Saturday, 26 November 2011
သူတို့ဓလေ့နဲ့ သူတို့စရိုက်
ဒီနေ့ အိပ်ရာက နိုးနိုးချင်း တွေးဖြစ်မိတယ်ဗျာ။ အော်..ဘာလိုလိုနဲ့ ကျွန်းပေါ်ရောက်တာ ၂ နှစ်ပြည့်တော့မှာပါလားလို့။ ဒီမရောက်ခင် လာဖို့ကြိုးစားနေတုန်းကတော့ မြန်မာစာရေးဆရာအများစု ရေးကြတဲ့ စင်္ကာပူရဲ့ ဘုန်းတော်ဘွဲ့ စာအုပ်တွေ ဆောင်းပါးတွေဖတ်ပြီး ကျွန်တော် မောင်ဇေကြီးလည်း စင်္ကာပူအိပ်မက်တွေ အတော်မက်ခဲ့ရတာကလား။ အလုပ်ကြိုးစားကြတဲ့ စင်္ကာပူနိုင်ငံသားတွေ၊ စာအရမ်းဖတ်ကြတဲ့ စင်္ကာပူနိုင်ငံသားတွေ၊ အင်္ဂလိပ်စကားပြောကြတဲ့ စင်္ကာပူနိုင်ငံသားတွေ နဲ့ ကြုံရဆုံရတော့မယ်ပေါ့ဗျာ။ စစရောက်ချင်းကို အလုပ်သိပ်ကြိုးစားတဲ့ ကျွန်းသားများကို တွေ့ရပါပြီကောဗျာ။ MRT station ထဲမှာ formal suit ကို အကျအန၀တ်ပြီး လက်တော့အိတ်ကို တဖက်ဆွဲလို့ တဖက်ကလည်း iphone ကို အဆက်မပြတ်ပြောပြီး အချိန်တစက္ကန့် နောက်ကျသွားရင်ဖြင့် ဘ၀ကြီးတစ်ခုလုံး ဆုံးရှုံးသွားမလောက် လူတွေကို တွန်းထိုးပြီးပြေးသွားနေကြသော ပုဂ္ဂိုလ်များပေါ့။ အဲ...ရုံးကိုရောက်သွားရင်တော့ အလုပ်ကို အဲဒီပုံစံမျိုးနဲ့များ သိပ်ပြီးကြိုးစားပန်းစားလုပ်သလားတော့ မေးနဲ့တော့ဗျို့။ ကျွန်းပေါ်မှာ ကျွန်တော့လိုပဲ အလုပ်နေကြသော တခြားမြန်မာ ဘလော့ဂါများကိုသာလက်တို့ကြည့်ကြပါတော့။ ကိုယ်တိုင်လည်း စာဖတ်ဝါသနာပါသမို့ စာသိပ်ဖတ်ကြတယ်ဆိုတဲ့ ကျွန်းသားများကိုတော့ လေးစားရင်းစွဲရှိသေးတာကိုးဗျ။ ကျွန်တော်တို့ ရွေပြည်ကြီးက (ကိုပီတာစကား ခဏငှားသုံးပါသည်) အထင်ကရစာရေးဆရာကြီးတစ်ဦးကလည်း ရေးဖူးတာကိုး ကျွန်းသားများ စာသိပ်ဖတ်ကြလို့ ရထားပေါ် ဘစ်ကားပေါ်တွေမှာ စာအုပ်ကိုယ်စီနဲ့ ဆိုပဲ။ ခုတော့ ကျွန်တော့ ရောင်းရင်းများလည်းသိတဲ့အတိုင်း စာဖတ်မဖတ်တော့မသိဘူး PSP တို့ iphone, ipad တို့နဲ့ ကမ္ဘာ ဂိမ်းပြိုင်ပွဲသာကျင်းပပေးမယ်ဆိုရင် ကျွန်းသားတို့ရဲ့ ဂိမ်းအရည်အသွေးကတော့ ထိပ်တန်းအဆင့်ထဲပါမယ်ထင်သဗျ။ ကဲပါ ကဲပါ ကျွန်တော် မောင်ဇေကြီးလည်း တကူးတက ပိုစ့်တင်ပြီး အတင်းပြောသလိုဖြစ်နေပါပြီ ဆိုလိုရင်းကို ဆက်ကြတာပေါ့။ ကျွန်တော့ အယူအဆလေးကတော့ အခုနည်းပညာပေါက်ကွဲမှု့ကြီး ဆိုကြတဲ့ခေတ်ကြီးမှာ information ဆိုတာ အဓိက ကိုင်ဆွဲရတဲ့လက်နက်တစ်ခုပါ။ ကျွန်တော်တို့ စတင်မယ့် ခြေလှမ်းတိုင်းကို အဲဒီလက်နက်ကို ကိုင်စွဲပြီးချီတက်ရတာပါပဲ။ လက်နက်အားကောင်းရင် ပိုခရီးရောက်ပေမယ့် လက်နက်အားနည်းရင်လည်း အထိနာတတ်တာပဲဗျ။ ကျွန်တော်တို့ ဆီက လူငယ်လေးတွေ ဒီလိုရေမြေခြားကို စွန့်စားပြီး အလုပ်လာရောက်လုပ်ကိုင်ဖို့အတွက် မနည်းလှတဲ့ ငွေကြေးတွေကို ပထမဆုံး စပြီးရင်းနှီးရတာပါ။ လိုအပ်တဲ့ အရည်အသွေးပိုင်းကိုလည်း ကိုယ့်နယ်ပယ်အလျှောက် ဖြည့်ဆည်းရတာပါပဲ။ ဘ၀ရဲ့ စစ်မြေပြင်ကို ထွက်မဲ့တပ်သားသစ်လေးတွေပါပဲ။ သူတို့အတွက် မှန်ကန်တဲ့ လက်တွေ့ကျတဲ့ သတင်းအချက်လက်တွေလိုအပ်ပါတယ်။ ဒါမှလည်း သူတို့အတွက်ဘာတွေလိုအပ်မလဲ ဘာတွေကြိုပြင်ဆင်ရမလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်မှာဖြစ်ပါတယ်။ စာရေးဆရာကြီးတစ်ဦးကတော့ ရေးဖူးပါတယ်။ ကျွန်သားတွေကို မြန်မာလူငယ်များ အားကျအတုယူနိုင်အောင် ရေးသားရခြင်းဖြစ်ပါတယ်တဲ့။ အနှီစာရေးဆရာကြီးများဟာ ပညာရှင်များဖြစ်တယ်ဆိုတာကို ကျွန်တော်မောင်ဇေကြီး ချွင်းချက်မရှိလက်ခံပါတယ်။ သို့ပေငြားလည်း ကျွန်းပေါ်က လက်တွေ့အခြေနဲ့ ဓလေ့စရိုက်တွေကိုတော့ ဒီမှာ နှစ်ပေါင်းများစွာ သူတို့နဲ့ထိတွေဆက်ဆံပြီး အလုပ်လုပ်ကိုင်နေတဲ့ ကျွန်တော့ ရောင်းရင်း ဘလောဂါကြီးများလောက် မသိနိုင်ပါဘူး။ တဆက်လည်း အလုပ်ကို ဖိစီးမှု့များစွာ၊ ပြဿနာများစွာနဲ့ လုံးထွေးလုပ်ကိုင်နေရတဲ့ကြားက ကျွန်းပေါ်က သတင်းအချက်အလက် များစွာကို ဘလော့မှတစ်ဆင့် ဖြန့်ဝေပေးနေကြတော့ ရောင်းရင်း ဘလော့ဂါများကိုလည်း ကျေးဇူးတင်လိုက်ပါတယ်။ တိုးတက် အောင်မြင်နေတဲ့ နိုင်ငံတစ်ခုကို ချည်းကပ်လေ့လာတဲ့အခါ ဘုန်းတော်ဘွဲ့တွေချည်းပဲဖွဲ့သီနေမယ်ဆိုရင် သွားရည်ကျစရာ ဆောင်းပါးတစ်ခု စာစုတစ်ခု ဖြစ်လာရုံရလွဲပြီး ထူးခြားမှု့သိပ်ရှိမယ်မထင်ပါဘူး။ သူတို့ကတော်တယ် မင်းတို့ကညံ့တယ် မင်းတို့သူတို့ကို အတုယူရမယ်ဆိုတဲ့ အခြေခံအချက်ကြီးကြီး လှပတဲ့ စာစုတွေနဲ့ နည်းမျိုးစုံ တန်ဆာဆင်ပြီး ရေးဖွဲ့နေကြရုံနဲ့ အလုပ်မဖြစ်လောက်ဘူးထင်ပါတယ်။ အသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာပြီး အဖြေကို ထိထိရောက်ချပြနိုင်တဲ့ စာစုမျိုးတွေ ဘလော့တွေမှာကလွဲလို့ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေမှာ အင်မတန်ရှားနေတယ်ထင်ပါတယ်။ စာရေးသူက စာဖတ်သူကို သူပြောတာ အတင်းလက်ခံခိုင်းတဲ့ စာစုတွေကများနေပါတယ်။ စာဖတ်သူက အစဆွဲထုတ်ပြီး ဖြန်ထွက်တွေးနိုင်တဲ့ ပုံစံအားနည်းတယ်ထင်ပါတယ်။
      " ကျွန်းသားတွေက ငွေကြေးချမ်းသာတယ်၊ ကျွန်တော်တို့ကဆင်းရဲတယ်"
ဟုတ်ပြီ.... သူတို့ဘယ်လောက်ချမ်းသာကြလဲ။ ချမ်းသာအောင် ဘယ်လိုအလုပ်မျိုးလုပ်ကြသလဲ။ သူတို့ကိုယ်သူတို့ရော ချမ်းသာတယ်လို့ ခံယူကြလား။ ကျွန်တော်တို့က သူတို့ ငွေတွေဝင်တာသိကြတယ်။ သူတို့ ဘာတွေပြန်သုံးရတယ်။ သူတို့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိတယ် မသိဘူး။
"သူတို့က အဆင့်မြင့်ပညာတွေ တတ်ကြတယ်၊ ကျွန်တော်တို့က မတတ်ဘူး"
ကျွန်းပေါ်မှာရှိနေတဲ့ တက္ကသိုလ်တွေ ပေါ်လီကျောင်းတွေဟာ အဆင့်မြင့်ပညာတွေရဲ့ ပြယုတ်မဟုတ်ပါဘူး။
အဲဒီပညာတွေကို ကျွန်းသားတွေ ဘယ်လောက်တတ်မြောက်ပြီး၊ နိုင်ငံအတွက်ဘယ်လောက်အသုံးချနိုင်လဲဆိုတာက လိုရင်းဖြစ်ပါတယ်။ ကမ္ဘာကျော်မဂ္ဂဇင်းတွေက အမြဲလို ရွေးချယ်နေတဲ့ နယ်ပယ်အသီးသီးက ပညာရှင်စာရင်းမှာ အာရှအနေနဲ့ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်နဲ့ ဂျပန်က ပုဂ္ဂိုလ်တွေ အလှည့်ကျလို ပါဝင်နေပေမယ့် ကျွန်းသားတွေ မတွေ့ရသလောက်ဖြစ်နေတာ သူတို့အဆင့်မြင့်ပညာတွေ တကယ်တတ်တယ်ဆိုတာကို အဆင့်မြင့်တည်ဆောက်ထားတဲ့ သူတို့ကျောင်းတွေကိုကြည့်ပြီး ကျွန်တော်တို့လက်ခံရမှာလား။ ဒီလို အဆင့်မြင့်ကျောင်းတွေရော အဲဒီကျောင်းက ဆင်းလာတဲ့ ကျောင်းဆင်းတွေရှိရဲ့သားနဲ့ နိုင်ငံရဲ့ အဓိက ပရောဂျက်တွေမှာ ဥရောပသား အဖြူတွေ ဘာကြောင့်ဦးဆောင်နေရသလဲ။ ကျွန်တော်တို့တွေ တတ်မြောက်နားလည်ထားတဲ့ ပညာနဲ့ ကျွန်းသားတွေရဲ့ ပညာအရည်အသွေး ခြားနားချက်နှုန်းဘယ်လောက်ရှိနိုင်မလဲ။
ဒါကတော့ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်ဖြစ်တဲ့ ငွေကြေးနဲ့ ပညာပိုင်းကိုပဲ အကြမ်းဖျင်း ချိန်ထိုးကြည့်တာပါ။
စိတ်ပိုင်းဆိုင်ရာရော.........
ကျွန်းသားတွေ သူတို့ရဲ့ လက်ရှိဘ၀ကို ကျေနပ်မှု့နှုန်းဘယ်လောက်ရှိလဲ၊ ကျွန်တော်တို့ကရောဘယ်လောက်ရှိလဲ။
ကျွန်းသားတွေက သူတို့ အသိုင်းအ၀ိုင်းအတွက် နွေးထွေးအေးချမ်းမှု့အတွက် ဘယ်လောက်အကျိုးပြုနေလဲ၊
ကျွန်တော်တို့ရဲ့ လူမှု့အသိုင်းအ၀ိုင်းကရော ဘယ်လောက် နွေးထွေးအေးချမ်းလဲ။
ကျွန်တော် ဥပမာအနေနဲ့ အကြမ်းဖျင်း လေ့လာသုံးသပ်မှု့လေးတစ်ခုပြောပြပါမယ်။ အိမ်ကနေ နည်းနည်းအလှမ်းဝေးတဲ့ နေရာလောက်ကို ၁ နာရီလောက် လမ်းလျှောက်ကြည့်ပါ။ ပြီးရင်တွေ့သမျှလူတိုင်းရဲ့ မျက်နှာကို စာဖတ်ကြည့်ပါ။ မှတ်သားပါ။ ရယ်မောနေတဲ့လူက ဘယ်နှစ်ယောက်၊ သုံမှုန်နေတဲ့လူက ဘယ်နှစ်ယောက်၊ ငြင်ခုန်နေတဲ့ လူက ဘယ်နှစ်ယေက်၊ တင်းမာခက်ထန်နေတာ ဘယ်နှစ်ယောက် စသည်ဖြင့်ပေါ့။ ပြီးရင် ကျွန်တော်တို့ နိုင်ငံမှာ လည်း အဲလိုလေ့လာသုံးသပ်မှု့တစ်ခု လုပ်ကြည့်ပြီး ချိန်ထိုးကြည့်ပါ။
ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေ အသုံးအဆောင်တွေ အဆင့်မြင့်ပြီး ပေါများဖူလုံအောင် ကြိုးစားနိုင်တာ အရည်အချင်းတစ်ခုပါ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကို အဆင့်မြင့်အောင် တည်ဆောက်ရတာကတော့ အဆများစွာပိုခက်ပါတယ်။
ကျွန်းပေါ်မှာတော့ ဘဘကြီး လီကွမ်ယု ရဲ့ အကွပ်အညှပ်ကောင်းမှု့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု့နဲ့ နေထိုင်မှု့အဆင်အတန်းတွေ နေ့ချင်းညချင်း တိုးတက်လာပေမယ့် စိတ်ပိုင်းဆိုင်ရာတွေ ရင့်ကျက်ပြည့်မီဖို့တော့ ဘကြီးလီလည်း အားလျှော့ခဲ့တယ်ထင်ပါရဲ့။
ကျွန်းသားတွေအနေနဲ့ တစ်ယောက်ယောက်ကိုသော်လည်းကောင်း အများသူငှာကိုလည်းကောင်း မထေမဲ့မြင်ပြုမူတာ၊ မရုမစိုက်တာဟာ အလေ့အထ တစ်ခုလိုလက်ခံလာပါပြီ။
ပုံလေးတွေကိုကြည့်ပါဦး
                                          ထိုင်ခုံနေရာ ဦးထားတဲ့ အန်တီကြီးပေါ့
ကျွန်းပေါ်က အထင်ကရ မီဒီယာတစ်ခုဖြစ်တဲ့ channel 8 က ကားတစ်စီး စည်းကမ်းမဲ့ ရပ်နားထားပုံပါ။
ဒါကလည်း စည်းကမ်းမဲ့ ရပ်နားထားတဲ့ ကားပုံတွေ။ ကျွန်းသားတွေက ရဲနဲ့ ကင်မရာနဲ့ကလွဲရင် ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုကြတယ်။
နေ့လည်ခင်း စားသောက်ဆိုင်မှာ လူပြည့်ကြပ်နေချိန် စိတ်လွတ်ကိုယ်လွတ် အိပ်နေတဲ့ ကျွန်းသူတစ်ယောက်ပေါ့။
ဒီနေ့ အလုပ်ပိတ်ရက်မို့ အိပ်ရာက နိုးနိုးချင်း ဒီပိုစ့်ကိုရေးဖြစ်ပါတယ်။ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်တဲ့ ကျွန်တော်ရဲ့ အမြင်နဲ့ အယူအဆလေးတွေဖြစ်ပါတယ်။
Saturday, 12 November 2011
Bigger ကြိုက်တဲ့ တက္ကစီဆရာ
စင်ကာပူမှာပေါ့ တက္ကစီစီးဖူးတဲ့ လူတိုင်း စင်ကာပူ တက္ကစီတွေ တက္ကစီဆရာတွေနဲ့ ပက်သက်ပြီး ထူးခြားတဲ့ အတွေ့အကြုံတွေ ရှိဖူးမှာပါ။ ကျွန်တော်ကတော့ ထူးထူးခြားခြားကြီတော့ မဟုတ်ပေမယ့် အမှတ်ရနေတဲ့ အကြောင်းအရာတစ်ခု သတိရလို့ ပြောပြချင်တယ်။
(Photo - Mg Thant)
စင်ကာပူ တက္ကစီတွေမှာ သူ့ဓလေ့နဲ့ သူရှိတယ်။ ပုံမှန်အချိန်ဆိုရင် စင်ကာပူက တက္ကစီတွေဟာ အမောက်စိမ်းစိမ်းလေးတွေနဲ့ Available ဆိုပြီး တော်တော်များ လမ်းပေါ်မှာ သွားနေကြတာ စင်ကာပူမှာ တက္ကစီတော်တော်ပေါပြီး လိုချင်တဲ့အချိန် လမ်းပေါ်ထွက်တားလိုက်ရုံနဲ့ ရတယ်လို့ ထင်ရင် မှားလိမ့်မယ်။ စင်ကာပူက တက္ကစီတွေဟာ ပုံမှန်မှာသာ အခုလို လမ်းပေါ်ရောက်နေပြီး ဥပမာ မနက်ရုံးသွားချိန်မှာ မိုးရွာလို့ ဘတ်စ်ကားနဲ့ ရထားနဲ့ သွားဖို့ ခက်ခဲနေရင် လမ်းပေါ်ထွက်တားတောင် အမောက်နီနီနဲ့ Busy ပြနေတဲ့ တက္ကစီတွေပဲ တွေ့ရလိမ့်မယ်။ ဒါနဲ့ On Call လို့ ခေါ်တဲ့ သူတို့ တက္ကစီကုမ္ပဏီကို ဖုန်းခေါ်ပြီး အော်ဒါလုပ်လိုက်ရင်တော့ ကိုယ့်ရှေ့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်တယ်။ On Call ခတော့ ၂ကျပ်ခွဲကနေ ၃ကျပ်ခွဲထိတော့ အပိုပေးလိုက်ရပြီးပဲ... ဒါမျိုးကိုစောင့်နေကြတာပေါ့... ဒီလိုပဲ ည ၁၁နာရီ ၁၁နာရီခွဲလောက် အချိန်မျိုးဆိုရင်လည်း သူတို့တွေ လမ်းပေါ်မှာ မရှိလောက်အောင် ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားတတ်တယ်။ ညနက်ရောက်သွားလို့ တက္ကစီ ရှားသွားတယ် မထင်ပါနဲ့ ည ၁၂နာရီကျော်ရင်တော့ တက္ကစီတွေ ပြန်ပြီး လမ်းသလားနေတာတွေ့ရလိမ့်မယ်။ အဲဒီအချိန် စီးမိရင်တော့ စီးမိသလောက် မီတာကုန်ကျစရိတ်အပြင် အပိုထပ်ဆောင်း ၅၀ရာခိုင်နှုန်း ညနက် ပြေးဆွဲခအဖြစ် ပေးရတာပဲ.. ဒါကတော့ တက္ကစီတွေ လမ်းပေါ်မှာလုပ်စားတတ်တဲ့ ဓလေ့ပေါ့လေ...
နောက်ထပ် တက္ကစီဆရာမျိုးစုံရဲ့ ဓလေ့တွေလည်းရှိတယ်။ များသောအားဖြင့် စင်ကာပူက တက္ကစီဆရာတွေက စိတ်ချရပါတယ်။ ဥပမာ လမ်းတွေ ပတ်မောင်းတာမျိုး လူကို အန္တရယ်ပြုတာမျိုး ရာခိုင်နှုန်းနည်းပါတယ်။ ပစ္စည်းကျန်ခဲ့တာမျိုးကတော့ ပြန်ရဖို့ကတော့ ငါးဆယ် ငါးဆယ်ပေါ့... အဲ တက္ကစီစီးကြပြီး ဆိုရင် တခါတလေ တစ်ယောက်လည်း စီးဖြစ်ရင် စီးဖြစ်မယ်။ အများနဲ့လည်း စီးဖြစ်ရင် စီးဖြစ်မယ်။ အထူးသဖြင့် တစ်ယောက်တည်း စီးမိတယ် အခါမျိုးဆိုရင် တက္ကစီဆရာတွေက အလ္လာပ သလ္လာပတွေ ပြောလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်တွေကို မြန်မာတွေမှန်း သိတာနဲ့ အများအားဖြင့် နိုင်ငံရေးနဲပက်သက်တာ မေးကြပြောကြတာများပါတယ်။ မြန်မာနိုင်ငံရေး အကြောင်းပြောရင်း သူတို့နိုင်ငံရေး အကြောင်း ဝေဖန်တာမျိုးက ရိုးနေတဲ့ ဇတ်လမ်းတပုဒ်လိုပါပဲ... အများဆုံး အမေးခံရတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်ဆောင် The Lady လို့ သူတို့ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပေါ့။ တခါ ကျွန်တော့် အဖေနဲ့ အမေလာလည်တော့ တက္ကစီတခါစီးတိုင်း တက္ကစီဆရာတွေက ဒေါ်အောင်ဆန်းစုကြည် အကြောင်းပဲမေးနေတော့ ကျွန်တော့်အဖေတောင် သြချသွားပါတယ်။ ပြည်တွင်းမှာတောင် အရင်က သူ့နာမည်ကို ဒီလောက်မကြားရဘူးကိုး...
အဲဒီလိုပြောလို့ တက္ကစီဆရာတိုင်း လေကြွယ်တယ် မထင်ပါနဲ့ အချို့တက္ကစီဆရာဆိုရင် ကိုယ်ပြောလိုက်တဲ့ နေရာ သူတို့တန်းသိတယ်ဆိုရင် တက္ကစီပေါ်ကနေ ဆင်းသာသွားမယ် စကားတခွန်းမဟတာလဲ ကြုံဖူးတယ်။ ကဲလာပါပြီး... စင်ကာပူမှာ တက္ကစီစီးတဲ့အခါ ကသိကအောက် အဖြစ်ဆုံး အနေအထားကတော့ တက္ကစီဆရာက အဂ်လိပ်လို မပြောတတ်တဲ့အခါ ဒါမှမဟုတ် ကိုယ်ပြောတဲ့ အဂ်လိပ်ကို သူတို့ နားမလည်တဲ့အခါပါပဲ... တခါတလေများ ကိုယ်တခွန်းပြော သူတို့နားမလည် သူတခွန်းပြော ကိုယ်ကနားမလည်နဲ့ တလမ်းလုံးတောင် စကားများသွားရတယ်။ အဆုံးစွန်ဆုံး ကိုယ်ပြောတာ သူနားမလည်လို့ တက္ကစီပေါ်ကနေတောင် ဆင်းသွားရတဲ့အခါရှိတယ်။ အဆိုးဆုံးကတော့ သူတို့ အဂ်လိပ်လို လည်လည်ဝယ်ဝယ် မပြောနိုင် ကိုယ်ပြောတာကို သူတို့နားမလည်နိုင်တာကို သူတို့ရဲ့ အားနည်းချက် သူတို့ရဲ့ လိုအပ်ချက်လည်းပါတယ်လို့ မယူဆဘဲ သူတို့ကပဲမှန်တယ် သူပြောတာ နားမလည်ရင် ဂျောင်း ကိုယ်ပြောတာ သူနားမလည်ရင် ကိုယ့်ကို ပြန်ဟောက်တာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။
လာပါပြီး.. နိဒန်းကို အရှည်ချီပြီး ဇတ်လမ်းကို စမယ်... ကန့်လန့်ကာဖွင့်... :P
တရက်ကပေါ့ မြန်မာပြန်ကို အလည်ပြန်ပြီး ပြန်လာတဲ့ ညီမလေးတစ်ယောက်ကို ချန်ဂီလေဆိပ်မှာ သွားကြိုပါတယ်။ အပြန်တော့ အထုတ်အပိုးတွေနဲ့ဆိုတော့ ရထားမစီးတော့ဘဲ တက္ကစီနဲ့ ပြန်တာပေါ့။ အဲဒီအချိန် စင်ကာပူမှာ ရာသီဥတုကလည် အရမ်းပူနေတဲ့အချိန်... လေဆိပ်မှာကျတော့ တက္ကစီငှားချင်တဲ့အခါ သတ်မှတ်ထားတဲ့နေရာမှာ တန်းစီပြီးတော့ စီးရတာ... အလှည့်ရောက်တော့ တက်လိုက်ပါပြီး တက္ကစီတစ်စီး တက္ကစီပေါ်တက်လိုက်တာနဲ့ ကိုယ့်သွားမယ့်နေရာကို ပြောလိုက်တယ်။ ပြီးတော့ တက္ကစီဆရာမျက်နှာကို အနောက်ကနေ အကဲခတ်လိုက်တယ် သူနေရာကို သိလားပေါ့... ဒါပေမယ့် သူ့မျက်နှာက သိတယ်လည်း မဆို... မသိဘူးလည်း မဆိုဘဲ မှုန်ကုတ်ကုတ်နဲ့ ဒါနဲ့ ကိုယ်လည်း ဘာမှဆက်မပြောဘဲ သူမောင်းတာ လမ်းမှားမှ ပြန်တည့်ပေးလိုက်မယ်ဆိုပြီး... ကိုယ့်အချင်းချင်းပဲ စကားပြောနေလိုက်တယ်... ဒါနဲ့ တက္ကစီက အဝေးပြေး လမ်းမပေါ်ရောက်တော့ တစ်ခုခုခံစားလိုက်ရတယ်... အရမ်းပူတာပဲ... အပြင်က အရမ်းပူနေလို့ ကားထဲက အဲကွန်းကပဲ မနိုင်တာလားဆို... ကားဒက်စ်ဘုတ်ဆီကို ကြည့်လိုက်တယ်... မဟုတ်ပါဘူး.. တက္ကစီဆရာက အဲကွန်းကို လျှော့ထားတာ တွေ့ရတယ်။ အဲဒါနဲ့ သူ့ကို လှမ်းပြောလိုက်တယ်
Hi, can you please increase the aircon? we feel hot.
ဆိုပြီး တခါတည်း နားလည်အောင် ခပ်လွယ်လွယ်ပဲ ပြောလိုက်တယ်။ ဒါပေမယ့် ဆရာသမားက တုတ်တုတ်မျှ မလှုပ်၊ မကြားတာဘဲလား ဆိုပြီး နည်းနည်း ထပ်ကျယ်ကျယ် ပြောလိုက်တယ်။ ဒီတစ်ခါတော့ နောက်ကြည့်မှန်ကနေ ကိုယ့်ကို ဘုပြန်ရှိုးတာ တွေ့လိုက်သည်။ ဟိုက် အဲလိုချည်းလားဆိုပြီး ထပ်မပြောတော့ဘဲ ငြိမ်နေလိုက်တော့သည်။ ဘာကြောင့် မှန်းကိုမသိ... နားမလည်တာလား.. တမင် မလုပ်ပေးချင်တာလား .. ဒါပေမယ့် ပါလာတဲ့ ညီမလေးကိုယ်တိုင်က လေယာဉ်စီးလာလို့ ညီစီစီ ဖြစ်နေချိန် ကြာလာတော့ သူတော်တော်မွန်းလာတာကြောင့် ကျွန်တော့်ကို ထပ်တောင်းဆိုဖို့ ပြောသည်။ ကျွန်တော်လည်း ကီသွင်းကာ ရှေ့ကိုနည်းနည်းတိုးပြီး...
Uncle, can you pleaseee increase the aircon? aircon aircon... increase increase...
ဆိုပြီး aircon ခလုတ်ကို လက်ညိုးလည်းထိုး လက်ညှိုးနဲ့ လက်မနဲ့ လှည့်သလိုလဲ လုပ်ပြ... သို့သော် ဆရာသမားက မျက်လုံးလေး ထောင့်ကပ်ပြီး ကြည့်ရုံကြည့်ပြီး ကားကိုပဲ မဲမောင်းနေသည်။ တော်တော်လေသွားပြီး ငါတို့နှယ် ကံဆိုးလေစွဟုသာ သက်ပြင်းချမိသည်။ နောက်ပြန်ထိုင်ချကာ မမူးစေရန် ညီမလေးကို စကားမပြောခိုင်းတော့ဘဲ အပြင်ဘက်ကိုပဲ အာရုံလွှဲ ကြည့်ခိုင်းဖို့ ပြောရသည်။ ကျွန်တော်ကိုယ်တိုင်လည်း အပြင်ဘက်ကို သက်ပြင်းချရင်း ငေးနေရတော့သည်။ မှန်ကလည်း ဖွင့်လို့မရတော့... လေဆိပ်နဲ့ အိမ်မှာလည်း အနည်းငယ် ဝေးသောကြောင့် တော်တော် သည်းခံရဦးမည်။ သို့သော် ငါးမိနစ်ပင် မကြာလိုက် ကားထဲမှာ အေးလာသလို ခံစားရသည်။ လေကောင်းကောင်း ရှူရသလို ခံစားလာရသည်။ ဒါနဲ့ ရှေ့ကို ပြန်ကြည့်တော့ ကားဆရာမှာ အဲကွန်းကို မြှင့်နေတာ တွေ့ရသည်။ ၀မ်းသာလိုက်သည် ဖြစ်ခြင်း.. ချက်ချင်းဆိုသလိုပင် သူ့ကို
Thanks you ... Oh Thanks you very much.. That's what I meant .. increase the aircon increase the airon
ဆိုပြီး ၀မ်းသားအားရ ပြောလိုက်မိသည်။ အဲဒီမှာ တက္ကစီဆရာက ကျတော့ဘက် လှည့်လာပြီး...
What meant increase... what increase aircon... BIGGER lah.. BIGGER the aircon... BIGGER.. BIGGER.. YOU.. AHH... Aiyo.. walah
ဘာညာ ဆိုပြီး ကျတော့ကို  ကုန်းအော်လေတော့သည်။ ကျတော်လည်း ရုတ်တရက် ကြောင်သွားသည်.. နောက်တော့ သူဘာဆိုလိုချင်မှန်း သဘောပေါက်သွားသည်။ သူ့မှာ ကျနော် ပြောတဲ့ increase the aircon ကို နားမလည်ပါ။ ဒါပေမယ့် ကျတော်တို့ ဘာဖြစ်နေမှန်း ဘာလိုချင်နေမှန်းတော့ သဘောပေါက်ပုံတော့ရသည်။ သူ့စိတ်ထဲမှာ increase the aircon က ပြောပုံမှားနေပြီး bigger the aircon ကမှ အမှန်... ကျတောတို့ အမှန်မပြောနိုင်တော့ သူကမာနနဲ့ မလုပ်ပေးချင်တာလို့ ထင်သည်။ ကျနော်လည်း ဘာမှထွေထွေထူး မပြောနေဘဲ
Yes Sir.. Yes Sir..  Anyway Thanks you so much
လို့သာ ပြောလိုက်တော့သည်။ သြော် bigger the aircon တဲ့လား... အဲကွန်းကို ပိုကြီးအောင် လုပ်လိုက်ရင် ပိုအေးသွားတာပေါ့နော်... မှတ်သားလောက်ပါတယ်.. ဒါနဲ့ပဲ ညီမလေးဘက်လှည့်ပြီး ညီမလေး အဲကွန်း ဘစ်ကား လုပ်ပေးလိုက်ပြီးတဲ့နော် အခု အဆင်ပြေသွားပြီ မမူးတော့ဘူး မဟုတ်လား မေးရာ ညီမလေးက အင်း ဘစ်ကားလုပ်လိုက်တော့ မမူးတော့ဘူး အဆင်သွားပြီး ပြန်ပြောတော့ ကျွန်တော် နှစ်ယောက်လုံး အိမ်ရောက်တဲ့အထိ ရီလို့ မဆုံးတော့ပေ........
credit to mgthant.me (၁၀ နိုဝင်ဘာ ၂၀၁၁)
Thursday, 10 November 2011
အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ
(ဆရာဦးတင်ညွန့်ရဲ့ "အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ" ဆိုတဲ့ဆောင်းပါးအသစ်ပါ။ နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြထားတာဖြစ်ပါတယ်။)
သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။
သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက
-       ကိုယ့်ကိုယ်ကို သိပါ။
-       ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ။
-       ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ။
-       ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ။
ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး
ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင်ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။
အရိုးသားဆုံးဖြေကြည့်ပါ။
-       ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ။
-       ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ။
-       အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ။
-       အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ။ (Reading/Writing/Listening/Speaking)
-       ဘယ်လောက်ကြာကြာလေ့လာမှာလဲ။
-       အချိန်ဘယ်လောက်ပေးနိုင်သလဲ။
-       ငွေဘယ်လောက် အကုန်ခံနိုင်သလဲ။
-       စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား။
လမ်းဆုံးအောင်လျှောက်
အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။  တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူထားပါ။
ကိုယ်တိုင်လုပ်နိုင်တာတွေ
-       အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချယ်ပါ)။
-       အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ။
-       တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ။
-       နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ။
-       အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိုးစားပါ။
-       အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊ သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ။
-       နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ (၁၀) မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။
-       တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး) အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ဖြစ်အောင် လုပ်ပါ။
-       အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ် တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ။
အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြောထားခဲ့တာတွေအတိုင်း လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။
-       ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ်။
-       ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ်။
-       အ၀တ်အစားဝယ်မယ်။
-       အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ်။
ဘယ်လိုလေ့လာရမလဲ
လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။
ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက
-       ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား။
-       အများနဲ့ထိုင်ကြည့်ရတာကြိုက်သလား၊ တစ်ယောက်တည်းကြည့်ရတာကြိုက်သလား။
-       ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြတာကို ပိုကြိုက် သလား။
-       နားထောင်ရုံသက်သက်ကိုကြိုက်သလား၊ အပြန်အလှန် မေးရတာကိုကြိုက်သလား။
အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊ စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက် ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။
ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆိုသူတွေက
-       နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို နားထောင်နေတာ ဟုတ်ရဲ့လား။
-       အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား။
-       သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား။
အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။ ကိုယ်ပြောတာလည်း အသံဖမ်းထားပြီး ပြန်နားထောင်သင့်တယ်။
သတိပြုသင့်တာတွေက
၁။ ဘာသာစကားလေ့လာတယ်ဆိုတာ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတိုးသွားရမှာ။ တစ်ညတည်းအတတ် ဆိုတာမျိုး၊ တစ်လအတတ်ဆိုတာမျိုး အင်္ဂလိပ်စာမှာ မရှိဘူး။
၂။ ဘာကြောင့် အင်္ဂလိပ်စာကိုလေ့လာတာလဲ။ ဘာတွေကို လေ့လာမှာလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ချက် ချထားဖို့လိုတယ်။
၃။ အင်္ဂလိပ်စာလေ့လာတယ်ဆိုတာကို စိတ်ဖိစီးစရာကြီးတစ်ခုအနေနဲ့ မှတ်မထားနဲ့။ အလေ့အထတစ်ခုလို မှတ်ထား။ ဥပမာ ထမင်းစားလို၊ ရေသောက်သလိုမျိုး၊ ဆာလို စားတယ်၊ ဆာလို့ သောက်တယ်ဆိုတာလိုဖြစ်လာရင် အဆင်ပြေပြီ။ နေ့တိုင်းလေ့လာနိုင်အောင် ကြိုးစားပါ။ ဒါကလည်း တပင်တပန်းကြီးမဟုတ်ဘူး။ အင်္ဂလိပ်ပိုင်းအစီအစဉ်လေးလောက်ကို နားထောင်လိုက်တာလည်း အလုပ်ဖြစ်တယ်။ တစ်နေ့ ၁၀ မိနစ်၊ တစ်ပတ် ၂ နာရီလောက် အချိန်ပေးနိုင်ရင်ရပြီ။
၎။ အင်္ဂလိပ်စာလေ့လာတာ အင်္ဂလိပ်စာကိုမှတစ်နေ့မမြင်ရရင်/ မကြားရရင် နေမထိ ထိုင်မသာသလိုမျိုး ဖြစ်နေရင်တော်ပြီ။ တစ်နေ့ ၁၀ မိနစ်ပဲတော်ပြီ။ နေ့တိုင်းခေါင်းထဲ ၀င်နေဖို့ အရေးကြီးတာ။ တစ်ပတ်ကို တစ်ကြိမ်လောက် ခေါင်းထဲထည့်တာမျိုးတော့ အနေဝေးရင် သွေးအေးတယ်ဆိုသလိုမျိုး ဦးနှောက်လည်း အေးသွားတတ်တယ်။
၅။ ရေဒီယို၊ တီဗွီ၊ အောက်စက် (DVD/VCD)၊ Mp3, MP4 သင်ယူမှုကိုအထောက်အကူဖြစ်မယ့် ပစ္စည်းတွေ သုံးဖြစ်အောင်သုံးပါ။
၆။ နည်းအမျိုးမျိုးပြောင်းပြီးလေ့လာပါ။ ဖတ်၊ ရေး၊ ပြော၊ နားထောင်၊ ဂရမ်မာ တစ်လှည့်စီပြောင်းပါ။
၇။ မိတ်ဆွေကောင်းရှာပါ။ ကိုယ်နဲ့အတူပြော/ရေး ဆွေးနွေးတိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ တစ်ယောက်တည်း လေ့လာတာထက် နှစ်ယောက်အတူလေ့လာတာ ပိုပြီးအကျိုးရှိတယ်။
၈။  ကိုယ်စိတ်ပါဝင်စားတာကို လေ့လာနိုင်တဲ့အနေအထားတွေကို ကိုယ့်ဝန်းကျင်မှာရှိနေအောင် ဖန်တီးထားပါ။ ဥပမာ စာအုပ်စာတမ်း၊ အခွေတွေအားလုံး အချိန်မရွေးလေ့လာနိုင်ဖို့ အသင့်ရှိနေရမယ်။
၉။ ဂရမ်မာကိုလေ့လာချင်ရင်လည်း ဂရမ်မာနဲ့ဆက်နွှယ်နေတဲ့ ၀န်းကျင်ကောင်းတစ်ခုရှိရမယ်။ ဂရမ်မာဆိုတာ နေ့စဉ်သုံး ဘာသာစကားမဟုတ်ဘူး။ သီးခြားလေ့လာမှရတာ။ ဒါကြောင့် ကိုယ်မတတ်လည်း ဆရာတစ်ဦးဦး ဆီမှာ သင်တန်းသွားတက်နိုင်အောင် ကြိုးစားကြည့်ပါ။
၁၀။ ပါးစပ်ကို မနှမြောပါနဲ့။ ဇစ်နဲ့ပိတ်မထားနဲ့။ များများ လှုပ်ရှားနိုင်အောင် ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စာမှာ အသံထုတ်မှ အဓိပ္ပာယ်ပေါ်တာတွေအများကြီးရှိတယ်။ ကျယ်ကျယ်အော်ရင် ပျော်သွားမယ်ဆိုတဲ့စကားရှိတယ်။ အစပိုင်းတော့ ရှက်သလိုလိုရှိမယ်။ ပြောကြည့်ပါ။ ထူးခြားသွားပါလိမ့်မယ်။
၁၁။ စိတ်ရှည် ဇွဲသန် သည်းခံနိုင်အောင် ကြိုးစားမယ်။ သင်ယူခြင်းဆိုတာ ကိုယ်တိုင်အားထုတ်မှရတာ။ အင်္ဂလိပ် လိုပြောနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုတယ်။ လူဆိုတာ ကွန်ပျူတာမဟုတ်တော့ သူ့လောက်တော့ မမြန်နိုင်ဘူးပေါ့။
၁၂။ ဆက်သွယ်ပါ။ အင်္ဂလိပ်စာမှာ communication အရမ်းအရေးကြီးတယ်။ များများဆက် များများတက်တယ်။ အင်တာနက်ဆိုတာရှိတယ်လေ။ ကမ္ဘာပတ်ပြီး အီးမေးလ်တွေကို အင်္ဂလိပ်လိုရေးပြီး ပို့ကြည့်။ သူများနိုင်ငံက ကိုယ့်ဆီကို ဘယ်လိုရေးတယ်ဆိုတာလည်းလေ့လာ၊ ကိုယ်လဲ ရေးရင်းနဲ့ လက်တက်သွားလိမ့်မယ်။
၁၃။ အင်တာနက်ကို သုံးဖြစ်အောင်၊ သုံးနိုင်အောင်ကြိုးစားပါ။ အင်တာနက်မှာ အင်္ဂလိပ်စာကို အတားအဆီး၊ အတိုင်းအတာမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုတာ တကယ်ပြောတာ။ လက်ကလေးတစ်ချောင်းနှိပ်လိုက်ရုံနဲ့ ကမ္ဘာ့အပြင်ကို ခုန်ထွက်နိုင်တဲ့ခေတ်မှာ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်ပါပြီ။
နောက်ဆုံးပြောချင်တာက စိတ်ရှည်ပါ။ သည်းခံပါ။ တကယ်တတ်ချင်ရင် ဒီစကားကို အထပ်ထပ်ရွတ်ပါ။
Pratice ... Pratice … Practice!
http://mtlagtigroup.blogspot.com/ မှာတင်ထားတဲ့ ပိုစ်လေးပါ။ ကျွန်တော်လည်း ဖတ်ဖြစ်နေအောင် လာလည်တဲ့သူတွေလည်း ဖတ်ဖြစ်သွားအောင် တင်လိုက်ပါတယ်။
Monday, 24 October 2011
နိုင်ငံတကာ ကာတွန်း
                မာရီယိုဂိမ်း ဆော့ဖူးတဲ့ လူတွေတိုင်းသဘောကျမယ့်ကာတွန်းလေးပါ
                                                 လက်နက်မချလိုက်နဲ့နော်
                                   သူသွားပြီလားဟင်...
                                   ဘယ်သူ့ကိုပြောတာလဲ
           "နောက်ဆုံးထွက်တဲ့ကွန်ပြူတာပါ 16 colours, ဟက်ဒစ် နဲ့ မောက်စ်ပါ တစ်ခါတည်းပါပါတယ်"
  " နည်းနည်းလောက် စောင့်လိုက်ပါအရှင်မင်းကြီး နောက် ၆လလောက်ဆိုရင် တ၀က်ဈေးလောက်နဲ့ ရနိုင်ပါတယ် "
                                       ကျုပ်အခန်းလေးကို လွမ်းလို့ပါဗျာ
ရှင့် ကွန်ပြူတာရဲ့ CPU အတွက် အထူးအအေးပေးစနစ်လိုတယ်ဆိုတာ ကျွန်မယုံပါတယ်။ ဒါပေမယ့် စားစရာလေးတွေထည့်ဖို့ နေရာလေးနည်းနည်းတော့ ချန်ပေးပါဦးလား
                       မင်းမိသားစုနဲ့ အချိန်များများပိုဆုံချင်တယ်ဆိုရင် သူတို့ကိုဒီမှာအလုပ်လာလျှောက်ခိုင်းလိုက်လေကွာ
Friday, 14 October 2011
ESL ဟာသသင်ခန်းစာများ ၃
The Perfect Son
A: I have the perfect son.
ငါ့မှာ အပြစ်ပြောစရာကို မရှိတဲ့ သားတစ်ယောက်ရှိတယ်
B: Does he smoke?
သူက ဆေးလိပ်သောက်တတ်လား
A: No, he doesn't.
ဟင့်အင်း.. မသောက်တတ်ဘူး
B: Does he drink whiskey?
အရက်ကော သောက်လား
A: No, he doesn't.
မသောက်တတ်ဘူး
B: Does he ever come home late?
အိမ်ကို အမြဲ နောက်ကျပြီး ပြန်လာတတ်လား
A: No, he doesn't.
အဲလိုလည်း မလုပ်ပါဘူး
B: I guess you really do have the perfect son. How old is he?
တကယ့်ကို အပြစ်ပြောစရာမရှိတဲ့သားပဲကွ။ အသက်ဘယ်လောက်ရှိပြီတုန်း။
A: He will be six months old next Wednesday.
လာမဲ့ ဗုဒ္ဓဟူးနေ့မှာ အသက် ၆ လပြည့်မယ်။
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?dl8xvcxard4hw20
Homework & On the Bus
A teacher is talking to a student.
ဆရာမက ကျောင်းသားကိုမေးသည်။
Teacher: Did you father help your with your homework?
ဆရာမ။ ။ မင်းရဲ့ အိမ်စာတွေကို မင်းဖေဖေ ကူလုပ်ပေးတာလား။
Student: No, he did it all by himself.
ကျောင်းသား။ ။ ဟင့်အင်းဆရာမ၊ အားလုံး ဖေဖေ ကိုယ်တိုင်လုပ်တာ။
On a crowded bus, one man noticed that another man had his eyes closed.
လူကျပ်သော ဘက်စ်ကားပေါ်တွင် လူတစ်ယောက် မျက်စိကို မှိတ်ထားသည်ကို အခြားတစ်ယောက်က သတိပြုမိသည်။
"What's the matter? Are you sick?"
"ဘာဖြစ်လို့လဲဟင် နေမကောင်းဘူးလား "
"No, I'm okay. It's just that I hate to see an old lady standing."
" မဟုတ်ပါဘူး ကောင်းပါတယ်ဗျာ၊ ဟိုမှာရပ်နေတဲ့ အဘွားကြီးကို မုန်းလွန်းလို့ပါ "
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?va39y1dylq4ncwy
Will I Be Able to Play the Piano?
A: Doctor, will I be able to play the piano after the operation.
ဆရာ...ခွဲစိတ်မှု့ ပြီးသွားရင် ကျွန်တော်စန္ဒယား တီးနိုင်မလားဟင်
B: Yes, of course.
ဟုတ်ကဲ့...တီးနိုင်တာပေါ့ဗျ
A: Great. I never could before.
ဝမ်းသာစရာပဲ! ကျွန်တော်အရင်က စန္ဒယား မတီးတတ်ဘူးဗျ
အသံဖိုင်ကိုဒေါင်းရန်
http://www.mediafire.com/?zawi4b0dp9vt9lx
The Trains Are Always Late
A man was complaining to a railroad engineer.
လူတစ်ယောက် ရထားအင်ဂျင်နီယာထံသို့ လာရောက်စောဒက တက်သည်။
What's the use of having a train schedule if the trains are always late.
ရထားက ဒီလို အမြဲတမ်းသာနောက်ကျနေတယ်ဆိုရင် ဘာလို့ ရထားအချိန်စာရင်းကို ကပ်ထားသေးလ။ဲ
The railroad engineer replied.
ရထားအင်ဂျင်နီယာက ပြန်ပြောသည်။
How would we know they were late, if we didn't have a schedule?
အချိန်စာရင်း ကပ်မထားရင် ရထားနောက်ကျမှန်း ကျွန်တော်တို့ ဘယ်သိနိုင်မလဲဗျ။
အသံဖိုင်ကို ဒေါင်းရန်
http://www.mediafire.com/?y9n869lo6235uu7
Tenses
The teacher says: Today, we're going to talk about the tenses. Now, if I say "I am beautiful," which tense is it?
ဆရာမ ။ ။ ဒီနေ့ စကားပြောဆိုရာမှာသုံးတဲ့ အချိန်ကာလတွေအကြောင်း ဆွေးနွေးကြရအောင်။ တကယ်လို့ ဆရာမက "ငါဟာ ချောမောလှပတယ် " လို့ပြောတယ်ဆိုရင် အဲဒါ ဘယ်အချိန်ကာလပုဒ်ကိုသုံးပြီး ပြောတာလဲ။
The student says: Obviously it's the past tense.
ကျောင်းသားများ ။ ။ အသိသာကြီးပါပဲ အတိတ်ကာလကို ညွှန်းဆိုထားတဲ့ ပုဒ်ကိုသုံးတာပါ
အသံဖိုင်ကို ဒေါင်းရန်
http://www.mediafire.com/?b3odvi1zc8p8xzo
 School Teacher's Note
An elementary school teacher sends this note to all parents on the first day of school.
အခြေခံပညာသင် ကျောင်းတစ်ကျောင်းမှ ဆရာဖြစ်သူက ကျောင်းစဖွင့်ရက်တွင် ကျောင်းသားမိဘများထံသို့ စာတစ်စောင်ပါးလိုက်သည်။
"If you promise not to believe everything your child says happens at school, I will promise not to believe everything your child says happens at home.
လူကြီးမင်းတို့ အနေဖြင့် ကလေးများပြောပြသော ကျောင်းမှာဖြစ်ပျက်သမျှ ကိစ္စများကို မယုံကြည့်ပါဟု ကတိပေးမည်ဆိုလျှင် ကျွန်တော့အနေဖြင့်လည်း ကလေးများပြောပြသော အိမ်တွင်ဖြစ်ပျက်သမျှကိစ္စများကို အယုံအကြည်မရှိပါဟု ကတိပေးပါသည်။
အသံဖိုင်ကို ဒေါင်းရန်
http://www.mediafire.com/?czydcvuke39uxgn
ESL ဟာသသင်ခန်းစာများ ၂
The Biggest Lie
Two boys were arguing when the teacher entered the room.
The teacher says, "Why are you arguing?"
ဆရာဖြစ်သူ အခန်းထဲဝင်လာသောအခါ လူငယ်နှစ်ယောက်အငြင်းအခုံဖြစ်နေသည်။ ဆရာက မေးသည် "ဘာများဒီလောက်တောင်ငြင်းနေတာလဲ"
One boy answers, "We found a ten dollor bill and decided to give it to whoever tells the biggest lie."
လူငယ်တစ်ယောက်ကဖြေသည် "ကျွန်တော်တို့ ဒေါ်လာတစ်ဆယ်ကောက်ရထားတယ် အဲဒါ ဒီပိုက်ဆံကို အကြီးကျယ်ဆုံး လိမ်ညာစကားပြောနိုင်တဲ့သူရသင့်တယ်ဆိုပြီး ငြင်းနေကြတာပါ။"
"You should be ashamed of yourselves," said the teacher, "When I was your age I didn't even know what a lie was."
"မင်းတို့တွေ မရှက်ကြဘူးလားကွ ဟေ" ဆရာဖြစ်သူကပြောသည်။ "ငါမင်းတို့အရွယ်ကဆို လိမ်တယ်ဆိုတာဘာမှန်းတောင် မသိသေးဘူး"
The boys gave the ten dollars to the teacher.
လူငယ်နှစ်ယောက် ဒေါ်လာတစ်ဆယ်ကို ဆရာဖြစ်သူကိုပေးလိုက်သည်။
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?5ot0zb3b84usn43
Doctor Jokes
The patient says, "Doctor, I have a pain in my eye whenever I drink tea."
လူနာ။ ။ ဆရာ...ကျွန်တော်လက်ဖက်ရည်သောက်တဲ့အခါတိုင်း မျက်စိအောင့်တယ်
The doctor says, "Take the spoon out of the mug before you drink."
ဆရာဝန်။ ။ လက်ဖက်ရည်မသောက်ခင် ခွက်ထဲကဇွန်းကို ဖယ်လိုက်ပါ
The patient says, "Doctor, you've got to help me. Nobody ever listens to me. No one ever pays any attention to what I have to say.
လူနာ။ ။ ဆရာ...ကျွန်တော့ကိုကူညီပါဦး။ ဘယ်သူမှ ကျွန်တော်ပြောတာကို နားမထောင်ကြဘူး။ ကျွန်တော်ဘာပြောပြောဘယ်သူမှ အလေးမထားကြဘူးဗျာ
The doctor says, "Next, please."
ဆရာဝန်။ ။ နောက်တစ်ယောက်ဝင်ခဲ့ပါ
အသံဖိုင်ကို အောက်ကလင့်မှာဒေါင်းပါ
http://www.mediafire.com/?mavq5q8un8onnvq
Boy or Girl
A: Just look at that young person with the short hair and blue jeans. Is it a boy or a girl?
ခေတ်ကာလကလေးတွေများ ကြည့်ပါဦး၊ ဟိုဂျင်းအပြာနဲ့ ဆံပင်တိုတိုနဲ့တစ်ယောက်လေ။ ယောင်္ကျားမှန်းမသိ မိန်းမမှန်းမသိ
B: It's a girl. She's my daughter.
ဟေ့...အဲဒါငါ့သမီးကွဲ့
A: Oh, I'm sorry, sir. I didn't know that you were her father.
အိုး...စိတ်မရှိပါနဲ့ဗျာ။ ခင်ဗျားက သူ့အဖေဆိုတာ မသိလို့ပါနော်
B: I'm not. I'm her mother.
ဟေ့...ငါကသူအမေကွဲ့
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?77x4lwvb6p4ujk0
Call Me a Taxi
A: Hey, man! Please call me a taxi.
ဟေ့လူ ကျုပ်ကို တက်စီ ခေါ်ပေးစမ်းပါဗျာ။
B: Yes, sir. You are a taxi.
ရပါတယ် ဆရာ။ ဗျို့ ကိုတက်စီ
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?73bc97i7q8tv4bb
Doctor, it hurts!
A man goes to the doctor and says, "Doctor, wherever I touch, it hurts."
လူတစ်ယောက် ဆရာဝန်ဆီသို့သွားရောက်ကာ ပြောသည်။ " ဆရာ ကျွန်တော်ဘာပဲဖြစ်ဖြစ် ထိလိုက်တိုင်းနာတယ်"
The doctor asks, "What do you mean?"
ဆရာဝန်ကမေးသည် " ဘယ်လိုဖြစ်တာလဲ ပြောပါဦး "
The man says, "When I touch my shoulder, it really hurts.When I touch my knee - OUCH! When I touch my forehead, it really, really hurts."
" ကျွန်တော့ ပုခုံးကို လက်နဲ့ထိရင်လည်း နာတယ်၊ ကျွန်တော့ ဒူးကိုထိလိုက်ရင်လည်းနာတယ်၊ နဖူးကို ထိရင်လည်း နာတယ် " လူနာက ပြောသည်။
The doctor says, "I know what's wrong with you. You've broken your finger!"
" ခင်ဗျား ဘာဖြစ်လဲဆိုတာ ကျွန်တော်သိပြီဗျ။ ခင်ဗျား လက်ချောင်းလေးတွေ ကျိုးနေတာပဲ "
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?aqsby7b18a4hvj6
The Second Opinion
The doctor to the patient: "You are very sick."
ဆရာဝန်က လူနာကိုပြောသည် " ခင်ဗျား တော်တော် နာမကျန်းဖြစ်နေတယ် "
The patient to the doctor: "Can I get a second opinion?"
" ဆရာရဲ့ ဒုတိယ အမြင်ကိုပြောပါဦး ခင်ဗျာ" လူနာက ဆရာဝန်ကို မေးသည်။
The doctor again: "Yes, you are very ugly too."
ဆရာဝန်က ထပ်ပြောသည် "ခင်ဗျားက ရုပ်လည်း တော်တော်ဆိုးတယ်ဗျ"
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?k9ot9pylppd58dr
Monday, 10 October 2011
သတိ! စာဖတ်ရန် မမေ့ပါနှင့်
[Unicode]ယနေ့ခေတ်မှာ မီဒီယာတွေရဲ့တိုးပွားမှု (Media Population) က များသည်ထက် များလာသည်။ ယခင်က ပုံနှိပ် မီဒီယာ (Press Media) TV, Audio Media တို့လောက်သာ ရှိခဲ့ရာမှ ယနေ့တွင် အွန်လိုင်းမီဒီယာ၊ ကြော်ငြာဘုတ်၊ ဆိုရှယ်နက်ဝက်ခ်များ၊ မိုဘိုင်းဖုန်းများ စသည်ဖြင့် Media မျိုးစုံအလျှိုလျှိုပေါ်ပေါက်လာကြသည်။
အထူးသဖြင့် မီဒီယာအေး (Cold Media) များဖြစ်သည့် စာအုပ်စာပေ Press Media များက Online, Internet ကဲ့သို့သော Hot Media များနှင့်ယှဉ်လျှင် ယှဉ်ပြိုင်နိုင်စွမ်းများ သိသိသာသာ ကျဆင်းလာကြသည်။ အထူးသဖြင့်  အင်တာနက် ကဲ့သို့သော Hot Media တို့မှာ အသုံးပြုသူများ သိရှိလိုသည့် သတင်း အချက်အလက်များကို အချိန်တိုအတွင်း လျင်မြန်စွာ ရှာဖွေပေးနိုင်ခြင်း ၊ အရုပ်အသံ စသည့် Media စုံ ကြည့်ရှုခံစားနိုင်ခြင်း ၊ အသုံးပြုသူ user အချင်းချင်း Email ၊ ချက်တင် စသည်တို့ဖြင့် ဆက်သွယ်နိုင်ခြင်း၊ စသည်တို့ကြောင့် ကာလတို အတွင်းမှာ သုံးစွဲသူ အရေအတွက် အဆမတန် များပြားလာခဲ့သည်။ အချို့သော ကမ္ဘာကျော် သတင်းစာကြီးများ သည်ပင်လျှင် ယင်းတို့၏ Offline ပုံနှိပ် ထုတ်ဝေနေမှုများကို ရပ်ဆိုင်းကာ Online Version တစ်ခုတည်းဖြင့် ပြောင်းလဲ ရပ်တည် လာရသည်အထိ Hot Media တို့က အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့သည်။
စခရင်ချည်းမကြည့်ဘဲ စာအုပ်ကြည့်ဖို့လည်း လိုအပ်ပါသတဲ့
စခရင်ချည်းမကြည့်ဘဲ စာအုပ်ကြည့်ဖို့လည်း လိုအပ်ပါသတဲ့
ICT ခေတ်ရဲ့တိုးတက်မှုတွေကြားမှာ မွေးဖွားလာကြတဲ့ Cyber Citizen လူငယ်တွေဟာ ONLINE, INTERNET အရုပ်၊ အသံ လှုပ်ရှားမှုများတွေနဲ့ ပြည့်နှက်နေတဲ့ Multimedia ကမ္ဘာကြီး မှာပဲ သူတို့ရဲ့ဘဝတွေကို မြှုပ်နှံ ထားချင်ကြပါတယ်။ သည်လိုဆိုရင် သူတို့တစ်တွေအတွက် Cold Meida တွေဟာ မလိုအပ်တော့ဘူးလား။ Cold Media တွေရဲ့ကျဆုံးခန်းဟာ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးမှာ စတင် နေပြီလား။
သည်လို မေးလာခဲ့ရင်တော့ စာရေးသူက မဟုတ်ပါ။ လုံး၀ မဟုတ်ပါဟု ပြတ်ပြတ်သားသား ပြန်ဖြေရပါမည်။ မကြာသေးမီက အင်္ဂလန်  နိုင်ငံမှာ ပြုလုပ်ခဲ့သည် သုတေသန စစ်တမ်း တစ်ခုအရ Online, Internet, Hot Media များ အကြား မွေးဖွား ကြီးပြင်းလာသည့် လူငယ် လူရွယ်တို့မှာ စာအုပ် ၊ စာပေ ၊ မဂ္ဂဇင်းစသည့် Cold Media များ အကြားမှာ မွေးဖွား ကြီးပြင်းလာသော လူငယ်လူရွယ်များထက် စဉ်းစား တွေးခေါ်နိုင်မှု ၊ ဉာဏ်ရည် ဉာဏ်သွေးတို့ နိမ့်ကျနေကြောင်း အသေအချာ တွေ့ရှိရပါသည်။ Hot Media တို့၏ သဘောမှာ အရုပ်၊ အသံ၊ လှုပ်ရှားမှုသည်တို့မှာ ခူးပြီးခပ်ပြီး အသင့်ပြင်ဆင် ထားပြီးဖြစ်သဖြင့် ဦးနှောက်၏အလုပ် မလိုအပ်ဘဲ နှလုံးသားနှင့် အသင့်ခံစားရုံဖြစ်သည်။Cold Media တို့၏သဘောမှာ Hot Media ၏ ပြောင်းပြန်ဖြစ်သည်။
အထူးသဖြင့် ယနေ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ (Developed Country) တွင် Hot Media များနှင့် Cold Media များ၏ လွှမ်းမိုးမှုမှာ တန်းတူရည်တူမျှသာ ရှိလာသော်လည်း စာရေးသူတို့ကဲ့သို့ ဖွံဖြိုးဆဲ နိုင်ငံများတွင် Hot Media များ၏ လွှမ်းမိုးမှုမှာ အဆမတန် အားကောင်းလာသည်ဖြစ်ရာ တွေးခေါ်မှု စွမ်းရည်များ၊ တီထွင်ဖန်တီးနိုင်မှုများ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ လူငယ်လူရွယ်များ အနေဖြင့် Hot Media များတွင်သာ အချိန်ကုန် လုံးပမ်းမနေကြဘဲ Cold Media များဘက်သို့လည်း တစ်လှည့်ပြန် လှည့်ကာ မိမိတို့၏ တွေးခေါ်မှုစွမ်းရည်များကို မြှင့်တင်ကြပါဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။
"ကျေးဇူးပြု၍ ... စာဖတ်ရန်မမေ့ကြပါနှင့်"
Ref: www.newyorktime.com
ထာဝရ သူငယ်ချင်းများဆိုဒ်မှ
Sunday, 9 October 2011
                                           ဟဲ့ရပ်စမ်း...စားစရာနဲ့မဆော့ရဘူးလေ
                                       log off လုပ်ဖို့ဒီနည်းက အကောင်းဆုံးပဲ       
                                    အကြွေးဝယ်ကဒ် company ကပို့လိုက်တာလေ
ESL ဟာသသင်ခန်းစာများ
Factory Workers
Two factory workers are talking.
စက်ရုံ အလုပ်သမားနှစ်ယောက်စကားပြောနေကြသည်။
The woman says, "I can make the boss give me the day off."
အမျိုးသမီးအလုပ်သမား ကပြောသည် " သူဋ္ဌေးဆီက အလုပ်နားရက်ရအောင် ငါလုပ်တတ်တယ်"
The man replies, "And how would you do that?"
အမျိုးသားအလုပ်သမား " ခင်ဗျား ဘယ်လို လုပ်မှာတုန်း"
The woman says, "Just wait and see." She then hangs upside-down from the ceiling.
အမျိုးသမီးအလုပ်သမား က " ခဏလေးစောင့်" ဟုပြောပြီး မျက်နှာကြတ်တွင် ဇောက်ထိုး တွဲလောင်းခိုနေလိုက်သည်။
The boss comes in and says, "What are you doing?"
သူဋ္ဌေးရောက်လာပြီးမေးသည်။ " မင်းဘာလုပ်နေတာတုန်း "
The woman replies, "I'm a light bulb."
အမျိုးသမီးအလုပ်သမား က" ငါဟာ မီးလုံး တစ်လုံးဖြစ်တယ် " ဟုပြန်ပြောသည်။
The boss then says, "You've been working so much that you've gone crazy. I think you need to take the day off."
ထို့နောက် သူဋ္ဌေးမှပြောသည် "အင်း မင်းအလုပ်တွေ အရမ်းများလို့ ရူးကြောင်ကြောင် ဖြစ်သွားတယ်ထင်တယ်။ မင်း နားရက်ယူသင့်ပြီ။"
The man starts to follow her and the boss says, "Where are you going?"
အမျိုးသားအလုပ်သမားမှာ အမျိုးသမီးအလုပ်သမားနောက်သို့ လိုက်သွားသဖြင့် သူဋ္ဌေးကလှမ်းမေးသည်။ " မင်းကရော ဘယ်သွားမလို့လဲ"
The man says, "I'm going home, too. I can't work in the dark."
အမျိုးသား အလုပ်သမားက ပြန်ဖြေသည်။ " အိမ်ပြန်မလို့လေ၊ အမှောင်ထဲမှာ ဘယ်လိုအလုပ်လုပ်မတုန်း"
အသံဖိုင်ကို အောက်မှ ဒေါင်းပါ
http://www.mediafire.com/?bndin3mnu6o1ehj 
  Baby Brother
A: Meet my new born brother.
မွေးကင်းစ ငါ့ညီလေးကို ကြည့်ပါဦး။
B: Oh, he is so handsome! What's his name?
အိုး! ချစ်စရာလေးပါလား! သူ့နာမည် ဘယ်လိုခေါ်တုန်း။
A: I don't know. I can't understand a word he says.
သိဘူးကွ။ သူပြောတာကို ငါနားမလည်သေးဘူး
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?y7yr119joed9pa6
Good News & Bad News
A man receives a phone call from his doctor.
လူနာတစ်ဦးထံသို့ သူ၏ဆရာဝန်ဖုန်းဆက်သည်။
The doctor says, "I have some good news and some bad news."
ကျွန်တော့မှာ ခင်ဗျားကို ပြောစရာ သတင်းကောင်းရော သတင်းဆိုးရောရှိတယ်။
The man says, "OK, give me the good news first."
"ကောင်းပါပြီ သတင်းကောင်းကို အရင်ပြောပါ" လူနာမှ ပြန်ပြောသည်။
The doctor says, "The good news is, you have 24 hours to live."
ဆရာဝန်က " သတင်းကောင်းကတော့ ခင်ဗျားမှာ အသက်ရှင်နေထိုင်ဖို့ အချိန် ၂၄ နာရီပဲရှိတော့တယ်"
The man replies, "Oh no! If that's the good news, then what's the bad news?"
"အိုး..သွားပါပြီ ဒါဆို ဘာကသတင်းဆိုးတုန်း" လူနာက မေးသည်။
The doctor says, "The bad news is, I forgot to call you yesterday."
"သတင်းဆိုးကတော့...ကျွန်တော်ခင်ဗျားကို ဒီသတင်းပြောမလို့ မနေ့က ဖုန်းခေါ်ဖို့မေ့သွားတယ်ဗျာ။
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?5trasg9dxt2dekd
The Frog & The Engineer
An engineer was taking a walk when a frog spoke to him and said, "If you kiss me, I'll turn into a beautiful princess."
အင်ဂျင်နီယာတစ်ယောက် လမ်းလျှောက်ထွက်စဉ် ဖားတစ်ကောင် စကားလာပြောသည်။ "ငါ့ကို နမ်းလိုက်မယ်ဆိုရင် ငါဟာ သိပ်ကိုလှပတဲ့ မင်းသမီးလေး အဖြစ်ပြောင်းလဲသွားလိမ့်မယ်"
He picked up the frog and put it in his pocket.
အင်ဂျင်နီယာက ဖားကိုကောက်ယူပြီး အင်္ကျီအိတ်ထောင်ထဲ ထည့်လိုက်သည်။
The frog spoke again and said, "If you kiss me and turn me back into a beautiful princess, I'll become your girlfriend."
ဖားက ထပ်ပြီးပြောသည်။ "ငါ့ကို နမ်းလိုက်မယ်ဆိုရင် ငါဟာ သိပ်ကိုလှပတဲ့ မင်းသမီးလေး အဖြစ်ပြောင်းလဲသွားလိမ့်မယ်၊ ပြီးတော့ ငါဟာမင်းရဲ့ ချစ်သူဖြစ်လာလိမ့်မယ်"
The engineer took the frog out of his pocket, smiled at it and put it back into his pocket.
အင်ဂျင်နီယာမှ ဖားကို အိတ်ထောင်ထဲမှ တချက်ထုတ်ယူပြီး ပြုံးပြလိုက်တာ ပြန်ထည့်ထားလိုက်သည်။
The frog spoke again and said, "If you kiss me and turn me back into a princess, I'll become your wife."
ဖားက ပြောပြန်သည်။ "ငါ့ကို နမ်းလိုက်မယ်ဆိုရင် ငါဟာ သိပ်ကိုလှပတဲ့ မင်းသမီးလေး အဖြစ်ပြောင်းလဲသွားလိမ့်မယ်၊ ပြီးတော့ ငါဟာမင်းရဲ့ ဇနီးဖြစ်လာလိမ့်မယ်"
The engineer took the frog out of his pocket again, smiled at it and put it back into his pocket.
င်ဂျင်နီယာမှ ဖားကို အိတ်ထောင်ထဲမှ တချက်ထုတ်ယူပြီး ပြုံးပြလိုက်တာ ပြန်ထည့်ထားလိုက်ပြန်သည်။
Finally, the frog said, "What is the matter? I'm a beautiful princess. Why won`t you kiss me?"
နောက်ဆုံးတွင် ဖားကပြောသည်။ "ဘာဖြစ်လို့လဲ ငါဟာ သိပ်လှတဲ့ မင်းသမီးလေး တစ်ပါးဖြစ်တယ်။ ဘာကြောင့် ငါ့ကို မနမ်းတာလဲ"
The engineer said, "Look, I'm a busy engineer. I don`t have time for a girlfriend or a wife, but a talking frog, now that's cool."
အင်ဂျင်နီယာမှ ပြောသည်။ " မင်းကြည့်စမ်း ငါဘယ်လောက် အလုပ်များလဲဆိုတာ။ ရည်းစား တို့ ဇနီးမယားတို့အတွက် ငါအချိန်ဘယ်လိုပေးနိုင်မှာတုန်း ဒါပေမယ့် အခု စကားပြောတတ်တဲ့ ဖားတစ်ကောင် ရထားတယ် ဘယ်လောက်ဟန်ကျတုန်း"
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?uh8wzt8mf5dcco8
A Cute Dog
A man walks into a shop and sees a cute little dog.
လူတစ်ယောက် လမ်းလျှောက်လာရင်း အရောင်းဆိုင်ထဲတွင် ချစ်စရာခွေးလေး တစ်ကောင်ကိုတွေ့သည်။
He asks the shopkeeper, "Does your dog bite?"
" မင်းခွေးက ကိုက်တတ်သလားကွ " ဟု အရောင်းဝန်ထမ်းကို မေးလိုက်သည်။
The shopkeeper says, "No, my dog does not bite."
"ဟင့်အင်း ကျွန်တော့ခွေးက လုံးဝမကိုက်တတ်ပါဘူး ခင်ဗျာ" အရောင်းဝန်ထမ်းက ပြန်ဖြေသည်။
The man tries to pet the dog and the dog bites him.
ထိုနောက် ၀ယ်သူမှာ ခွေးကို ပတ်သပ်ချော့မြူရန်ကြိုးစားစဉ် အကိုက်ခံလိုက်ရသည်။
"Ouch," he says, "I thought you said your dog does not bite!"
"အား" ထိုသူမှအော်သည်။ " မင်းပြောတော့ မကိုက်တတ်ဘူးဆိုကွ "
The shopkeeper replies, "That is not my dog."
အရောင်းဝန်ထမ်းမှ ပြန်ပြောသည်။ "'ဒါ ကျွန်တော့ခွေးမှ မဟုတ်ပဲ"
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?5ipqdsdj4aqoc5h
Punishment
A student is talking to his teacher.
ကျောင်းသားဖြစ်သူမှ ဆရာကို မေးသည်။
Student: "Would you punish me for something I didn`t do?"
ကျောင်းသား ။ ။ ကျွန်တော်မလုပ်တဲ့အရာတစ်ခုအတွက် ကျွန်တော့ကို အပြစ်ပေးမှာလားဟင်
Teacher:" Of course not."
ဆရာ ။ ။ လုံးဝမပေးပါဘူး
Student: "Good, because I haven't done my homework."
ကျောင်းသား ။ ။ ကောင်းလိုက်တာ၊ ကျွန်တော် အိမ်စာမလုပ်ခဲ့ဘူး
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?fsrq5m52sn51qxa
Telephone
A teenage girl had been talking on the phone for about half an hour, and then she hung up.
ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူ နာရီဝက်ကြာ ဖုန်းပြောပြီးနောက် ဖုန်းခွက်ကို ပြန်ချလိုက်သည်။
"Wow!," said her father, "That was short. You usually talk for two hours. What happened?"
"အံ့သြစရာပဲ" ဖခင်က ဆိုသည်။ "'ဒီတစ်ခါ စကားပြောတာ မြန်လှချည်လား ပုံမှန်ဆို ၂နာရီလောက်ကြာအောင် ပြောတာပါ ဘာဖြစ်လို့လဲ"
"Wrong number," replied the girl.
"အခုဟာက ဖုန်းနံပတ်မှားခေါ်တာလေ" သမီးဖြစ်သူက ပြန်ပြောသည်။
အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?1w7hlrfouv74u75
ကွယ်လွန်သွားပြီဖြစ်တဲ့ steve jobs ကြီးအတွက် အမှတ်တရပါ