Saturday 27 January 2018

ချိန်းဆိုထားခြင်းကို အချိန်ရွှေ့သော အင်္ဂလိပ်စာအသုံး

ချိန်းထားတာလေး အချိန်ရွှေ့ချင်ရင်.....
Postpone နဲ့ Move up ကိုမှန်အောင်သုံးမယ်။
အချိန်အတိအကျ schedule နဲ့ စီစဉ်ထားတဲ့ အခမ်းအနား၊ အစည်းအဝေး၊ စာမေးပွဲ၊ ဆရာဝန်နဲ့ချိန်းထားတာမျိုးတို့ကို အကြောင်းကြောင်းကြောင့် စီစဉ်ထားတဲ့ နေ့မှာ၊ အချိန်မှာ မလုပ်နိုင်လို့ နောက်ကို ရွှေ့ဆိုင်းရမယ်ဆိုရင် to postpone ဆိုတဲ့ Verb ကိုသုံးရပါတယ်။
postpone (verb)= ရွှေ့ဆိုင်းသည်
postponement (noun)= ရွှေ့ဆိုင်းခြင်း
ဥပမာ ဝါကျလေးတွေနဲ့ သုံးတတ်အောင်မှတ်မယ်။
1. The meeting is postponed to Friday as the boss is not free today.
သူဌေး ဒီနေ့မအားလို့ အစည်းအဝေးကို သောကြာနေ့ကိုရွှေ့လိုက်တယ်။
postpone something to + time သို့မဟုတ်
postpone something until + time ဆိုပြီး အသုံးပြုရပုံကို အလွတ်ရအောင် မှတ်ရမှာပါ။ ဥပမာ ထပ်ကြည့်ပါ။
2. The concert was postponed to the following Saturday because of the bad weather.
ရာသီဥတုမကောင်းလို့ ဂီတဖျော်ဖြေပွဲကို နောက်တစ်ပတ် စနေနေ့ကို ရွှေ့လိုက်တယ်။
သွားဆရာဝန်နဲ့ ဒီနေ့ပြဖို့ ချိန်းထားတာ မအားလို့ မသွားနိုင်ဘူး။ ဖုန်းဆက်ပြီး နောက်ရွှေ့ဖို့ပြောကြည့်မယ်။
3. Would you mind if I postpone my appointment today to tomorrow evening?
ဒီနေ့ချိန်းထားတာကို မနက်ဖြန်ညနေကို ရွှေ့လို့ရမလားဟင်။
4. May I postpone my appointment to tomorrow?
ချိန်းထားတာကို မနက်ဖြန်ရွှေ့လို့ရမလား။
အဲဒီလို အသစ်ပြန်ချိန်းတော့ အရင်သဘောတူ သတ်မှတ်ပြီးသား schedule ကို အချိန်ပြန်ပြင်ရမှာဆိုတော့ to reschedule ဆိုတဲ့ Verb ကိုသုံးရပါတယ်။
5. May I reschedule our meeting for a later time?
(အရင်သတ်မှတ်ထားတာထက် နောက်ကျတဲ့ ) နောက်တစ်ချိန်တွေ့ကြဖို့ ပြန်ချိန်းချင်တယ်။
6. May I reschedule our meeting for an earlier time?
time?
(အရင်သတ်မှတ်ထားတာထက် စောတဲ့ ) နောက်တစ်ချိန်တွေ့ကြဖို့ ပြန်ချိန်းချင်တယ်။
ဆိုတော့ကာ to reschedule for a later time/ to reschedule for an earlier time ဆိုတဲ့ အသုံးကိုမှတ်ပါ။
ချိန်းထားတာကို အချိန်နောက်ရွှေ့ရင် postpone ဆိုတော့ အချိန်ကို ရှေ့ရွှေ့ချင်ရင်၊ စောချင်ရင် prepone ဆိုပြီး အလုပ်ထဲမှာ India ကသူငယ်ချင်းတစ်ယောက်က Memo မှာ The department meeting has been preponed to 9:00 a.m. ဆိုပြီးချထည့်လိုက်တာ အင်္ဂလိပ်စာဌာနထဲမှာ တော်တော်လေးပွက်လောရိုက်သွားတာကို သတိရမိပါသေးတယ်။ အင်္ဂလိပ်စာမှာ prepone ဆိုတာမရှိဘူးတဲ့၊ သူတို့ Native speakers တွေက အဲဒီလို မသုံးပါဘူးတဲ့။ Indian English variety မှာတော့ ထွင်သုံးကြပုံရတယ်။ သို့သော်လည်း အခုတော့ အင်္ဂလိပ် အဘိဓာန်ကြီးတွေမှာ prepone ဆိုတဲ့ စကားလုံးကို Indian English origin အနေဖြင့် ထည့်သွင်းပြလာကြပါပြီ။
ဆိုတော့ကာ ချိန်းထားတဲ့ အချိန်ကို စောစောရွှေ့ချင်ရင် to move up သို့မဟုတ် reschedule for an earlier time လို့သုံးရတာကို မှတ်စေချင်တာပါ။
7. They moved up their wedding to February as most of their friends would be busy in March.
သူတို့ရဲ့ သူငယ်ချင်းတွေ မတ်လမှာ မအားကြလို့ သူတို့မင်္ဂလာပွဲကို ဖေဖေါ်ဝါရီလကို ရွှေ့လိုက်တယ်။
8. Instead of evening, can we move up our meeting to morning?
ငါတို့တွေ့ဖို့ကို ညနေအစား မနက်ပိုင်းကိုရွှေ့လို့ရမလား။
move up မှာ အခြား ရာထူးတိုးသည်၊ အဆင့်မြင့်လာသည် ဆိုတဲ့ အဓိပ္ပါယ်တွေရှိသေးတာကို သိချင်ရင်တော့ dictionary လှန်ကြည့်ပါ။
With love,
Dr.Soe Than
January 17, 2018

No comments: