Saturday 8 October 2011

On the journey to your dream (အိမ်မက်သို့ ခရီးစဉ်)



May you learn along the way about life, yourself and who you want to be.
ဘ၀အကြောင်း၊ သင့်အကြောင်း၊ သင်ဘာဖြစ်ချင်တယ်ဆိုတဲ့အကြောင်း ဘ၀ခရီးလမ်းတစ်လျှောက်မှာ သင်ယူဆည်းပူးနိုင်ပါစေ။

့You will meet many people, may you treat each individual with kindness and respect, just as you want to be treated.
လူပေါင်းများစွာကို တွေ့ရလိမ့်မယ်၊ တွေ့သမျှလူတိုင်းကို ကိုယ်ချင်းစာစိတ်ထားပြီး ဂရုဏာစိတ်၊ လေးစားစိတ်နဲ့ဆက်ဆံနိုင်ပါစေ။

You will make new friends.May you remember to keep in touch with the old friends too the ones who love you very much.
မိတ်ဆွေသစ်တွေတွေ့ရလိမ့်မယ်။ သင့်အပေါ်အထူးမေတ္တ္တာထားကြတဲ့ မိတ်ဟောင်းများနဲ့လည်း မိတ်ဝတ်မပျက်ရှိစေဖို့ သတိရပါစေ။

you will face many problems. May you come to accept that life is not easy. Be strong, and do the best that you can do.
ပြသနာပေါင်းများစွာ ကြုံတွေ့ရလိမ့်မယ်။ ဘ၀ဆိုတာ ပန်းခင်းလမ်းမဟုတ်ပါလားဆိုတာသင် သဘောပေါက်လက်ခံပါစေ။ လုပ်နိုင်စွမ်းရှိသမျှ အကောင်းဆုံးလုပ်နိုင်အောင် ကြံ့ခိုင်မှု့နဲ့ပြည့်ဝနိုင်ပါစေ။

You will make mistakes. May you learn from them so that you can grow and move on as a stronger and wiser person.
အမှားတွေပြုလုပ်မိလိမ့်မယ်။ ပိုပြီးကြံ့ခိုင်၊ ပိုပြီး ပြည့်ဝသူတစ်ဦး အဖြစ် ရောက်ရှိရင့်ကျက်လာနိုင်စေဖို့ အမှားတွေကလေ့လာသင်ယူနိုင်ပါစေ။

You will make important decisions. May you know yourself and choose what is best for you.If you are confused, just listen to your heart.
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရပေလိမ့်မယ်။ ကိုယ့်ကိုကိုယ်သိပြီး ကိုယ့်အတွက် အကောင်းဆုံး ရွေးချယ်နိုင်ပါစေ။ ဝေခွဲမရ စိတ်ထဲမှာရှုပ်ထွေးနေခဲ့ရင် သင့်အသည်းနှလုံးရဲ့ အသံကိုသာနားထောင်လိုက်ပါ။

့You will set goals for yourself. May you have the courage to make your dreams come true and live the life that you want.
ဘ၀ရည်မှန်းချက်တွေ ချမှတ်ရလိမ့်မယ်။ သင့်အိမ်မက်တွေကို အကောင်ထည်ဖော်ပြီး သင့်ဘ၀ကို စိတ်ကြိုက် ဖန်တီးစေနိုင်ဖို့ သင့်မှ သတ္တိဗျတ္တိ ပြည့်စုံရှိပါစေ။

No comments: