင်ခြင်း(နေလောင်ဒဏ်ကြောင့် အရေပြားလောင်တဲ့အခါသုံး)။ Infection = ရောဂါပိုးဝင်သည်။ ရောဂါကူးစက်သည်။ Sore throat = လည်ချောင်းနာသည်။ Herbal = ဆေးဖက်ဝင်အပင်၊ ဆေးဖက်ဝင်အပင်တို့ဖြင့်ဖော်စပ်ထားသော။ Dehydration = ရေဓာတ်ခန်းခြောက်ခြင်း။ Mineral = ဓာတ္ဆား။ Powder = ဆေးမှုန့်။ Supplement = ဖြည့်စွက်အစာ။ Dietary = အတိုင်းအချင့်နှင့်စားသော။ Lens cleaner = မျက်မှန်သုတ်ဆေးရည်။ Spray = ဖြန်းဆေး။ Contact lens = မျက်ကပ်မှန်။ Suitable = သင့်လျော်သော။ Nourishing = အာဟာရဖြစ်စေသော။ Treatment = ကုသခြင်း။ Moisture = အစိုဓာတ်။ Soothing = ချမ်းမြေ့စေသည်။ Ingredient = ပါဝင်ပစ္စည်း။ Rash = အရေပြားပေါ်အဖုအပိမ့်အနီကွက်ထခြင်း။ Chew = ဝါးပါ။ Chewable = ဝါးစားနိုင်သော။ External use only = ခန္ဓာကိုယ်အပြင်ပိုင်းအတွက်သာ အသုံးပြုရန်။ Absorb = စုပ်ယူသည်။ Itching = ယားယံခြင်း။ Swollen = ဖူးရောင်သော။ Allergic = ဓာတ်မတည့်သော။ Menopause = သွေးဆုံးချိန်။ Period = ဓမ္မတာ။ ရာသီ။ Menstruation = ရာသီလာခြင်း။ Greasy = ချွဲကျိကျိ၊ ဆီများသော။ Mint = ပူရှိန်း။ ပူစီနံ။ Swallow = မျိုချပါ။ Painkiller = အကိုက်အခဲပျောက်ဆေး။ Narcotic = မူးယစ်ဆေးဝါး။ Tranquilizer = စိတ်ငြိမ်ဆေး။ မေ့ဆေး။ Aspirin = အကိုက်အခဲနှင့် အဖျားပျောက်ဆေး။ Arthritis = အဆစ်ရောင်နာ။ Alzheimer's disease = မှတ်ဉာဏ်ချွတ်ယွင်း။ Diabetes = ဆီးချိုရောဂါ။ Asthma = ပန်းနာရောဂါ။ Hepatitis = အသည်းရောင်ရောဂါ။ Heart attack = နှလုံးဖောက်။ Stroke = လေဖြတ်သည်။ Paralyzed = အကြောသေသည်။ သွက်ချာပါဒလိုက်သည်။ Toothache = သွားကိုက်။ Stomachache = အစာအိမ္နာ။ Indigestion = အစာမကြေခြင်း။ Bowel movement = ကျင်ကြီးစွန့်ခြင်း။ Tooth decay = သွားယိုယွင်းပျက်စီး။ Dental = သွားနှင့်ဆိုင်သော။ Dozy/drowsiness = အိပ်ငိုက်သော။ အိပ်ချင်မူးတူးဖြစ်သော။ Dizzy = မူးဝေသော။ Anesthesia = မေ့ဆေး၊ ထုံဆေးပေးထား၍ အသိစိတ်မရှိ။ Hypnosis = အိပ်မွေ့ချစိတ်ညှို့ခြင်း။ Soporific = ငိုက်မျည်းအိပ်ပျော်စေသော။ Pharmacy/drug store = ဆေးဆိုင်။ Over the counter medicine = ဆရာဝန်ဆေးစာမပါဘဲ ဆေးဆိုင်ကဝယ်လို့ရတဲ့ဆေး။ Prescription medicine = ဆရာဝန်ဆေးစာပါမှ ဝယ်လို့ရတဲ့ဆေး။ Mfg.date = manufacture date ထုတ်လုပ်ရက် Exp.date = expire date သက်တမ်းကုန်ဆုံးရက် Drug နဲ့ medicine အသုံးအနှုန်း မှားယွင်းသုံးစွဲသူများအတွက် ရှင်းလင်းချက် Difference between a drug and a medicine = purpose of a medicine and a drug Drug နဲ့ medicine စကားလုံးသုံးစွဲပုံ ရဲ့ကွာခြားချက်ကို အဲ့ဒီဆေးရဲ့ရည်ရွယ်ရင်းအပေါ်ကြည့်ပြီးခွဲခြားနိုင်။ Medicine: to prevent, cure a symptom or disease; has positive effect on a patient. Medicine က ရောဂါကာကွယ်ကုသဖို့အတွက်ရည်ရွယ်ပြီး လူနာကို ပြန်လည်ကောင်းလာစေ။ Drug: can have positive or negative effect on a patient. Drug က လူနာအပေါ် ကောင်းတာဖြစ်စေနိုင်သလို ဆိုးကျိုးလည်းရှိတယ်။ ဥပမာ မူးယစ်ဆေးဝါးသုံးစွဲရင်းဆေးစွဲသွားတာ Both drugs and medicines can be poisons depending on the dose of the drug or medicine. နှစ်ခုလုံးက တန်ဆေးလွန်ဘေးဆိုသလို အစားများရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ အဆိပ်တောင်ဖြစ်စေနို်င်ပါတယ်။ နောက်ဆုံးအနေနဲ့ All medicines are drugs, but not all drugs are medicines. မှတ်ချက် ။ မပြည့်စုံသေးဘူးလို့ ထင်မြင်ယူဆရင် အောက်မှာ ဆက်လက်အကြံပြုဖြည့်စွက်ပေးနိုင်ပါတယ် & Photo credit to the rightful owner. 0977621820 nurse

Myanamr Lyric