Saturday, 13 July 2024
နေရူး၏ သမီးထံသို့ပေးစာများ
Letters from a Father to His Daughter စာအုပ်က ဂျဝါဟလာနေရူးက သမီးဖြစ်သူ အင်ဒီရာ ဆီကို ရေးခဲ့တဲ့ ပေးစာတွေ ဖြစ်ပါတယ်။ ကမ္ဘာကျော် ပေးစာတွေထဲက တစ်ခုပါ။
ဒီစာတွေပို့တဲ့အချိန်မှာ နေရူးက အလဟာဘတ် မှာရှိပြီး သမီးဖြစ်သူကတော့ မဆူရီ မှာ ရှိနေပါတယ်။ ၁၉၂၈ ခုနှစ်၊ အင်ဒီရာ အသက် ၁၀ နှစ်အရွယ်မှာ ပို့ခဲ့တဲ့ စာတွေပါ။ စာတွေကို ပုံနှိပ်ထုတ်ဝေတာကတော့ ၁၉၂၉ ခုနှစ်မှာ ဖြစ်ပါတယ်။
မူရင်းစာတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးခဲ့ပြီး နောက်မှ ဟင်ဒီဘာသာနဲ့ ပြန်ဆိုခဲ့ပါတယ်။
ဒီစာတွေမှာ သဘာဝအကြောင်း၊ လူသားသမိုင်းအကြောင်းတွေ ပါပါတယ်။ သိပ္ပံနည်းကျအကြောင်းအရာတွေကို ဆယ်နှစ်အရွယ် ကလေးနားလည်နိုင်တဲ့ပုံစံနဲ့ တင်ပြထားတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။
ကလေးတွေကို အင်္ဂလိပ်စာဖတ်ကျင့်လည်း ရစေချင်၊ သိပ္ပံနည်းကျ အကြောင်းအရာတွေကိုလည်း သိစေချင်သူများအတွက် ဒီစာအုပ်ကို ကျွန်တော်က သောကြာ-တနင်္လာနှစ်ရက် အပတ်စဉ်၊ ဖတ်ပြ ရှင်းပြပေးတာ လုပ်ပေးခဲ့ပါတယ်။ (လူကြီးတွေအတွက်လည်း အသုံးတည့်ပါတယ်။) အခု တစ်အုပ်လုံး ဖတ်ပြ၊ ရှင်းပြပြီးတဲ့အတွက် သင်ခန်းစာတွေကို ထပ်မံစုစည်းပေးလိုက်ပါတယ်။
Channel ကို အရင် Subscribe လုပ်ထားပေးပါ။
https://youtube.com/@sayasithuhtetessentialenglish?si=fzE7-K49JzCt5PEP
အင်္ဂလိပ်လို စာအုပ်ကို Download ယူရန်
Google Drive Link
https://drive.google.com/file/d/1PycjM8DxeR6gdTTogVh8bHIwmJ3L0yaa/view?usp=sharing
Video သင်ခန်းစာများ
💟 Chapter 1
The Book of Nature
https://youtu.be/DBdwW9yFW9M
💟 Chapter 2
How Early History was Written
https://youtu.be/AIQ4oTkomlY
💟 Chapter 3
The Making of the Earth
https://youtu.be/_zmJHL_X_88
💟 Chapter 4
The First Living Things
https://youtu.be/yc7iL3-AGrA
💟 Chapter 5
The Animals Appear
https://youtu.be/fq8H6pDWx3E
💟 Chapter 6
The Coming of Man
https://youtu.be/jSDLqreuaNg
💟 Chapter 7
The Early Man
https://youtu.be/jsgUPq0--Zw
💟 Chapter 8
How Difference Races were Formed
https://youtu.be/lZcqPy-AwXc
💟 Chapter 9
The Races and Languages of Manking
https://youtu.be/WLCHhSG0Wk0
💟 Chapter 10
The Relationships of Languages
https://youtu.be/cQPh4foxzwc
💟 Chapter 11
What is Civilization
https://youtu.be/wEL6ICr2JbA
💟 Chapter 12
The Formation of Tribes
https://youtu.be/PKXCz6Pl_Wc
💟 Chapter 13
How Religion Began and Division of Labour
https://youtu.be/rnhk8dUK-EI
💟 Chapter 14
The Changes Brought about by Agriculture
https://youtu.be/xMHMhLZiA8c
💟 Chapter 15
The Patriarch - How he Began
https://youtu.be/0EnJ1Zd5xlI
💟 Chapter 16
The Patriarch - How he Developed
https://youtu.be/N6TTg3sivmc
💟 Chapter 17
The Patriarch Becomes the King
https://youtu.be/7bWDa3_sLA0
💟 Chapter 18
The Early Civilizations
https://youtu.be/7vh9KE4cY9s
💟 Chapter 19
The Great Cities of the Ancient World
https://youtu.be/0gqEr-slvuA
💟 Chapter 20
Egypt and Crete
https://youtu.be/1Jg9ndNiRTI
💟 Chapter 21
China and India
https://youtu.be/sV-I1kRBRTo
💟 Chapter 22
Sea Voyages and Trade
https://youtu.be/XpwZza6iqn4
💟 Chapter 23
Language, Writing and Numerals
https://youtu.be/Zny-teF2TZU
💟 Chapter 24
Different Classes of People
https://youtu.be/U-ht-eXbh9c
💟 Chapter 25
Kings and Temples and Preists
https://youtu.be/6e66xFfF-to
💟 Chapter 26
A Look Back
https://youtu.be/VzggeVBw33s
💟 Chapter 27
Fossils and Fuels
https://youtu.be/-8cC5vso27U
💟 Chapter 28
The Aryans Come to India
https://youtu.be/RiLygoVkWfo
💟 Chapter 29
What were the Aryans in India Like
https://youtu.be/hXphy_YssIM
💟 Chapter 30
The Ramayana and the Mahabharata
https://youtu.be/P3Oh2oaUWxA
သြော် စကားမစပ် ဒီလိုမျိုး ဆယ်နှစ်အရွယ်ကတည်းက သိပ္ပံပညာ၊ လေးနက်တဲ့ အသိအမြင်တွေနဲ့ ပျိုးထောင် ခံခဲ့ရတဲ့ အင်ဒီရာ ဆိုတာ တခြားသူမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ တတိယမြောက် ဝန်ကြီးချုပ် (ပထမဆုံးနဲ့ ဒီနေ့ထိ တစ်ဦးတည်းသော အမျိုးသမီး ဝန်ကြီးချုပ်) အင်ဒီရာ ဂန္ဒီ ဖြစ်ပါတယ်။ ပညာရဲ့ အစွမ်းက ကြီးမြတ်လှပါတယ်။
English စာကို Self study ဒီလိုလုပ်ပါ။ 🇺🇸🇬🇧
English စာကို Self study ဒီလိုလုပ်ပါ။ 🇺🇸🇬🇧
ကျွန်တော့်အတွက်တော့ English စာလေ့လာတာဟာ အရမ်းကိုပျော်စရာကောင်းပြီး ကျေနပ်စရာကောင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။
Skills မျိုးစုံကို မရိုးရအောင်လေ့လာပြီး ကိုယ့်ရဲ့ English စာကို နည်းလမ်းမျိုးစုံနဲ့ လေ့လာနိုင်ပါတယ်။
ဒီ blog လေးမှာတော့ English စာကို တစ်လလုံး Productive ဖြစ်ဖြစ် ဘယ်လိုလေ့လာရမလဲဆိုတာကို အသေးစိတ်ပြောပြပေးသွားပါမယ်။
ပထမဦးဆုံးအနေနဲ့ ကိုယ့်ရဲ့ Level ကိုစစ်ဖို့ဦးစွာလိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ Level ကိုသိတဲ့အခါ ကိုယ်ဆက်ပြီး လေ့လာရမယ့် စာတွေကို မိမိရဲ့ Level အလိုက် Productive ဖြစ်ဖြစ်နဲ့ ဆက်လေ့လာနိုင်လို့ပဲ ဖြစ်ပါတယ်။
Level Test စစ်ဖို့ရာ Recommend ပေးချင်တာကတော့ English Score ဆိုတဲ့ Application လေးဖြစ်ပါတယ်။ ၄၅ မိနစ်လောက် သေသေချာချာအချိန်ပေးပြီး Grammar Reading နဲ့ Listening ကိုအရင်ဖြေပေးရမှာ ဖြစ်တာကြောင့် တိတ်ဆိတ်ပြီး အာရုံစိုက်လို့ကောင်းမယ့် နေရာ တစ်နေရာရာမှာ ဖြေဆိုဖို့ အကြံပေးချင်ပါတယ်။
ကိုယ့်ရဲ့ English Level ကိုသိပြီဆိုရင်တော့ တစ်ပတ်ကို မိမိအဆင်ပြေမယ့် ရက်ကလေးတွေ ရယ် အချိန်ရယ်ကို သေချာရွေးပြီး မပျက်မကွက်လေ့လာရမှာဖြစ်ပါတယ်။
ဥပမာ တစ်ခုအနေနဲ့ ကျွန်တော်လေ့လာတဲ့ပုံစံလေးကို Sharing လုပ်ပေးပါရစေ။ ဒီနည်းလမ်းလေးက ကျွန်တော့်ရဲ့ အစ်ကိုတွေ အစ်မတွေ ဆရာ၊ဆရာမတွေ တစ်ဦးချင်းစီကနေရထားတဲ့ Ideas တွေကိုပေါင်းပြီး လေ့လာတဲ့နည်းလေးဖြစ်လို့ ဦးစွာပထမ ကျေးဇူးတင်ထိုက်သူများနှင့် ရိုသေလေးစားထိုက်သူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကျွန်တော်ကတော့ တစ်ပတ်ကို ၆ ရက် တစ်နေ့ကို ၄ နာရီလောက် အချိန်ပေးပြီးလေ့လာပါတယ်။
( ၄ နာရီဆက်တိုက် တစ်ချိန်တည်းလေ့လာတာမျိုးမဟုတ်ပဲ မနက် နေ့လယ် ညနေ ည ဆိုပြီး ခွဲခွဲပြီးလေ့လာရင် ပိုပြီး Focus ထားလေ့လာနိုင်ပါတယ် )
Monday - Reading
Tues - Vocabulary
Wed - Grammar
Thurs - Writing
Fri - Listening
Sat - Speaking
Sun - day off
ဆိုပြီးလေ့လာပါတယ်။ ကိုယ်အဆင်ပြေတဲ့ရက်မှာ မိမိနှစ်သက်တဲ့ Skill တစ်ခုစီ အားလုံး ဘက်စုံအောင် လေ့လာဖို့အကြံပြုချင်ပါတယ်။
တစ်ရက်ချင်းစီ လေ့လာတဲ့ skill အသီးသီးကိုလည်း ကျွန်တော်က အရင် input အနေနဲ့လေ့လာတယ်။ပြီးရင် လေ့ကျင့်ခန်းလေးတွေလုပ်တယ်။ ကိုယ့်အတွက် အသစ်ဖြစ်တဲ့ new vocabulary လေးတွေကို ချရေးပြီး Notebook လေးထဲမှာမှတ်ထားတယ်။ပြီးရင် new vocab တွေကိုအသေးစိတ်လေ့လာပြီး sentence တစ်ခုထွင်ရေးကြည့်တယ်၊Example sentence တွေကိုလည်း sentencedict.com မှာ ရှာကြည့်ဖြစ်တယ်။
Skill တစ်ခုချင်းစီအလိုက် လေ့လာလို့ရမယ့် Websites နမည်လေးတွေကိုလည်း sharing လုပ်ပေးချင်ပါတယ်။
Reading
- Newsinlevels
https://www.newsinlevels.com/
- Breakingnewsenglish
https://breakingnewsenglish.com/speed_reading.html
- Wikihow
https://www.wikihow.com/Main-Page
- BBC Learning English
https://www.bbc.co.uk/learningenglish/
- British Council English
https://learnenglish.britishcouncil.org/
Grammar
- learnamericanenglish
https://www.learnamericanenglishonline.com/
- BBC Learning English
https://www.bbc.co.uk/learningenglish/
- British Council English
https://learnenglish.britishcouncil.org/
- Essential Grammar In Use (pdf) book
- English Grammar In Use (pdf) book
Writing
- writeandimprove
https://writeandimprove.com/
Vocabulary
- Vocab in use series ကိုလေ့လာလို့လည်းရသလို
- BBC နဲ့ British Council ကနေလည်း လေ့လာနိုင်ပါတယ်။
Speaking
- ကျွန်တော်ကတော့ Conversation Club တွေ Join တယ် English Community
- esl discussion ကမေးခွန်းလေးတွေဖြေကြည့်တယ်
https://esldiscussions.com/
- wakie app
- club house app တွေလည်းသုံးပြီးလေ့ကျင့်နိုင်တယ်
- episoden ဆိုတဲ့ Website လေးလည်း အဆင်ပြေပါတယ်။
https://www.episoden.com/main
Listening
- elllo
https://www.elllo.org/
- ted talk
https://www.ted.com/talks
- youtube
- ed.ted.com စတဲ့ website လေးတွေသုံးနိုင်ပါတယ်။
https://ed.ted.com/
Resources တွေသိပြီဆိုတော့ လေ့လာတဲ့အခါ web အားလုံးကိုအစုံ လိုက်မလုပ်ပဲ တစ်ခုကိုသေချာရွေးပြီး ပုံမှန်လုပ်သွားဖို့အရေးကြီးပါတယ်။ ဟိုလွတ်ဒီလွတ်တွေမဖြစ်ဖို့နဲ့ ကိုယ့် level နဲ့ကိုက်ညီမယ့်စာတွေကိုလည်း ကိုယ်တိုင်ရွေးချယ်လေ့လာဖို့ အရေးကြီးလှပါတယ်။
ဒီ Blog လေးဟာ စာဖတ်သူတို့ကို တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။နောက်လည်း English စာလေ့လာတာနဲ့ ပတ်သတ်ပြီး Blogs လေးတွေ တင်ပေးပါမယ်။ အကျိုးရှိတယ်ဆိုရင် Like and Share လေးလုပ်ပြီး မိမိရဲ့သူငယ်ချင်းတွေကိုလည်း ပြောပြပေးနိုင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ Blog လေးနဲ့အတူပြန်ဆုံကြပါမယ်။အားလုံးပဲ English စာတိုးတက်ကြပါစေ။
#painglinn_eilliam
Thursday, 13 June 2024
ဘန်ကောက် Public Transportation တွေအကြောင်း
ဘန်ကောက် Public Transportation တွေအကြောင်း
အရင်ဆုံး လိုတိုရှင်းပြောရရင် ဈေးနှုန်းအသက်သာဆုံးကတော့ ရိုးရိုးဘတ်စ်ကားတွေပဲ ၊ အကယ်လို့ကိုယ်ကမြန်လည်းမြန်ချင်တယ် ဈေးနှုန်းအားဖြင့်လည်းနည်းနည်းသက်သာရမယ်ဆိုရင် ကိုယ်သွားချင်တဲ့နေရာနဲ့ လက်ရှိနေရာနဲ့က BTS, MRT, လှေဆိပ်တွေနဲ့နီးလားအရင်ကြည့် နီးတယ်ဆိုရင်လမ်းကြောင်းဆွဲပြီးသွားရင် အဆင်ပြေတယ်။ လမ်းကြောင်းကဘန်ကောက်မြို့ထဲဆိုရင် Google Map မှာကိုယ်သွားချင်တဲ့နေရာကို direction ဆွဲလိုက်ရုံနဲ့ ဘယ် public transportation နဲ့ရောက်လည်းဆိုတာ ကြည့်လို့ရတယ်။
ဘာစီးစီး မနက် ၇ နာရီကနေ ၉ နာရီကြား ၊ ညနေ ၅ နာရီကနေ ၇ နာရီကြားဆိုရင် အလုပ်သွားအလုပ်ပြန်အချိန်တွေဖြစ်တာကြောင့် လူအရမ်းကြပ်တာမို့ အဲ့အချိန်ကားစီးမိရင်တော့ အေးဆေးအိပ်လိုက်သွားလို့ရပါတယ်။
အလျင်လိုနေတယ်ဆိုရင်တော့ Bolt ဆိုင်ကယ်သာငှားလိုက် အမြန်ဆုံးနဲ့အန္တရာယ်အရှိဆုံးမောင်းပေးလိမ့်မယ်။
ဒါကတော့ Public Transportation တွေရဲ့ဈေးနှုန်းတွေပါ။
• Normal Bus (8-10 bahts)
• Aircon Bus (10-25 bahts)
• BTS Skytrain (15-62 bahts)
• MRT (14-42 bahts)
• Airport Rail Link (15-45 bahts)
• Bangkok River Boats (10-45 bahts)
• Khlong Saen Saep Boat (8-20 bahts)
*** 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐁𝐮𝐬𝐞𝐬 ***
ဘန်ကောက်မှာဈေးအသက်သာဆုံးကတော့ ဘတ်စ်ကားတွေပဲ၊ ဘတ်စ်ကားတွေကို BMTA လို့ခေါ်တဲ့ Bangkok Mass Transit Authority ကနေအဓိက management လုပ်ပြီး ဘတ်စ်ကားစီးတဲ့သူတွေအနေနဲ့လည်း ဘတ်စ်ကားအသွားအလာနဲ့လမ်းကြောင်းကို Via Bus, Moovit လို Application တွေမှတစ်ဆင့် ကြည့်လို့ရတယ်။
ဘတ်စ်ကားတွေကို အဲကွန်းမပါတာနဲ့ပါတာနှစ်မျိုးခွဲထားပြီး အဲကွန်းမပါတဲ့ရိုးရိုးဘတ်စ်ကားတွေက ဘယ်စီးစီး ပုံသေဈေးနှုန်း 8-10 bahts ပေးရတယ်၊ အဲ့ကားတွေကပုံမှန်အားဖြင့် အနီရောင်အများစုဖြစ်တဲ့အတွက် Red Bus လို့လူသိများကြပေမဲ့ ပြေးဆွဲတဲ့လမ်းကြောင်းပေါ်မူတည်ပြီး အနီနဲ့အပြာရှိပါတယ်။
နောက်တစ်ခုကတော့ အဲကွန်းပါတဲ့အပြာရောင်ဘတ်စ်ကားတွေပါ ၊ Thai Smile Bus (TSB) လို့ခေါ်ပြီး ကိုယ်စီးမဲ့အကွာအဝေးပေါ်မူတည်ပြီး 10-25 bahts အထိ ပေးရပါတယ်။ အဲ့ကားတွေကတော့ ငွေသားအပြင် TSB card နှင့် TS company နဲ့ ပူပေါင်းထားသော card အချို့ကိုအသုံးပြု၍ စီးနင်းနိုင်ပါတယ်။
Transportation charges ချွေတာချင်ရင် ဘတ်စ်ကားတွေကအသင့်တော်ဆုံးဖြစ်ပေမဲ့ မြို့ထဲဧရိယာမှာ ရုံးတက်ရုံးဆင်းအချိန်တွေဆို ကားလမ်းအရမ်းပိတ်တာမို့ ၄၅ မိနစ်ခရီးကို ၂နာရီ ၃နာရီလောက် ကြာတာမျိုး ရှိတတ်ပါတယ်။
*** 𝐁𝐓𝐒 𝐒𝐤𝐲𝐭𝐫𝐚𝐢𝐧 ***
BTS တွေက မိုးပျံရထားလမ်း (sky railways) ကနေသွားတာဖြစ်ပြီး အစိမ်းလိုင်း (Sukhumvit Line) ၊ အစိမ်းရင့်လိုင်း (Silom Line) နှင့်အဝါလိုင်း (MRT Yellow Line) အဓိကလိုင်းသုံးလိုင်းရှိပါတယ်။
အစိမ်းလိုင်းက ဘန်ကောက်မြို့အနောက်ဘက်နဲ့မြောက်ဘက်ကို ( Kheha - Khukhot ) ချိတ်ဆက်ထားပြီး ဘန်ကောက်မြို့ရဲ့အဓိကနေရာတွေဖြစ်တဲ့ Asok, Nana, Siam စတဲ့နေရာတွေကိုတိုက်ရိုက်ရောက်တဲ့လိုင်းဖြစ်ပါတယ်။ Transportation charges အနေနဲ့ အကွာအဝေးပေါ်မူတည်ပြီး 16-59 Bahts ကျသင့်မှာပါတယ်။ အစိမ်းလိုင်းကို ဘန်ကောက်မြို့ရဲ့အကောင်းဆုံးရထားလိုင်းလို့လည်းမှတ်ထားလို့ရတယ်။
အစိမ်းရင့်ရောင်လိုင်းကတော့ ဘန်ကောက်မြို့ရဲ့အရှေ့ဘက် National Stadium ကနေ အနောက်ဘက် Bang Wa ကိုချိတ်ဆက်ထားတဲ့လိုင်းဖြစ်ပြီး မြို့လယ်ခေါင် SIAM ကနေ ကျောက်ဖယားမြစ်ဘေးက ICONSIAM ဘက်သွားလို့ရတဲ့လိုင်းဖြစ်ပါတယ်၊ Krung Thon Buri မှာဆင်းပြီး BTS Gold Line (လိုင်းတို) ပြန်စီးရင် ICONSIAM တိုက်ရိုက်ရောက်ပါတယ်။
တစ်ချို့နေရာတွေကရထားလိုင်းတစ်ဆင့်ထဲမရောက်တာမျိုးရှိတယ် ၊ အဲ့အခါရထားလမ်းနှစ်ခုဆုံတဲ့ဘူတာမှာပြန်ပြောင်းစီးလို့ရတယ်။
BTS Skytrain စီးမယ်ဆိုရင် single-journey ticket (ရထားဘူတာမှာရှိတဲ့စက်တွေမှာသွားမဲ့ဘူတာရွေးပြီးဝယ်လို့ရ) ၊ Rabbit Card နှင့် အချို့သော Bank Card တွေနဲ့စီးလို့ရပါတယ်။
*** 𝐌𝐑𝐓 𝐌𝐚𝐬𝐬 𝐑𝐚𝐩𝐢𝐝 𝐓𝐫𝐚𝐧𝐬𝐢𝐭 ***
MRT တွေမှာဆိုရင်
• MRT Blue Line
• MRT Yellow Line
• MRT Purple Line
• MRT Pink Line
• MRT Orange Line (လက်ရှိဆောက်နေဆဲ) ဆိုပြီး ငါးလိုင်းရှိတယ်။
MRT Blue Line ကတော့ BTS Green Line လိုပဲ ၊ ဘန်ကောက်ရဲ့နာမည်ကြီးနေရာတော်တော်များများကိုပတ်သွားတဲ့လိုင်းပဲ BTS နဲ့မတူတာဆိုရင် သူကမြေအောက်ထဲကနေသွားတာ။ Transportation charges ကတော့ အကွာအဝေးပေါ်မူတည်ပြီး 14 - 42 bahts အထိရှိတယ် ဒီလိုင်းမှာ VISA Card နဲ့စီးလို့ရသလို single-journey ticket (ရထားဂိတ်တွေမှာသွားမဲ့မှတ်တိုင်ရွေးပြီးဝယ်လို့ရ) ၊ အချို့သော Bank Card တွေနဲ့လည်း စီးလို့ရတယ်။
MRT Yellow Line လို့ခေါ်တဲ့အဝါလိုင်းက မိုးပျံလမ်းကပဲသွားတာ ဒါပေမဲ့အခုအချိန်မှကျန်းမာရေးလိုင်းလို့အလွယ်မှတ်ထားလိုက်တာပိုကောင်းမယ်၊ တစ်နေရာရာသွားမယ်ဆို အတက်အဆင်းသုံးခါလောက်လုပ်ရလို့။ ဒီလိုင်းကဘန်ကောက်မြို့ရဲ့အရှေ့မြောက်ဘက် Lat Phrao ကနေ အရှေ့တောင်ဘက် Samrong ကိုချိတ်ဆက်ထားတဲ့လိုင်း သူကတော့မြို့လည်ခေါင် area တွေသိပ်မရောက်ဘူး ၊ အကွာအဝေးပေါ်မူတည်ပြီး 16-42 bahts လောက်ကျမယ် ၊ single-journey ticket (ရထားဘူတာမှာရှိတဲ့စက်တွေမှာသွားမဲ့ဘူတာရွေးပြီးဝယ်လို့ရ) ၊ Rabbit Card နှင့် အချို့သော Bank Card တွေနဲ့စီးလို့ရတယ်။
ကျန်နှစ်ခုဖြစ်တဲ့ Purple နဲ့ Pink Line ကတော့ နေတဲ့နေရာနဲ့တော်တော်ဝေးတော့ သွားမစီးကြည့်ရသေးဘူး၊ အဲ့ဘက်တွေမှာဘာတွေရှိလည်း မလေ့လာရသေးတာကြောင့်လည်းပါတယ်။
*** 𝐀𝐢𝐫𝐩𝐨𝐫𝐭 𝐑𝐚𝐢𝐥 𝐋𝐢𝐧𝐤 (𝐀𝐑𝐋) ***
သုဝဏ္ဏဘူမိလေဆိပ်နဲ့ မြို့ထဲရှိ Phaya Thai ကိုချိတ်ဆက်ထားတဲ့ မိုးပျံရထားလိုင်းဖြစ်ပါတယ်။ လေဆိပ်ကနေစီးမယ်ဆိုရင် ground floor ကနေစစီးရမှာဖြစ်ပြီး ခရီးအကွာအဝေးပေါ်မူတည်ပြီး 10-45 bahts အထိကျသင့်နိုင်ပါတယ်။ လေဆိပ်ကနေမြို့ထဲလာမယ်ဆိုရင် ARL စီးပြီးအနီးဆုံးဘူတာမှာဆင်း Grab/Bolt ငှားတာက ပိုက်ဆံချွေတာရာရောက်ပါတယ်။
*** 𝐂𝐡𝐚𝐨 𝐏𝐡𝐫𝐚𝐲𝐚 & 𝐊𝐡𝐥𝐨𝐧𝐠 𝐒𝐚𝐞𝐧 𝐒𝐚𝐞𝐛 𝐁𝐨𝐚𝐭𝐬 ***
ကျောက်ဖယားမြစ်ထဲမှာပြေးဆွဲတဲ့ Boats တွေကတော့ Boats အမျိုးအစားပေါ်မူတည်ပြီး 10-40 bahts အထိရှိပါတယ်။ Khlong Saen Saeb လို့ခေါ်တဲ့ရေနံချောင်းထဲကစက်လှေတွေကတော့ အကွာအဝေးပေါ်မူတည်ပြီး 10-25 bahts အထိပေးရတယ်၊ လှေဆိပ်နဲ့နီးတယ်ဆိုရင် ဒါပဲစီး မြန်မြန်ရောက်တယ်။
*** 𝐓𝐚𝐱𝐢 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ***
အခြားသော Taxi Services လေးငါးခုရှိပေမဲ့ Bolt, Grab ကိုသုံးတာများပါတယ်၊ ပုံမှန်အချိန်ဆိုရင် Bolt ကဈေးနှုန်းအားဖြင့် Grab ထက်သက်သာပြီး မိုးရွာတဲ့အချိန် ကားလမ်းပိတ်တဲ့အချိန်ဆိုရင် Grab ကဈေးပိုသက်သာပါတယ်။ လူများများ (ဥပမာ သုံးလေးယောက်) ဆိုရင် Taxi စီးတာက ပိုတန်ပြီး တစ်ယောက်နှစ်ယောက်ထဲဆိုရင် Public Transportation က ချွေတာရာရောက်ပါတယ်။
Tuesday, 7 May 2024
#ဘက်ထရီစတင်အသက်သွင်းခြင်းအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ
#ဘက်ထရီစတင်အသက်သွင်းခြင်းအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ
လိုအပ်သောပစ္စည်းအချို့
၁။ ပလတ်စတစ် ကတော့တစ်ခု(ရေသန့်ဗူးခွံထိပ်ကိုဖြတ်ပြီးသုံးလဲရပါတယ်)
၂။ ရေစစ်
၃။ ဟိုက်ဒရိုမီတာ (Battery Hydrometer Tester)
၄။ ဒီစီအမ်ပီယာ၊ဗို့အားတိုင်းနိုင်သောမီတာ (DC Clamp Meter)
👌🏻Tubular Battery ကို တံဆိပ်များစွာနဲ့တွေ့နိုင်ပါတယ်။ အဓိက ၂ချက်ကိုကြည့်ပြီး ရွေးချယ်ရပါမယ်။
၁။ သက်တမ်းလဲ ကြာရှည်စွာအသုံးပြုနိုင်ရမယ်။
၂။ စျေးနှုန်းလဲသင့်ရမယ်။ Price to Performance ကောင်းရမယ်ပေါ့။ ရွေးချယ်စရာရှိမယ်ဆိုရင် အရည်မထည့်ရသေးတဲ့ အိုးအလွတ်တွေထဲက ကြိုက်တဲ့တံဆိပ်/ကိုယ်အဆင်ပြေရာ သုံးဖို့ အကြံပြုပါတယ်။
Tall tubular battery တစ်လုံးကိုအခြေခံပြီးပြောသွားပါမယ်
👉🏻Tubular Battery Type ဘက်ထရီကိုပုံစံ(၂)မျိုးနဲ့ တွေ့နိုင်ပါတယ်... Short Tubular နဲ့ Tall Tubular ပါ။(အရပ်စကားနဲ့ အိုးအတို/အိုးအရှည် လို့ခေါ်ကြမယ်ထင်ပါတယ်)
👉🏻 ကိုယ်တိုင်သုံးစွဲ/စမ်းသပ်တာအပါအဝင် Review တွေကိုဖတ်တာအရ Tall Tubular Battery ဟာ Short Tubular Battery တွေထက် သက်တမ်းကြာရှည် အသုံးခံတာကို တွေ့ရပါတယ်။
👉🏻 ကဲ...စလိုက်ကြရအောင်
ဘာအရည်မှ မပါတဲ့ အိုးအလွတ်ရောက်လာတာနဲ့ အိုးအဖုံးတွေကိုဖွင့်စစ်ပါ... အောက်က ပုံမှာလို အညစ်အကြေးတွေ ကပ်နေရင် ဝယ်ယူခဲ့တဲ့နေရာကို Complain တက်သင့်ပါတယ်။💥(ဂျင်း/မိတ်သလင်တွေထဲက တစ်ခု)💥
👉🏻 ပလတ်စတစ်ပုံးအလွတ်တစ်ခုကို အသုံးပြုပြီး အက်စစ်မှာ ပါတတ်တဲ့ အနယ်တွေကို စစ်ထုတ်ပါ။
👉🏻 အက်စစ်က ဂါလံပုံးအစိမ်းတွေနဲ့ လာသလို မြန်မာမှာ စပ်တဲ့ ၅ဂါလံပုံးတွေလဲရှိပါတယ်... စျေးကလဲကွာပါတယ်...တံဆိပ်အလိုက်... သိန်းချီတန်တဲ့ ဘက်ထရီတစ်လုံးအတွက် ထောင်ဂဏာန်းလောက်ဟတာကို မျက်စိထဲ မမြင်သင့်ဘူးလို့တော့ထင်ပါတယ်... မြန်မာမှာ စပ်တဲ့ ပုံးအပြာ(၅ဂါလံ) မှာ အနယ်အများဆုံးတွေ့ရပါတယ်။
👉🏻 အဖုံးအမဲရောင်ရဲ့ အပေါက်ကနေတစ်ဆင့် ကြည့်လိုက်ရင် အမဲရောင်အဆစ်လေးတွေ့ပါမယ်။အဲ့ level အထိ အက်စစ်(Electrolyte)အရည်ကိုဖြည့်ပါ။ အတတ်နိုင်ဆုံး ၆ခန်းလုံးကို မျက်စိအမြင်နဲ့ ညှိပြီးထည့်ပါ။ *****(ကျွန်တော်ကတော့ ညနေဘက်လောက်မှာ အက်စစ်ဖြည့်ပြီး နောက်တစ်နေ့မှ level ပြန်ညှိပြီး အားသွင်းတာကို ပြုလုပ်ပါတယ်။)***** အက်စစ် စထည့်ပြီး မိနစ်ပိုင်းအကြာမှာကိုဘဲ ဘက်ထရီက အတော်အတန်နွေးလာပါတယ်... ပုံမှန်အခြေအနေဖြစ်လို့ စိုးရိမ်စရာမရှိပါ။
မှတ်ချက်။ အဖုံးအမဲတွေအားလုံးဖွင့်ထားပြီး ထားထားရပါမယ်.....
👉🏻 နောက်တစ်နေ့ရောက်လို့ အက်စစ်အရည် level ကိုကြည့်လိုက်ရင် အခန်း၆ခန်းဟာ တစ်ခန်းနဲ့တစ်ခန်း လျော့တာချင်း ကွာခြားနေတာကို တွေ့ရမှာပါ **))(အတွင်းက လေဥလေးတွေက ထွက်တဲ့ဟာထွက်သွားလို့ပါ/Absorb လုပ်တာချင်း မတူညီနိုင်ကြပါဘူး)... ဘက်ထရီအိုးကို လက်သီးဆုပ်လေးနဲ့ ပါးပါးလေး(အားမပြင်းရ) ထုပေးပါ... ပူစီပေါင်းလေးနဲ့အတူ လေခံနေတာလေတွေထွက်လာပြီး အရည် level မှန်ရအောင်ပါ....
👉🏻 အမဲရောင်အဖုံးတပ်တဲ့အေပါက်ကို အသင့်ပါလာတဲ့ level ပြတဲ့ Indicator လေးတပ်ဆင်ပါ။ အဝါရောင်အဖုံးကို အကြွေစေ့လေးသုံးပြီး ဖွင့်ပါ။ Level ညှိတာကို Indicator ကိုကြည့်ပြီး အဝါရောင် အဖုံးကနေတစ်ဆင့် အလျော့/အတင်းလုပ်ဖို့ရန်အတွက်ပါ။ (ဘက်ထရီထားရှိထားတာ Horizontal-ရေပြင်ညီအတိုင်း ဖြသ်ကြောင်း သေချာပါစေ)
👉🏻 မတူညီတဲ့ ဘက်ထရီအခန်း(၆) ခန်းကို ညှိဖို့အတွက် Hydrometer တံလေးကို အသုံးပြုပြီး အက်စစ်အရည်(Electrolyte) ကို ထပ်ဖြည့်သင့်တာဖြည့်/ လျော့သင့်တာကိုလျော့ပြီး ချိန်ညှိပါ
👉🏻 ပြီးတာနဲ့ အားစသွင်းပါ... ကျွန်တော်ကတော့ အိုးရဲ့ဆိုဒ်ရဲ့ ၁၀% အမ်ပီယာနဲ့ အားထိန်းသွင်းပါတယ်။ 160Ah ဆိုရင် 16A နဲ့ ၁၀နာရီကြာတဲ့အထိ အားသွင်းပြီး ထားထားရပါမယ်။
အားသွင်းဗို့အားကတော့ 14.4V နဲ့သွင်းပါ။
တစ်ချို့က ပြောကြတယ်...အရည်ဖြည့်ပြီးတာနဲ့ တန်းသုံးလို့ရပါပြီတဲ့... တစ်ခွန်းတည်းနဲ့ မရပါဘူးလို့ဘဲ ပြောပါရစေ... ကိုယ့်ရဲ့ ပစ္စည်းကို မနှမြောရင်တော့လုပ်ပေါ့ဗျာ... 12V ဒီစီမီးလုံးလေး ထွန်းပြတာလောက်တော့ လင်းမှာပေါ့ဗျ
#ကြောက်ရအောင်စေတနာနဲ့Twistလေးနည်းနည်းထည့်ထားပါတယ်။ဆရာများနားလည်ပေးကြပါရန်။
👉🏻 ၁၀နာရီကြာပြီးသွားတဲ့အချိန်မှာ Clamp မီတာလေးနဲ့ ဘက်ထရီအားသွင်းကြိုးကို ခွထောက်ပြီး ကြည့်ရင် 1A ဝန်းကျင်ဘဲ ရှိမှာကိုတွေ့ရမှာပါ။ အားပြည့်လာတာနဲ့အမျှ အဖုံးဖွင့်ထားတဲ့ ပတ်ပတ်လည်မှာ အရည်လေးတွေ ပတ်ပတ်လည် သီးနေတတ်ပါတယ်။ ပုံမှန်ပါဘဲ။
1,2A ဝန်းကျင်ရောက်ပြီးတာနဲ့ 15V နဲ့ အားသွင်းခြင်းကို နာရီဝက်ခန့် ပြုလုပ်ပါမယ်... Electrolyte ကို Mixing ကောင်းမွန်စွာဖြစ်စေဖို့ပါ။ အချိန်ကတော့ အခြေအနေပေါ်မူတည်ပါတယ်။ အိုးရဲ့သက်တမ်းအပေါ်/အသံုးပြုတဲ့အကြိမ်အရေအတွက်ပေါ်မူတည်ပြီး ၃လတစ်ခါဖြစ်စေ/၆လတစ်ခါဖြစ်စေ 15-16V ဝန်းကျင် မိနစ်ပိုင်းဘဲ Equalize လုပ်ပေးသင့်ပါတယ်။ အန္တရာယ်ရှိတာမို့ Equalization Process ကို Fundamentalsကျတဲ့အချက်တွေကို ကောင်းမွန်စွာသိတဲ့သူမှ ပြုလုပ်သင့်ပါတယ်လို့ အကြံပြုပါရစေ။
သွင်းနေရင်း အိုးအပူချိန်ကို စောင့်ကြည့်ပါ။ နွေးတာထက် ပူလာတဲ့အဆင့်လို့ ခံစားရရင် အားသွင်းခြင်းကို ရပ်ပစ်ရပါမယ်။
မှတ်ချက်။ အဖုံးပိတ်ပြီး အားသွင်းခြင်းမလုပ်ရပါဘူး။
👉🏻 အဖုံးတွေအားလုံးကို ချွတ်ပြီး ရေနဲ့ဆေး/နေပူလှန်းပြီး ရေခြောက်အောင် သေချာပါစေ။
ပြီးရင် အိုးမှာ ပြန်တပ်ပြီး ဘက်ထရီအိုးမှာ အရည်တွေ ပေလျံနေတာကို စင်အောင် ရေနဲ့ ဆေးချပေးပါ။ ဘက်ထရီဗို့အားကို တိုင်းကြည့်ရင် အပူချိန်/တစ်ခြားအခြေအနေတွေကြောင့် 12.8+နှင့်အထက်မှာဘဲ ရှိနေပါမယ်။
မှတ်ချက်။ Series ချိတ်သုံးဖို့(24V,48V,etc.,)ဆိုရင် တစ်လုံးနဲ့တစ်လုံးရဲ့ ဘက်ထရီအခြေအနေကို Series မချိတ်ခင် ညီနေအောင် ပိုပြီး ဂရုစိုက်ရပါမယ်။
👉🏻ပြီးရင်တော့ Battery Terminal(ဘက်ထရီငုတ်တိုင်) ကို အင်ဂျင်ဝိုင်အကျလေးနဲ့ဖြစ်ဖြစ် သုတ်လိမ်းပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ အသားအရည်ကွဲရင် လိမ်းတဲ့ Cosmetic ထုတ်ကုန်ဖြစ်တဲ့ Vaseline လို အနှစ်လေးကို သုတ်ပေးနိုင်ရင် ပိုကောင်းပါတယ်ခင်ဗျာ။
👉🏻 ကျွန်တော်ကတော့ Electrolyte ကို 1.260-1.270 လုပ်ယူပါတယ်
ဂဏာန်းက သိပ်သည်းဆကို ကိုယ်စားပြုတာပါ။ ဥပမာ ဆာလဖြူရစ်အက်စက်နဲ့ရေကို 1Litre ချင်းတူညီအောင် ထည့်ပြီး ချိန်ကြည့်ရင် ရေထက် အက်စက်က 1.835ဆ ပိုလေးတာကိုတွေ့ရပါမယ်
Professional တွေကတော့ Room Temperature(အခန်းအပူချိန်အလိုက်) density ကို ရအောင်လုပ်ဆောင်ကြပါတယ်။
👉🏻 နောက်ပိုင်းအသုံးပြုတဲ့အပေါ်မူတည်ပြီး Level လျော့လာရင် အဝါရောင်အဖုံးလေးကနေတစ်ဆင့် ပေါင်းခံရည်ခေါ် မိုးရေ ဘဲထည့်ရပါမယ်။ အက်စစ်အရည်(Electrolyte) ကို လုံးဝ(လုံးဝ)မထည့်ရပါ။
အက်စစ်က အငွေ့မပျံပါဘူး။ chemical reaction တွေကြောင့်/ဓာတ်ပြုမှုကြောင့်/ အားသွင်းဗို့အားများခြင်းကြောင့်သာ ရေပါဝင်မှုပမာဏထဲက ရေတွေက ရေငွေ့အနေနဲ့ ထွက်သွားတာပါ။
💥 Safety ကို ဦးစားပေးပါ။
💥 အက်စစ်အငွေ့က လူတွေအတွက် ကျန်းမာရေးကို ဆိုးကျိုးများစွာဖြစ်စေပါတယ်။
💢 အခြားခေါင်းစဥ်အကြောင်းအရာများလေ့လာရန်
https://www.facebook.com/yeelinn95?mibextid=ZbWKwL
🤝🏻 အားလုံးအဆင်ပြေကြပါစေခင်ဗျာ 🤝🏻
#Yee_Linn
Battery ဘက်ထရီ အကြောင်း
Battery ဘက်ထရီ အကြောင်း
...........................................
ဘက်ထရီ ဆိုတာ ကျွန်တော် အမြင်အရပြောရရင်တော့
သိုလောင်ထားသော လျှပ်စစ် စွမ်းအင် ကို
လိုအပ်လာတဲ့ အချိန်မှာ ပြန်လည်ထုတ်သုံးနိုင်ဖို့
Chemical စွမ်းအင် အနေနဲ့ ပုံစံပြောင်းထားတဲ့
ပစ္စည်း လို့ပဲ ပြောပါရစေ..
ဘဏ်မှာ ငွေအပ်သလိုပေါ့
လိုတဲ့ အချိန်ပြန်ထုတ်သုံးမယ်ဆိုတဲ့ စိတ်ကူးပေါ့..
ဒါပေမယ့် ဘဏ်က အတိုး ရနိုင်ပေမယ့်
သူကတော့ သိုလောင်ခ charges အနေနဲ့ Efficiency losses ဖြစ်သွားပါတယ်.
ဥပမာ ပြောရရင် ၁၀၀ ကျပ် အပ်တယ်
ပြန်ထုတ်ရင် ၁၀၀ ဘယ်တော့မှ ပြန်မရဘူး.
၈၅ % ပဲပြန်ရနိုင်တယ်..
သဘောက ၈၅ ကျပ် ပြန်ရမယ်ပေါ့ဗျာ..
ဒါတင်မကဘူး.
တခြားစည်းကမ်းလေးတွေလည်း ရှိသေးတယ်
ထည့်ထားတဲ့ငွေကို အကုန်ထုတ်မရဘူးဗျာ.
ဘဏ်ပေါ်မူတည်ပြီး လက်ကျန်ထားခဲ့ရအုံးမယ်.
အဲတော့ လိုချင် ပမာဏ ပြန်ထုတ်နိုင်ဖို့ ငွေပိုထည့်ခဲ့ပေါ့.
ဒါတင်လားဆိုတော့ မဟုတ်သေးဘူး..
ထုတ်ဖို့ကလည်း အကြိမ်အရေအတွက် ရှိသေးတယ်ဗျာ.
ဘယ်လောက်ပမာဏကို တနေ့ ဘယ်နှစ်ကြိမ်ပေါ့ဗျာ..
ဒီသဘောတရားလေးတွေ ကို ယူပြီး
Battery ကို လေ့လာရင် ပိုပြီး သိနိုင်မြင်နိုင်ကြမှာပါ.
Battery တလုံးဟာ သူကို Power (Watt - W) နဲ့ ဆုံးဖြတ်လို့မရဘူး
သူဟာ Energy storage ဖြစ်တဲ့ အတွက်
( Watt hr - Wh ) နဲ့ပဲ ယူဆရမယ်.
သဘောက အချိန်ပါလာတာပါ.
အလွယ် တွေ့နိုင်တဲ့ 12 V 100 Ah အိုး တလုံး
ဒီအိုးကို လေ့လာကြည့်ကြရအောင်
12 x 100 =1200 VAh = 1200Wh
ဆိုတာ သူရဲ့ သိုလောင်ထားတဲ့ Capacity ပါ.
ဘဏ်မှ အပ်မယ်လို့ တွေးထားတဲ့ ပမာဏပေါ့.
သူဆီက ထုတ်သုံးမယ်ဆို
1200W လုံး တခါတည်း ထုတ်သုံးမယ်ဆို
1200Wh / 1200W = 1 h
1နာရီပဲ ရမှာပါ..
120 W ပဲထုတ်သုံးမယ်ဆို
1200Wh / 120W = 10 h
10 နာရီ ထိ သုံးနိုင်ပါတယ်.
ကိုယ်ဝယ်ထားတဲ့ ဘက်ထရီနဲ့ အိမ် ရုံးမှာ ရှိတဲ့ သုံးမယ့် load တွေကို အကြမ်းဖျင်း ချိန်ကြည့်လို့ရပါတယ်..
နောက်တဆင့် တက်ရအောင်
ကိုယ်ဝယ်ထားတဲ့ Battery ဟာ ဘယ်တော့မှ အကုန်ထုတ်သုံးလို့ မရပါဘူး.
ရာခိုင်နှုန်း တခု ချန်ထားပေဖို့ လိုပါတယ်
ဘဏ် မှာ အကုန်ထုတ်တောင် ၁၀၀၀ ချန်ခိုင်းသလိုပေါ့.
ချန်ထားရမယ် ပမာဏကို
SOC (State of Charge) လို့ခေါ်ပြီး
ထုတ်သုံးမယ် ပမာဏကို ကျတော့
DOD (Depth of Discharge) လို့
ခေါ်ကြပါတယ်.
ဘဏ်ပေါ်မူတည်ပြီး အတိုးပမာဏကွာသလိုပဲ
ဘက်ထရီ ပေါ်မူတည်ပြီး
ထုတ်သုံးရမယ့် ပမာဏ (DOD) ကွာကြပါတယ်.
Lead Acid Battery - DOD 50%
AGM Battery - DOD 50%
Gelled Battery - DOD 50%
LiFePO4 - လစ်သီယံ - DOD 80%
ဆိုပြီး အကြမ်းဖျင်း သတ်မှတ်ထား ကြပါတယ်.
Battery ရဲ့ specification datasheet ကို သေချာဖတ်ကြည့်ဖို့ လိုပါတယ်..
ပြောင်းပြန် ပြန်ပြောရရင်
ချန်ထားရမယ့် ပမာဏ (SOC)က
Lead Acid Battery - SOC 50%
AGM Battery - SOC 50%
Gelled Battery - SOC 50%
LiFePO4 - လစ်သီယံ - SOC 20% ပါ.
အဲနေရာ အဓိက ထားပြောချင်တာက
ကိုယ်က လစ်သီယံ ဘက်ထရီ ဝယ်ထားတယ်.
သုံးချင်တာက 1000Wh ဆိုရင် 1000Wh ရမယ့် အိုးပဲဝယ်မရတော့ပါဘူး
လစ်သီယံ ဖြစ်နေတဲ့အတွက် DOD 80% နဲ့တွက်ရင်
1000 / 0.8 = 1250 Wh ရှိတဲ့ အိုး ဝယ်ရမှာပါ
ဒါမှ 1250 အိုးရဲ့ 80% ဖြစ်တဲ့ (1250 x 0.8)
ကိုယ်သုံးချင်တဲ့
1000 Wh သုံးနိုင်မှာပါ.
အိုးထဲမှာတော့ 20 % SOC အဖြစ်နဲ့ (1250 - 1000)
250Wh ကျန်ခဲ့မှာ ဖြစ်ပါတယ်.
ပြီးတော့
အားသွင်းရမယ့် ပုံစံ ( C rate) ရှိပါသေးတယ်.
ဘဏ်မှာဆို အပ်ငွေ ဘယ်လောက်ပမာဏပဲ အပ်ရမယ်ပေါ့
Battery မှာတော့ ဘက်ထရီ တလုံးရဲ့ C rate ကို 1C နဲ့ သတ်မှတ်ပါတယ်
အပေါ်မှာ ပြောခဲ့သလိုပဲ
12V 100Ah အိုး
1C = 100A = 1 h
0.5 C = 50A = 2 h ပါ
သဘောက ဘက်ထရီရဲ့ Specification မှာ
Maximum Charge Current ကို
0.12C လို့ ပြောခဲ့ရင်
(100 x 0.12) = 12A နဲ့ ပဲအားသွင်းရမှာပါ.
နောက်ထပ် တခုက
ဘက်ထရီရဲ့ သက်တမ်း ( Life cycle ) ပါ.
ဘက်ထရီ တလုံးဆိုတာ
သူဆီကို အားသွင်းလိုက် ပြန်ထုတ်သုံးလိုက် စတဲ့
Lifecycle အကြိမ်အရေအတွက် နဲ့ သူသက်တမ်းကို ဖြတ်သန်းရတာပါ.
Battery တွေ specification မှာဆို
Lifecycle 1000 @ DOD 50%
ရေးထားတယ်ဆိုပါစို့... ဒါဆို
DOD 50 % ပဲသုံးပြီးသွားမယ်ဆို
အားထုတ်ပြီး အားပြန်သွင်း တကြိမ် ကို
1 cycle သတ်မှတ်ပြီး
အဲလို cycle ပေါင်း 1000 ကြိမ် အထိ သက်တမ်းခံမှာပါ.
အဲလို မဟုတ်ဘဲ DOD 60 % or 80% သာ ထုတ်သုံးမိတယ်ဆို
သေချာပါတယ် cycle အကြိမ်အရေအတွက် လျော့ပြီး သက်တမ်းတိုသွားမှာပါ.
ပြီးတော့ DOD 50% နဲ့ ပဲ တနေ့ကို 1 cycle (တကြိမ်) ပဲ သုံးခဲ့ရင် 1000 / 356 = 2.7 years
၂ နှစ်ခွဲကျော်လောက် သက်တမ်းခံနေမှာပါ.
တနေ့ကို 2 cycles (၂ ကြိမ်) ထုတ်သုံးမိတယ် ဆိုရင်တော့
သက်တမ်းက တဝက်လောက် လျော့ကျသွားမှာပါ.
ဒါကြောင့် မီးပျက်လိုက် လာလိုက်နဲ့ cycle အကြိမ်အရေအတွက် များတဲ့ Project မျိုးဆို ဘက်ထရီ သက်တမ်းတွေက တိုကြပါတယ်.
Homer optimization မှာဆို
Multi year plots ကို သွားကြည့်ပြီး
ဘက်ထရီရဲ့ တနေ့တာ အားသွင်းအားထုတ်
Lifecycle အကြိမ်အရေအတွက် ကို ကြည့်ပြီး sizing မှာ adjust လုပ်ကြပါတယ်.
နောက်တခု က ဘက်ထရီတလုံးမှာ အရေးကြီးတဲ့ တချက်ကျန်ပါသေးတယ်..
အဲဒါက သူရဲ့ အပူချိန်ပါ.
သတ်မှတ်ထား တဲ့ အပူချိန်နဲ့ Operation လုပ်မှ
သူရဲ့သက်တမ်းက ပြောထားတဲ့ အတိုင်း ခံမှာပါ.
Mini grid / Telecom စတဲ့
Battery storage များများထားဖို့လိုတဲ့ နေရာတွေမှာဆို
Battery တွေကို aircon နဲ့ အပူချိန် ထိန်းထားပါတယ်.
ဒါမှလည်း Battery Performance ကောင်းကောင်းနဲ့
Operation Run နိုင်မှာပါ.
အားလုံးကို ပြန်ချုံပြီး ပြောရရင်
ဘက်ထရီ တလုံးဆိုတာနဲ့
1. Battery Capacity (12V 100Ah - 1200Wh)
2. Backup time (days)
3. DOD
4. SOC
5. C Rate
6. Lifecycle
7. Charging state
8. Lifecycle
9. Temperature
စတာတွေ သိထားဖို့ လိုမှာပါ
ဥပမာပေါ့ဗျာ
အိမ်က သုံးတာ တနေ့ 1200 Wh ရှိတယ်ဆို
ကျွန်တော် တို့က Backup days ( ၁ ) ရက်လိုချင်တယ်
ဆိုပါဆို့
သုံးမှာက 12V system
DOD 60% ထားမယ်ဆို
Batt(AH) = (total kWh/day) x days of autonomy
------------------------------------------------------
0.85 x DOD x battery Voltage
Batt (Ah) = (1200 Wh x 1 day)/ (0.85 x 0.6 x12V )
Batt (Ah) = 196 AH = 200Ah
လိုအပ်ချက်အရ
12V 200Ah ကို ဝယ်ရမှာပါ
၁၀၀ အိုးနှစ်လုံးကို parallel ချိတ်သုံးလည်း အတူတူပါပဲ.
အသုံးပြုမယ့် နေရာပုံစံနဲ့လည်း ဘက်ထရီကို ရွေးဖို့လိုပါတယ်.
ကားမှာ သုံးတဲ့ ဘက်ထရီဆို
သူရဲ့ရည်ရွယ်ချက် ကား စက်နှိုးဖို့ပါ.
starter motor ကို ampere များများနဲ့ တခါတည်း သုံးပြီး နှိုးဖို့ လုပ်ထားတာ ဖြစ်တဲ့ အတွက်
တကြိမ်တည်းနဲ့ အားအများကြီး သုံးပြီး တဖြည်းဖြည်း charge ပြန်လုပ်သွားနိုင်တဲ့ Battery type မျိုး ရွေးချယ်ရမှာပါ.
ကျေးရွာမီးလင်းရေး . Telecom စတဲ့ နေရာများကျတော့
တရွာလုံးက သုံးမယ့် Load ကို တညလုံး တစိမ့်စိမ့်နဲ့
discharge လုပ်ပေးနိုင်မယ့် battery မျိုး ရွေးချယ်ကြရမှာပါ.
ဘက်ထရီ အကြောင်းပြောမယ်ဆို
အများကြီးပါပဲ. တခြားသိထားသင့်တာတွေ အများကြီးကျန်ပါသေးတယ်..
Telecom field ကလာတာဆိုတော့
SOC ဆိုတာ ကိုယ်ရဲ့ ရည်စားလိုပါပဲ..
အမြဲဂရုစိုက်နေ ရပါတယ်..NOC က ဆရာသမားများ ပိုသိကြမှာပါ..
LVBD (Low Voltage Battery Disconnect)
LVLD (Low Voltage Load Disconnect) စတဲ့
ဘာညာသာရကာ တွေကျန်ပါသေးတယ်..
SLA တွေနဲ့ ကိုင်ပေါက်မခံရအောင် လုပ်ကိုင်ရပါတယ်..
Battery Safety နဲ့ Maintenance ပိုင်းတွေလည်း
လေ့လာကြဖို့ တိုက်တွန်းချင်ပါတယ်.
အချိန်အခါ ရရင် ရေးပေးဖို့ ကြိုးစားပါမယ်..
ဒါတောင် Battery Shunt / Battery DC breaker တွေအကြောင်းလည်း လေ့လာထားဖို့ လိုအပ်ပါတယ်.
MCCB 3P မှာ DC Plus and Minus ကို ဘယ်လိုထည့်သွားတယ် ဆိုတာမျိုးပေါ့.......
BMS or BMU (Battery Management System or Unit)
ဆိုတာ ကျန်ပါသေးတယ်..
SOC setting 40%
Low Voltage setting 44V မှာ
မီးစက် မနှိုးလို့
ကို ရွှေ FT ရဲ့ ETA နဲ့
DWDM ကြီး ဒွမ်ခဲ့ဖူးပါတယ်..
DG Night Silent Mode နဲ့ Low voltage adjustment နဲ့ အိပ်ပျက်ခဲ့တဲ့ ညများ...သတိရရင်း...
ရေးသူ... Hlamin Htet
#FromTheSolarWorld
#ဆိုလာချစ်သူများ
#Admin_Team
ဘက်ထရီချိတ်ဆက်ခြင်း
ဘက်ထရီ တစ်စုံထက်ပိုပြီး တပ်ဆင်ထားသောသူများ ဘက်ထရီချိတ်ဆက်မှု မှားယွင်းပြီး ဘက်ထရီ သက်တမ်းတိုစေသောအချက်
💢 တန်ဖိုးထားကြစေလိုပါတယ်။
💢 Groupထဲက စာလေးတွေကို Share လို့ရပါတယ်။ သို့ပေမဲ့ Copy ယူရင် ခွင့်ပြုချက်တောင်းပေးပါလို့ မေတ္တာရပ်ခံပါရစေ။
သီအိုရီအရရော/လက်တွေ့အရပါ ပြသနိုင်ဖို့ အချိန်ပေး/လူပင်ပန်းပြီးမှ ရလာကြတာပါ။ စာနာ နားလည်မယ်လို့လဲ မျှော်လင့်လျက်ပါ။
💢Group ရဲ့ စည်းကမ်းချက်မှာ ပါတဲ့အတိုင်းဘဲ... တစ်ယောက်နဲ့ တစ်ယောက် Ethic ရှိပါ။ တစ်ယောက်နဲ့တစ်ယောက် လေးစားသမှုရှိကြပါ။ နည်းပညာဆိုတာ ဆုံးခန်းတိုင်(ကုန်)တယ်ဆိုတာ မရှိပါဘူး။(ငါဘဲသိ/ငါဘဲတတ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်)။ လွဲမှားနေတာလေးတွေ တွေ့ရင်လဲဘဲ အကောင်းမြင်တတ်တဲ့စိတ်လေးနဲ့ ဝေဖန်ထောက်ပြ ပြောဆိုပေးကြပါ။
စလုပ်ဖြစ်တာကတော့ ဘက်ထရီအားလုံးကလဲ အသစ်... အက်စစ်ပါဝါကိုလဲ အပူချိန်နဲ့ပါအမှန်ယူပြီး ညှိထားတာ။
Acid ထည့်တာလဲ Litre အတိအကျနဲ့ ဘက်ထရီတွေ မတွဲခင်လဲ AH ကိုမှတ်ပြီး သွင်းတယ်။ အဲ့တာကို ဘာကြောင့် ဒီလောက် ကွာခြားရသလဲပေါ့။ Internal Resistance ကြောင့်ဆိုရင်လဲ အဲ့လောက်အထိ မရှိရဘူးလေ။ ဘက်ထရီအဟောင်းနဲ့ ရောသုံးထားလို့ ကွာခြားချက် ကြီးနေတာ မှတ်ရအောင်လဲ All new တွေ။
(ကွာခြားချက် ကြီးမားနေတာကို Comment က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။)
အင်တာနက်ပေါ်မှာ ဘယ်လိုဘဲရှာရှာ သမာရိုးကျ ဘက်ထရီချိတ်ဆက်မှုတွေဘဲ တွေ့ရပါတယ်။
လက်တွေ့မှာ တကယ်တိုင်းကြည့်ရင် Battery Bank(ဘက်ထရီတစ်စုံ)ဆီကို သွင်းနေတဲ့ အမ်ပီယာက ထက်ဝက်နီးပါး ကွာခြားနေပါတယ်။
ဆိုလိုချင်တာက 200AH ဘက်ထရီ (၄)လုံးကိုအသုံးပြုပြီး 24V ကို သမာရိုးကျ ဘက်ထရီချိတ်ဆက်မှုအတိုင်းသာဆို အားသွင်း/ထုတ်ယူသုံးစွဲချိန် ပထမတစ်စုံ နဲ့ ဒုတိယတစ်စုံဆီက ဆွဲယူနေတဲ့ အမ်ပီယာက တစ်ဝက်နီးပါးအထိ ကွာခြားပါတယ်။ ဒီလိုကွာခြားလို့ဘဲ ဘက်ထရီ တစ်စုံက အရင် စဖောက်လာပြီး ပျက်ယွင်းလာမှာပါ။ သဘောက 20A(၂၀အမ်ပီယာ)နဲ့အားသွင်းရင် ပထမတစ်စုံမှာ 15A(၁၅အမ်ပီယာ) ဝင်နေပြီး ဒုတိယတစ်စုံမှာ 5A(၅အမ်ပီယာ) ဖြစ်နေတာပါ။
ဒါတွေအားလုံးရဲ့ အဖြေကတော့ Final(နောက်ဆုံး) ချိတ်ဆက်မှုကို မူတည်ပြီးကစားပါ။ Final က Series ဖြစ်ရင် အမ်ပီယာ ပြောင်းလဲခြင်းမရှိတော့ပါဘူး။
(တင်ထားတဲ့ပုံတွေရဲ့ ပထမဆုံး ပုံကို ကြည့်ပါ)
ဥပမာတစ်ခု ပြောပြပေးပါမယ်။
200AH ၄လုံးကို 24V လိုချင်တော့ 200AH ၂လုံးစီကို Parallel(ပြိုင်ဆက်ပါ/အပေါင်း အပေါင်းချင်း...အနှုတ် အနှုတ်ချင်း)
ဒါဆို ၂စုံရလာပါပြီ။ ဒီ ၂စုံရလာပြီးမှ Series(တန်းဆက်ပါ/အပေါင်းနဲ့အနှုတ် တွဲပါ)
လုပ်နေကြ မဟုတ်ရင် အားသွင်း/ထုတ်ယူသုံးစွဲမဲ့ ကြိုး၂ပင်အကြောင်းတွေးရင်းနဲ့ ငါဘာလုပ်နေပါလိမ့်ဆိုပြီး မူးသွားတတ်ပါတယ်။
မမူးသွားပါနဲ့..... ဘက်ထရီကို အစဥ်လိုက်1,2,3,4လို့ စိတ်ထဲက မြင်/မှတ်ပါ။ ၂စုံကို Series(တန်းဆက်) ထားတာက 1နဲ့4 ဆိုရင် အားသွင်း/ထုတ်ယူသုံးစွဲမဲ့ Battery Terminal(ဘက်ထရီငုတ်တိုင်) သည် 2နဲ့3 ပါ။
ပြောင်းပြန်အနေနဲ့ 2နဲ့3ကို Series(တန်းဆက်) ထားရင် အားသွင်း/ထုတ်ယူသုံးစွဲမဲ့ Battery Terminal(ဘက်ထရီငုတ်တိုင်) သည် 1,4 ဖြစ်ပါတယ်။
မှတ်ချက်။ Connection(ချိတ်ဆက်မှု)ကစားတာက ကိုယ့်ရဲ့ အင်ဗာတာနဲ့ ဘက်ထရီကြားက ဘက်ထရီကြိုးကို အတိုဆုံးဖြစ်အောင် စဥ်းစားသင့်ပါတယ်။ တိုအောင်စဥ်းစားရာမှာ ဘက်ထရီကို အထားအပြု ပုံစံမှန်ဖို့လဲ လိုအပ်ပါတယ်။ မဟုတ်ရင် ကြိုးက အရှည်ကြီး ဖြစ်သွားပါလိမ့်မယ်။
သတိပြုရန်အချက်များ
💥 Series(တန်းဆက်) ရင် ဘက်ထရီ တံဆိပ်တူ/သက်တမ်းတူ ဖြစ်ရပါမယ်။
💥 Series(တန်းဆက်) ရင် ဘက်ထရီ တစ်လုံးနဲ့ တစ်လုံး Ah အရွယ်အစားတူညီရပါမယ်။
💥 Seres(တန်းဆက်) ရင် မချိတ်ဆက်ခင် ဘက်ထရီအားလုံးကို ညီမျှအောင် ပြုလုပ်ပြီးမှ ချိတ်ဆက်ရပါမယ်။
အားလုံးအဆင်ပြေကြပါစေ။
#ဆိုလာချစ်သူများ
Friday, 26 April 2024
မီးခဏခဏပျက်နေလို့အိမ်မှာ solar တပ်ဆင်တော့မည် ဆိုလျှင်
မီးခဏခဏပျက်နေလို့အိမ်မှာ solar
တပ်ဆင်တော့မည် ဆိုပါစို့ ။
ဒီနေရာမှာ အထူးသတိရှိဖို့က Solar စနစ်ကို အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲ သုံးမှာလား။ လျှပ်စစ်မီတာ ချွေတာရေးအတွက် သုံးမှာလား ။
ဘာပဲဖြစ်ဖြစ် solar စနစ်တပ်ဆင်ပြီးဆိုရင်တော့ မီတာခ သက်သာရအောင် Solar စနစ်ကိုပဲ အထူးပြုသုံးမယ်လို့ ရည်ရွယ်တာဖြစ်နိုင်တာလဲရှိမယ် ။
ဘာလို့ဒါကို အဓိကထားပြောနေရလဲ သုံးမည့် load နှင့် သုံးမည့် နာရီကြာချိန်သည် တိုက်ရိုက်ပတ်သက်နေလို့ပဲ ဖြစ်ပါတယ် ။ ကုန်ကျစာရိတ်ကလည်း တိုက်ရိုက်ကို ထူးစွာကွာသွားမှာဖြစ်ပါတယ် ။စနစ်တွေလည်း ကွာသွားပါမယ် ။
လျှပ်စစ်၏ သဘောသဘာဝက သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစာရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည့်ဆိုရင်တော့ ကုန်ကျစရိတ်က လာပါပြီ ။
ကဲလေ့လာကြည့်ရအောင်ပါ။
သာမာန်အိမ်တစ်အိမ်ဖြစ်လို့ စုစုပေါင်း ၆၀၀၀ Watts (၆ KW) ရှိမယ် ။
ဒီနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း
တစ်ခုချင်းဆီ၏ အသုံးပြုမည့် ကြာချိန်နာရီကို သိဖို့လိုအပ်ပါတယ် ။ဥပမာ - အဲကွန်း ၁ ကောင်တစ်လုံးသုံးမယ် ဘယ်နှစ်နာရီသုံးနိုင်တယ် ။ မီးဖိုချောင် ထမင်း ဟင်းချက်တာ လျှပ်စစ် ဘယ်နှစ်နာရီသုံးနိုင်ခြေရှိတယ် စသည်များပေါ့ ။
(အသေးစိတ် အကြမ်း ရေးထားတာနော်
(1)Air con - 1.5 * 746 = 1119 * 1.5 = 1700 watts
Air con 1700 watts * 10 hr = 17000 watts
(2)မီးဖိုချောင် 2200 watts x 2.5hr = 5500 watts
(3)မီးသီး ၄ လုံး x 15 w x 8 hr = 160 watts
(4)Socket - 50 watts x 2 he = 100 watts
(5)ရခေဲသတ်ေတာ 75 watts x 24 hr = 1800 watts
(6)ရေတင်စက်-၁ ကောင်- 2 လုံး x 746 x 1.5hr x 1.5 = 3357 watts
(7)အထွေထွေ - 2000 watts per day
စုစုပေါင်း - 29917 ~30000 watts per day
တစ်ရက်လုံး အသုံးပြုခြင်းသည် - 30 k Watts ဖြစ်မည်။)
ခုတော့ စုစုပေါင်း ၆ K-Watts ကို တစ်နေကုန်လုံးမှာ ၅ နာရီ သုံးနိင်ခြေရှိသည်ဟု တွက်သွားပါမယ် ။အသေးစိတ် တွက်ထားတာလဲ အပေါ်မှာပြပေးထားတယ် ။
ရွေးချယ်သည့်အခါ သိသင့်သည့် solar
စနစ်တွေကိုတော့ အပိုင်း (၃)ပိုင်းတွေ့ရပါမယ်
(၁) on-grid system (grid-tied system)
(၂) grid-tied with battery backup system
(၃) off grid system
(၁)On grid system ဆိုတာက ရိုးရိုးရှင်းရှင်းပဲပြောရရင် နေ့လည်ပိုင်း solar ကနေ ပါဝါရနေချိန် solar ကနေ တိုက်ရိုက် မီးကို ယူသုံးမယ် ။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲ ယူသုံးမယ် ။ တစ်ခုအရေးကြီးတာက ဒီနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPC မီးပျက်ရင် အလိုအလျောက် စနစ်လည်း သုံးမရပါဘူး ဒါကြောင့် on-grid ဟုခေါ်ပါသည် ။မီတာခ သက်သာရအောင် အစားထိုးသုံးသည့် အထူးစနစ်ဖြစ်ပါတယ် ။ (ဥပမာ - ရေတင်တာတို့ ၊ မော်တာတို့ ၊ စက်ရုံတို့လိုနေရာမျိုး တွေ သင့်တော်ပါတယ် ။)
(၂) grid-tied with battery backup system
ဆိုတာက solar ကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမယ် ။ ပြီးရင် inverter ကနေ AC ထုတ်သုံးပါမယ် ။ ဒီနေရာမှာ လိုချင်သည့် grid ကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့ EPC မီးပျက်လည်း သုံးနေနိုင်မှာဖြစ်ပါတယ် ။grid-tied လို့ပြောသည့်အခါ
DC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ် ။ ပုံမှန်အသေးစားအတွက် DC coupling system က budget အဆင်ပြေစေမှာဖြစ်ပြီး load ကြီးများလာလေ AC coupling ကပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ် ။ ဒီနေရာမှာ ခုခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့ ပြောနိုင်ပါမယ် ။hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်ပါတယ် ။ ပြောချင်တာက inverter ကနေ ဖြတ်ပြီ battery ဆီကို DC အနေနဲ့ဝင်တယ် ပြီးရင် battery မှ inverter ဆီ ချိတ်ထားတယ် AC output ထွက်မယ် ။ပုံမှာလည်း လေ့လာကြည့်ပါ ။
(၃) Off grid system
ဒီစနစ်သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်ပါတယ် ။off grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲ ဖြစ်ပါတယ် ။ပြောချင်တာက မီးလုံးဝမရသည့်နေရာတွေ ၊ ရသလိုလိုနဲ့ မီးမရပါဘူး ပြောရမည့်နေရာတွေမှာ သုံးပါတယ် ။ပြီးရင်တော့ Generator မီးစက်တို့နှင့် ချိတ်ဆက်ထားတာမျိုးပါ ဒါကို စနစ်လိုခေါ်တော့ Grid tied with generator ပေါ့ ။
စနစ်အကြောင်း တီးခေါက်မိပြီဆိုရင် အခြေခံ တွက်ချက်မှုလေး စမယ်နော် ။
🏘️အချက်(၁) solar panels အရေအတွက် ( slope - 15-20’)
🏘️အချက်(၂) inverter size
🏘️အချက် (၃) Battery size
🏘️အချက် (၄) controller size
🏘️အချက် (၅) Main cable size
အချက် (၁) Solar panel တွက်ပြီဆိုရင်
သူ၏ ဆိုဒ်က တစ်နေကုန် အသုံးကို အလုံးအရင်း အားရှိအောင် ဖန်တီးရမှာပါ ။
အိမ်သုံးအနေနဲ့ ၆ KiloWatts
စုပေါင်း တစ်နေကုန်အသုံးသည် ၃၀ Kilowatts ဖြစ်တယ် ။အထက်မှာ ဖော်ပြခဲ့ပြီးနော် ။
Solar panel - 550 watts တစ်ချက်မှာ တနေ့အားအဝင် ဘယ်လောက်ရှိမလဲ ကြည့်ရအောင်
တစ်နေ့ကုန် နေ၏ အပူကို ရယူနိုင်မည့် ကြာချိန်သည်
မနက် ၁၀ နာရီမှ - မွန်လွဲ ၃ နာရီထိဟုသတ်မှတ်ရင်
၅ နာရီရပါမယ် ။
ဒါကြောင့် - ၅၅၀ x ၅ နာရီ = ၂၇၅၀ watts
Mono type ကိုသုံးမည်မို့ ၈၀% အသာတင်ရမည်ဆိုလျှင် ၊ ၂၇၅၀ x ၀.၈ = ၂၂၀၀ watts ရပါမယ်
တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၃၀၀၀၀ watts
= ၃၀၀၀၀ / ၂၂၀၀ = ၁၃.၆ ~ ၁၄ ချပ် သုံးရပါမည် ။
(အမြန်နည်းဆိုရင် - AC- DC အချိုးလေးက ၁.၂ ပါ
ဒါ့ကြောင့် ၆၀၀၀ x ၁.၂ = ၇၂၀၀ watts , ၅၅၀ solar panel -13 ချပ် )
လက်ရှိ မြန်မာပြည်မှာ သုံးနေကြတာများတာက စုစုပေါင်း load ၏ ၃ နာရရီ ပျမ်းမျှ ယူတွက်လေ့ရှိပါတယ် ။ ကျနော်က ၅ နာရီအသုံး တွက်ပြထားပါတယ် ။
အသေးစိတ် အပေါ်မှာ ပြသလိုတွက်ထားရင် ပိုကောင်းပါတယ် အကောင်းဆုံးပါ ။
အပိုင်း(၁) ပြီး၏
မှတ်ရတာတွေ များတော့မယ် နောက်ရက်မှ
ဆက်ရေးမယ် စိတ်ဝင်စားရင် Yes ဟုမန့်ခဲ့ပေး
Myat Min Soe
Freewill Engineering Training
Tuesday, 16 April 2024
ဆောက်လုပ်ရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)
ဆောက်လုပ်ရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)
1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ္စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဉ်(သစ္မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဉ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဉ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ္စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ္စတစ္ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဉ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. flange -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်
crd to original writter
#ENSAEEA
Subscribe to:
Posts (Atom)

























