Saturday 8 October 2011

မည္သို႔ပင္ျဖစ္ေစ

[Unicode]ဆရာဖေမြင့်ရေးတဲ့စာအုပ်ထဲက ကျွန်တော်ကြိုက်တဲ့ စာစုလေးဗျ။ ကိုယ့်ဘာသာစာရိုက်ရမှာပျင်းလို့ myanmarfamily.org က ဝင်း ရေးတင်ထားတာကို ကူးပြီးပြန်လိုက်တယ်ဗျာ။ ခွင့်တောင်မတောင်းလိုက်ရဘူး။ "ဝင်း"  နားလည်နိုင်ပါစေ။ နောက်တာနော့။




လူတွေသည်၊ အကြောင်းအကျိုးမသိ၊


ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊


အတ္တစိတ်လည်းများလှ၏။


မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။




လူတွေသည်၊ ကောင်းသောအမှု သင်မည်မျှပြုသော်လည်း


မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။


မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။




သင်အောင်မြင်ပြီဆိုလျှင်၊


သင့်၌မိတ်ဆွေအတုအယောင်များရော၊


ရန်သူစစ်စစ်များပါရရှိလာလိမ့်မည်။


မည်သို့ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ။




ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့်


သင့်မှာ ထိခိုက်စရာတွေကြုံချင်ကြုံရလိမ့်မည်။


မည်သို့ဖြစ်စေ၊ ရိုးဖြောင့်ပွင့်လင်းစွာသာ ပြောဆိုဆက်ဆံပါ။




သင်ယနေ့ပြုသည့်ကောင်းသောအမှုကို


မနက်ဖြန်သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။


မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကိုပြုမြဲပြုပါ။




အကြီးအကျယ်ဆုံး စိတ်ကူးဉာဏ်ရှိသည့် အမြင့်မားဆုံးပုဂ်ဂိုလ် သည်လည်း


အနုံချာဆုံးစိတ်ထားရှိသည့်


အသေးမွှားဆုံး လူထံ


ဝေဖန်ခြင်းကဲ့ရဲ့ အပုပ်ချခြင်းခံချင်ခံနိုင်သည်။


မည်သို့ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာစဉ်းစား ကြံစည်ပါ။




လူတွေသည် နိမ့်ပါးသူအောက်လူများကို စေတနာပိုတတ်သည်ဆိုသော်လည်း


(လက်တွေ့၌ ) အပေါ်စီးရသူ ထိပ်ဆုံးလူများနောက်သို့သာ လိုက်ပါတတ်ကြသည်။


မည်သို့ပင်ဖြစ်စေ၊ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေး တိုက်ပွဲဝင်ပေးပါ။




နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာသည်


နေ့ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။


မည်သို့ဖြစ်စေ၊ တည်ဆောက်စရာရှိတာ ဆက်၍သာတည်ဆောက်ပါ။




ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးလျက်လည်း၊ သင့်အား ခါးသည်းနာကျည်းဖွယ် တုံ့ပြန်ကောင်းတုံ့ပြန်လိမ့်မည်။


မည်သို့ဖြစ်စေ၊ သင့်မှာ ရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။


[Zawgyi]ဆရာေဖျမင့္ေရးတဲ့စာအုပ္ထဲက ကြၽန္ေတာ္ႀကိဳက္တဲ့ စာစုေလးဗ်။ ကိုယ့္ဘာသာစာ႐ိုက္ရမွာပ်င္းလို႔ myanmarfamily.org က ဝင္း ေရးတင္ထားတာကို ကူးၿပီးျပန္လိုက္တယ္ဗ်ာ။ ခြင့္ေတာင္မေတာင္းလိုက္ရဘူး။ "ဝင္း"  နားလည္ႏိုင္ပါေစ။ ေနာက္တာေနာ့။




လူေတြသည္၊ အေၾကာင္းအက်ိဳးမသိ၊


က်ိဳးေၾကာင္းဆင္ျခင္ျခင္းလည္းမရွိ၊


အတၱစိတ္လည္းမ်ားလွ၏။


မည္သို႔ျဖစ္ေစ၊ ေမတၱာထားလိုက္ပါ။




လူေတြသည္၊ ေကာင္းေသာအမႈ သင္မည္မွ်ျပဳေသာ္လည္း


မ႐ိုးမသား ကိုယ္က်ိဳးစီးပြားအတြက္ပါဟု စြပ္စြဲၾကလိမ့္ဦးမည္။


မည္သို႔ျဖစ္ေစ၊ ေကာင္းေသာအမႈကို ျပဳၿမဲျပဳပါ။




သင္ေအာင္ျမင္ၿပီဆိုလွ်င္၊


သင့္၌မိတ္ေဆြအတုအေယာင္မ်ားေရာ၊


ရန္သူစစ္စစ္မ်ားပါရရွိလာလိမ့္မည္။


မည္သို႔ျဖစ္ေစ၊ ေအာင္ျမင္ရန္သာ အားထုတ္ပါ။




႐ိုးေျဖာင့္ျခင္း၊ ပြင့္လင္းစြာ စကားဆိုျခင္းတို႔ေၾကာင့္


သင့္မွာ ထိခိုက္စရာေတြႀကဳံခ်င္ႀကဳံရလိမ့္မည္။


မည္သို႔ျဖစ္ေစ၊ ႐ိုးေျဖာင့္ပြင့္လင္းစြာသာ ေျပာဆိုဆက္ဆံပါ။




သင္ယေန႔ျပဳသည့္ေကာင္းေသာအမႈကို


မနက္ျဖန္သူတို႔ ေမ့ေလ်ာ့ေကာင္း ေမ့ေလ်ာ့ၾကလိမ့္မည္။


မည္သို႔ျဖစ္ေစ၊ ေကာင္းေသာအမႈကိုျပဳၿမဲျပဳပါ။




အႀကီးအက်ယ္ဆုံး စိတ္ကူးဉာဏ္ရွိသည့္ အျမင့္မားဆုံးပုဂ္ဂိုလ္ သည္လည္း


အႏုံခ်ာဆုံးစိတ္ထားရွိသည့္


အေသးမႊားဆုံး လူထံ


ေဝဖန္ျခင္းကဲ့ရဲ႕ အပုပ္ခ်ျခင္းခံခ်င္ခံႏိုင္သည္။


မည္သို႔ျဖစ္ေစ၊ ႀကီးႀကီးက်ယ္က်ယ္ ျမင့္ျမင့္မားမားသာစဥ္းစား ႀကံစည္ပါ။




လူေတြသည္ နိမ့္ပါးသူေအာက္လူမ်ားကို ေစတနာပိုတတ္သည္ဆိုေသာ္လည္း


(လက္ေတြ႕၌ ) အေပၚစီးရသူ ထိပ္ဆုံးလူမ်ားေနာက္သို႔သာ လိုက္ပါတတ္ၾကသည္။


မည္သို႔ပင္ျဖစ္ေစ၊ အခ်ိဳ႕ေသာ နိမ့္ပါးသူ ေအာက္လူတို႔အတြက္ ရပ္တည္ေပး တိုက္ပြဲဝင္ေပးပါ။




ႏွစ္ေပါင္းမ်ားစြာ သင္တည္ေဆာက္ခဲ့ေသာအရာသည္


ေန႔ခ်င္းညခ်င္း ၿဖိဳလွဲဖ်က္ဆီးျခင္း ခံခ်င္ခံရလိမ့္မည္။


မည္သို႔ျဖစ္ေစ၊ တည္ေဆာက္စရာရွိတာ ဆက္၍သာတည္ေဆာက္ပါ။




ကမာၻေလာကအတြက္ အေကာင္းဆုံးကို သင္ေပးလ်က္လည္း၊ သင့္အား ခါးသည္းနာက်ည္းဖြယ္ တုံ႔ျပန္ေကာင္းတုံ႔ျပန္လိမ့္မည္။


မည္သို႔ျဖစ္ေစ၊ သင့္မွာ ရွိသည့္ အေကာင္းဆုံးကိုသာ ေပးၿမဲ သင္ေပးပါ။

No comments: