ဒီတစ်ခေါက်ရေးမယ့် အကြောင်းကတော့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ရှားရှားပါးပါး Travel Blogger တွေရဲ့ page တွေကို စုပေးထားတာပါ။
😊
😊
တခြားနိုင်ငံက Blogger တွေကျတော့ သူတို့ကိုယ်ပိုင် website မှာရေးကြတာပေါ့လေ။ ကိုယ်တွေဆီမှာတော့ ဘာလာလာ FB ပဲအားကိုးကြတော့ FB ကသူတွေပဲ ရှာထားလိုက်ပါတယ်။ ကိုယ်တိုင်လည်း (၂၀၁၆)နှစ်စလောက်မှ စရေးဖြစ်တာ ကိုယ့်အရင်ရေးတဲ့သူတွေ ရှိလား မရှိလားတောင် မသိခဲ့ဘူးရယ်။ စရေးတုန်းက ကိုယ်တိုင်လည်း Travel Blogger ရယ်လို့ ခံယူထားတာ မဟုတ်ပါဘူး။ သွားခဲ့တဲ့ ခရီးတွေနဲ့ပတ်သတ်ပြီး အမှတ်တရ ကျန်အောင် တခြားသူတွေသွားရတာ အဆင်ပြေအောင်ဆိုပြီး ရေးရင်း ရေးရင်း သူ့ဘာသူပဲ ဖြစ်သွားတာပါပဲ။
အခုပိုစ့်မှာတော့ Facebook မှာရှိတဲ့ စီနီယာ Travel Blogger တွေရော ဂျူနီယာ Travel Blogger တွေရဲ့ page လိပ်စာလေးတွေ စုပေးထားတယ်နော့။ တချို့ Travel Blogger တွေကို ခွင့်မတောင်းမိတဲ့အတွက်လည်း ကြိုပြီးတောင်းပန်ပါတယ်။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ သိသလောက် စုထားတာဆိုတော့ ကျန်ခဲ့တာမျိုးရှိရင်လည်း အားနာပါတယ်။ တကယ် page နဲ့ သေချာရေးတဲ့သူတွေဆိုရင် ပြန်ထည့်ပေးပါ့မယ် …
😄
😄
🔹Nu Myat Around the World
https://www.facebook.com/numyataroundtheworld/
မနုမြတ်ရဲ့ page လေးပါ။ မနုမြတ်ကတော့ ပြည်ပခရီးတွေ တော်တော်များများရောက်ပြီးသွားပါပြီ။ စိတ်ဝင်စားစရာကောင်းမယ့် နေရာတွေကို သေချာရေးပြလေ့ရှိပါတယ်။ မနုမြတ်ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တွေကလည်း တော်တော်မိုက်ပါတယ်။
🔹I Love Traveling
https://www.facebook.com/I-Love-Travelling-731173643577145/
မမေဇွန်ရဲ့ page ပါ။ နိုင်ငံခြားခရီးစဉ်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဈေးသက်သက်သာသာ သွားလို့ရအောင် အမြဲရေးပေးနေတဲ့သူပါ။
🔹My Khayee
https://www.facebook.com/mykhayee/
Go With me ရဲ့ပိုင်ရှင် မခင်မြတ်ရဲ့ travel page ပါ။ ပြည်တွင်း ပြည်ပခရီးစဉ်တွေ အမြဲရေးပေးပြီးတော့ ပြည်ပခရီးစဉ်တွေသွားရင် ဘယ်လို လေ့လာရမယ်၊ ဘာတွေ လိုအပ်တယ် hotel ဘာညာကစ ဘယ်မှာ ဘိုကင်လုပ်ရမယ်ဆိုပြီး သေချာရေးပြပေးပါတယ်။
🔹Mandalarian (ယဉ်ယဉ်နှောင်း)
https://www.facebook.com/mandalarianmdy/
မန္တလေးက ညီမလေး ယဉ်ယဉ်နှောင်းရဲ့ page ပါပဲ။ မန္တလေးအနီးတစ်ဝိုက်က လည်စရာတွေ မြန်မာ့လက်မှုပစ္စည်းတွေနဲ့ အစားအသောက်တွေကို အမြဲတင်ပေးထားပါတယ်။ တခြားသူသွားခဲ့တဲ့ ခရီးစဉ်တွေ ဖတ်ချင်ရင်လည်း သူ့အကောင့်မှာ ၀င်ဖတ်လို့ရပါတယ်။
ဒါကတော့ သူ့ အကောင့်ပါ https://web.facebook.com/yinyinhnoung/
🔹ACM The Traveller
https://www.facebook.com/ACMtheTraveller/
ပြည်တွင်းပြည်ပ ခရီးစဉ်တွေကို စိတ်ဝင်စားစရာ ပုံစံလေးတွေနဲ့ ရေးပြတတ်တဲ့ ညီမလေး အေးချမ်းရဲ့ page ပါ။ ခရီးလမ်းကြောင်းတွေကိုလည်း ပုံပြင်ပုံစံလေးနဲ့ သေချာ အသေးစိတ်ရေးပေးထားပါတယ်။
🔹U U Ye KalawThar
https://www.facebook.com/Kalaw-Trekking-with-U-U-Y%C3%A8-K…/
ကိုရဲလို့သိကြတဲ့ ကလောကအကိုဟာ လူသိပ်စိတ်မဝင်စားတဲ့ ကလောမြို့လေးကို Eco Tourism အဖြစ်နဲ့ လူသိများစေခဲ့တဲ့သူပါ။ တောတောင်ထဲကို လမ်းလျှေက်သွားကြတဲ့ Treeking အလေ့အထကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီး သူ့ကြောင့် ကလောမြို့လေးဟာ အရင်ကထက် အများကြီး ပိုပေါ်ပြူလာဖြစ်ခဲ့ပါတယ်။
🔹Hein The Traveller
https://www.facebook.com/heinthetraveller/
Croton Travel & Tour ရဲ့ Directorပါ။ ရှားရှားပါးပါး ယောကျာ်လေး Travel Blogger ထဲက တစ်ယောက်ပါပဲ။ ကိုဟိန်းသန့်ကတော့ သွားလာဖို့ခက်ခဲတဲ့ နိုင်ငံခြားခရီးစဉ်တွေကို သေချာရေးပေးထားပါတယ်။ ကုန်ကျစရိတ်ကအစ အစားအသောက်က အစ သေချာလေးကို ရေးထားပါတယ်။
🔹Miles of Happiness
https://www.facebook.com/SaiNkk/
Tango Tour ရဲ့MDမမခေါင်နဲ့ ကိုစိုင်းတို့ ဇနီးမောင်နှံပါ။ ရှားရှားပါးပါး အားကျမိတဲ့ အတွဲညီတဲ့ ခရီးသွားမောင်နှံပါ။ မမခေါင်နဲ့ ကိုစိုင်းနဲ့ တူတူသွားဖြစ်ကြတဲ့ ခရီးလေးတွေကို အချက်အလက်လေးတွေနဲ့ သေချာရေးပေးထားပါတယ်
🔹Htoo the Wanderlust
https://www.facebook.com/htoothewanderlust/
ထပ်ပြီးတော့ ရှားရှားပါးပါး ယောက်ျားလေး Travel Blogger, Backpacker ပါ။ Backpacker ဆိုတဲ့အတိုင်း အိတ်တစ်လုံးကျောမှာလွယ်ပြီး ခရီးသွားခဲ့တာတွေ၊ စရိတ်စက အနည်းဆုံးနဲ့ ခရီးသွားလို့ရအောင် ကိုယ်တိုင်လည်းသွား သူ့အတွေ့အကြုံတွေကိုလည်း ရေးသားထားပါတယ်။
🔹Travel by KWYP
https://www.facebook.com/Travel-by-KWYP-2015410015351638/
Page အနေနဲ့ ရေးတာတော့ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ခရီးတစ်ခုကို သွားသင့်တဲ့ပုံစံရေးထားတာက စနစ်ကျပါတယ်။ သေချာလည်း ရေးထားပါတယ်။ ပြီးတော့ နောက်ထပ် ယောက်ျားလေး Travel Blogger တစ်ယောက်လည်း ဖြစ်ပါတယ်။
🔹Travel by Naw Htike
https://web.facebook.com/travelbynawhtike/
ဒါကတော့ အနော်ပေါ့နော် …. အနော်လည်း ကြိုးစားပန်းစားရေးပေးနေတယ်ပေါ့နော် … ဆက်လက်ပြီးလည်း ကြိုးစားပါ့မယ်ပေါ့နော် …..
😁
😁
😁
နောက်ထပ်ဖြည့်ထားတာတွေကတော့
🔹Thiha the Traveller
https://www.facebook.com/travellerthiha/
🔹Travel Nay Lin Thaik
https://www.facebook.com/travelnaylinthaik/
🔹Travelled by HEEW
https://www.facebook.com/travelbyheew/
🔹Travel Kueen
https://www.facebook.com/ktyoshe/
ဒီ Page ပိုင်ရှင်တွေအကုန်လုံးက ၀ါသနာအရရော စေတနာအရရော စာဖတ်တဲ့သူတွေ အဆင်ပြေပါစေ ခရီးတွေလွယ်လွယ်ကူကူသွားနိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက် ကိုယ်စီနဲ့ ရေးဖြစ်ကြတာများမယ်လို့ ကိုယ်ကတော့ ထင်ပါတယ်။ ဘာလို့ဆို မြန်မာနိုင်ငံထဲမှာက ခရီးသွားမယ်ဆို ဒေတာ ရှာရတာ အချက်အလက်ရှာရတာ အခက်ဆုံးလေ။ အခုတော့ အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်။
ခရီးတစ်ခုသွားဖိုစီစဉ်တိုင်း တစ်ခုခုသိချင်တာရှိရင် အပေါ်က ပြောထားတဲ့ page တွေမှာ ၀င်မွှေကြပါ။ တစ်ခုမဟုတ် တစ်ခုမှာတော့ အဆင်ပြေတာလေးတွေ တွေ့မှာပါလို့ မျှော်လင့်ပါတယ်။

No comments:
Post a Comment