Saturday 8 October 2011

ၾကက္ဖနဲ႔ ငန္း ပံုျပင္

[Unicode]အသိအမှတ်ပြုခံရမှု့နဲ့ ပတ်သတ်ပြီး ပညာပေးထားတဲ့ ပုံပြင်လေးတစ်ခုပါ။ ဆရာဖေမြင့်ရဲ့ တန်ဖိုးထားအပ်သောအရာများ ဆိုတဲ့ စာအုပ်မှာတွေ့ လို့တော်တော်လေး သဘောကျတာနဲ့ တင်ပေးလိုက်တယ်ဗျာ။


လူးနယ်မှ မြို့စားကြီး အိုင်း ထံတွင် တိယင်ဂျောင်းအမည်ရှိ အမှု့ထမ်းတစ်ယောက်ရှိသည်။ တိယင်ဂျောင်းက မထင်မရှားရာထူးလေးမှာ တာဝန်ထမ်းဆောင်နေရတာကြာတော့ စိတ်ပျက်ကာ သူ့သခင် မြို့စားကြီးအား လျှောက်ထားသည်။


                   " ကျွန်တော်မျိုးတော့ တောငန်းဖြူကြီးတွေလို ဟိုးအဝေးကို ပျံပြေးသွားတော့မယ်ခင်ဗျ"


"ဟေ...ဘာဖြစ်လို့တုန်းကွ၊ ရှင်းရှင်းလင်းလင်း ဆိုစမ်းပါဦး" မြို့စားကြီးကမေးသည်။ 


                    "မြို့စားမင်း ခြံထဲက ကြက်ဖကို မြင်တယ်မလား" တိယင်ဂျောင်းကဆိုသည်။ "သူ့ခေါင်းမှာ ဆောင်းထားတဲ့အမောက်ဟာ ယဉ်ကျေးမှု့ကိုပြတဲ့ အမှတ် သင်္ကေတတစ်ခု ဖြစ်တယ်။ သူ့ရဲ့ခြေထောက်က မာကျောတဲ့ ခြေသည်းနဲ့ အတက်တွေဟာ သူ့ရဲ့ခွန်အားကို ပြသနေတယ်။ ဘယ်ရန်သူကိုမဆို ယှဉ်ခွပ်ဖို့ ဝန်မလေးခြင်းဟာ သူ့ရဲ့ ရဲဝံ့မှု့ကိုဖော်ပြနေတယ်။ အစာရှာတွေ့တဲ့အခါတိုင်း အခြားတစ်ပါးသော ကြက်တွေကို တကွပ်ကွပ်နဲ့ ခေါ်ကျွေးတတ်ခြင်းဟာလည်း သူ့ရဲ့ ရက်ရောသဘောကောင်းမှု့ကို ထင်ဟပ်ပြသနေတယ်။ ညဉ့်ဦးယံကနေ မိုးသောက်ယံအထိ အချိန်မှန်မှန် တွန်ကျူးတတ်ခြင်းကတော့ အမှန်ကိုသာဆိုတတ်တဲ့ သူ့သဘောကို ထင်ရှားအောင်ပြသလို ရှိနေတယ်။ အဲဒီလို ဂုဏ်အရည်အသွေးကောင်း ငါးရပ်နဲ့ ပြည့်စုံပါလျှက် ကြက်ဖတွေဟာ အရှင်မြို့စားမင်းကြီး ပွဲတော်တည်ဖို့အတွက် နေ့စဉ်နဲ့အမျှ သက်ဖြတ်ခံနေရပါတယ်။ ဘာကြောင့် သူတို့ကို တန်ဖိုးမထား အလွယ်တစ်ကူ သတ်စားနေရသလဲ။ အကြောင်းအရင်းက လူနဲ့ လက်လှမ်း တစ်မီမှာရှိနေတဲ့ အတွက်ကြောင့်ပဲ။ သူ့ကိုအမြဲမြင်နေ တွေ့နေရတယ်။ အဲဒီတော့ရိုးသွားတယ်။ သူ့တန်ဖိုးတွေ ဘယ်လိုရှိနေတယ်ဆိုတာ မစဉ်းစားမိတော့ဘူး။ ဟိုး မိုင်ပေါင်းထောင်ချီတဲ့အရပ်က တစ်ခါတစ်လေ နယ်ပြောင်းပယ်ပြောင်း ရောက်ရှိလာတတ်တဲ့ တောငန်းဖြူကြီးတွေကျတော့ ကြက်ဖရဲ့ဂုဏ်အင်္ဂါနဲ့ ပြည့်စုံတာ မဟုတ်ပေမယ့် ရှားပါတယ် တွေ့ရခဲတယ် ဆိုတာတစ်ခုတည်းနဲ့ မြို့စားကြီးက အင်မတန် တန်ဖိုးထားတယ်။ ဥယဉ်ထဲ ရေကန်ထဲမှာ ငါးတွေစား လိပ်တွေစား၊ ကောက်ပင်တွေကိုက်ဖြတ်နဲ့ အမျိူးမျိူးဖျက်စီးပေမဲ့ သူတို့ကို ပြစ်ခတ်သတ်ဖြတ်ခြင်းမရှိ ဒီအတိုင်းအလှကြည့်ထားတယ်။ ဒါကြောင့်မို့ ကျွန်တော်မျိုးလည်း တောငန်းဖြူကြီးများလို ဟိုး ဝေးရာဆီကိုပဲ ပျံသန်းသွားတော့မယ်လို့ ပြောတာပါ" ဆိုပြီး လျှောက်ထားသည်။


                       မှန်သည် နီးလွန်းသောအခါ မမြင်ရဖြစ်တတ်သည်။ တွေ့ဖန်များသောအခါ တန်ဖိုးမရှိဖြစ်တတ်သည်။ ကျွန်တော်တို့ရဲ့ ရှင်သန်နေထိုင်မှု့ နဲ့ပတ်သပ်ပြီး သတိပြုသင့်တဲ့ ပုံပြင်လေးပါ။ ဆင့်ပွား စဉ်းစားတွေးတောနိုင်ကြပါစေဗျာ။


[Zawgyi]အသိအမွတ္ျပဳခံရမႈ႕နဲ႔ ပတ္သတ္ၿပီး ပညာေပးထားတဲ့ ပုံျပင္ေလးတစ္ခုပါ။ ဆရာေဖျမင့္ရဲ႕ တန္ဖိုးထားအပ္ေသာအရာမ်ား ဆိုတဲ့ စာအုပ္မွာေတြ႕ လို႔ေတာ္ေတာ္ေလး သေဘာက်တာနဲ႔ တင္ေပးလိုက္တယ္ဗ်ာ။


လူးနယ္မွ ၿမိဳ႕စားႀကီး အိုင္း ထံတြင္ တိယင္ေဂ်ာင္းအမည္ရွိ အမႈ႕ထမ္းတစ္ေယာက္ရွိသည္။ တိယင္ေဂ်ာင္းက မထင္မရွားရာထူးေလးမွာ တာဝန္ထမ္းေဆာင္ေနရတာၾကာေတာ့ စိတ္ပ်က္ကာ သူ႔သခင္ ၿမိဳ႕စားႀကီးအား ေလွ်ာက္ထားသည္။


                   " ကြၽန္ေတာ္မ်ိဳးေတာ့ ေတာငန္းျဖဴႀကီးေတြလို ဟိုးအေဝးကို ပ်ံေျပးသြားေတာ့မယ္ခင္ဗ်"


"ေဟ...ဘာျဖစ္လို႔တုန္းကြ၊ ရွင္းရွင္းလင္းလင္း ဆိုစမ္းပါဦး" ၿမိဳ႕စားႀကီးကေမးသည္။ 


                    "ၿမိဳ႕စားမင္း ၿခံထဲက ၾကက္ဖကို ျမင္တယ္မလား" တိယင္ေဂ်ာင္းကဆိုသည္။ "သူ႔ေခါင္းမွာ ေဆာင္းထားတဲ့အေမာက္ဟာ ယဥ္ေက်းမႈ႕ကိုျပတဲ့ အမွတ္ သေကၤတတစ္ခု ျဖစ္တယ္။ သူ႔ရဲ႕ေျခေထာက္က မာေက်ာတဲ့ ေျခသည္းနဲ႔ အတက္ေတြဟာ သူ႔ရဲ႕ခြန္အားကို ျပသေနတယ္။ ဘယ္ရန္သူကိုမဆို ယွဥ္ခြပ္ဖို႔ ဝန္မေလးျခင္းဟာ သူ႔ရဲ႕ ရဲဝံ့မႈ႕ကိုေဖာ္ျပေနတယ္။ အစာရွာေတြ႕တဲ့အခါတိုင္း အျခားတစ္ပါးေသာ ၾကက္ေတြကို တကြပ္ကြပ္နဲ႔ ေခၚေကြၽးတတ္ျခင္းဟာလည္း သူ႔ရဲ႕ ရက္ေရာသေဘာေကာင္းမႈ႕ကို ထင္ဟပ္ျပသေနတယ္။ ညဥ့္ဦးယံကေန မိုးေသာက္ယံအထိ အခ်ိန္မွန္မွန္ တြန္က်ဴးတတ္ျခင္းကေတာ့ အမွန္ကိုသာဆိုတတ္တဲ့ သူ႔သေဘာကို ထင္ရွားေအာင္ျပသလို ရွိေနတယ္။ အဲဒီလို ဂုဏ္အရည္အေသြးေကာင္း ငါးရပ္နဲ႔ ျပည့္စုံပါလွ်က္ ၾကက္ဖေတြဟာ အရွင္ၿမိဳ႕စားမင္းႀကီး ပြဲေတာ္တည္ဖို႔အတြက္ ေန႔စဥ္နဲ႔အမွ် သက္ျဖတ္ခံေနရပါတယ္။ ဘာေၾကာင့္ သူတို႔ကို တန္ဖိုးမထား အလြယ္တစ္ကူ သတ္စားေနရသလဲ။ အေၾကာင္းအရင္းက လူနဲ႔ လက္လွမ္း တစ္မီမွာရွိေနတဲ့ အတြက္ေၾကာင့္ပဲ။ သူ႔ကိုအၿမဲျမင္ေန ေတြ႕ေနရတယ္။ အဲဒီေတာ့႐ိုးသြားတယ္။ သူ႔တန္ဖိုးေတြ ဘယ္လိုရွိေနတယ္ဆိုတာ မစဥ္းစားမိေတာ့ဘူး။ ဟိုး မိုင္ေပါင္းေထာင္ခ်ီတဲ့အရပ္က တစ္ခါတစ္ေလ နယ္ေျပာင္းပယ္ေျပာင္း ေရာက္ရွိလာတတ္တဲ့ ေတာငန္းျဖဴႀကီးေတြက်ေတာ့ ၾကက္ဖရဲ႕ဂုဏ္အဂၤါနဲ႔ ျပည့္စုံတာ မဟုတ္ေပမယ့္ ရွားပါတယ္ ေတြ႕ရခဲတယ္ ဆိုတာတစ္ခုတည္းနဲ႔ ၿမိဳ႕စားႀကီးက အင္မတန္ တန္ဖိုးထားတယ္။ ဥယဥ္ထဲ ေရကန္ထဲမွာ ငါးေတြစား လိပ္ေတြစား၊ ေကာက္ပင္ေတြကိုက္ျဖတ္နဲ႔ အမ်ိဴးမ်ိဴးဖ်က္စီးေပမဲ့ သူတို႔ကို ျပစ္ခတ္သတ္ျဖတ္ျခင္းမရွိ ဒီအတိုင္းအလွၾကည့္ထားတယ္။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္မ်ိဳးလည္း ေတာငန္းျဖဴႀကီးမ်ားလို ဟိုး ေဝးရာဆီကိုပဲ ပ်ံသန္းသြားေတာ့မယ္လို႔ ေျပာတာပါ" ဆိုၿပီး ေလွ်ာက္ထားသည္။


                       မွန္သည္ နီးလြန္းေသာအခါ မျမင္ရျဖစ္တတ္သည္။ ေတြ႕ဖန္မ်ားေသာအခါ တန္ဖိုးမရွိျဖစ္တတ္သည္။ ကြၽန္ေတာ္တို႔ရဲ႕ ရွင္သန္ေနထိုင္မႈ႕ နဲ႔ပတ္သပ္ၿပီး သတိျပဳသင့္တဲ့ ပုံျပင္ေလးပါ။ ဆင့္ပြား စဥ္းစားေတြးေတာႏိုင္ၾကပါေစဗ်ာ။

No comments: