[Unicode]စင်္ကာပူမှာအလုပ်လုပ်နေတဲ့ မြန်မာတစ်ယောက်ရေးထားပြီး တော်တော်လေးထိထိမိမိ ခံစားရတဲ့ ကဗျာလေးပါ။ ရွေပြည်တော်ကလူတွေ အင်မတန်အထင်ကြီးကြတဲ့ စလုံးဆိုတဲ့ ကြေးရတတ်တိုင်းပြည်က မြန်မာလုပ်သားတို့ရဲ့ထပ်တူညီတဲ့ ခံစားချက်တွေကို ထင်ဟပ်ပြသထားပါတယ်။တစ်ချို့ အသုံးအနှုံန်းတွေကို ဒီကဟာတွေဖြစ်လို့ မြန်မာပြည်ကလူတွေသိအောင် အောက်မှာခက်ဆစ်အဓိပါယ်ဖွင့်ပေးလိုက်ပါတယ်။
ခဏခဏဖူးဖြစ်တဲ့ ရွှေတိဂုံ စေတီကြီးကို မလွမ်းပါဘူး။
ပိုက်ဆံပေးမှ တက်လို့ရတဲ့ Merlion ရှိတယ်။
ညဘက် ပြန်မလာမချင်း မအိပ်ပဲစောင့်တဲ့ အမေ့ကို မလွမ်းပါဘူး။
အချိန်မရွေးဆက်လို့ရတဲ့ 1818 ရှိတယ်။
ခဏခဏ ဆိုင်ရောက်နောက်ကျရင် မဆူတဲ့ အဖေ့ကို မလွမ်းပါဘူး။
တခါတလေ ရုံးနောက်ကျရင် ပြောလို့မဆုံးတဲ့ သူကိုယ်တိုင်က အမြဲ နောက်ကျတဲ့ မန်နေဂျာ ရှိတယ်။
ပန်းကန်မဆေးပဲ ထားသွားရင် ဆေးပေးနေကြ အစ်ကို့ကို မလွမ်းပါဘူး။
ဇွန်းတစ်ချောင်းကျန်ခဲ့ရင် ခါးထောက်ပြီးဆဲတဲ့ အိမ်သူကြီး ရှိတယ်။
ကျနော် ဘယ်လောက်ဆိုးဆိုး အသဲနင့်အောင်ချစ်တဲ့ ချစ်သူကို မလွမ်းပါဘူး။
အပေါ်ယံတွေနဲ့ ငွေမက်မက် ကောင်မလေးတွေ ရှိတယ်။
မနက်စောစော ကြက်တွန်သံလေးကို မလွမ်းပါဘူး။
စားပွဲပေါ်က နာငြီးလောက်တဲ့ နှိုးစက်ဝိုင်းဝိုင်း ရှိတယ်။
လမ်းထိပ်က ငရုတ်သီးစပ်စပ် မုန့်ဟင်းခါးကို မလွမ်းပါဘူး။
ကြိုက်သလောက်ဝယ်လို့ရတဲ့ ဖြူဖတ်ဖတ် ခေါက်ဆွဲခြောက် ရှိတယ်။
ကိုတုတ်ကြီးဆိုင်က ပေါ့ဆိမ့်ထိထိလေးကို မလွမ်းပါဘူး။
၁ဒေါ်လာတန် ခပ်ကျဲကျဲ လက်ဘက်ရည် ရှိတယ်။
ကြပ်ကြပ်တောက်တောက် ထိုင်စားရတဲ့ တုတ်ထိုးဗန်းကို မလွမ်းပါဘူး။
အီလည်လည်နဲ့ ကွေ့ချပ် ရှိတယ်။
လေတဖြူးဖြူးနဲ့ တွယ်စီးရတဲ့ ၁၀၅ကို မလွမ်းပါဘူး။
လှောင်အိုက်အိုက်နဲ့ 854 ရှိတယ်။
ဈေးပေါပေါနဲ့ ရွှေဧည့်သည့်ကို မလွမ်းပါဘူး။
အပေါက်ဝကနေ တကျွတ်ကျွတ်နဲ့ ငါ့ပိုက်ဆံတွေထိုင်ဝါးနေတဲ့ စက် ၂ခုပါတဲ့ Bus ကားတွေ ရှိတယ်။
မြက်ခင်းစိမ်းစိမ်း မြင်ကွင်းလေးနဲ့ ၂၀ ပေးပြီး တစ်နေကုန်စီးလို့ရတဲ့ မြို့ပတ်ရထားကို မလွမ်းပါဘူး။
ပြတင်းပေါက်မှောင်မှောင်နဲ့ စက္ကန့်တိုင်းကို ပိုက်ဆံယူနေတဲ့ MRT ရှိတယ်။
စကားလေးပြောရုံနဲ့ ပိုက်ဆံရခဲ့တဲ့ ပွဲစားတန်းက ဘဝကို မလွမ်းပါဘူး။
တစ်နေ့ ၁၀နာရီလုပ်ရတဲ့ ညှီစို့စို့ဘဝတစ်ခု ရှိတယ်။
အထည်ချုပ်က အလုပ်ကြိုးစားတဲ့ ဝန်ထမ်းမလေးတွေကို မလွမ်းပါဘူး။
အချောင်ခိုနေတဲ့ စီနီယာ တရုတ်မတွေရှိတယ်။
ငြင်းလိုက်ခုံလိုက် စနောက်လိုက်နဲ့ DotA ပွဲကို မလွမ်းပါဘူး။
တိတ်တိတ်လေး တစ်ယောက်တည်းဆော့ရတဲ့ PSP ရှိတယ်။
ရွံ့ဗွက်ထူထူကြားက အမြဲတန်း တန်းစီနေရတဲ့ သထုံကွင်းကို မလွမ်းပါဘူး။
တိုက်ဘေးနားက ဘယ်သူမှ မရှိတဲ့ Basketball ကွင်းရှိတယ်။
၇နာရီဆို အပြေးအလွှား အလွတ်မခံခဲ့တဲ့ ကိုရီးယားကားကို မလွမ်းပါဘူး။
မကြည့်တချက် ကြည့်တချက် တရုတ်ကား ခပ်ညံ့ညံ့တွေ ရှိတယ်။
လူရွှင်တော်ရွှေဖလားရဲ့ ပါးစပ်မပိတ်ရတဲ့ ဟာသတွေ မလွမ်းပါဘူး။
ရယ်စရာမကောင်းတဲ့ ခပ်ပေါပေါ အစီအစဉ်တွေ ရှိတယ်။
ချစ်သူနဲ့ ပုံမှန်သွားကြည့်တဲ့ သမ္မတရုံကို မလွမ်းပါဘူး။
ဖုန်းသံထွက်လာရင် ဝိုင်းကြည့်ခံရတဲ့ ရုပ်ရှင်ရုံတွေ ရှိတယ်။
သဘာဝအတိုင်း ခပ်ရိုင်းရိုင်းလှနေတဲ့ သောင်ပြင်ကျယ်ကျယ် ချောင်းသာနဲ့ ငွေဆောင်ကို မလွမ်းပါဘူး။
လူဖန်တီးတဲ့ သောင်ပြင်ကျဉ်းကျဉ်း သဲကြမ်းကြမ်း East Coast နဲ့ West Coast ရှိတယ်။
Merlion = စင်္ကာပူ၏ အထင်ကရ ခြင်္သေခေါင်းနှင့် ငါးကိုယ်ရုပ်ထု၊ ယင်းရုပ်ထုပ်ပေါ်သို့တက်ရောက်ကြည့်ရူ့ ရန် အခကြေးငွေပေးချေရသည်။
1818 = စင်္ကာပူမှာ မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ခေါ်ဆိုရန် ဝယ်ယူအသုံးပြုသော ဖုန်းကဒ်။ စင်္ကာပူ ၈ ဒေါ်လာပေးရပြီး ၂၃ မိနစ် ပြောဆိုနိုင်သည်။
အိမ်သူကြီး= စင်္ကပူမှ မြန်မာလူမျိုးများ စုပေါင်းငှားရမ်းနေထိုင်သော အိမ်မှအကြီးအကဲ။
854 = စင်္ကပူမှ bus ကားနံပတ်
MRT = စင်္ကာပူမှ မြေပေါ်မြေအောက်သွား ရထား၊ ငွေကြိုပေးကဒ်တမျိုးဖြင့် အသုံးပြုစီးနင်းရပြီး ကျသင့်ငွေကို ခရီးကြာမြင့်ချိန် အကွာဝေးဖြင့် စက်မှတွက်ချက်ဖြတ်တောက်သည်။
PSP = အသေးစား လက်ကိုင်ဂိမ်းစက်၊ စင်္ကာပူနိုင်ငံသားများ ရထားပေါ် ဘက်စ်ကားပေါ်များတွင် အလွန်ကစားကြပြီး အများစုမှာ ဂိမ်းကြောင်နေသူများဖြစ်သည်။
Basketball = စင်္ကာပူမှ ကွန်ဒိုအိမ်ရာများတွင် ကြက်တောင်ကွင်း၊ basketball ကွင်းများခပ်တည်တည်ဖြင့် ထားရှိကြသော်လည်း အားကစားကို အထူးတလည်မည်သူမှ စိတ်ဝင်တစားမကစားကြပေ။
ခပ်ပေါပေါ အစီအစဉ်တွေ = စင်္ကာပူ ရုပ်မြင်သံကြားတွင် အခါအားလျော်စွာ ဟာသ၊ မျက်လှည့်စသော ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ကြသော်လည်း တင်ဆက်မ့ှု့ နှင့် အနုပညာအရည်သွေးမှာ အလွန်ညံဖျင်းသည်။
East Coast နဲ့ West Coast = စင်္ကပူ အစိုးရမှ အတင်းမရမက ဖန်တီးထားသော အပန်းဖြေကမ်းခြေ၊ သဲကြမ်းများဖြင့် အလွန်စိတ်ပျက်ဖွယ်ကောင်းသည်။
[Zawgyi]စကၤာပူမွာအလုပ္လုပ္ေနတဲ့ ျမန္မာတစ္ေယာက္ေရးထားၿပီး ေတာ္ေတာ္ေလးထိထိမိမိ ခံစားရတဲ့ ကဗ်ာေလးပါ။ ေ႐ြျပည္ေတာ္ကလူေတြ အင္မတန္အထင္ႀကီးၾကတဲ့ စလုံးဆိုတဲ့ ေၾကးရတတ္တိုင္းျပည္က ျမန္မာလုပ္သားတို႔ရဲ႕ထပ္တူညီတဲ့ ခံစားခ်က္ေတြကို ထင္ဟပ္ျပသထားပါတယ္။တစ္ခ်ိဳ႕ အသုံးအႏႈံန္းေတြကို ဒီကဟာေတြျဖစ္လို႔ ျမန္မာျပည္ကလူေတြသိေအာင္ ေအာက္မွာခက္ဆစ္အဓိပါယ္ဖြင့္ေပးလိုက္ပါတယ္။
ခဏခဏဖူးျဖစ္တဲ့ ေ႐ႊတိဂုံ ေစတီႀကီးကို မလြမ္းပါဘူး။
ပိုက္ဆံေပးမွ တက္လို႔ရတဲ့ Merlion ရွိတယ္။
ညဘက္ ျပန္မလာမခ်င္း မအိပ္ပဲေစာင့္တဲ့ အေမ့ကို မလြမ္းပါဘူး။
အခ်ိန္မေ႐ြးဆက္လို႔ရတဲ့ 1818 ရွိတယ္။
ခဏခဏ ဆိုင္ေရာက္ေနာက္က်ရင္ မဆူတဲ့ အေဖ့ကို မလြမ္းပါဘူး။
တခါတေလ ႐ုံးေနာက္က်ရင္ ေျပာလို႔မဆုံးတဲ့ သူကိုယ္တိုင္က အၿမဲ ေနာက္က်တဲ့ မန္ေနဂ်ာ ရွိတယ္။
ပန္းကန္မေဆးပဲ ထားသြားရင္ ေဆးေပးေနၾက အစ္ကို႔ကို မလြမ္းပါဘူး။
ဇြန္းတစ္ေခ်ာင္းက်န္ခဲ့ရင္ ခါးေထာက္ၿပီးဆဲတဲ့ အိမ္သူႀကီး ရွိတယ္။
က်ေနာ္ ဘယ္ေလာက္ဆိုးဆိုး အသဲနင့္ေအာင္ခ်စ္တဲ့ ခ်စ္သူကို မလြမ္းပါဘူး။
အေပၚယံေတြနဲ႔ ေငြမက္မက္ ေကာင္မေလးေတြ ရွိတယ္။
မနက္ေစာေစာ ၾကက္တြန္သံေလးကို မလြမ္းပါဘူး။
စားပြဲေပၚက နာၿငီးေလာက္တဲ့ ႏႈိးစက္ဝိုင္းဝိုင္း ရွိတယ္။
လမ္းထိပ္က င႐ုတ္သီးစပ္စပ္ မုန႔္ဟင္းခါးကို မလြမ္းပါဘူး။
ႀကိဳက္သေလာက္ဝယ္လို႔ရတဲ့ ျဖဴဖတ္ဖတ္ ေခါက္ဆြဲေျခာက္ ရွိတယ္။
ကိုတုတ္ႀကီးဆိုင္က ေပါ့ဆိမ့္ထိထိေလးကို မလြမ္းပါဘူး။
၁ေဒၚလာတန္ ခပ္က်ဲက်ဲ လက္ဘက္ရည္ ရွိတယ္။
ၾကပ္ၾကပ္ေတာက္ေတာက္ ထိုင္စားရတဲ့ တုတ္ထိုးဗန္းကို မလြမ္းပါဘူး။
အီလည္လည္နဲ႔ ေကြ႕ခ်ပ္ ရွိတယ္။
ေလတျဖဴးျဖဴးနဲ႔ တြယ္စီးရတဲ့ ၁၀၅ကို မလြမ္းပါဘူး။
ေလွာင္အိုက္အိုက္နဲ႔ 854 ရွိတယ္။
ေဈးေပါေပါနဲ႔ ေ႐ႊဧည့္သည့္ကို မလြမ္းပါဘူး။
အေပါက္ဝကေန တကြၽတ္ကြၽတ္နဲ႔ ငါ့ပိုက္ဆံေတြထိုင္ဝါးေနတဲ့ စက္ ၂ခုပါတဲ့ Bus ကားေတြ ရွိတယ္။
ျမက္ခင္းစိမ္းစိမ္း ျမင္ကြင္းေလးနဲ႔ ၂၀ ေပးၿပီး တစ္ေနကုန္စီးလို႔ရတဲ့ ၿမိဳ႕ပတ္ရထားကို မလြမ္းပါဘူး။
ျပတင္းေပါက္ေမွာင္ေမွာင္နဲ႔ စကၠန႔္တိုင္းကို ပိုက္ဆံယူေနတဲ့ MRT ရွိတယ္။
စကားေလးေျပာ႐ုံနဲ႔ ပိုက္ဆံရခဲ့တဲ့ ပြဲစားတန္းက ဘဝကို မလြမ္းပါဘူး။
တစ္ေန႔ ၁၀နာရီလုပ္ရတဲ့ ညႇီစို႔စို႔ဘဝတစ္ခု ရွိတယ္။
အထည္ခ်ဳပ္က အလုပ္ႀကိဳးစားတဲ့ ဝန္ထမ္းမေလးေတြကို မလြမ္းပါဘူး။
အေခ်ာင္ခိုေနတဲ့ စီနီယာ တ႐ုတ္မေတြရွိတယ္။
ျငင္းလိုက္ခုံလိုက္ စေနာက္လိုက္နဲ႔ DotA ပြဲကို မလြမ္းပါဘူး။
တိတ္တိတ္ေလး တစ္ေယာက္တည္းေဆာ့ရတဲ့ PSP ရွိတယ္။
႐ြံ႕ဗြက္ထူထူၾကားက အၿမဲတန္း တန္းစီေနရတဲ့ သထုံကြင္းကို မလြမ္းပါဘူး။
တိုက္ေဘးနားက ဘယ္သူမွ မရွိတဲ့ Basketball ကြင္းရွိတယ္။
၇နာရီဆို အေျပးအလႊား အလြတ္မခံခဲ့တဲ့ ကိုရီးယားကားကို မလြမ္းပါဘူး။
မၾကည့္တခ်က္ ၾကည့္တခ်က္ တ႐ုတ္ကား ခပ္ညံ့ညံ့ေတြ ရွိတယ္။
လူ႐ႊင္ေတာ္ေ႐ႊဖလားရဲ႕ ပါးစပ္မပိတ္ရတဲ့ ဟာသေတြ မလြမ္းပါဘူး။
ရယ္စရာမေကာင္းတဲ့ ခပ္ေပါေပါ အစီအစဥ္ေတြ ရွိတယ္။
ခ်စ္သူနဲ႔ ပုံမွန္သြားၾကည့္တဲ့ သမၼတ႐ုံကို မလြမ္းပါဘူး။
ဖုန္းသံထြက္လာရင္ ဝိုင္းၾကည့္ခံရတဲ့ ႐ုပ္ရွင္႐ုံေတြ ရွိတယ္။
သဘာဝအတိုင္း ခပ္႐ိုင္း႐ိုင္းလွေနတဲ့ ေသာင္ျပင္က်ယ္က်ယ္ ေခ်ာင္းသာနဲ႔ ေငြေဆာင္ကို မလြမ္းပါဘူး။
လူဖန္တီးတဲ့ ေသာင္ျပင္က်ဥ္းက်ဥ္း သဲၾကမ္းၾကမ္း East Coast နဲ႔ West Coast ရွိတယ္။
Merlion = စကၤာပူ၏ အထင္ကရ ျခေသၤေခါင္းႏွင့္ ငါးကိုယ္႐ုပ္ထု၊ ယင္း႐ုပ္ထုပ္ေပၚသို႔တက္ေရာက္ၾကည့္႐ူ႕ ရန္ အခေၾကးေငြေပးေခ်ရသည္။
1818 = စကၤာပူမွာ ျမန္မာႏိုင္ငံသားမ်ား မိမိႏိုင္ငံသို႔ေခၚဆိုရန္ ဝယ္ယူအသုံးျပဳေသာ ဖုန္းကဒ္။ စကၤာပူ ၈ ေဒၚလာေပးရၿပီး ၂၃ မိနစ္ ေျပာဆိုႏိုင္သည္။
အိမ္သူႀကီး= စကၤပူမွ ျမန္မာလူမ်ိဳးမ်ား စုေပါင္းငွားရမ္းေနထိုင္ေသာ အိမ္မွအႀကီးအကဲ။
854 = စကၤပူမွ bus ကားနံပတ္
MRT = စကၤာပူမွ ေျမေပၚေျမေအာက္သြား ရထား၊ ေငြႀကိဳေပးကဒ္တမ်ိဳးျဖင့္ အသုံးျပဳစီးနင္းရၿပီး က်သင့္ေငြကို ခရီးၾကာျမင့္ခ်ိန္ အကြာေဝးျဖင့္ စက္မွတြက္ခ်က္ျဖတ္ေတာက္သည္။
PSP = အေသးစား လက္ကိုင္ဂိမ္းစက္၊ စကၤာပူႏိုင္ငံသားမ်ား ရထားေပၚ ဘက္စ္ကားေပၚမ်ားတြင္ အလြန္ကစားၾကၿပီး အမ်ားစုမွာ ဂိမ္းေၾကာင္ေနသူမ်ားျဖစ္သည္။
Basketball = စကၤာပူမွ ကြန္ဒိုအိမ္ရာမ်ားတြင္ ၾကက္ေတာင္ကြင္း၊ basketball ကြင္းမ်ားခပ္တည္တည္ျဖင့္ ထားရွိၾကေသာ္လည္း အားကစားကို အထူးတလည္မည္သူမွ စိတ္ဝင္တစားမကစားၾကေပ။
ခပ္ေပါေပါ အစီအစဥ္ေတြ = စကၤာပူ ႐ုပ္ျမင္သံၾကားတြင္ အခါအားေလ်ာ္စြာ ဟာသ၊ မ်က္လွည့္စေသာ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားတင္ဆက္ၾကေသာ္လည္း တင္ဆက္မ့ႈ႕ ႏွင့္ အႏုပညာအရည္ေသြးမွာ အလြန္ညံဖ်င္းသည္။
East Coast နဲ႔ West Coast = စကၤပူ အစိုးရမွ အတင္းမရမက ဖန္တီးထားေသာ အပန္းေျဖကမ္းေျခ၊ သဲၾကမ္းမ်ားျဖင့္ အလြန္စိတ္ပ်က္ဖြယ္ေကာင္းသည္။
1 comment:
ေရးထားတာေလးေတြ အကုန္သေဘာက်မိပါတယ္.။သူမ်ားလုိစာအေရးအသားမကာငး္တဲ႔ ငပူးအတြက္
ေတာ႔ အားက်မိတယ္ ရွင္႔......... ေနာက္လဲ လာလည္ေနပါအံုးမယ္
ခင္မင္တဲ႔
ပူးပူး
Post a Comment