Sunday 9 October 2011

ESL ဟာသသင်ခန်းစာများ

Factory Workers

Two factory workers are talking.
စက်ရုံ အလုပ်သမားနှစ်ယောက်စကားပြောနေကြသည်။
The woman says, "I can make the boss give me the day off."
အမျိုးသမီးအလုပ်သမား ကပြောသည် " သူဋ္ဌေးဆီက အလုပ်နားရက်ရအောင် ငါလုပ်တတ်တယ်"
The man replies, "And how would you do that?"
အမျိုးသားအလုပ်သမား " ခင်ဗျား ဘယ်လို လုပ်မှာတုန်း"
The woman says, "Just wait and see." She then hangs upside-down from the ceiling.
အမျိုးသမီးအလုပ်သမား က " ခဏလေးစောင့်" ဟုပြောပြီး မျက်နှာကြတ်တွင် ဇောက်ထိုး တွဲလောင်းခိုနေလိုက်သည်။
The boss comes in and says, "What are you doing?"
သူဋ္ဌေးရောက်လာပြီးမေးသည်။ " မင်းဘာလုပ်နေတာတုန်း "
The woman replies, "I'm a light bulb."
အမျိုးသမီးအလုပ်သမား က" ငါဟာ မီးလုံး တစ်လုံးဖြစ်တယ် " ဟုပြန်ပြောသည်။
The boss then says, "You've been working so much that you've gone crazy. I think you need to take the day off."
ထို့နောက် သူဋ္ဌေးမှပြောသည် "အင်း မင်းအလုပ်တွေ အရမ်းများလို့ ရူးကြောင်ကြောင် ဖြစ်သွားတယ်ထင်တယ်။ မင်း နားရက်ယူသင့်ပြီ။"
The man starts to follow her and the boss says, "Where are you going?"
အမျိုးသားအလုပ်သမားမှာ အမျိုးသမီးအလုပ်သမားနောက်သို့ လိုက်သွားသဖြင့် သူဋ္ဌေးကလှမ်းမေးသည်။ " မင်းကရော ဘယ်သွားမလို့လဲ"
The man says, "I'm going home, too. I can't work in the dark."
အမျိုးသား အလုပ်သမားက ပြန်ဖြေသည်။ " အိမ်ပြန်မလို့လေ၊ အမှောင်ထဲမှာ ဘယ်လိုအလုပ်လုပ်မတုန်း"

အသံဖိုင်ကို အောက်မှ ဒေါင်းပါ

http://www.mediafire.com/?bndin3mnu6o1ehj 

  Baby Brother

A: Meet my new born brother.
မွေးကင်းစ ငါ့ညီလေးကို ကြည့်ပါဦး။
B: Oh, he is so handsome! What's his name?
အိုး! ချစ်စရာလေးပါလား! သူ့နာမည် ဘယ်လိုခေါ်တုန်း။
A: I don't know. I can't understand a word he says.
သိဘူးကွ။ သူပြောတာကို ငါနားမလည်သေးဘူး

အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?y7yr119joed9pa6

Good News & Bad News

A man receives a phone call from his doctor.
လူနာတစ်ဦးထံသို့ သူ၏ဆရာဝန်ဖုန်းဆက်သည်။
The doctor says, "I have some good news and some bad news."
ကျွန်တော့မှာ ခင်ဗျားကို ပြောစရာ သတင်းကောင်းရော သတင်းဆိုးရောရှိတယ်။
The man says, "OK, give me the good news first."
"ကောင်းပါပြီ သတင်းကောင်းကို အရင်ပြောပါ" လူနာမှ ပြန်ပြောသည်။
The doctor says, "The good news is, you have 24 hours to live."
ဆရာဝန်က " သတင်းကောင်းကတော့ ခင်ဗျားမှာ အသက်ရှင်နေထိုင်ဖို့ အချိန် ၂၄ နာရီပဲရှိတော့တယ်"
The man replies, "Oh no! If that's the good news, then what's the bad news?"
"အိုး..သွားပါပြီ ဒါဆို ဘာကသတင်းဆိုးတုန်း" လူနာက မေးသည်။
The doctor says, "The bad news is, I forgot to call you yesterday."
"သတင်းဆိုးကတော့...ကျွန်တော်ခင်ဗျားကို ဒီသတင်းပြောမလို့ မနေ့က ဖုန်းခေါ်ဖို့မေ့သွားတယ်ဗျာ။

အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?5trasg9dxt2dekd

The Frog & The Engineer

An engineer was taking a walk when a frog spoke to him and said, "If you kiss me, I'll turn into a beautiful princess."
အင်ဂျင်နီယာတစ်ယောက် လမ်းလျှောက်ထွက်စဉ် ဖားတစ်ကောင် စကားလာပြောသည်။ "ငါ့ကို နမ်းလိုက်မယ်ဆိုရင် ငါဟာ သိပ်ကိုလှပတဲ့ မင်းသမီးလေး အဖြစ်ပြောင်းလဲသွားလိမ့်မယ်"
He picked up the frog and put it in his pocket.
အင်ဂျင်နီယာက ဖားကိုကောက်ယူပြီး အင်္ကျီအိတ်ထောင်ထဲ ထည့်လိုက်သည်။
The frog spoke again and said, "If you kiss me and turn me back into a beautiful princess, I'll become your girlfriend."
ဖားက ထပ်ပြီးပြောသည်။ "ငါ့ကို နမ်းလိုက်မယ်ဆိုရင် ငါဟာ သိပ်ကိုလှပတဲ့ မင်းသမီးလေး အဖြစ်ပြောင်းလဲသွားလိမ့်မယ်၊ ပြီးတော့ ငါဟာမင်းရဲ့ ချစ်သူဖြစ်လာလိမ့်မယ်"
The engineer took the frog out of his pocket, smiled at it and put it back into his pocket.
အင်ဂျင်နီယာမှ ဖားကို အိတ်ထောင်ထဲမှ တချက်ထုတ်ယူပြီး ပြုံးပြလိုက်တာ ပြန်ထည့်ထားလိုက်သည်။
The frog spoke again and said, "If you kiss me and turn me back into a princess, I'll become your wife."
ဖားက ပြောပြန်သည်။ "ငါ့ကို နမ်းလိုက်မယ်ဆိုရင် ငါဟာ သိပ်ကိုလှပတဲ့ မင်းသမီးလေး အဖြစ်ပြောင်းလဲသွားလိမ့်မယ်၊ ပြီးတော့ ငါဟာမင်းရဲ့ ဇနီးဖြစ်လာလိမ့်မယ်"
The engineer took the frog out of his pocket again, smiled at it and put it back into his pocket.
င်ဂျင်နီယာမှ ဖားကို အိတ်ထောင်ထဲမှ တချက်ထုတ်ယူပြီး ပြုံးပြလိုက်တာ ပြန်ထည့်ထားလိုက်ပြန်သည်။
Finally, the frog said, "What is the matter? I'm a beautiful princess. Why won`t you kiss me?"
နောက်ဆုံးတွင် ဖားကပြောသည်။ "ဘာဖြစ်လို့လဲ ငါဟာ သိပ်လှတဲ့ မင်းသမီးလေး တစ်ပါးဖြစ်တယ်။ ဘာကြောင့် ငါ့ကို မနမ်းတာလဲ"
The engineer said, "Look, I'm a busy engineer. I don`t have time for a girlfriend or a wife, but a talking frog, now that's cool."
အင်ဂျင်နီယာမှ ပြောသည်။ " မင်းကြည့်စမ်း ငါဘယ်လောက် အလုပ်များလဲဆိုတာ။ ရည်းစား တို့ ဇနီးမယားတို့အတွက် ငါအချိန်ဘယ်လိုပေးနိုင်မှာတုန်း ဒါပေမယ့် အခု စကားပြောတတ်တဲ့ ဖားတစ်ကောင် ရထားတယ် ဘယ်လောက်ဟန်ကျတုန်း"

အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?uh8wzt8mf5dcco8

A Cute Dog

A man walks into a shop and sees a cute little dog.
လူတစ်ယောက် လမ်းလျှောက်လာရင်း အရောင်းဆိုင်ထဲတွင် ချစ်စရာခွေးလေး တစ်ကောင်ကိုတွေ့သည်။
He asks the shopkeeper, "Does your dog bite?"
" မင်းခွေးက ကိုက်တတ်သလားကွ " ဟု အရောင်းဝန်ထမ်းကို မေးလိုက်သည်။
The shopkeeper says, "No, my dog does not bite."
"ဟင့်အင်း ကျွန်တော့ခွေးက လုံးဝမကိုက်တတ်ပါဘူး ခင်ဗျာ" အရောင်းဝန်ထမ်းက ပြန်ဖြေသည်။
The man tries to pet the dog and the dog bites him.
ထိုနောက် ၀ယ်သူမှာ ခွေးကို ပတ်သပ်ချော့မြူရန်ကြိုးစားစဉ် အကိုက်ခံလိုက်ရသည်။
"Ouch," he says, "I thought you said your dog does not bite!"
"အား" ထိုသူမှအော်သည်။ " မင်းပြောတော့ မကိုက်တတ်ဘူးဆိုကွ "
The shopkeeper replies, "That is not my dog."
အရောင်းဝန်ထမ်းမှ ပြန်ပြောသည်။ "'ဒါ ကျွန်တော့ခွေးမှ မဟုတ်ပဲ"

အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?5ipqdsdj4aqoc5h

Punishment

A student is talking to his teacher.
ကျောင်းသားဖြစ်သူမှ ဆရာကို မေးသည်။
Student: "Would you punish me for something I didn`t do?"
ကျောင်းသား ။ ။ ကျွန်တော်မလုပ်တဲ့အရာတစ်ခုအတွက် ကျွန်တော့ကို အပြစ်ပေးမှာလားဟင်
Teacher:" Of course not."
ဆရာ ။ ။ လုံးဝမပေးပါဘူး
Student: "Good, because I haven't done my homework."
ကျောင်းသား ။ ။ ကောင်းလိုက်တာ၊ ကျွန်တော် အိမ်စာမလုပ်ခဲ့ဘူး

အသံဖိုင်ကို အောက်မှာဒေါင်းပါ

http://www.mediafire.com/?fsrq5m52sn51qxa

Telephone

A teenage girl had been talking on the phone for about half an hour, and then she hung up.
ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူ နာရီဝက်ကြာ ဖုန်းပြောပြီးနောက် ဖုန်းခွက်ကို ပြန်ချလိုက်သည်။
"Wow!," said her father, "That was short. You usually talk for two hours. What happened?"
"အံ့သြစရာပဲ" ဖခင်က ဆိုသည်။ "'ဒီတစ်ခါ စကားပြောတာ မြန်လှချည်လား ပုံမှန်ဆို ၂နာရီလောက်ကြာအောင် ပြောတာပါ ဘာဖြစ်လို့လဲ"
"Wrong number," replied the girl.
"အခုဟာက ဖုန်းနံပတ်မှားခေါ်တာလေ" သမီးဖြစ်သူက ပြန်ပြောသည်။

အသံဖိုင်ကို အောက်မှာဒေါင်းပါ
http://www.mediafire.com/?1w7hlrfouv74u75

No comments: