ဒီတခါတော့ နိုင်ငံခြားကို ပထမဆုံးအကြိမ်အဖြစ် စသွားမယ့် မိတ်ဆွေတွေအတွက် လိုအပ်တဲ့အချက်အလက်လေးတွေကို စုဆောင်းပေးလိုက်ပါတယ်။ သွားနေကျ လူတွေအတွက် သိပ်မခက်ခဲပေမယ့် ပထမဦးဆုံးအကြိမ် သွားရမယ့်သူများအဖို့ လေယာဉ်ကွင်းမှာ ဖြတ်ကျော်ရမယ့် အဆင့်တွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မသိတဲ့အခါကျ ကသောင်းကနင်း ဖြစ်တတ်လေနော့်..
အဖွဲ့နဲ့ သွားတာဆို ထားပါတော့၊ ကိုယ့်တယောက်ထဲ သွားတဲ့အခါကျ အကူအညီမရဖြစ်မှာစိုးလို့ ပြင်ဆင်ပေးလိုက်ပါတယ်။



ပထမဆုံးသွားမယ်ဆိုတော့ နည်းနည်းလွယ်ကူသွားအောင် နီးနီးနားနား ဘန်ကောက်ကိုပဲ အရင်သွားလိုက်ရအောင်နော့ ...





နိုင်ငံခြားသွားဖို့ဆို ပထမဆုံးလိုတာက Passport ပေါ့။ အရင်ကတော့ အဆင့်တွေအများကြီးနဲ့ အလုပ်ရှုပ်ပေမယ့် အခု ကိုယ့်ဘာသာကိုယ်သွားလုပ်ရင်တောင် တော်တော်လွယ်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဆိုတော့ passport လုပ်ဖို့ လိုအပ်တာတွေကို စပြောပေးမယ်နော့် ...

















အချိန်ကလည်း လူများ/နည်းပေါ် မူတည်ပြီး (၁)နာရီ ကနေ (၁)ရက်လုံးအထိ ကြာနိုင်ပါတယ်တဲ့။
နော်ကတော့ တတ်နိုင်မယ်ဆိုရင် ကိုယ်တိုင်လုပ်ကြည့်စေချင်တယ်။ ဘာလို့ဆို အပိုငွေမကုန်ဘူး လွယ်လည်းလွယ်တယ်လေနော့။ တကယ်လို့ အချိန်မရှိဘူး၊ လှူချင်တန်းချင်တဲ့ စိတ်များတယ်ဆိုရင်တော့ ပွဲစားနဲ့လုပ်ပေါ့လေ။






ပက်စ်ပို့ရပြီ နိုင်ငံခြားသွားရပြီဆိုရင်တော့ လေယာဉ်ကြီးစီးပြီး နိုင်ငံရပ်ခြားကို သွားရပြီပေါ့။ အဲ့ဒီမယ် ပြသနာက လေဆိပ်ထဲဝင်ပြီးတာနဲ့ ဘယ်ကစပြီး ဘာဆက်လုပ်ရမှန်း မသိတာပါပဲ။ ဆိုတော့ လေဆိပ်က ဝင်တာက စလို့ လေယာဉ်စီး ဟိုဘက်နိုင်ငံထဲ ခြေချတဲ့ အထိကို လိုအပ်တဲ့ အချက်တွေ၊ ဖြည့်ရမယ့် စာရွက်စာတမ်းတွေကို အသေးစိတ် သေချာပြောပြပေးပါ့မယ် ...



























လေယာဉ်နံပတ်၊ ပက်စ့်ပို့တွေအပြင် ကိုယ်တည်းမယ့်လိပ်စာတွေကို ပြည့်စုံအောင် ဖြည့်ထားရန်လို။ မပြည့်စုံရင် ဟိုဘက်နိုင်ငံ အဝင်က Immigration မှာရစ်တတ် ကြာတတ်လို့ပါ။
(ဘာတွေ ဘယ်လို ဖြည့်ရမလဲဆိုတာ ဓာတ်ပုံထဲမှာ ပြထား)



Immigration (တပါးနိုင်ငံထဲသို့ဝင်ရန် စစ်ဆေးတဲ့ ကောင်တာ)
Baggage claim (Check in ဝင်တုန်းက အပ်ထားတဲ့ အိတ်ရွေးရန်) စတဲ့ မျှားတွေပြထားတဲ့ နောက်ကို သွားရန်လို
(သူတို့ကတော့ အင်္ဂလိပ်လိုပဲ ရေးထားမှာနော်သိလား၊ ဒီကနားလည်လွယ်အောင် ကွကိုယ် ဘာသာပြန်ပေးထားတာ)












ဘယ်လိုလည်း အသေးစိတ်တွေ ချရေးပေးလိုက်တော့ လွယ်သွားပြီမလား။





ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်သွားတာဆိုတော့ ဘန်ကောင်မှာ ရှော့ပင်ထွက်ချင်ရင် ဒီလင့်မှာ သေချာရေးပေးထားပါတယ်လို့ ..


https://web.facebook.com/travelbynawhtike/posts/1952695391611829
ဆိုတော့
တခါမှ နိုင်ငံခြားမသွားဖူးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဒီမှတ်စုလေးကို ရေးပေးလိုက်ပါတယ်။ ပထမဆုံးလေယာဉ်စီးရမယ့်အချိန်မှာ အထောက်အပံ့တစ်ခု ဖြစ်ရင် ကျေနပ်ပါတယ်။ အစစအရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။


Credit to Naw Htike
No comments:
Post a Comment