Saturday, 27 January 2018

ကား အင်ဂျင်မီးပေးစနစ်


ကားမောင်းတတ်ရင် ဆီပျောက်၊ မီးပျောက်လေးတော့ သိထားဖို့လိုတယ်လို့ ကားမောင်းသင်ခါစမှာ ဆရာတွေကပြောကြပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ “မီး” နဲ့ “ဆီ” မှန်နေမှ ကားမောင်းလို့ကောင်းပါတယ်။ “မီး” ဆိုတာ ပလပ်အလုံးတိုင်း “Spark မီးပွား” တိုင်မင်ကိုက် ပွင့်ဖို့လိုတယ်လို့ ပြောတာပါ။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ လောင်စာနှင့် ရေအရောအနှော၊ မီးလောင်ပေါက်ကွဲနိုင်ဖို့၊ ပလပ်တွေ၊ ကွိုင် (Coil) တွေကောင်းဖို့လိုပါတယ်။ CNG (သဘာဝဓာတ်ငွေ့ဆီစား)၊ LPG (ပရိုပိန်းငွေ့ဆီစား) ကားတွေ မှာလည်း ဒီအတိုင်းပါပဲ။ အင်ဂျင် Power Stroke မှာ အချိန်ကိုက်တိုင် မင်ကိုက် မီးပွားပွင့်ပေးနိုင်ဖို့ မီးပေးစနစ်လိုပါတယ်။ မီးပေးစနစ်ကို Ignition System လို့ခေါ်ပါတယ်။
ဓာတ်ဆီကား၊ CNG ကားမောင်း တဲ့ ကားဆရာတွေ အများဆုံးကြုံရ တာတော့ “မီး” မမှန်တဲ့ပြဿနာပါပဲ။ ပစ္စတင် ၄ လုံးထိုး၊ ၆ လုံးထိုး အင်ဂျင်တစ်လုံးမှာ မီးမမှန်ရင် စက်နှိုးရခက်ပါတယ်။ ပလပ်တစ်လုံးလောက် ညာနေရင် အင်ဂျင်ကောင်းကောင်းမဆွဲပါဘူး။ ဆီလည်းပိုကုန်ပါတယ်။
မိုးရာသီကားလမ်းတွေ ရေကြီးတာ မကြာခဏကြုံရပါတယ်။ ရေကြီးတဲ့လမ်းကို ဖြတ်မောင်းမိရင် “မီး”လုံးဝပျောက်ပြီး မိုးရေထဲမှာ ဒုက္ခရောက်ကြရတာက ကားဆရာတွေပါ။ မီးပေးစနစ်က ရေကြောက်ပါတယ်။ ဒစ်စတြီဗျူတာတွေ၊ ပလပ်ကြိုးတွေ၊ ပလပ်တွေ၊ ရေစိုသွားရင် မီးမကူးတော့ ပါဘူး။ မီးပေးစနစ်ရဲ့ အခြေခံသဘော တရားနဲ့ ဒီစနစ်မှာ ဖြစ်လေ့ရှိတဲ့ ချို့ယွင်းအားနည်းချက် ပြဿနာတွေကို နားလည်သဘောပေါက်ထားခဲ့ရင် ထိန်းသိမ်းပြုပြင်ရတာ လွယ်ပါတယ်။ “မီး” ပျောက်တဲ့ရောဂါကိုလည်း မိမိကိုယ်တိုင် ရှာဖွေစစ်ဆေးဖို့ အထောက်အကူပြုပါတယ်။
ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ ပစ္စတင်ဆလင်ဒါအလုံးတိုင်း အချိန်ကိုက် မီးလောင်ပေါက်ကွဲနိုင်ဖို့ Spark Plug တွေက စွမ်းအားမြင့် မီးပွားတွေ ဖန်တီးပေးရပါတယ်။ ကားဘက်ထရီတစ်လုံးက 12 Volt ဘဲထွက်ပါတယ်။ ပလပ်တွေမီးကူးဖို့ ဗို့အားသောင်းဂဏန်းထွက်ဖို့ လိုပါတယ်။ မြင့်မားလွန်းတဲ့ High Voltage ကို Ignition Coil က ထုတ်လုပ်ပေးပါတယ်။

Ignition Car Engine Motors Myanmar
ရှေးရိုးစံထား မီးပေးစနစ်ဖြစ်တဲ့ ဒစ်တတြီဗျူတာသုံး မီးပေးစနစ်တစ်ခုမှာ ဘက်ထရီ၊ Ignition Switch မီးပေးကွိုင် (Ignition Coil)၊ ဒစ်စတြီဗျူတာ၊ ဗို့အားမြင့်ပလပ်ကြိုးတွေ နဲ့ ပလပ် (Plug)တွေ ပါဝင်ဖွဲ့စည်းထားပါတယ်။
မီးပေးစနစ်နည်းပညာတွေ တဖြည်းဖြည်းတိုးတက်လာလို့ ဒီကနေ့ ခေတ်ပေါ်ကားတွေမှာတော့ ဒစ်စတြီဗျူတာတွေ ပလပ်ကြိုးတွေတောင် မပါဝင်တော့တဲ့ Distributorless Electronic Ignition System ကို မြင်တွေ့နိုင်ပါတယ်။ ဒီစနစ်မှာ မီးကွိုင် တစ်လုံးတည်းကထွက်တဲ့ High Voltage ကို ဒစ်စတြီဗျူတာနဲ့ ဖြန့်ဝေပြီး မသုံးတော့ပါဘူး။ ပလပ်တစ်လုံးကို မီးကွိုင်တစ်လုံးဆီက ဗို့အားမြင့် မီးပေးပါတယ်။ ပလပ်နဲ့ကွိုင်ကို တိုက်ရိုက် ဆက်သွယ်ထားပါတယ်။ ပလပ်ကြိုးတောင်မသုံးတော့ပါဘူး။ မီးကွိုင်တစ်လုံးချင်းရဲ့ မီးတိုင်မင် (Firing Timing) ကို ICU (Ignition Control Unit) နဲ့ ECU (Engine Control Unit) က ထိန်းချုပ်ပေးပါတယ်။ ပလပ်ထိပ်မှာတပ်ဆင်ထားတဲ့ကွိုင်ကို Ignitor လို့ခေါ်ပါတယ်။
Ignition Car Engine Motors Myanmar
ဒစ်တတြီဗျူတာစနစ်သုံး မီးပေးစနစ်မှာတော့ Point-type Ignition System နဲ့ Transistor-type Ignition System ဆိုပြီး ၂ မျိုးရှိပါတယ်။ ထရန်စစ္စတာအမျိုးအစားမီးပေးစနစ်ကို ကားဆရာအများစုက မက်ကနက် I.C
ကျောပိုးအိတ်လို့ခေါ်ကြပါတယ်။ ဒစ်စတြီဗျူတာ Breaker Point နေရာမှ သံလိုက်ညှို့အားသုံး Signal Rotor နဲ့ ထရန်စ္စတာသုံး I.C ယူနစ် (ကျောပိုးအိတ်)ကို အစားထိုးသုံးထားပါတယ်။ Point-type စနစ်မှာ အားနည်းချက်တွေအများကြီးပါပဲ။ ပွိုင့် ၂ ခုအကွာအဝေးမညီတော့ပါဘူး။ ကွန်ဒင်ဆာမကောင်းရင်လဲ ပွိုင့်မျက်နှာပြင်မီးအောင်းပြီး မီးကွိုင်က မီးထွက်နည်းပါတယ်။ ပွိုင့်မျက်နှာပြင်ထိပ်ကို ကော်ပတ်စားရ၊ ပြန်ညှိရ၊ ကွန်ဒင်ဆာလဲရ စသည်ဖြင့် အလုပ်ရှုပ်ပါတယ်။ ပွိုင့်နေရာမှာ မက်ကနက် Signal Rotor နဲ့ I.C (ထရန်စစ္စတာသုံး Igniter)ကို အစားထိုးသုံးလိုက်တော့မှ ပွိုင့်ပြဿနာတွေ ပြေလည်သွားပါတယ်။ ကွိုင်ကမီးထွက်အားလည်း ပိုကောင်းလာပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်းဝင်လာတဲ့ကားတွေမှာ ဒစ်စတြီဗျူတာမပါဘဲ အီလက်ထရွန်နစ် မီးပေးစနစ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးရိုးစနစ်သုံး ဒစ်စတြီဗျူတာ မီးပေးစနစ်သုံးတဲ့ ကားဟောင်းတွေလည်း အများကြီးကျန်ပါသေးတယ်။ အသုံးများတဲ့ Point-type Igniter System အခြေခံနဲ့ မီးပေးစနစ် ထိန်းသိမ်းပေးရမယ့် အချက်တွေကို ဆွေးနွေးသွားပါမယ်။
Point-type မီးပေးစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့ ကားဘက်ထရီ၊ Ignition Switch၊ မီးပေးကွိုင် (Ignition Coil)၊ ဒစ်စတြီ ဗျူတာ၊ Breaker Point ၊ ရိုတာနဲ့ ကပ်ဖုံး (Cap)၊ ပလပ်ကြိုးနဲ့ Spark Plugs တွေဘဲဖြစ်ပါတယ်။ မီးပေးစနစ်တစ်ခုလုံးအတွက် လိုအပ်တဲ့ လျှပ်စစ်ပါဝါစွမ်းအင်ကို ဘက်ထရီထောက်ပံ့ပါတယ်။ ဘက်ထရီအားနည်းနေရင် အားကုန်လုနီးပါးဖြစ်နေရင် မီးပေးစနစ် အလုပ်မလုပ်နိုင်ပါဘူး။ မက်ကနက်တို စနစ်သုံးတဲ့ မီးစက်အင်ဂျင် အသေးလေးတွေမှာတော့ ဘက်ထရီ မပါပေမဲ့ အင်ဂျင်ကို ကြိုးနဲ့ဆွဲနိုးတဲ့ အခါမှာ မက်ကနက်တိုစနစ်ကြောင့် မီးထွက်ပါတယ်။
Car Engine 2 Motors Myanmar
မီးပေးစနစ်မှာ အဓိကကျတာက တော့ မီးပေးကွိုင် ပါပဲ။ ကားဘက်ထရီကထုတ်ပေးတာ 12 Volt ဘဲရှိပါတယ်။ ပလပ်တွေ၊ မီး ပွားပွင့်ပြီး မီးခုန်ကူးနိုင်ဖို့ ဗို့အားမြင့်လိုပါတယ်။ Ignition Coil တွေဟာ ဗို့အား ၁၅၀ဝဝ ကနေ ၃၀ဝဝဝ ကျော်အထိ ထွက်ပါ တယ်။ မီးပေးကွိုင်မှာ Primary Winding နဲ့ Secondary Winding ဆိုပြီး ကွိုင် ၂ မျိုးပါဝင်ပါတယ်။ Primary Winding မှာပတ်ထားတဲ့ အီနာမယ်ဝါယာက အလုံးကြီးပြီး ပတ် ရေ ၂၀ဝ ကနေ ၃၀ဝ အထိ ရှိပါတယ်။ Secondary Winding မှာတော့ ဝါယာအလုံးသေးတဲ့အတွက် ပတ်ရေ ၁၅၀ဝဝ ကနေ ၃၀ဝဝဝ အထိ ပတ်ထားပါတယ်။ ကွိုင်ရဲ့အလယ်မှာ Core ရှိပါတယ်။ ကွိုင်တစ်လွှာနဲ့တစ်လွှာကြားမှာ လျှပ်ကာစက္ကူတွေ ခံထားပါတယ်။ ကွိုင်က အပူတွေအပြင်ထွက်ဖို့လွယ်အောင် လျှပ်ကာဆီ စိမ်ထားပါတယ်။
4
Secondary Winding ကို အ တွင်းထဲမှာပတ်ထားပြီး အပြင်က Primary Winding ကို ထပ်ပတ်ထားပါတယ်။ ငုတ် ၂ စရှိပြီး (+)ပေါင်းငုတ်ကို Primary Winding ကလာတဲ့ ကြိုးစနဲ့ ဆက် ထားပါတယ်။ (-) အနှုတ်ငုတ်ကို ဒစ် စတြီဗျူတာ နဲ့ ဆက်ထားပါတယ်။ ဘရိတ်ကာ ပွိုင့်ထိပ် ၂ ခုကွာသွားရင် မီးဖြတ်လိုက်တာကြောင့် ကွိုင်မှာဖြစ်ပေါ်နေတဲ့ သံလိုက်စက်ကွင်းပြင်းအား သွားပါတယ်။လွင့်သွားတဲ့ သံလိုက်အားကြောင့် ကြီးမားတဲ့ ဗို့အားဖြစ်ပေါ်လာတယ်။ ဒီဗို့အားကို ဒစ်စတြီဗျူတာ၊ ရိုတာကတစ်ဆင့် ဖုံးမှာစွပ်ထားတဲ့ ပလပ်ကြိုးတွေကို အလှဲ့ကျမီးဖြန့် ပေးတယ်။ မီးကွိုင်ကထွက်လာပြီး ပလပ်ကြိုးကနေ ပလပ်တွေဆီရောက်သွားပြီး မီးပွားပွင့်စေတာဖြစ်တယ်။ မီးတိုင်မင်အစီအစဉ်အတိုင်း ပလပ်တွေ၊ မီးပွားဖြစ်ရင် ပစ္စတင်တွေတစ်လုံးပြီးတစ်လုံး ပေါက်ကွဲအားဖြစ်ပေါ်ပြီး အင်ဂျင်ကို အဆက်မပြတ်လည်ပတ်စေတာဖြစ်တယ်။
ဒစ်စတြီဗျူတာမှာ မီးတိုင်မင်အတွက် Governor နဲ့ Cap ဖုံးတို့ပါ ဝင်တယ်။ မီးတိုင်မင်စောပေးတာကို Advancer က ဆောင်ရွက်ပေးတယ်။ Cap ဖုံးရဲ့ အလယ်ပေါက်မှာ မီးပေးကွိုင်ကလာတဲ့ မိန်းပလပ်ကြိုးစွပ်ထားပြီး ရိုတာက ပလပ်အသီးသီးကို မီးဖြန့်ဝေပေးတယ်။ Cap ဖုံးရဲ့ ဘေးပတ်လည်မှာ ပလပ်အသီးသီးနဲ့ ဆက်သွယ်ပေးရတဲ့ပလပ်ကြိုးစွပ်တဲ့ အပေါက်တွေပါတယ်။



Car Engine Motors Myanmar
မီးပေးစနစ်မှာအဖြစ်များတဲ့ ပြစ်ချက်တွေ၊ အားနည်းချက်တွေကတော့ ဒစ်စတြီဗျူတာ ပြိုင့္မီးစားတဲ့အျပစ္ပါ။ ပြိုင့္အကြာအေဝး ပုံမှန်ဖြစ်အောင် ပြန် ချိန်ရပါတယ်။ မီးစားတဲ့ပွိုင့်ထိပ်ကို ကော်ပတ်စားပေးရတယ်။ မရတော့ ရင်တော့ ပွိုင့်အသစ်အစားထိုးလဲပေး ရပါတယ်။

ကွန်ဒင်ဆာမကောင်းရင် ပွိုင့်တွေ မီးစားသွားတာမြန်ပါတယ်။ ကွန်ဒင်ဆာက မီးစားသက်သာအောင် လုပ်ပေးတယ်။ ဒစ်စတြီဗျူတာစနစ်မှာ ရေနဲ့ ရေငွေ့ဟာ ရန်သူပါဘဲ။ ဒစ်စတြီဗျူတာထဲ ရေငွေ့ရိုက်ရင်၊ ရေဝင်သွားရင် ပလပ်ကို မီးမရောက်တော့ပါ ဘူ။ အကြောင်းအမျိုးမျိုးကြောင့် မိုးရာသီမှာ Cap ဖုံရေစိုသွားရင်၊ ရေခြောက်သွားအောင် မီးကင်အပူပေးရပါတယ်။
မီးပေးစနစ်မှာ အများဆုံးဒုက္ခပေးတာ ပလပ်ကြိုးနဲ့ ပလပ်တွေပါဘဲ။ ပလပ်ကြိုးပြတ်နေမယ်၊ ကာဘာအစွပ် ပေါက်နေမယ်ဆိုရင် ပလပ်ကို မီးအရောက်နည်းသွားပါတယ်။ ပလပ်မခုတ်တဲ့ပြဿနာက ပလပ်မှာ ဆီချိုးတွေညစ်ပတ်နေပြီး မီးပွားမကူးနိုင်တဲ့ ပြဿနာပါ။ ပလပ်ငုတ်အကွာအဝေး ပြန်ချိန်ရပါတယ်။ ပလပ်ငုတ်တွေသန့်စင်အောင် ဆေးကြောပေးရပါတယ်။ ပလပ်ငုတ်တွေလည်း ကြာကြာသုံးရင် မီးစားပြီး တိုသွားတတ်ပါတယ်။ ပလပ်ကောင်း၊ မကောင်းစမ်းသပ်ပြီး အသစ်လဲသင့်ရင် လဲပေးရပါတယ်။ ဆီအရည်အသွေးမကောင်းရင် ပလပ်တွေ ကြာကြာမခံပါဘူး။ မကြာခဏဆေးကြောပေးရပါတယ်။ ပလက်တီနမ် ၄ ငုတ်ပလပ်ကတော့ ဈေးကြီးပေမဲ့ကြာကြာအသုံးခံပါတယ်။ ပလပ်ကြိုးတွေ၊ ကာဘာအစွပ်တွေ၊ စစ်ဆေးဖို့လိုပါတယ်။ ပလပ်ကြိုးတွေပေါက်ပြဲကွဲ အတ်နေရင် ပလပ်ကို မီးမရောက်တော့ပါဘူး။ ပေါက်တဲ့နေရာမှာ မီးခုန်ကူးနေတတ်ပါတယ်။
ဓာတ်ဆီအင်ဂျင်အစ်လုံးဟာ မီးပေးစနစ်၊ လောင်စာဆီပို့စနစ် နှစ်မျိုးစလုံးကောင်းမှ အင်ဂျင်စွမ်းဆောင်ရည် အပြည့်အဝရနိုင်ပါတယ်။ ပွိုင့်စနစ်မှာ အားနည်းချက်တွေ ကျော်လွှားနိုင်ဖို့ တချို့ကားဆရာတွေ မက်ကနက် I.C-type ကို ပြောင်းပစ်ကြပါတယ်။ မက်ကနက် I.C စနစ်မှာတော့ ကွိုင်က မီးထွက်အားပိုကောင်းပါတယ်။ ပလပ်နဲ့ ပလပ်ကြိုးတွေ၊ မီးကွိုင်တွေကိုတော့ စစ်ဆေးထိန်းသိမ်းဖို့လိုပါတယ်။
Credit - ဆရာ KMA(သိပ္ပံနှင့်နည်းပညာ)

No comments: